ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ - Property Knowledge in Myanmar from iMyanmarHouse.com
14 May 2021 6:54 pm တွင် တင်ခဲ့သည်
1641 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ကော်လာဂျင်ဆိုတဲ့ စကားလုံးက ဒီဘက်ခေတ်မှာ ကြားရများတဲ့ စကားလုံး တစ်လုံးဖြစ်လို့ လူတိုင်းနဲ့ သိပ်မစိမ်းတော့ပါဘူး။ ကော်လာဂျင်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များပေမယ့် ကော်လာဂျင်ကို အသားအရေအတွက် အဓိက သောက်ကြပါတယ်။

ဒီလို အသားအရေ ကျန်းမာလှပစေဖို့ သောက်တဲ့အခါ ကော်လာဂျင်ကို မနက် သောက်တာ ကောင်းတယ်။ ည အိပ်ရာ မဝင်ခင် သောက်တာ အထိရောက်ဆုံး ဆိုပြီး အမျိုးမျိုး ပြောဆိုကြတာတွေ ရှိပါတယ်။ ဒီ မက်ဆေ့ချ်တွေကြောင့် ကော်လာဂျင်ကို ဘယ်လို သောက်ရမလဲ ဆိုပြီး ခေါင်းခြောက်နေကြပြီလား။

ဒါဆိုရင်တော့ ဒီဆောင်းပါးလေးမှာ ကော်လာဂျင် သောက်တာနဲ့ ပတ်သက်လို့ သိချင်နေမယ့် အကြောင်းလေးတွေကို ပြောပြပေးသွားပါမယ်။

ကော်လာဂျင် ဆိုတာ ကော်လာဂျင် ဆိုတာက အရွယ်တင်နုပျိုစေပြီး လှပနေစေတဲ့ ပရိုတင်းတစ်မျိုးပေါ့။ အလှအပအတွက် အားဖြည့်ပေးနေတဲ့ ဇာတ်ကောင်လေးဆိုလည်း မမှားပါဘူး။ ခန္ဓာကိုယ်မှာရှိနေတဲ့ ပရိုတင်း တစ်မျိုး ဖြစ်ပြီး အရေပြား၊ အရိုး၊ ကြွက်သား၊ အရိုးနု၊ အရွတ်၊ သွေးကြော နဲ့ အူမကြီးတွေမှာရှိတဲ့ တွယ်ဆက်တစ်ရှူးတွေကို အားဖြည့်ပေးထားပါတယ်။

ကော်လာဂျင်နဲ့ မေးခွန်းများစွာ ကော်လာဂျင်နဲ့ ပတ်သက်ပြီး သိချင်နေမယ့် မေးခွန်း များစွာ ရှိနေနိုင်ပါတယ်။

ကော်လာဂျင်က အလှအပ အတွက်ပဲလား … တကယ်ကတော့ ကော်လာဂျင်က အလှအပအတွက်ပဲ အရေးပါတာမဟုတ်ပါဘူ။ ခန္ဓာကိုယ်မှာ ဖွဲ့စည်းထားတဲ့ ကြွက်သား၊ အရေပြား၊သွေး၊ အရိုး၊ အရိုးနု နဲ့ အရွတ်အပါအဝင် အစာအိမ်နဲ့အူလမ်းကြောင်းတွေကိုပါ ကျန်းမာစေနိုင်ပါသေးတယ်။

ကိုယ်တွင်းအင်္ဂါတွေကို ကျန်းမာစေနိုင်သလို အသက်အရွယ်ကြောင့်ဖြစ်တဲ့ အဆစ်တွေနာတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့်ပြောပြချင်တဲ့ အချက်တစ်ခုကကော်လာဂျင်က အသားအရေလှရုံ၊ ဆံသားတွေသန်စွမ်းရုံ နဲ့ လက်သည်းခြေသည်းလေးတွေ ကျန်းမာရုံဆိုတာထက် ပိုတယ်ဆိုတာပါ။

ကော်လာဂျင်ကို ဘယ်အချိန်မှာ သောက်မလဲ … ကော်လာဂျင်ကို မနက်စာ မစားခင် သောက်တာ ကောင်းတယ်။ ည အိပ်ရာမဝင်ခင် သောက်တာ ကောင်းတယ်လို့ ထင်ကြပါတယ်။ တကယ်ကတော့ ကော်လာဂျင်ကို ဘယ်အချိန်မှာ သောက်သောက် ကော်လာဂျင်ရဲ့ အာနိသင်ကတော့ မပြောင်းလဲပါဘူး။ ဒါကြောင့် ကော်လာဂျင်ကို မနက်ခင်း မနက်စာ မစားခင်မှာ သောက်လို့ ရသလို ညအိပ်ရာ မဝင်ခင်လည်း သောက်လို့ ရပါတယ်။

ကော်လာဂျင် သောက်ပြီးရင် ရေသောက်ရမလား … ကော်လာဂျင်ကို သောက်ပြီးတဲ့အခါ အာနိသင် ပိုထိရောက်စေဖို့ ရေတစ်ခွက် ထပ်သောက်ပေးကြပါတယ်။ ဒါကြောင့် ကော်လာဂျင် သောက်ပြီးတဲ့အခါ ရေသောက်တာက အသားအရေအတွက် ပိုကောင်းသလို ခန္ဓာကိုယ်ကိုလည်း ပိုကျန်းမာစေပါတယ်။

ကော်လာဂျင်ကို ကော်ဖီနဲ့ သောက်ရမလား … ကော်လာဂျင်ကို ကော်ဖီနဲ့ တွဲသောက်လို့ ရပါတယ်။ ဒါပေမယ့် ကဖင်း များတာက ဆဲလ်တွေ ကော်လာဂျင် စုပ်ယူနိုင်မှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ကော်လာဂျင်ကို သောက်ရင် အကောင်းဆုံးက ရေအေး ဒါမှမဟုတ် ဗီတာမင် C ကြွယ်ဝတဲ့ သစ်သီး ဖျော်ရည်တွေနဲ့ သောက်တာက ထိရောက်မှု အားကောင်းပါတယ်။

ကော်လာဂျင်ကို နေ့တိုင်း သောက်ရမလား … ကော်လာဂျင်ကို နေ့တိုင်း သောက်လို့ ရသလို တစ်ရက်ခြား တစ်ထုပ် ဒါမှမဟုတ် ဖြစ်နေတဲ့ အရေပြား ပြဿနာတွေ အပေါ် မူတည်ပြီး သောက်ရမှာပါ။ ဥပမာ ဝက်ခြံ ထွက်တယ်ဆိုရင် တစ်နေ့ တစ်ထုပ် သောက်ရမယ်။ ဝက်ခြံ အမာရွတ် သက်သာစေချင်တယ်ဆိုရင် တစ်ရက်ခြား တစ်ထုပ် သောက်ရမယ် စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။

ကော်လာဂျင်ကို အရေပြား ပြဿနာတွေ တင်မကဘဲ အစာခြေစနစ် ကျန်းမာစေဖို့ရော အရိုးအဆစ်တွေ ကျန်းမာစေဖို့ပါ အသုံးပြုလို့ ရပါတယ်။ ဒီတော့ အသားအရေ ကျန်းမာစေဖို့ ကော်လာဂျင်ကို သောက်သုံးတဲ့ အမျိုးအစားအလိုက် အညွှန်းအတိုင်း သောက်သုံးသင့်ပါတယ်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

ေကာ္လာဂ်င္နဲ႔ ေမးခြန္းမ်ားစြာ

ေကာ္လာဂ်င္ဆိုတဲ့ စကားလုံးက ဒီဘက္ေခတ္မွာ ၾကားရမ်ားတဲ့ စကားလုံး တစ္လုံးျဖစ္လို႔ လူတိုင္းနဲ႔ သိပ္မစိမ္းေတာ့ပါဘူး။ ေကာ္လာဂ်င္က က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးေတြ မ်ားေပမယ့္ ေကာ္လာဂ်င္ကို အသားအေရအတြက္ အဓိက ေသာက္ၾကပါတယ္။

ဒီလို အသားအေရ က်န္းမာလွပေစဖို႔ ေသာက္တဲ့အခါ ေကာ္လာဂ်င္ကို မနက္ ေသာက္တာ ေကာင္းတယ္။ ည အိပ္ရာ မဝင္ခင္ ေသာက္တာ အထိေရာက္ဆုံး ဆိုၿပီး အမ်ိဳးမ်ိဳး ေျပာဆိုၾကတာေတြ ႐ွိပါတယ္။ ဒီ မက္ေဆ့ခ်္ေတြေၾကာင့္ ေကာ္လာဂ်င္ကို ဘယ္လို ေသာက္ရမလဲ ဆိုၿပီး ေခါင္းေျခာက္ေနၾကၿပီလား။

ဒါဆိုရင္ေတာ့ ဒီေဆာင္းပါးေလးမွာ ေကာ္လာဂ်င္ ေသာက္တာနဲ႔ ပတ္သက္လို႔ သိခ်င္ေနမယ့္ အေၾကာင္းေလးေတြကို ေျပာျပေပးသြားပါမယ္။

ေကာ္လာဂ်င္ ဆိုတာ ေကာ္လာဂ်င္ ဆိုတာက အ႐ြယ္တင္ႏုပ်ိဳေစၿပီး လွပေနေစတဲ့ ပ႐ိုတင္းတစ္မ်ိဳးေပါ့။ အလွအပအတြက္ အားျဖည့္ေပးေနတဲ့ ဇာတ္ေကာင္ေလးဆိုလည္း မမွားပါဘူး။ ခႏၶာကိုယ္မွာ႐ွိေနတဲ့ ပ႐ိုတင္း တစ္မ်ိဳး ျဖစ္ၿပီး အေရျပား၊ အ႐ိုး၊ ႂကြက္သား၊ အ႐ိုးႏု၊ အ႐ြတ္၊ ေသြးေၾကာ နဲ႔ အူမႀကီးေတြမွာ႐ွိတဲ့ တြယ္ဆက္တစ္႐ွဴးေတြကို အားျဖည့္ေပးထားပါတယ္။

ေကာ္လာဂ်င္နဲ႔ ေမးခြန္းမ်ားစြာ ေကာ္လာဂ်င္နဲ႔ ပတ္သက္ၿပီး သိခ်င္ေနမယ့္ ေမးခြန္း မ်ားစြာ ႐ွိေနႏိုင္ပါတယ္။

ေကာ္လာဂ်င္က အလွအပ အတြက္ပဲလား … တကယ္ကေတာ့ ေကာ္လာဂ်င္က အလွအပအတြက္ပဲ အေရးပါတာမဟုတ္ပါဘူ။ ခႏၶာကိုယ္မွာ ဖြဲ႕စည္းထားတဲ့ ႂကြက္သား၊ အေရျပား၊ေသြး၊ အ႐ိုး၊ အ႐ိုးႏု နဲ႔ အ႐ြတ္အပါအဝင္ အစာအိမ္နဲ႔အူလမ္းေၾကာင္းေတြကိုပါ က်န္းမာေစႏိုင္ပါေသးတယ္။

ကိုယ္တြင္းအဂၤါေတြကို က်န္းမာေစႏိုင္သလို အသက္အ႐ြယ္ေၾကာင့္ျဖစ္တဲ့ အဆစ္ေတြနာတာကိုလည္း သက္သာေစႏိုင္ပါတယ္။ ဒါေၾကာင့္ေျပာျပခ်င္တဲ့ အခ်က္တစ္ခုကေကာ္လာဂ်င္က အသားအေရလွ႐ုံ၊ ဆံသားေတြသန္စြမ္း႐ုံ နဲ႔ လက္သည္းေျခသည္းေလးေတြ က်န္းမာ႐ုံဆိုတာထက္ ပိုတယ္ဆိုတာပါ။

ေကာ္လာဂ်င္ကို ဘယ္အခ်ိန္မွာ ေသာက္မလဲ … ေကာ္လာဂ်င္ကို မနက္စာ မစားခင္ ေသာက္တာ ေကာင္းတယ္။ ည အိပ္ရာမဝင္ခင္ ေသာက္တာ ေကာင္းတယ္လို႔ ထင္ၾကပါတယ္။ တကယ္ကေတာ့ ေကာ္လာဂ်င္ကို ဘယ္အခ်ိန္မွာ ေသာက္ေသာက္ ေကာ္လာဂ်င္ရဲ႕ အာနိသင္ကေတာ့ မေျပာင္းလဲပါဘူး။ ဒါေၾကာင့္ ေကာ္လာဂ်င္ကို မနက္ခင္း မနက္စာ မစားခင္မွာ ေသာက္လို႔ ရသလို ညအိပ္ရာ မဝင္ခင္လည္း ေသာက္လို႔ ရပါတယ္။

ေကာ္လာဂ်င္ ေသာက္ၿပီးရင္ ေရေသာက္ရမလား … ေကာ္လာဂ်င္ကို ေသာက္ၿပီးတဲ့အခါ အာနိသင္ ပိုထိေရာက္ေစဖို႔ ေရတစ္ခြက္ ထပ္ေသာက္ေပးၾကပါတယ္။ ဒါေၾကာင့္ ေကာ္လာဂ်င္ ေသာက္ၿပီးတဲ့အခါ ေရေသာက္တာက အသားအေရအတြက္ ပိုေကာင္းသလို ခႏၶာကိုယ္ကိုလည္း ပိုက်န္းမာေစပါတယ္။

ေကာ္လာဂ်င္ကို ေကာ္ဖီနဲ႔ ေသာက္ရမလား … ေကာ္လာဂ်င္ကို ေကာ္ဖီနဲ႔ တြဲေသာက္လို႔ ရပါတယ္။ ဒါေပမယ့္ ကဖင္း မ်ားတာက ဆဲလ္ေတြ ေကာ္လာဂ်င္ စုပ္ယူႏိုင္မႈကို အဟန္႔အတား ျဖစ္ေစႏိုင္ပါတယ္။ ေကာ္လာဂ်င္ကို ေသာက္ရင္ အေကာင္းဆုံးက ေရေအး ဒါမွမဟုတ္ ဗီတာမင္ C ႂကြယ္ဝတဲ့ သစ္သီး ေဖ်ာ္ရည္ေတြနဲ႔ ေသာက္တာက ထိေရာက္မႈ အားေကာင္းပါတယ္။

ေကာ္လာဂ်င္ကို ေန႔တိုင္း ေသာက္ရမလား … ေကာ္လာဂ်င္ကို ေန႔တိုင္း ေသာက္လို႔ ရသလို တစ္ရက္ျခား တစ္ထုပ္ ဒါမွမဟုတ္ ျဖစ္ေနတဲ့ အေရျပား ျပႆနာေတြ အေပၚ မူတည္ၿပီး ေသာက္ရမွာပါ။ ဥပမာ ဝက္ျခံ ထြက္တယ္ဆိုရင္ တစ္ေန႔ တစ္ထုပ္ ေသာက္ရမယ္။ ဝက္ျခံ အမာ႐ြတ္ သက္သာေစခ်င္တယ္ဆိုရင္ တစ္ရက္ျခား တစ္ထုပ္ ေသာက္ရမယ္ စသျဖင့္ အမ်ိဳးမ်ိဳး ႐ွိႏိုင္ပါတယ္။

ေကာ္လာဂ်င္ကို အေရျပား ျပႆနာေတြ တင္မကဘဲ အစာေျခစနစ္ က်န္းမာေစဖို႔ေရာ အ႐ိုးအဆစ္ေတြ က်န္းမာေစဖို႔ပါ အသုံးျပဳလို႔ ရပါတယ္။ ဒီေတာ့ အသားအေရ က်န္းမာေစဖို႔ ေကာ္လာဂ်င္ကို ေသာက္သုံးတဲ့ အမ်ိဳးအစားအလိုက္ အၫႊန္းအတိုင္း ေသာက္သုံးသင့္ပါတယ္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service