10647 ကြိမ် ကြည့်ရှု့ပြီး

ကျေးဇူးပြုပြီး ဖြေကြားပေးစေလိုပါတယ် ခင်ဗျာ ။နှစ်ခြောက်ဆယ် ဂရံမြေပေါ်မှာ ဆောက်ထားတဲ့ တိုက်ခန်း တစ်ခန်းကို ၀ယ်ထားတယ် ဆိုပါစို့။ နှစ်ခြောက်ဆယ်ပြည့်တဲ့ အချိန်မှာ မြေရှင်က အဲဒီ အဆောက်အဦးကို ဖျိုပြီး အသစ်ပြန်ဆောက်လို့ ရပါသလား၊ ရတယ်ဆိုရင် အဲဒီတိုက်ခန်း ၀ယ်ထားတဲ့သူတွေရဲ့ ပိုင်ဆိုင်မူ့က ဘယ်လိုဖြစ်နိုင်လဲ။ ခင်ဗျာ ကျေးဇူးတင်ပါတယ်။

မေးသူ - ကိုဟန်
အနှစ်​(၆၀) ဂရန်​​မြေ​ပေါ်မှာ ​ဆောက်​ထားတဲ့ တိုက်​ခန်းတစ်​ခုကို "ကိုဟန်​"၀ယ်​ထားရင်​ အဲဒီတိုက်​ခန်း မပြိုမပျက်​မချင်း ပိုင်​ဆိုင်​ခွင့်​ ရှိပါတယ်​။ သဘာဝ​ဘေးနဲ့ ရန်​သူမျိုး ၅ပါး ​ဘေး​ကြောင့်​ ၀ယ်​ထားတဲ့ တိုက်​တစ်​လုံး ပျက်​စီး သွားမှသာ ​မြေရှင်​က သူ့​မြေကွက်​သူ ပြန်​ပြီးပိုင်​ဆိုင်​ သွားတာပါ။
"ကိုဟန်​"​ ပြောသလို။ အနှစ်​ (၆၀)ပြည့်​​သော်​လည်း တိုက်​ခန်း​တွေ ​ကောင်း​နေ​သေးရင်​ ၊ ခိုင်​ခန့်​​နေရင်​၊ သဘာဝ​ဘေး​ကြောင့်​ ပျက်​စီးသွားတာမျိုး မဟုတ်​ဘူးဆိုရင်​ ​မြေရှင်​သ​ဘောအတိုင်း ဒီတိုက်​ကြီးတစ်​ခုလုံးကို ဖျက်​သိမ်းပြီး အသစ်​ပြန်​​ဆောက်​လို့မရပါဘူး။ ဘာ​ကြောင့်​လဲဆို​တော့ သူ့​မြေ​ပေါ်မှာ ​ဆောက်​ထားတဲ့ တိုက်​ခန်းအားလုံး သူမပိုင်​လို့ပါဘဲ။ လက်​ရှိပိုင်​ရှင်​​တွေ သ​ဘောမတူဘဲ ဖျက်​သိမ်းလို့လည်း မရပါဘူး။ တိုက်​ခန်းတိုင်းမှာ တိုက်​ခန်းပိုင်​ရှင်​​တွေ ရှိရှိရှိရှိ​နေလို့ပါဘဲ။ အနှစ်​(၆၀) ပြည့်​လို့ အသစ်​ပြန်​​ဆောက်​ချင်​ရင်​ အဲဒီတိုက်​ခန်းပိုင်​ရှင်​ ​တွေနဲ့ ညှိနှိုင်းရမယ်​။ သ​ဘောတူညီချက်​ ရှိမှ ပြန်​​ဆောက်​လို့ ရပါတယ်​။ သ​ဘောတူညီချက်​ မရှိပဲ တိုက်​ဖျက်​လိုက်​ရင်​ ​မြေရှင်​နဲ့ အခန်းပိုင်​ရှင်​ ​တွေ မဟာရန်​သူ​တွေ ဖြစ်​သွားမှာ​ပေါ့။ နစ်​နာမှု/အကျိုးဖျက်​ဆီးမှုတို့နဲ့ တရားစွဲ ခံရမှာ​ပေါ့။ အဲဒီ​တော့ ကိုဟန်​ ​ရေ ....စိုးရိမ်​စရာမရှိပါဘူး။ တိုက်​ခန်းဝယ်​ပြီး မပျက်​မချင်း ​နေလို့ရပါတယ်​။ နှစ်​(၆၀)မက နှစ်​(၁၀၀) ​လောက်​အထိ ခိုင်​ခန့်​​နေတဲ့ တိုက်​​တွေမှာ ​နေကြသူ​တွေလည်း ရှိရှိရှိ​နေတာပဲ။ တိုက်​ခန်း ၀ယ်​ယူ​နေထိုင်​တဲ့ သူ​တွေရဲ့ တာဝန်​က​တော့ ယိုယွင်း ပျက်​စီးသွားတဲ့ အဲဒီအပိုင်းကို အကြီးစားပြင်​ဆင်​ရင်​ ဖြစ်​​စေ၊ တိုက်​ခန်းအသစ်​ပြန်​​ဆောက်​တဲ့ အခါဖြစ်​​စေ၊ ပြင်​ဆင်​စရိတ်​၊ ​ဆောက်​လုပ်​စရိတ်​ကို​တော့ အချိုးကျ ထည့်​ဝင်​ရပါတယ်​။ တိုက်​ခန်းဝယ်​ထားတဲ့ သူ​တွေရဲ့ ပိုင်​ဆိုင်​ခွင့်​ မဆုံးရှုံးပါဘူးလို့ ​ဖြေကြား​ပေးလိုက်​ပါတယ်​။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)