အိမ်နှင့်ပက်သက်၍ ခိုက်တတ်သည်ဆိုသော အယူအဆများနှင့် မခိုက်အောင်ကာကွယ်နည်းများ

အိမ်နှင့်ပက်သက်၍ ခိုက်တတ်သည်ဆိုသော အယူအဆများနှင့် မခိုက်အောင်ကာကွယ်နည်းများ - Property Knowledge in Myanmar from iMyanmarHouse.com
13 May 2021 3:31 pm တွင် တင်ခဲ့သည်
2030 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode] 

မြန်မာလူမျိုးတွေမှာ အိမ်ခြံမြေနဲ့ပက်သက်ပြီး အစွဲအလမ်းလေးတွေ ရှိပါတယ်။ လမ်းဦးတိုက် အိမ်ဦးတိုက် မနေကောင်းဘူး ခိုက်တတ်တယ်ဆိုတဲ့ အယူလေးတွေပါ။ တစ်ချို့မှာ ဒီလိုအယူတွေမရှိကြတော့ပေမဲ့ တစ်ချို့ကတော့ ဆက်လက်စောင့်ထိန်းနေဆဲပါပဲ။ မြန်မာလူမျိုးတွေ ယုံကြည်ကြတဲ့ အိမ်ခြံမြေ အစွဲအလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ်။

၁။ လမ်းဦးတိုက်

လမ်းကို ထိပ်တိုက် ဆောက်ထားတဲ့အိမ် ဖြစ်ပါတယ်။ ဒီလိုအိမ်မှာနေမယ်ဆိုရင် ကျားရုပ်တစ်ခုလုပ်ပြီး လမ်းဘက်ကို လှည့်ပေးထားရပါတယ်။ ဒါမှမဟုတ် အိမ်ရှေ့မှာ သောက်ရေအိုးစင် ဆောက်ပေးထား တာမျိုးလည်း ရပါတယ်။

၂။ နို့ညှပ်

ညီအစ်ကိုကြား၊ သားအဖကြား ရောက်နေတဲ့အိမ် ဖြစ်ပါတယ်။ ကိုယ်နဲ့ကပ်ရပ် ဘယ်နဲ့ညာက အိမ်ပိုင်ရှင်တွေဟာ သားအဖတွေ၊ ညီအစ်ကိုတွေ ဖြစ်နေတာပါ။ ဒီလိုမျိုးနေမိပြီဆိုရင်တော့ ထညပ်(ငါးကင်ရာမှာ သုံးတဲ့ဝါးညှပ်) ကို အိမ်ရဲ့တစ်ဖက်တစ်ချက်မှာ ထားရပါတယ်။

၃။ စေတီဦးတိုက်

ဘုရားကျောင်းကန် စေတီပုထိုးတစ်ခုခုက မိမိအိမ်ထက်နိမ့်ပြီး ဘေးနားကပ်လျက်မှာ ရှိနေတာကို ဆိုလိုပါတယ်။ တိုက်တာ အဆောက်အဦးပေါတဲ့ ရန်ကုန်လို နေရာတွေမှာ တွေ့ရတတ်ပါတယ်။ ဒီလိုနေမိရင် အနီးအနားဘုရားကျောင်းကန်တစ်ခုမှာ ကောဇောခင်းတာ၊ ကျောက်ပြားခင်းတာ၊ တံမြက်စည်းလှည်းတာတွေ လုပ်ပေးရပါတယ်။

၄။ ကြမ်းဦးတိုက်

အထပ်တစ်ခုပေါ်၊ ကြမ်းခင်းတစ်ခုပေါ်၊ အဆင့်တစ်ခုပေါ်ကို တက်လိုက်တဲ့အခါမှာ ကိုယ့်ခြေဖဝါးဟာ အဲဒီ့အထပ်မှာခင်းထားတဲ့ ကြမ်းအလျားတိုင်း ချမိနေတာကို ပြောတာပါ။ ဒီလိုမျိုးကြမ်းခင်းထားတဲ့ အဆောက်အဦးမှာ နေမိပြီဆိုရင် အဲဒီ့ကြမ်းမှာ ဖယောင်းပုဆိုး၊ ကောဇော ဒါမှမဟုတ် တစ်ခုခု ခင်းပေးရပါတယ်။

၅။ အိမ်တံစို့

မိမိအိမ်ကို အခြားအိမ်က အလယ်တည့်တည့်က ကန့်လန့်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါမျိုးဆိုရင်တော့ မိမိအိမ်ဘက်ကနေ ကန့်လန့်ဆောက်ထားတဲ့ အိမ်ကို မှန်တစ်ချပ် ထောင်ပေးထားရပါတယ်။

နေအိမ်တွင်းမှာခြတောင်ပို့ရှိရင် အရောင်းအဝယ်မကောင်းဘူး။ မိမိအိမ်မျက်နှာစာက အခြားအိမ်ရဲ့နောက်ဖေးဖြစ်နေရင် မကောင်းဘူးဆိုတဲ့ အယူအဆတွေလည်း ရှိပါတယ်။ ရိုးရာအယူအဆတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးထားတာဖြစ်ပါတယ်။

အိမ်ခြံမြေလမ်းညွှန်မှ ကောက်နုတ်ဖော်ပြသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အိမ္ႏွင့္ပက္သက္၍ ခိုက္တတ္သည္ဆိုေသာ အယူအဆမ်ားႏွင့္ မခိုက္ေအာင္ကာကြယ္နည္းမ်ား

ျမန္မာလူမ်ိဳးေတြမွာ အိမ္ျခံေျမနဲ႔ပက္သက္ၿပီး အစြဲအလမ္းေလးေတြ ႐ွိပါတယ္။ လမ္းဦးတိုက္ အိမ္ဦးတိုက္ မေနေကာင္းဘူး ခိုက္တတ္တယ္ဆိုတဲ့ အယူေလးေတြပါ။ တစ္ခ်ိဳ႕မွာ ဒီလိုအယူေတြမ႐ွိၾကေတာ့ေပမဲ့ တစ္ခ်ိဳ႕ကေတာ့ ဆက္လက္ေစာင့္ထိန္းေနဆဲပါပဲ။ ျမန္မာလူမ်ိဳးေတြ ယုံၾကည္ၾကတဲ့ အိမ္ျခံေျမ အစြဲအလမ္းေလးေတြကို ေဖာ္ျပလိုက္ပါတယ္။

၁။ လမ္းဦးတိုက္

လမ္းကို ထိပ္တိုက္ ေဆာက္ထားတဲ့အိမ္ ျဖစ္ပါတယ္။ ဒီလိုအိမ္မွာေနမယ္ဆိုရင္ က်ား႐ုပ္တစ္ခုလုပ္ၿပီး လမ္းဘက္ကို လွည့္ေပးထားရပါတယ္။ ဒါမွမဟုတ္ အိမ္ေ႐ွ႕မွာ ေသာက္ေရအိုးစင္ ေဆာက္ေပးထား တာမ်ိဳးလည္း ရပါတယ္။

၂။ ႏို႔ညႇပ္

ညီအစ္ကိုၾကား၊ သားအဖၾကား ေရာက္ေနတဲ့အိမ္ ျဖစ္ပါတယ္။ ကိုယ္နဲ႔ကပ္ရပ္ ဘယ္နဲ႔ညာက အိမ္ပိုင္႐ွင္ေတြဟာ သားအဖေတြ၊ ညီအစ္ကိုေတြ ျဖစ္ေနတာပါ။ ဒီလိုမ်ိဳးေနမိၿပီဆိုရင္ေတာ့ ထညပ္(ငါးကင္ရာမွာ သုံးတဲ့ဝါးညႇပ္) ကို အိမ္ရဲ႕တစ္ဖက္တစ္ခ်က္မွာ ထားရပါတယ္။

၃။ ေစတီဦးတိုက္

ဘုရားေက်ာင္းကန္ ေစတီပုထိုးတစ္ခုခုက မိမိအိမ္ထက္နိမ့္ၿပီး ေဘးနားကပ္လ်က္မွာ ႐ွိေနတာကို ဆိုလိုပါတယ္။ တိုက္တာ အေဆာက္အဦးေပါတဲ့ ရန္ကုန္လို ေနရာေတြမွာ ေတြ႕ရတတ္ပါတယ္။ ဒီလိုေနမိရင္ အနီးအနားဘုရားေက်ာင္းကန္တစ္ခုမွာ ေကာေဇာခင္းတာ၊ ေက်ာက္ျပားခင္းတာ၊ တံျမက္စည္းလွည္းတာေတြ လုပ္ေပးရပါတယ္။

၄။ ၾကမ္းဦးတိုက္

အထပ္တစ္ခုေပၚ၊ ၾကမ္းခင္းတစ္ခုေပၚ၊ အဆင့္တစ္ခုေပၚကို တက္လိုက္တဲ့အခါမွာ ကိုယ့္ေျခဖဝါးဟာ အဲဒီ့အထပ္မွာခင္းထားတဲ့ ၾကမ္းအလ်ားတိုင္း ခ်မိေနတာကို ေျပာတာပါ။ ဒီလိုမ်ိဳးၾကမ္းခင္းထားတဲ့ အေဆာက္အဦးမွာ ေနမိၿပီဆိုရင္ အဲဒီ့ၾကမ္းမွာ ဖေယာင္းပုဆိုး၊ ေကာေဇာ ဒါမွမဟုတ္ တစ္ခုခု ခင္းေပးရပါတယ္။

၅။ အိမ္တံစို႔

မိမိအိမ္ကို အျခားအိမ္က အလယ္တည့္တည့္က ကန္႔လန္႔ေဆာက္ထားတာ ျဖစ္ပါတယ္။ ဒါမ်ိဳးဆိုရင္ေတာ့ မိမိအိမ္ဘက္ကေန ကန္႔လန္႔ေဆာက္ထားတဲ့ အိမ္ကို မွန္တစ္ခ်ပ္ ေထာင္ေပးထားရပါတယ္။

ေနအိမ္တြင္းမွာျခေတာင္ပို႔႐ွိရင္ အေရာင္းအဝယ္မေကာင္းဘူး။ မိမိအိမ္မ်က္ႏွာစာက အျခားအိမ္ရဲ႕ေနာက္ေဖးျဖစ္ေနရင္ မေကာင္းဘူးဆိုတဲ့ အယူအဆေတြလည္း ႐ွိပါတယ္။ ႐ိုးရာအယူအဆေတြကို ဗဟုသုတအေနနဲ႔ ေဖာ္ျပေပးထားတာျဖစ္ပါတယ္။

အိမ္ျခံေျမလမ္းၫႊန္မွ ေကာက္ႏုတ္ေဖာ္ျပသည္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service