ကွယ်လွန်သူအမည်ပေါက်ပိုင်ဆိုင်သည့် အိမ်ခြံမြေကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရမည့်အချက်များ

ကွယ်လွန်သူအမည်ပေါက်ပိုင်ဆိုင်သည့် အိမ်ခြံမြေကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရမည့်အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
21 May 2021 2:57 pm တွင် တင်ခဲ့သည်
1342 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

အမွေဆိုင်သားသမီးများ (သို့မဟုတ်) အမွေဆိုင်ညီအစ်ကိုမောင်နှမများက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာစာတမ်း လျှောက်ထားရရှိပြီးဖြစ်လျှင်ဖြစ်စေ၊ စီရင်ပိုင်ခွင့်ရှိသော တရားရုံးတော်သို့ အမွေထိန်းလက်မှတ် လျှောက်ထားရပြီးလျှင်ဖြစ်စေ၊ ကွယ်လွန်သူပိုင် အိမ်ခြံမြေ ကို လွှဲပြောင်းရောင်းချခြင်း သို့မဟုတ် ငှားရမ်းခြင်းတို့ကို ဥပဒေနှင့်အညီပြုလုပ်နိုင်ခွင့်ရှိပါသည်။

စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် အမွေဆိုင်အားလုံးပါဝင်၍ ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာစာတမ်း ပြုလုပ်ပါက ကနေဦးအနေဖြင့် မြေပုံ၊ မြေရာဇဝင်ကူးယူရပါမည်။ အမည်ပေါက်ပိုင်ဆိုင်သူ အမှန်တကယ်သေဆုံးကြောင်း သက်ဆိုင်ရာက ကျန်းမာရေးဌာနမှ တရားဝင်ထုတ်ပေးသော သေစာရင်း တင်ပြနိုင်ရပါမည်။

မြေပုံ၊ မြေရာဇဝင်ကူးယူရာတွင် အမွေဆိုင်အားလုံးက တရားရုံးတော်၌ အမွေဆိုင်များ ဖြစ်ကြောင်း၊ အခြားအမွေဆိုင်များ မကျန်ရှိတော့ကြောင်း၊ ကွယ်လွန်သူ၏ အမွေဆိုင်များ မှန်ကန်ကြောင်း ဖော်ပြ၍ ကျမ်းကျိန်လွှာပြုလုပ်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြေပုံမြေရာဇဝင်ဌာနသို့ ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာစာတမ်းပြုလုပ်ရန်နှင့် ရောင်းချရန်အတွက် မြေပုံမြေရာဇဝင် (၂)စုံ ကူးယူခွင့် လျှောက်ထားရပါမည်။ မြေပုံကူးရာတွင် မြေပုံ၊ မြေရာဇဝင်ဌာန၏ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားခြင်းနှင့် ကျသင့်သော မြေပုံရေးကူးခများ ပေးသွင်းရမည်ဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြေပုံမြေရာဇဝင်ဌာနက သတင်းစာတွင် ကြော်ငြာ ထည့်သွင်းပြီး ကန့်ကွက်သူ မရှိသည့်အခါကျမှ ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာစာတမ်းပြုလုပ်ရန်နှင့် ရောင်းချရန်အတွက် မြေပုံမြေရာဇဝင် ထုတ်ပေးမည်ဖြစ်ပါသည်။ ကန့်ကွက်မှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကန့်ကွက်သူဘက်မှ အထောက်အထား ခိုင်ခိုင်လုံလုံ မတင်ပြနိုင်ပါက ကန့်ကွက်ချက်ကို မြေယာဌာနက စဉ်းစားပေးမည် မဟုတ်ပါ။

အကယ်၍ အမွေဆိုင်တစ်ဦးတစ်ယောက်မှာ ခရီးလွန်နေပါက အထူးကိုယ်စားလှယ်ပေးအပ်၍ ခရီးလွန်နေသော အမွေဆိုင်အတွက် ဆောင်ရွက်နိုင်ခွင့်ရှိပါသည်။အမွေဆိုင်တစ်ဦးတစ်ယောက်ကို ထိန်ချန်ပါက မှတ်ပုံတင်စာချုပ်မှာ တရားဝင်မည် မဟုတ်ပါ။ သေဆုံးသွားသော အမွေဆိုင်၏ဇနီး (သို့မဟုတ်) သားသမီးများကိုပါ ထည့်သွင်းဆောင်ရွက်မှသာ စာချုပ်မှာ တရားဝင်မည်ဖြစ်ပါသည်။

အထူးသတိပြုသင့်သောအချက်မှာ အမွေဆိုင်များကို ချန်လှန်၍ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်စာ တမ်းပြုလုပ်ပါက ဥပဒေနှင့်ဆန့်ကျင်သဖြင့် ယင်းစာချုပ်မှာ ကနေဦးကပင် ပျက်ပြယ်နေသော ကြောင့် တရားဝင်မည်မဟုတ်ပါ။

အမွေထိန်းစာဖြင့် ရောင်းချခြင်းဖြစ်ပါက အမွေထိန်းလက်မှတ်နှင့် ရောင်းချခွင့်ပြုရန် တရားရုံး၏ခွင့်ပြုမိန့်ပါရှိမှသာ တရားဝင်မည်ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 
 
 

[Zawgyi]

ကြယ္လြန္သူအမည္ေပါက္ပိုင္ဆိုင္သည့္ အိမ္ျခံေျမကို အေမြဆိုင္မ်ားက ေရာင္းခ်ျခင္း၊ငွားရမ္းျခင္း ျပဳလုပ္လိုပါက လိုက္နာေဆာင္ရြက္ရမည့္အခ်က္မ်ား

အေမြဆိုင္သားသမီးမ်ား (သို႔မဟုတ္) အေမြဆိုင္ညီအစ္ကိုေမာင္ႏွမမ်ားက စာခ်ဳပ္စာတမ္း မွတ္ပုံတင္႐ုံးတြင္ ပိုင္ဆိုင္ေၾကာင္းႁမြက္ဟေၾကညာစာတမ္း ေလွ်ာက္ထားရရွိၿပီးျဖစ္လွ်င္ျဖစ္ေစ၊ စီရင္ပိုင္ခြင့္ရွိေသာ တရား႐ုံးေတာ္သို႔ အေမြထိန္းလက္မွတ္ ေလွ်ာက္ထားရၿပီးလွ်င္ျဖစ္ေစ၊ ကြယ္လြန္သူပိုင္ အိမ္ျခံေျမ ကို လႊဲေျပာင္းေရာင္းခ်ျခင္း သို႔မဟုတ္ ငွားရမ္းျခင္းတို႔ကို ဥပေဒႏွင္႔အညီျပဳလုပ္ႏိုင္ခြင္႔ရွိပါသည္။

စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးတြင္ အေမြဆိုင္အားလုံးပါဝင္၍ ပိုင္ဆိုင္ေၾကာင္းႁမြက္ဟေၾကညာစာတမ္း ျပဳလုပ္ပါက ကေနဦးအေနျဖင့္ ေျမပုံ၊ ေျမရာဇဝင္ကူးယူရပါမည္။ အမည္ေပါက္ပိုင္ဆိုင္သူ အမွန္တကယ္ေသဆုံးေၾကာင္း သက္ဆိုင္ရာက က်န္းမာေရးဌာနမွ တရားဝင္ထုတ္ေပးေသာ ေသစာရင္း တင္ျပႏိုင္ရပါမည္။

ေျမပုံ၊ ေျမရာဇဝင္ကူးယူရာတြင္ အေမြဆိုင္အားလုံးက တရား႐ုံးေတာ္၌ အေမြဆိုင္မ်ား ျဖစ္ေၾကာင္း၊ အျခားအေမြဆိုင္မ်ား မက်န္ရွိေတာ႔ေၾကာင္း၊ ကြယ္လြန္သူ၏ အေမြဆိုင္မ်ား မွန္ကန္ေၾကာင္း ေဖာ္ျပ၍ က်မ္းက်ိန္လႊာျပဳလုပ္၍ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ၊ ေျမပုံေျမရာဇဝင္ဌာနသို႔ ပိုင္ဆိုင္ေၾကာင္းႁမြက္ဟေၾကညာစာတမ္းျပဳလုပ္ရန္ႏွင့္ ေရာင္းခ်ရန္အတြက္ ေျမပုံေျမရာဇဝင္ (၂)စုံ ကူးယူခြင္႔ ေလွ်ာက္ထားရပါမည္။ ေျမပုံကူးရာတြင္ ေျမပုံ၊ ေျမရာဇဝင္ဌာန၏ သတ္မွတ္ခ်က္မ်ားႏွင္႔အညီ ေလွ်ာက္ထားျခင္းႏွင္႔ က်သင့္ေသာ ေျမပံုေရးကူးခမ်ား ေပးသြင္းရမည္ျဖစ္သည္။

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ေျမပုံေျမရာဇဝင္ဌာနက သတင္းစာတြင္ ေၾကာ္ျငာ ထည့္သြင္းၿပီး ကန္႔ကြက္သူ မရွိသည့္အခါက်မွ ပိုင္ဆိုင္ေၾကာင္းႁမြက္ဟေၾကညာစာတမ္းျပဳလုပ္ရန္ႏွင္႔ ေရာင္းခ်ရန္အတြက္ ေျမပုံေျမရာဇဝင္ ထုတ္ေပးမည္ျဖစ္ပါသည္။ ကန္႔ကြက္မႈတစ္စုံတစ္ရာ ေပၚေပါက္လာပါက ကန္႔ကြက္သူဘက္မွ အေထာက္အထား ခိုင္ခိုင္လုံလုံ မတင္ျပႏိုင္ပါက ကန္႔ကြက္ခ်က္ကို ေျမယာဌာနက စဥ္းစားေပးမည္ မဟုတ္ပါ။

အကယ္၍ အေမြဆိုင္တစ္ဦးတစ္ေယာက္မွာ ခရီးလြန္ေနပါက အထူးကိုယ္စားလွယ္ေပးအပ္၍ ခရီးလြန္ေနေသာ အေမြဆိုင္အတြက္ ေဆာင္ရြက္ႏိုင္ခြင္႔ရွိပါသည္။အေမြဆိုင္တစ္ဦးတစ္ေယာက္ကို ထိန္ခ်န္ပါက မွတ္ပုံတင္စာခ်ဳပ္မွာ တရားဝင္မည္ မဟုတ္ပါ။ ေသဆုံးသြားေသာ အေမြဆိုင္၏ဇနီး (သို႔မဟုတ္) သားသမီးမ်ားကိုပါ ထည္႔သြင္းေဆာင္ရြက္မွသာ စာခ်ဳပ္မွာ တရားဝင္မည္ျဖစ္ပါသည္။

အထူးသတိျပဳသင္႔ေသာအခ်က္မွာ အေမြဆိုင္မ်ားကို ခ်န္လွန္၍ မွတ္ပုံတင္အေရာင္းအဝယ္ စာခ်ဳပ္စာ တမ္းျပဳလုပ္ပါက ဥပေဒႏွင္႔ဆန္႔က်င္သျဖင္႔ ယင္းစာခ်ဳပ္မွာ ကေနဦးကပင္ ပ်က္ျပယ္ေနေသာ ေၾကာင့္ တရားဝင္မည္မဟုတ္ပါ။

အေမြထိန္းစာျဖင္႔ ေရာင္းခ်ျခင္းျဖစ္ပါက အေမြထိန္းလက္မွတ္ႏွင့္ ေရာင္းခ်ခြင့္ျပဳရန္ တရား႐ုံး၏ခြင့္ျပဳမိန္႔ပါရွိမွသာ တရားဝင္မည္ျဖစ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service