1760 ကြိမ် ကြည့်ရှု့ပြီး

အခန်းတစ်ခန်း သို့မဟုတ် အိမ်တစ်လုံး ကိုရောင်းပြီး ရသည့် ငွေ များဖြင့် နောက်ထပ် တန်ဖိုးမြင့်သော အိမ်တစ်လုံး သို့မဟုတ် အခန်း တစ် ခန်း ထပ်မံ ၀ယ်ယူလိုပါက အခွန် မည်သို့/မည်မျှ ဆောင်ရမည် ကို သိလိုပါ သည်။ ရောင်းခွန် ၀ယ်ခွန် နှစ်မျိုးလုံးဆောင်ရန် လို/မလို သို့မဟုတ် ၀ယ် ခွန် ဆောင်ရာတွင် ရောင်းခွန်ကို ခုနှိမ်ခြင်း ရှိ/မရှိ နှင့် ရောင်းရငွေ တန်ဖိုး ပမာဏ ၀ယ်ယူသည့် တန်ဖိုး ပမာဏ ပေါ်တွင်မူတည်ပြီး ရောင်းခွန် ၀ယ် ခွန် များ ဆောင်ရမည့် ရာခိုင်နှုန်း သတ်မှတ်ချက်များ (ဥပမာ- ရောင်းရငွေ မည်မျှဆိုလျှင် အခွန်မည်မျှ ရာခိုင်နှုန်း ၀ယ်ယူမည့် တန်ဖိုးပေးချေငွေ မည်မျှ ဆိုလျှင် အခွန် မည်သည့်ရာခိုင်နှုန်း) ၂။ စတုရန်းပေ ၁၂၀၀ နှင့် အောက် ဂရမ် မြေကွက်တွင် ဆောက်လုပ်ထားသော အဆောက်အဦး နှစ်ခန်းတွဲ သို့ မဟုတ် နှစ်ထပ် အဆောက်အဦး အား (A+B) လူနှစ်ဦးမှ ပိုင်ဆိုင်နေပြီး A ဆိုသော လူမှ အခြားလူတစ်ဦး (C) အား (A) ပိုင်ဆိုင်သော ပိုင်ဆိုင်မှု တစ် ၀က်အား အခြားသူတစ်ဦးထံသို့ ရောင်းချမည်ဆိုပါက ၀ယ်ယူမည့်သူ (C) နှင့် (B) အမည်ပေါက် သို့ ပိုင်ဆိုင်မှု ပြောင်းလဲလိုပါက ပြောင်း၍ ရ/ မရ ပြောင်း၍ ရသည်ဆိုပါက မည်သို့ ဆောင်ရွက်သင့်သည် ကို ရှင်းပြပေးစေလိုပါသည်။ ကိစ္စ နှစ်ခုလုံးအား ဖြေကြားပေးစေ လိုပါသည် ။ကျေးဇူးတင်ပါသည်။

မေးသူ - စိန်ဝင်း
အခန်းတစ်ခန်း/ အိမ်တစ်လုံး ရောင်းပြီး ထပ်မံဝယ်ယူမည်ဆိုပါက ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၂၃ အရ နိုင်ငံသား မည်သူမဆို အခြေပစ္စည်းတစ်ရပ်ရပ်ကို ဝယ်ယူခြင်း တည်ဆောက်ခြင်း ရယူခြင်းနှင့် လုပ်ငန်းအသစ် တည်ထောင်ခြင်းလုပ်ငန်း ထပ်မံတိုးချဲ့ ဆောင်ရွက်ခြင်းတို့အတွက် အသုံးပြုသည့် ဝင်ငွေမှ ဝင်ငွေရလမ်း တင်ပြနိုင်သည့် ဝင်ငွေ ရှိပါက ယင်းဝင်ငွေအား နှုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ်တွင်လည်းကောင်း ဝင်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိပါက အသုံးပြုသည့် ဝင်ငွေအပေါ်တွင်လည်းကောင်း အောက်ဖော်ပြပါ အခွန်နှုန်းထားအတိုင်း ဝင်ငွေစည်းကြပ်ရမည်။ အသုံးပြုသည့် ဝင်ငွေအားလုံးအပေါ် ဝင်ငွေရလမ်း အတိအကျ ဖော်ပြနိုင်ပါက ဝင်ငွေခွန် ထမ်းဆောင်ရန် မလိုပါ။
စဉ် ဝင်ငွေ(ကျပ်) ဝင်ငွေခွန်နှုန်း (က) ၁သိန်း မှ သိန်း ၃၀၀ အထိ ၁၅% (ခ) ၃၀၀ သိန်း မှ သိန်း ၁၀၀၀ အထိ ၂၀% (ဂ) သိန်း ၁၀၀၀ နှင့် အထက် ၃၀% အထက်ဖော်ပြပါ အချက်များအရ တိုက်/အိမ် ရောင်းသည့် အကြိမ်အရေအတွက် မပြောပါ။ ဝင်ငွေရလမ်း တင်ပြနိုင်ရင် နှုတ်ပယ်ပြီး ကျန်ငွေအပေါ် အခွန်ဆောင်ရမယ်။ တကယ်လို့ ဝင်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိဘူး ဆိုရင်တော့ အထက်ဇယားမှာ ဖော်ပြတဲ့ အတိုင်း အခွန်ဆောင်ရမှာ ဖြစ်ပါတယ်။ အခုပြောပြတာက ဝယ်သူက ဆောင်ရတာကို ပြောတာပါ။ ရောင်းသူကတော့ ရောင်းခွန် ၁၀% ဆောင်ရမှာ ဖြစ်ပါတယ်။ မြေကွက်ပဲ ဝယ်ဝယ် တိုက်ခန်းပဲ ဝယ်ဝယ် မြို့နယ်အလိုက် ကာလတန်ဖိုးတွေ သတ်မှတ်ပေးထားပါတယ်။ တိုက်ခန်းဆို မည်သည့်နှုန်း၊ မြေကွက်ဆိုလျှင် မည်သည့် နှုန်းထားပေးဆောင်ရမည်ကို ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်း အခွန်များ ဦးစီးဌာန ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့က ကာလတန်ဖိုး သတ်မှတ်ပေးထားတဲ့ တိုက်ခန်း/ မြေကွက်စံနှုန်းများ စာအုပ်ကို ဝယ်ဖတ်ကြည့်လို့ ရပါတယ်။ ဦးစိန်ဝင်း မေးတဲ့ အချက်အလက်တွေက ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့နဲ့ တိုက်ရိုက်သက်ဆိုင်နေလို့ ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ ပန်းဆိုးတန်းလမ်း(အလယ်) ယခင် (Pass Post ရုံး)၊ ဟိန္ဒူဘုရားကျောင်းဘေးက ရုံးမှာ သွားရောက်မေးမြန်း စုံစမ်းလျှင် မောင်ကောင်းဖေ ရှင်းပြတာထက် ပိုမို တိတိကျကျ သိနိုင်ပါလိမ့်မယ် ခင်ဗျာ။ တိုက်ခန်း/မြေကွက် စံနှုန်းတွေက မြို့နယ်အလိုက် သတ်မှတ်ပေးထားတာပါ။ အားလုံးဖော်ပြဖို့ စာမျက်နှာ အခက်အခဲ ရှိပါတယ်။ "ကြံတိုင်းအောင်လို့ ဆောင်တိုင်း မြောက်ပါစေ"
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)