၂၀၂၁ ခုနှစ်၊ ၁၂ လ ရာသီဖွားများအတွက် အိမ်ခြံမြေကံကြမ္မာဟောကိန်း

၂၀၂၁ ခုနှစ်၊ ၁၂ လ ရာသီဖွားများအတွက် အိမ်ခြံမြေကံကြမ္မာဟောကိန်း - Property Knowledge in Myanmar from iMyanmarHouse.com
3 Feb 2021 11:00 am တွင် တင်ခဲ့သည်
7736 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Zawgyi]

၁။ မိဿAries (မတ်လ ၂၁ ရက်မှ ဧပြီလ ၁၉ ရက်အတွင်း မွေးဖွားသူများ)

ပင်ကိုယ်သဘာဝ-ရဲရင့်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း

၂၀၂၀တွင်မိဿရာသီဖွားတို့အတွက်အိမ်ခြံမြေကဏ္ဍဆိုင်ရာနက္ခတ်ရာသီခွင်တွက်ချက်ရရှိမှုအရနှစ်သစ်စသည်နှင့် မိဿရာသီဖွားတို့ ငွေရပေါက်များစွာရှိလာကာ စီးပွားဥစ္စာဒီရေအလားတိုးတက်လာမည်။

၂၀၂၁ ခုနှစ်သည် မိဿရာသီဖွားတို့အတွက် ကာလရှည်ရည်မှန်းချက်အတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အချိန်ကောင်းပင် ဖြစ်ပြီး လောဘနောက်သို့ လိုက်သော ရင်းနှီးမြှုပ်နှံမှုများ၏ ဖြားယောင်းမှုများကို လက်မခံပါနှင့်။

၂၀၂၁ ခုနှစ်သည် မိဿရာသီဖွားများအတွက် ဓနဥစ္စာနှင့် နာမည်ဂုဏ်သတင်းကျော်ကြားမှု၊ လူအများ၏ လေးစားခံရမှုတို့ ရရှိမည့် ကာလလည်း ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ မေလလယ်မှ သြဂုတ်လလယ်အကြား အပျော်အပါးကိစ္စများအတွက် ငွေကြေးသုံးစွဲခြင်းများ ပြုလုပ်နေလိမ့်မည်။ ထို့ကြောင့် ထိုကာလအတွင်း ငွေကြေးဖြုန်းတီးမှုများ ကြီးမားစွာ မလုပ်မိစေန် ဂရုပြုရမည် ဖြစ်သည်။ အပျော်အပါးကိစ္စ ငွေသုံးစွဲမှု များပြားခြင်းကြောင့် ငွေကြေးကျပ်တည်းသည့် နေ့ရက်အချို့ ကြုံတွေ့ရမည်။ ယင်းကာလအတွင်း နေအိမ်ပြုပြင်မွမ်းမံခြင်းနှင့် အိမ်ခြံမြေ ဝယ်ယူမှု အလားအလာများ ရှိသည်။

သြဂုတ်လလယ် ကျော်လွန်သည့် နောက်ပိုင်းကာလတွင်ကား ငွေဝင်လမ်းကောင်းနေမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံထားခဲ့သည်များမှ အမြတ်အစွန်းများ ရရှိလာမည်။

အောက်တိုဘာ လလယ်ပိုင်းကျော်သွားလျှင် သင်၏ တီထွင်ဆန်းသစ်တတ်သော စိတ်ကူးစိတ်သန်းများကို အသုံးပြုခြင်းအားဖြင့် ဝင်ငွေမှာ မြင့်တက်လာမည်ဖြစ်သည်။

ခြုံငုံ၍ ပြောရလျှင် ၂၀၂၁ ခုနှစ်သည် မိဿရာသီဖွားများအတွက် အခွင့်အလမ်းကောင်းများရလာကာ ဝင်ငွေတိုးတက်လာမည့်နှစ် တစ်နှစ်ဖြစ်သည်။ လူအများ၏လေးစားခံရမှု၊ စည်းစိမ်ဥစ္စာနှင့် နာမည်ဂုဏ်သတင်းတို့ ကြီးထွားလာမည်။

အဆောင်ကျောက်မျက်ရတနာ- မြ၊ ပတ္တမြား

၂။ ပြိဿ -Taurus (ဧပြီလ ၂၀ ရက်မှ မေလ ၂၀ ရက်ကြား မွေးဖွားသူများ)

ပင်ကိုယ်သဘာဝ-အနုပညာလိုက်စားခြင်း၊ အပျော်အပါးနှစ်သက်ခြင်း

ပြိဿရာသီဖွားတို့အတွက် နက္ခတ်ရာသီခွင်တွက်ချက်ရရှိမှုများအရ၂၀၂၀ ပြည့်နှစ် အစပိုင်းလများသည် ငွေကြေးဆိုင်ရာ အကျိုးစီးပွားများဖြစ်ထွန်းမည့် ကာလဖြစ်သည်။

နှစ်စပိုင်းလများသည် မရွှေ့မပြောင်းနိုင်သောအရာများ( ဥပမာ- အိမ်ခြံမြေ) တွင် ရင်းနှီးမြှုပ်နှံရန် အချိန်ကောင်းဖြစ်သည်။

ဘာသာရေးအတွက် ငွေကြေးသုံးစွဲမှုများ ရှိမည်။

ပြိဿ အိမ်ခြံမြေနက္ခတ္တခန့်မှန်းချက်အရ ၂၀၂၁ ခုနှစ်၊ ဧပြီလလယ်ပိုင်းအထိ စီးပွားရှာရ အလွန်ကောင်းမွန်နေမည်။ သို့သော် ယခင်က ရင်းနှီးမြှုပ်နှံထားမှုများကို ပြန်လည်သုံးသပ်ရန် လိုအပ်သည်။ သင့်အနေဖြင့် ရေတိုအကျိုးရှိရေးကိုသာ တွေးနေပါက အခက်အခဲများ ရင်ဆိုင်ရနိုင်သည်။

၂၀၂၁ ခုနှစ် သြဂုတ်လလယ်ပိုင်းကျော်သွားလျှင် စီးပွားရေး၌ အမြတ်အစွန်းရှိသည့်တိုင် ဝင်ငွေများပြားမှုကို မမျှော်လင့်နိုင်ချေ။

ဘာသာရေး၊ အပန်းဖြေမှုနှင့် ပရဟိတအလုပ်များအတွက် ငွေကြေးသုံးစွဲမှုများ ရှိလိမ့်မည်။

အောက်တိုဘာလလယ်ပိုင်း ကျော်သွားလျှင်ကား ကျန်းမာရေးနှင့် အိမ်ခြံမြေကိစ္စရပ်များမှာ အလားအလာကောင်းများ မြင်ရသည်။

ဤကာလအတွင်း စိတ်ဝင်စားမှုသစ်၊ ခွန်အားသစ်များဖြင့် ရှေ့ဆက်နိုင်လိမ့်မည်။ ဓနဥစ္စာတိုးပွားလာမှုနှင့်အတူ စီမံကိန်းသစ်များ ရှိလာမည်ဖြစ်သည်။

၂၀၂၁ နှစ်ကုန်ပိုင်းတွင်ကား မိသားစုအနာဂတ်အတွက် ငွေကြေးစုဆောင်းခြင်းနှင့် ရေရှည်ရင်းနှီးမှုများကို စဉ်းစားသင့်သည့်ကာလ ဖြစ်သည်။

အဆောင်ကျောက်မျက်ရတနာ- ပယင်း၊ ကျောက်စိမ်း

၃။ မေထုန်-Gemini (မေလ ၂၁ ရက်မှ ဇွန်လ ၂၀ ရက်ကြား မွေးဖွားသူများ)

ပင်ကိုယ်သဘာဝ- ချစ်ခင်စရာကောင်းခြင်း၊ ပေါင်းသင်းဆက်ဆံရေးကောင်းခြင်း

မေထုန်ရာသီဖွားများအတွက် ၂၀၂၁ ခုနှစ် အိမ်ခြံမြေ နက္ခတ်ရာသီခွင်တွက်ချက်ရရှိမှုများအရ ၂၀၂၁ ခုနှစ်သည် မေထုန်ရာသီဖွားများ ကာလကြာရှည်မျှော်လင့်ခဲ့သော အိပ်မက်များဆီသို့ ပိုမိုနီးကပ်လာသည့် နှစ်တစ်နှစ် ဖြစ်သည်။

အိပ်မက်များ အကောင်အထည်ဖော်ရေး ကြိုးပမ်းရာတွင် အဆင်ပြေချောမွေ့မှုများ တွေ့ရမည်ဖြစ်ကာ သင့်အား အနာဂတ်အောင်မြင်မှု လမ်းပေါ်သို့ ရောက်ရှိစေမည် ဖြစ်သည်။

ဥစ္စာဓနများ စုဆောင်းမိလာကာ ပုံမှန်တိုးတက်မှုများအပေါ် ကျေနပ်ပီတိဖြစ်ပြီး သင်၏ကြိုးစားအားထုတ်မှုများ အရှိန်ဟုန်မလျှော့လိုက်ပါနှင့်။

မေထုန်ရာသီဖွားအချို့သည် အိမ်ခြံမြေကို ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဝယ်ယူရန် အစီအစဉ်များ ရှိလာလိမ့်မည်။

အထက်ပါအချက်အားလုံးက သင့်အား စိတ်ကျေနပ်မှုများစွာ ပေးစွမ်းမည်ဖြစ်ကာ ပိုမိုခမ်းနားသည့် ပန်းတိုင်တစ်ခုပင် ဆက်လက်ချမှတ် နိုင်လိမ့်ည်။

သင်သည် ဒုတိယမြောက်နေအိမ်တစ်လုံး ဝယ်ယူရန် ကြိုးစားလာမည်ဖြစ်ရာ အဆိုပါကြိုးပမ်းမှုနှင့် စပ်လျဉ်း၍မူ သတိပြုဖွယ်ရာများ ရှိသည်။

သင်၏ နက္ခတ္တညွှန်ပြချက်များအရ ဘဏ် (သို့မဟုတ်) အခြားသော ဘဏ္ဍာရေးအဖွဲ့အစည်းများထံမှ ချေးငွေရယူကာ ဝယ်ယူခြင်းမျိုး မပြုလုပ်သင့်ကြောင်း ညွှန်ပြနေသည်။

၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် သင်၏လုပ်ငန်းကို အခြားသောလုပ်ငန်းတစ်ခုနှင့် ပေါင်းစည်းရန် အခွင့်အလမ်းတစ်ခု ကြုံလာလိမ့်မည်။

အချုပ်အားဖြင့်ဆိုရလျှင် ၂၀၂၁ ခုနှစ်သည် မေထုန်ရာသီဖွားများအတွက် စည်းစိမ်ဥစ္စာချမ်းသာကြွယ်ဝရေးအတွက် များစွာအထောက်အကူပေးသည့် နှစ်တစ်နှစ် ဖြစ်လိမ့်မည်။

ကြွေးမြီတင်နေသူများအနေဖြင့်လည်း အချိန်မီပြန်လည်ပေးဆပ်နိုင်ရန် တဖြေးဖြေးစီမံမှုများ ပြုလုပ်လာနိုင်မည်။

ပြီးခဲ့သောနှစ်အထိ အခက်ကြုံနေခဲ့ရသည့် များပြားသည့်ကြွေးမြီကိစ္စများ မရှိနိုင်တော့ချေ။

သင့်အား ချေးငွေထုတ်ပေးသူများအတွက် ယုံကြည်မှု တဖြည်းဖြည်းရအောင် တည်ဆောက်လာနိုင်လိမ့်မည်။

အဆောင်ကျောက်မျက်ရတနာ- ခရမ်းစွဲကျောက်၊ ရောင်ပြန်ကျောက်

၄။ ကရကဋ် -Cancer(ဇွန်လ ၂၁ ရက်မှ ဇူလိုင်လ ၂၂ ရက်ကြား မွေးဖွားသူများ)

ပင်ကိုယ်သဘာဝ- ဉာဏ်ရည်ထက်မြက်ခြင်း၊နူးညံ့သိမ်မွေ့ခြင်း

၂၀၂၁ ခုနှစ်သည် ကရကဋ် ရာသီဖွားများအတွက် ငွေရှာရကောင်းမွန်သော နှစ်တစ်နှစ် ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း အိမ်ခြံမြေ နက္ခတ်ရာသီခွင်တွက်ချက်ရရှိမှုများအရ တွေ့ရသည်။

မိသားစုများအကြား ကာလကြာရှည်အငြင်းပွားနေခဲ့ရမှုများရှိလျှင် ယခုနှစ်အတွင်း သင်သည် တရားရုံးတွင် ရင်ဆိုင်ဖြေရှင်းရန် ဆုံးဖြတ်မှုများ ဖြစ်လာဖွယ်ရှိသည်။

ယခုနှစ်သည် သင့်အတွက် အခွင့်အလမ်းများစွာ တွေ့မြင်ရမည့်နှစ်တစ်နှစ်ဖြစ်ပြီး ကွဲပြားခြားနားသော ချဉ်းကပ်ပုံမျိုးဖြင့် လုပ်ဆောင်နိုင်မှုများ ရှိလာမည်။

မိသားစုအကြား ညှိနှိုင်းမှုများတွင် တည်ငြိမ်မှုရှိစွာဖြင့် လုပ်ဆောင်ရန်လိုအပ်ပြီး သဘောတူညီချက်တစ်ခုရရေးအတွက် ကြိုးစားရာတွင် မိသားစုအတွက် အထောက်အကူပြုနိုင်မည့် နည်းလမ်းကို ရှာဖွေပါ။

လိုအပ်ပါက မိသားစုအကြား ကြားဝင်ညှိနှိုင်းပေးမည့်သူတစ်ဦး ထားရှိခြင်းအားဖြင့် အငြင်းပွားမှုကို နောက်ဆုံးတွင် ဖြေရှင်းနိုင်လိမ့်မည်။

ကိုယ်ပိုင်ဖန်တီးမှုမျိုးမှတဆင့် ငွေရှာရန် ကြိုးပမ်းနေသူဆိုပါက ၂၀၂၁ ခုနှစ်သည် သင်၏ ကြိုးစားအားထုတ်မှုများ ပိုမိုပြုလုပ်ရန် တောင်းဆိုသော နှစ်တစ်နှစ်ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအထိ ပထမ ၉ လတာကာလအတွင်း ပင်ပင်ပန်းပန်း ငွေရှာရလိမ့်မည်။

သင်၏ နိဂုံးရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရန် ပိုမို၍ ပြင်းပြင်းထန်ထန်ကြိုးစားရန် လိုလိမ့်မည်။

အောင်မြင်မှုသို့ ရောက်ရှိရန် ကြိုးပမ်းမှုမှာ စနေဂြိုဟ်၏ အဖျက်စွမ်းအားကြောင့် နှေးကွေးလိမ့်မည်။

သို့သော် သင်၏ပြင်းပြင်းထန်ထန်ကြိုးပမ်းအားထုတ်မှုများကိုမူ စနေဂြိုဟ်က ဟန့်တားနိုင်လိမ့်မည် မဟုတ်ချေ။

ယင်းသို့ ပြင်းပြင်းထန်ထန်ကြိုးစားမှုများကြောင့် နှစ်ကုန်ပိုင်းတွင် အသီးအပွင့်များ တွေ့လာရလိမ့်မည်။

အဆောင်ကျောက်မျက်ရတနာ- ပတ္တမြား၊ မြ၊ ပုလဲ

၅။ သိဟ်- Leo (ဇူလိုင် ၂၃ ရက်မှ သြဂုတ်လ ၂၂ ရက်ကြား မွေးဖွားသူများ)

ပင်ကိုယ်သဘာဝ- သစ္စာရှိခြင်း၊ ဂုဏ်သိက္ခာကို တန်ဖိုးထားတတ်ခြင်း

သိဟ်ရာသီဖွားတို့အတွက် ၂၀၂၁ ခုနှစ် နက္ခတ်ရာသီခွင် တွက်ချက်ရရှိမှုများအရ ယခုနှစ်သည် ချမ်းသာကြွယ်ဝမှုနှင့် အိမ်ခြံမြေကဏ္ဍတို့တွင် အကျိုးအမြတ် ကြီးစွာဖြစ်ထွန်းမည့် နှစ်တစ်နှစ် ဖြစ်လာလိမ့်မည်။

သို့သော် ၂၀၂၁ ခုနှစ် ပထမ ၃ လပတ်ကာလအတွင်း သင်၏ အိမ်ခြံမြေကိစ္စအချို့တွင် အတားအဆီး၊ အခက်အခဲအချို့ ရင်ဆိုင်ရနိုင်သည်။

ထိုကာလအတွင်း အိမ်ခြံမြေရောင်းဝယ်မှုနှင့် ဆက်နွှယ်သော ကိစ္စများတွင် နှောင့်နှေးမှုများ ကြုံရလိမ့်မည်ဖြစ်ပြီး အကယ်၍ အရောင်းအဝယ် အထမြောက်ခဲ့စေကာမူ သင်လိုလားသည့် ငွေကြေးမြတ်စွန်းမှုမျိုး ရရှိဖွယ်ရာ မရှိချေ။ ဧပြီလသည်ကား သင့်အတွက် မင်္ဂလာရှိသည့် ကာလတစ်ခုဖြစ်သည်။

ဧပြီလမှစတင်ပြီး ၂၀၂၁ ခုနှစ်အတွင်း ပိုမိုရောက်ရှိလာသည်နှင့်အမျှ သင့်အတွက် ဂြိုဟ်စီးဂြိုဟ်နင်းကောင်းမွန်မှုများ တွေ့မြင်လာရမည်။

၂၀၂၁ ခုနှစ်၊ သိဟ်ရာသီဖွားတို့အတွက် နက္ခတ်ရာသီခွင်တွက်ချက်ရရှိမှုများအရ ၂၀၂၁ ခုနှစ်၊ ဧပြီလမှ ဇွန်လအတွင်း အိမ်ခြံမြေ ရောင်းခြင်း၊ ဝယ်ခြင်းနှင့် စပ်လျဉ်းသည့်ကိစ္စများတွင် အောင်မြင်မှုများ တွေ့မြင်ရဖွယ်ရှိသည်။ ၂၀၂၁ ခုနှစ်၊ ဇွန်လကျော်သည်နှင့် သင်လုပ်ဆောင်ချင်သမျှ အရာအားလုံး အကောင်အထည်ဖော်ဆောင်နိုင်လိမ့်မည်။ ထိုကာလအတွင်း သင့်ဘက်မှ အနည်းငယ်အားထုတ်မှု ပြုရုံဖြင့် အိမ်ခြံမြေနှင့် စပ်လျဉ်းသော ကိစ္စအားလုံး ပြီးမြောက်အောင်မြင်မည်။

သင်၏ ကူညီတတ်သည့် စိတ်ထားကြောင့် ခက်ခဲသည့် အခြေအနေမျိုးကြုံရပါက သင့်အားကူညီသူများစွာ ရှိလိမ့်မည်။

ဇွန်လနှင့် စက်တင်ဘာလအကြားတွင်ကား အရေးကြီးသည့်အလုပ်များ၊ အထူးသဖြင့် အိမ်ခြံမြေနှင့်စပ်လျဉ်း၍ အရေးကြီးသည့် ကိစ္စများ ပြုလုပ်ခြင်း ရှောင်ရှားပါ။ ဤကာလတွင် အိမ်ခြံမြေနှင့် စပ်လျဉ်း၍ သင့်အား ကံကြမ္မာကောင်းများ များစွာတွေ့ရဖွယ် မရှိချေ။ စက်တင်ဘာလကုန်အထိ စိတ်ရှည်သည်းခံနိုင်ရန် လိုအပ်သည်။

ထိုကာလအတွင်း သိဟ်ရာသီဖွားများအနေဖြင့် အိမ်ခြံမြေ ဝယ်ယူ၊ ရောင်းချခြင်းများ ပြုလုပ်ပါက ပြဿနာများ ရင်ဆိုင်ရနိုင်သည်။

သို့သော် အောက်တိုဘာလမှ စတင်ပြီး နှစ်ကုန်ပိုင်းတွင်ကား အိမ်ခြံမြေကဏ္ဍမှ အမြတ်အစွန်း ကြီးမားစွာ ရရှိနိုင်သည်။

၂၀၂၁ ခုနှစ်၊ နောက်ဆုံး ၃ လပတ်ကာလအတွင်း ဓနဥစ္စာ၊ အိမ်ခြံမြေတို့နှင့် စပ်လျဉ်းသည့် ကိစ္စများစွာ ကောင်းစွာအောင်မြင် အထမြောက်မည်။

ထိုကာလသည် သိဟ်ရာသီဖွားများအတွက် အိမ်ခြံမြေ ဝယ်ယူခြင်း၊ ရောင်းချခြင်းများ ပြုလုပ်ရန် အလွန်ကောင်းမွန်သော ကာလဖြစ်သည်။

ဥစ္စာရှာရန် အချိန်ကောင်းဟုလည်း ဆိုနိုင်သည်။

ထို့အပြင် ရေရှည်အတွက် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်လည်း သင့်လျော်သည့်ကာလဖြစ်၏။

ယခုကာလအတွင်း ပြုလုပ်သည့် မည်သည့်ရောင်းဝယ်မှု (သို့မဟုတ်) ရင်းနှီးမြှုပ်နှံမှုများမဆို အနာဂတ်တွင် ကြီးမားသည့်အမြတ်အစွန်း ဆောင်ကြဉ်းပေးဖွယ်ရှိသည်။

အဆောင်ကျောက်မျက်ရတနာ- ပယင်း၊ ရွှေ

၆။ ကန် -Virgo (သြဂုတ် ၂၃ ရက်မှ စက်တင်ဘာ ၂၂ ရက်ကြား မွေးဖွားသူများ)

ပင်ကိုယ်သဘာဝ- ပရဟတိတစိတ်ရှိခြင်း၊ လက်တွေ့ဆန်ခြင်း

ကန် ရာသီဖွားတို့အတွက် ၂၀၂၁ ခုနှစ် နက္ခတ်ရာသီခွင် တွက်ချက်ရရှိမှုများအရယခုနှစ်သည် ချမ်းသာကြွယ်ဝမှုအတွက် အခွင့်အလမ်းကောင်း အချို့ရှိလာမည့်နှစ်တစ်နှစ် ဖြစ်သည်။

နှစ်စမှ မတ်လအထိ အိမ်ခြံမြေနှင့် ဆက်နွှယ်သောကိစ္စများတွင် အနှောင့်အယှက်၊ အဟန့်အတားများ တွေ့ရနိုင်သည်။

သို့ကြောင့် အဆိုပါကာလအတွင်း အိမ်ခြံမြေနှင့် ပတ်သက်သော ပြဿနာများကို ဂရုတစိုက်ကိုင်တွယ်ရန် လိုအပ်သည်။

ထိုကာလအတွင်း အိမ်ခြံမြေ ဝယ်ယူခြင်း (သို့မဟုတ်) ရောင်းချခြင်းကိစ္စများကို အလျင်စလို မပြုလုပ်ပါနှင့်။

ဖြစ်နိုင်လျှင် ယင်းကာလအတွင်း မည်သည့်အိမ်ခြံမြေရောင်းဝယ်မှုများမှ မလုပ်ရန် ကြိုးစားပါ။

ဧပြီလလယ်ပိုင်းကျော်လွန်သွားပါက ဆိုင်းငံ့ထားသော အိမ်ခြံမြေကိစ္စများ အပြီးသတ်ဆက်လက်ဆောင်ရွက်လျှင် အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း ကန်ရာသီဖွားများအတွက် ၂၀၂၁ အိမ်ခြံမြေကံကြမ္မာတွက်ချက်ရရှိများတွင် ဖော်ပြသည်။ ဧပြီလမှ စတင်ပြီး အိမ်ခြံမြေသစ်တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းများ ကောင်းမွန်သည်။

ဧပြီလလယ်မှ ဇူလိုင်လအထိသည် အိမ်ခြံမြေ ဝယ်ယူခြင်း၊ ရောင်းချခြင်းများအတွက် အတိတ်နိမိတ်ကောင်းသော မင်္ဂလာများ တွေ့ရမည်။

ကြာသပတေးဂြိုဟ်ကူးပြောင်းသည့်ကာလဖြစ်ရာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ကောင်းများ ရရှိမည်။

အိမ်ခြံမြေဟောင်းအချို့ကို ရောင်းချလိုပါက အဆိုပါကာလအတွင်း ဈေးကောင်းပေးမည့် ဝယ်လက်များ တွေ့ရလိမ့်မည်။

မေလအတွင်းတွင်မူ အဟန့်အတားများ တွေ့ရဖွယ်ရှိသော်လည်း အဆိုပါပြဿနာများမှာ ကြာရှည်ရှိနေလိမ့်မည် မဟုတ်ချေ။

သို့သော် မေလအတွင်း စွန့်စားမှု များစွာမလုပ်သင့်ချေ။

သြဂုတ်လကျော်လွန်သွားလျှင်မူ ငွေကြေးဖြန့်ကျက်မှုကို ဆင်ဆင်ခြင်ခြင်ဖြင့် ပြုလုပ်သင့်သည်။

သြဂုတ်လမှ အောက်တိုဘာလအကြားကာလသည် ရင်းနှီးမြှုပ်နှံမှုအတွက် ကြီးမားသည့် စွန့်စားမှုများ ရယူရမည်ဖြစ်ပြီး သင့်အတွက် ခက်ခဲသောကာလတစ်ခု ဖြစ်သည်။

ဆောင်ရွက်သမျှအရာတိုင်းကို အလွန်ဂရုတစိုက် သတိထားရန် လိုအပ်သည်။ အခြေအနေများမှာ ထင်သလောက်မကောင်းချေ။

နှစ်ကုန်ပိုင်းတွင် အခွင့်အလမ်းတစ်ခု ပေါ်ပေါက်လာမည်ဖြစ်ရာ အဆိုပါအခွင့်အလမ်းကို စောင့်ဆိုင်းနေခြင်းက ပိုမိုကောင်းမွန်သည်။

အောက်တိုဘာလလယ်ပိုင်းကျော်လွန်သွားလျှင် အိမ်ခြံမြေ ဝယ်ယူရန် (သို့မဟုတ်) ရောင်းချရန် အခွင့်အလမ်းကောင်းများ အလွန်များပြားစွာတွေ့ရမည်။

သင်ကာလအတန်ကြာ လိုချင်နေခဲ့သည့် အိမ်ခြံမြေ၊ ယာဉ် (သို့မဟုတ်) ပိုင်ဆိုင်မှုများ ဝယ်ယူလာနိုင်လိမ့်မည်။

အဆောင်ကျောက်မျက်ရတနာ-နီလာ၊ ပုလဲ

၇။ တူ -Libra (စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်ကြား မွေးဖွားသူများ)

ပင်ကိုယ်သဘာဝ-သနားကြင်နာတတ်ခြင်း

တူ ရာသီဖွားတို့အတွက် ၂၀၂၁ ခုနှစ် နက္ခတ်ရာသီခွင် တွက်ချက်ရရှိမှုများအရ ၂၀၂၁ ခုနှစ်သည် သင့်အတွက် ခမ်းနားကြီးကျယ်သည့် နှစ်တစ်နှစ်ဖြစ်၏။

သင့်အနေဖြင့် ဥစ္စာဓနများ တိုးတက်မြင့်မားလာစေရန် စီစဉ်ဆောင်ရွက်နေသည်ဆိုပါက သင်၏ပြင်းပြင်းထန်ထန် ကြိုးပမ်းမှုနှင့်အတူ အလိုရှိသော ရလဒ်ကောင်းများ ထမြောက်အောင်မြင်မည်။ ထို့အပြင် ကြာသပတေးဂြိုဟ်အကူးအပြောင်းကာလကြောင့် သင်၏ဝင်ငွေများ တိုးတက်လာမည်။

ထို့အပြင် စနေဂြိုဟ်ကလည်း မကာရရာသီသို့ ကူးပြောင်းနေရာ သင့်အနေဖြင့် စည်းစိမ်ဥစ္စာများ တိုးပွားလာစေရန်နှင့် ငွေကြေးအခြေအနေ တည်ငြိမ်အောင်ထိန်းထားနိုင်မှုများ တိုးတက်လာစေလိမ့်မည်။

သင့်အနေဖြင့် စိန်ခေါ်မှုများကို သိနားလည်အောင် ၂၀၂၁ ခုနှစ်၊ တူရာသီဖွား ဘဏ္ဍာရေးဇာတာက ကူညီမှုကြောင့် ၂၀၂၁ ခုနှစ်အတွင်း သင်၏ ငွေကြေးအခြေအနေတည်ငြိမ်အောင် ထိန်းထားနိုင်စေလိမ့်မည် ဖြစ်သည်။

စနေဂြိုဟ်ထွက်ခွာသွားမှုကြောင့် ဓနဥစ္စာတိုးပွားရေးအလားအလာများ မြင့်တက်လာစေမည်ဖြစ်ရာ အကျိုးဆက်အားဖြင့် သင့်အနေဖြင့် ယုံကြည်ချက်ရှိစွာ၊ ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် လုပ်ဆောင်ဖွယ်ရာများကို ပိုမိုဆောင်ရွက်လာနိုင်လိမ့်မည်။

တူ ရာသီဖွားတို့အတွက် ၂၀၂၁ ခုနှစ် နက္ခတ်ရာသီခွင် တွက်ချက်ရရှိမှုများအရ ၂၀၂၁ ခုနှစ်သည် အိမ်ခြံမြေများကို ချေးငွေဖြင့် ဝယ်ယူရန် ကောင်းမွန်သော နှစ်တစ်နှစ်ဖြစ်ကြောင်း တွေ့ရသည်။

သင့်အနေဖြင့် ဘဏ်ချေးငွေဖြင့် အိမ်ခြံမြေများတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေပါက ဘဏ်သို့ချေးငွေတင်ပြထားမှုကို ယခုနှစ်အတွင်း ရရှိနိုင်သည်။

သို့သော် အရောင်းအဝယ်ပြုလုပ်မှုများတွင် မျှတမှန်ကန်သည့် ဈေးနှုန်းရှိသောအရာတို့တွင် ရင်းနှီးမြှုပ်နှံရန် အရေးကြီးသည်။ အရောင်းအဝယ်တွင် ရှင်းလင်းအောင်ဆောင်ရွက်လေ ရလဒ်ကောင်းရနိုင်လေ ဖြစ်သည်။ လိုအပ်ပါက အရောင်းအဝယ်ကိစ္စများကို ရှေ့နေတစ်ဦးငှားရမ်းကာ လုပ်ဆောင်ပါ။ အဆောင်ကျောက်မျက်ရတနာ- သန္တာ၊ ပယင်း

၈။ ဗြိ စ္ဆာ -Scorpio( အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၁ ရက်ကြား မွေးဖွားသူများ)

ပင်ကိုယ်သဘာဝ- လျှို့ဝှက်တတ်ခြင်း၊ အေးအေးဆေးဆေးနေတတ်ခြင်း

ဗြိ စ္ဆာရာသီဖွားတို့သည် ၎င်းတို့၏ ဘဝတစ်လျှောက် ဥစ္စာဓနပိုင်ဆိုင်မှုများ စုဆောင်းမှုကို အာသီသပြင်းသူများ ဖြစ်ကြ၏။ ငွေသားကဲ့သို့ လွယ်ကူစွာစုဆောင်းနိုင်သည့်အရာများအပြင် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် ပိုင်ဆိုင်မှု (tangible assets) များကိုပင် ကောင်းစွာ စီမံခန့်ခွဲနိုင်ကြသူများ ဖြစ်သည်။ အဆိုပါအချက် ၂ ခု ပေါင်းစည်းမှုကြောင့် ဝင်ငွေထွက်ငွေကို ကောင်းစွာထိန်းနိုင်စေပြီး ဓနဥစ္စာ စုဆောင်းရန်အတွက် သင့်လျော်သင့်ဝင်ငွေ ရရှိလာစေမည်။

ဗြိ စ္ဆာ ရာသီဖွားတို့အတွက် ၂၀၂၁ ခုနှစ် ရာသီခွင် တွက်ချက်ရရှိမှုများအရယခုနှစ်သည် ကောင်းစွာငွေဝင်မည့်နှစ်တစ်နှစ် ဖြစ်ပြီး စည်းစိမ်ဥစ္စာလွယ်ကူစွာ တိုးတက်လာမည့်နှစ်ဖြစ်သည်။

၂၀၂၁ ခုနှစ်အတွင်း ဗြိ စ္ဆာရာသီဖွားတို့၏ ကုန်လွန်ခဲ့ပြီးသည့် မည်သည့်နှစ်ထက်မဆို ရည်မှန်းချက်ကို ပိုမိုဦးတည်ကာ အားသွန်ခွန်စိုက် လုပ်ဆောင်နိုင်မည့် နှစ်တစ်နှစ်ဖြစ်သည်။

ကြာသတေးဂြိဟ်သည် ကုံရာသီသို့ ကူးပြောင်းသည့်ကာလဖြစ်ရာ အိမ်ခြံမြေနှင့် ပတ်သက်သော ကိစ္စများအတွက် ကံကောင်းမှုများ တွေ့ရမည်။

သို့သော် အသေးစိတ်အချက်အလက်များမှာမူ သင်၏ ဖွားဇာတာရှိ ဂြိုဟ်ခွင်အနေအထားများပေါ်မူတည်ပြီး ကွဲပြားနိုင်သည်။

ဗြိ စ္ဆာ ရာသီဖွားတို့အတွက် ၂၀၂၁ ခုနှစ် နက္ခတ်ရာသီခွင် တွက်ချက်ရရှိမှုများအရ သင်သည် အိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် စီစဉ်နေသည်ဆိုပါက ၂၀၂၁ ခုနှစ်သည် သင့်အတွက် မျက်နှာသာပေးမည့် နှစ်တစ်နှစ်ဖြစ်နိုင်သည်။

သင်ရွေးချယ်ထားသည့် အိမ်ခြံမြေ၊ ကာလကြာရှည်လိုချင်နေခဲ့သောနေရာတွင် ဝမ်းမြောက်စွာဖြင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ဖွယ် ရှိသည်။

သင့်အနေဖြင့် အဆိုပါအိမ်ခြံမြေကို ၁၀၀ ရာခိုင်နှုန်း ငွေကြေးတတ်နိုင်နေလိမ့်မည်။

သို့သော် ဘဏ်ချေးငွေလျှောက်ထားမည်ဆိုပါကလည်း လွယ်ကူစွာ ရရှိနိုင်ဖွယ် ရှိသည်။

မကာရရာသီမှ စနေဂြိုဟ် ကူးပြောင်းမှုကြောင့် အိမ်ခြံမြေကောင်းရှာဖွေရာတွင် ဝယ်ယူအတွက် ဗဟိုပြုစေမည့် ဈေးနှုန်းမျိုး ညှိနှိုင်းနိုင်စေရန် သင့်အားထက်မြက်မှုများ ပေးစွမ်းနိုင်လိမ့်မည်။

ကိုယ်ပိုင်နေအိမ်တစ်လုံးပိုင်ဆိုင်ရန် ကာလကြာရှည်အိပ်မက်မက်နေသူများအတွက်ဆိုလျှင် ယခုနှစ်သည် သင်၏အိပ်မက်များ အထမြောက်ရန် အလားအလာအလွန်မြင့်မားသောနှစ်တစ်နှစ်ဖြစ်၏။

အဆောင်ကျောက်မျက်ရတနာ- မဟူရာ၊ စိမ်းပြာရောင်ကျောက်

၉။ ဓနု -Sagittarius (နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၂၁ ရက်ကြား မွေးဖွားသူများ)

ပင်ကိုယ်သဘာဝ- အကောင်းမြင်စိတ်ရှိခြင်း

ဓနု ရာသီဖွားတို့အတွက် ၂၀၂၁ ခုနှစ် နက္ခတ်ရာသီခွင် တွက်ချက်ရရှိမှုများအရ ၂၀၂၁ ခုနှစ်သည် ကြီးပွားချမ်းသာမှုကို ကိုယ်စားပြုသည့် နှစ်တစ်နှစ်ဖြစ်၏။

စိတ်ရှည်သည်းခံခဲ့မှုများ၏ အသီးအပွင့်များ ခံစားရတော့မည့် ကာလဟု ဆိုနိုင်သည်။

ဓနဥစ္စာ၏ နတ်ဘုရားဖြစ်သော ကြာသပတေးဂြိုဟ် အကူးအပြောင်းနှင့် ဝင်ငွေ အမြတ်အစွန်းတို့၏ ဂြိုဟ်အိမ်ဖြစ်သော စနေဂြိုဟ်တို့၏ ပံ့ပိုးမှုများကြောင့် ၂၀၂၁ ခုနှစ်တွင် ဓနုရာသီဖွားများ ချမ်းသာကြွယ်ဝစေရန် အားကောင်းစေမည်။

သင့်အား အကြံပြုလိုသည်မှာ အချို့သော ရင်းနှီးမြှုပ်နှံမှုများအတွက် ကျွမ်းကျင်သူများထံမှ အကြံဉာဏ်တောင်းခံပြီးမှ ဆောင်ရွက်ပါ။

ထိုသို့ဆောင်ရွက်ခြင်းသည် သင်၏ အောင်မြင်မှုရည်မှန်းချက်ပန်းတိုင်ဆီသို့ ပိုမိုနီးကပ်စွာ ပို့ဆောင်ပေးမည်ဖြစ်သည်။

ဓနုရာသီဖွားတို့သည် စူးရှထက်မြက်သော ဝေဖန်ချင့်ချိန်နိုင်မှု၊ လေ့လာမှု၊ ငွေရှာတတ်မှုနှင့် ဥစ္စာဓနစုဆောင်းတတ်မှုတို့မှာ မွေးရာပါ ဗီဇဖြစ်ကြသည်။

သင်သည် အိမ်ခြံမြေဈေးကွက်၊ အမှန်တကယ်ရမည့် အမြတ်အစွန်းဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်ပြီး ခေတ်နှင့်အမီ အမြဲရင်ဘောင်တန်းသိလိုသူဖြစ်သည်။

အထက်ဖော်ပြပါအချက်များအားလုံးက ညွှန်ပြသည်မှာ ယခုနှစ်သည် ဓနုရာသီဖွားများအတွက် စည်းစိမ်ဥစ္စာပေါများကြွယ်ဝမည့် နှစ်တစ်နှစ် ဖြစ်လိမ့်မည်ဖြစ်သည်

သို့သော် သင်၏ ရင်းနှီးမြှုပ်နှံမှုများကို ကောင်းစွာလမ်းညွှန်ပေးနိုင်မည့် ကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပင်ရန် အကြံပြုလိုပါသည်။

ထိုသို့ဆောင်ရွက်ခြင်းမှာ ဓနုရာသီဖွားများအတွက် ၂၀၂၁ ခုနှစ်အတွင်း မှန်ကန်သည့် ခြေလှမ်းတစ်ရပ် ဖြစ်မည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် နက္ခတ်ရာသီခွင် တွက်ချက်ရရှိမှုများအရ တွေ့ရသည်။

အထက်ပါအချက်ကို ခေါင်းထဲထည့်ထားပြီးလျှင် သင့်အနေဖြင့် ဓနဥစ္စာပိုင်ဆိုင်မှုများ ချဲ့ထွင်ရန် စီစဉ်နိုင်သည်။ အိမ်ခြံမြေကဲ့သို့ ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံခြင်းများ ဖြစ်သည်။ သက်ဆိုင်ရာနယ်မှ ကျွမ်းကျင်သူများနှင့် တိုင်ပင်ကာ ကောင်းမွန်မှန်ကန်သည့် ရင်းနှီးမြှုပ်နှံမှုများ အိမ်ခြံမြေကဏ္ဍတွင် ပြုလုပ်ပါက အမြတ်အစွန်းကောင်းစွာရရှိနိုင်သည်။

အဆောင်ကျောက်မျက်ရတနာ-နီလာ

၁၀။ မကာရ -Capricon (ဒီဇင်ဘာ ၂၂ ရက်မှ ဇန်နဝါရီ ၁၉ ရက်ကြား မွေးဖွားသူများ)

ပင်ကိုယ်သဘာဝ- အလှူဒါနရက်ရောခြင်း

မကာရ ရာသီဖွားတို့အတွက် ၂၀၂၁ ခုနှစ် နက္ခတ်ရာသီခွင် တွက်ချက်ရရှိမှုများအရ၂၀၂၁ ခုနှစ်သည် ဘဝတစ်လျှောက် စီးပွားရှာဖွေမှုအတွက် အကောင်းဆုံးကာလတစ်ခု ဖြစ်လိမ့်မည်။

စနေဂြိုဟ် အကူးအပြောင်းတွင် ဓနဥစ္စာရှာဖွေရေး ဦးတည်ရာတွင် သင်၏ စိတ်နှလုံး၌ ရည်မှန်းချက်ပန်းတိုင် ရှင်းလင်းပြတ်သားနေဖွယ် ရှိသည်။

သင့်တွင် ရည်မှန်းချက်ပန်းတိုင်မှ သွေဖည်လမ်းလွဲသွားမည့် လက္ခဏာ မရှိချေ။ ထို့အပြင် ဝင်ငွေမှာလည်း ပုံမှန်မြင့်တက်လာနေ လိမ့်မည်။

သို့အတွက် ၂၀၂၁ ခုနှစ်အတွင်း ရှိရင်းစွဲ ဥစ္စာဓနထက် ပိုမိုများပြားစွာ ကြွယ်ဝချမ်းသာလာလိမ့်မည်။

မကာရရာသီဖွားတို့သည် အနာဂတ်ကို အသေအချာအကွက်ချကြိုတင်စီမံကိန်းချထားသူများ ဖြစ်လေ့ရှိပြီး ရည်မှန်းချက်တစ်ခုတည်းကိုသာ စူးစူးစိုက်စိုက် ကြိုးပမ်းတတ်သူများ ဖြစ်သည်။

အဆိုပါ အချက်က ရလဒ်ကောင်းများ ကြီးမားစွာရရှိစေရန် အမြဲအထောက်အကူပြုနေသည်။

ထိုစိတ်သဘောမျိုးဖြင့်သာ ၂၀၂၁ ကို ဆက်လက်ဖြတ်သန်းကြမည်ဖြစ်ကြ၏။

ယခင်က အနာဂတ်အတွက်ကြိုတင်စီစဉ်ထားခဲ့မှုများသည် ၂၀၂၁ ခုနှစ်အတွင်း အပြီးသတ်အကောင်အထည်ဖော်နိုင်ကြဖွယ် ရှိသည်။

အခြားအချက်တစ်ခုမှာ ၂၀၂၁ ခုနှစ်အတွင်း စွန့်စားရမည့်အရာများတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဖြစ်ဖွယ်ရှိရာ ထိုကဏ္ဍမှ အပိုဝင်ငွေ ရရှိလိမ့်မည်။

စွန့်စားရမှု ကြီးမားသော်လည်း သင်၏ စေ့စေ့စပ်စပ်စီမံအကွက်ချတတ်မှု အရည်အချင်းကြောင့် မှန်ကန်သည့်အရာများတွင် ရင်းနှီးမြှုပ်နှံကာ အမြတ်အစွန်း များစေလိမ့်မည်။

အကယ်၍ သင့်အနေဖြင့် စွန့်စားရမည့်အရာများတွင် ရင်းနှီးမြှုပ်နှံမည်ဆိုပါက ရေရှည်လက်ကိုင်မထားရန် လိုအပ်သည်။

အဆောင်ကျောက်မျက်ရတနာ- ကျောက်နီ၊ ကျောက်စိမ်း

၁၁။ ကုန် -Aquarius (ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်ကြား မွေးဖွားသူများ)

ပင်ကိုယ်သဘာဝ- ရင့်ကျက်တည်ငြိမ်ခြင်း၊ ပေါင်းသင်းရလွယ်ခြင်း

ကုန် ရာသီဖွားတို့အတွက် ၂၀၂၁ ခုနှစ် နက္ခတ်ရာသီခွင် တွက်ချက်ရရှိမှုများအရ ပြုဖွယ်ကိစ္စအဝဝကို ခိုင်မာသော သံန္တိဌာန်ဖြင့် ဦးတည် လုပ်ဆောင်နေမည်။

ချမ်းသာကြွယ်ဝရေးကြိုးပမ်းရာတွင် ပြင်းပြင်းထန်ထန် ကြိုးစားရဖွယ်ရှိသည်။

ကုန်ရာသီဖွားတို့သည် အနာဂတ်အတွက် ငွေကြေးစုဆောင်းတတ်ကြသည့် ဗီဇရှိသူများ ဖြစ်သည်။

အဆိုပါဗီဇကြောင့် ဥစ္စာဓနပေါများကြွယ်ဝရေး ကြိုးပမ်းမှုကို အလိုအလျောက်အားပေးပြီးဖြစ်သည့်အပြင် ထိရောက်သော ငွေကြေး စီမံခန့်ခွဲမှုကိုလည်း တချိန်တည်းလုပ်ဆောင်ဖြစ်စေသည်။

၂၀၂၁ ခုနှစ်သည် သင်၏ အိပ်မက်များကို အရအမိလိုက်လံဖမ်းဆုပ်နိုင်စေကာ ချမ်းသာကြွယ်ဝလာစေနိုင်သည့် နှစ်တစ်နှစ် ဖြစ်သည်။

နှစ်စပိုင်းကတည်းကစတင်ပြီး ဓနဥစ္စာတည်ဆောက်ရေးအတွက် စီမံကိန်းတစ်ခုကို ဂရုတစိုက်ပြင်ဆင်ရေးဆွဲနေလိမ့်မည်။

သင်၏ စည်းစနစ်ဖြင့် ချဉ်းကပ်တတ်ပုံမျိုးကြောင့် ငွေကြေးရည်မှန်းချက်ပန်းတိုင် အထမြောက်စေလိမ့်မည်။

ဓနဥစ္စာတည်ထောင်ရေး ရည်မှန်းချက်အတွက် အခြားသော ငွေကြေးသုံးစွဲမှုများကိုလည်း မထိခိုက်စေရန် သင်၏စီမံကိန်းကို အသေးစိတ် စိစစ်သုံးသပ်ထားရန် လိုအပ်သည်။

ဥပမာဆိုရလျှင် သင်နှစ်သက်တတ်သော နှစ်စဉ် ခရီးထွက်ခြင်းမျိုးနှင့် အပန်းဖြေအစီအစဉ်များအတွက် ဖြစ်သည်။

သင့်အနေဖြင့် သီးခြားဘဏ်စာရင်းတစ်ခု ထပ်မံဖွင့်လှစ်ကာ ငွေကြေးစီးဆင်းမှုကို ထိန်းသိမ်းရဖွယ်ရှိသည်။

နေအိမ်တစ်လုံး ဝယ်ယူရန် (သို့မဟုတ်) ဆောက်လုပ်ရန် အိပ်မက်မက်နေသူများအတွက် ၂၀၂၁ ခုနှစ်သည် သင်တို့၏ အိပ်မက်များ အထမြောက်စေရန် အားကောင်းသည့် နှစ်တစ်နှစ် ဖြစ်သည်။ ဂြိုဟ်အကူးအပြောင်း ဂြိုဟ်နေဂြိုဟ်ထားတို့က အိပ်မက်များ အထမြောက်လာစေရန် အားပေးနေသည်။

သင့်အနေဖြင့် ၂၀၂၁ ခုနှစ်အတွင်း အိမ်တစ်လုံးဆောက်လုပ်ရန် စီစဉ်နေသည်ဆိုပါက ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလများကို ရှောင်ပါ။

အဆိုပါလများအတွင်း ဆောင်ရွက်ပါက စီမံကိန်းစတင်နိုင်ရန် ခလုတ်တံသင်း အဟန့်အတားအချို့ တွေ့နိုင်ဖွယ်ရှိပြီး စီမံကိန်း အပြီးသတ်နိုင်ရန် ကြန့်ကြာစေမည်ဖြစ်ကာ ဆောက်လုပ်စရိတ်ကိုလည်း ပိုမိုကုန်ကျစေနိုင်သည်။

သို့အတွက် အိမ်ဆောက်ရန် ကြံရွယ်သူများအနေဖြင့် ထိုလများကို ရှောင်ခြင်းမှာ အကောင်းဆုံးဖြစ်ကြောင်း ကုန် ရာသီဖွားတို့အတွက် ၂၀၂၁ ခုနှစ် နက္ခတ်ရာသီခွင် တွက်ချက်ရရှိမှုများတွင် တွေ့ရသည်။

စီးပွားရေးလုပ်နေသူများအတွက် ၂၀၂၁ ခုနှစ်သည် စီးပွားရေးချဲ့ထွင်ရန် ကောင်းမွန်သော ကာလဖြစ်သည်။

အဆောင်ကျောက်မျက်ရတနာ-မဟူရာ၊ ပုလဲနက်

၁၂။ မိန် -Pisces (ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၂၀ ရက်ကြား မွေးဖွားသူများ)

ပင်ကိုယ်သဘာဝ- စိတ်ကူးယဉ်တတ်ခြင်း၊ သနားကြင်နာတတ်ခြင်း

မိန် ရာသီဖွားတို့အတွက် ၂၀၂၁ ခုနှစ် နက္ခတ်ရာသီခွင် တွက်ချက်ရရှိမှုများအရ ကြာသပတေးနှင့် စနေဂြိုဟ်တို့၏ လွှမ်းမိုးမှုများကြောင့် ဓနဥစ္စာ အတော်အတန် စုဆောင်းမိနိုင်သည်။

ယခုနှစ်အတွင်း ဥစ္စာရှာရန် ကြိုးပမ်းရာ၌ သင်၏လုံ့လကို နှစ်ဆ စိုက်ထူရဖွယ်ရှိသည်။

ယခုနှစ်သည် သင့်အတွက် စိန်ခေါ်မှုအနည်းငယ်ရှိသော နှစ်တစ်နှစ် ဖြစ်၏။

သို့သော် ခိုင်မာသည့် သံန္တွိဌာန်နှင့် ရည်မှန်းချက်တို့ထားရှိမည်ဆိုလျှင် မဖြစ်နိုင်စရာ မရှိချေ။

ရလဒ်တို့ နှောင့်နှေးနိုင်သော်လည်း နောက်ဆုံးတွင်ကား သင်၏ ဓနရှာဖွေမှု အဘိဓာန်တွင် မဖြစ်နိုင်ဟူသော စကားလုံးကို ဖယ်ရှားနိုင်မည် ဖြစ်သည်။

ယခုနှစ်အတွင်း ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုကြီးတစ်ခု ပြုလုပ်ရန် စီစဉ်ဖွယ်ရှိရာ စီးပွားရေးလုပ်ငန်းတိုးချဲ့ခြင်း (သို့တည်းမဟုတ်) အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းများ ပြုလုပ်ဖြစ်ဖွယ်ရှိသည်။

မည်သည့်ရင်းနှီးမြှုပ်နှံမှုမျိုး ပြုလုပ်သည်ဖြစ်စေ အတိုးနှုန်းများသည့် ချေးငွေရယူကာ ကြီးမားသည့် စွန့်စားမှုမျိုး ရယူရန် လုပ်ဆောင်လာဖွယ်ရှိရာ ထိုသို့ဆောင်ရွက်ခြင်းမှာ သင့်အတွက် အလွန်အန္တရာယ်ကြီးလှသည်။

အပြီးသတ် မဆုံးဖြတ်မီ ဖြစ်နိုင်ချေ လေ့လာမှုများ အသေအချာပြုလုပ်ရန် အကြံပြုလိုပါသည်။

ဂြိုဟ်စီးဂြိုဟ်နင်း အနေအထားတို့အရ သင့်အနေဖြင့် စွန့်စားရမှုရှိသော ရင်းနှီးမြှုပ်နှံမှုမျိုးကို ရွှေ့ဆိုင်းရန် အကြံပြုအပ်ပါသည်။

အဆောင်ကျောက်မျက်ရတနာ- ကျောက်စိမ်း၊ ဆင်စွယ်ရောင်ကျောက်

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။) Credit: iMyanmarHouse.com

Ref: Wealth And Property Horoscope 2021 (ganeshaspeaks)

 

[Zawgyi]

၂၀၂၁ ခုႏွစ္၊ ၁၂ လ ရာသီဖြားမ်ားအတြက္ အိမ္ျခံေျမကံၾကမၼာေဟာကိန္း

၁။ မိႆAries (မတ္လ ၂၁ ရက္မွ ဧျပီလ ၁၉ ရက္အတြင္း ေမြးဖြားသူမ်ား)

ပင္ကိုယ္သဘာဝ-ရဲရင့္ျခင္း၊ ရိုးသားေျဖာင့္မတ္ျခင္း

၂၀၂၀တြင္မိႆရာသီဖြားတို႔အတြက္အိမ္ျခံေျမက႑ဆိုင္ရာနကၡတ္ရာသီခြင္တြက္ခ်က္ရရွိမႈအရႏွစ္သစ္စသည္ႏွင့္ မိႆရာသီဖြားတို႔ ေငြရေပါက္မ်ားစြာရွိလာကာ စီးပြားဥစၥာဒီေရအလားတိုးတက္လာမည္။

၂၀၂၁ ခုႏွစ္သည္ မိႆရာသီဖြားတို႔အတြက္ ကာလရွည္ရည္မွန္းခ်က္အတြက္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္ရန္ အခ်ိန္ေကာင္းပင္ ျဖစ္ျပီး ေလာဘေနာက္သို႔ လိုက္ေသာ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား၏ ျဖားေယာင္းမႈမ်ားကို လက္မခံပါႏွင့္။

၂၀၂၁ ခုႏွစ္သည္ မိႆရာသီဖြားမ်ားအတြက္ ဓနဥစၥာႏွင့္ နာမည္ဂုဏ္သတင္းေက်ာ္ၾကားမႈ၊ လူအမ်ား၏ ေလးစားခံရမႈတို႔ ရရွိမည့္ ကာလလည္း ျဖစ္သည္။

၂၀၂၁ ခုႏွစ္၊ ေမလလယ္မွ ၾသဂုတ္လလယ္အၾကား အေပ်ာ္အပါးကိစၥမ်ားအတြက္ ေငြေၾကးသံုးစြဲျခင္းမ်ား ျပဳလုပ္ေနလိမ့္မည္။ ထို႔ေၾကာင့္ ထိုကာလအတြင္း ေငြေၾကးျဖဳန္းတီးမႈမ်ား ၾကီးမားစြာ မလုပ္မိေစန္ ဂရုျပဳရမည္ ျဖစ္သည္။ အေပ်ာ္အပါးကိစၥ ေငြသံုးစြဲမႈ မ်ားျပားျခင္းေၾကာင့္ ေငြေၾကးက်ပ္တည္းသည့္ ေန႔ရက္အခ်ဳိ႕ ၾကံဳေတြ႔ရမည္။ ယင္းကာလအတြင္း ေနအိမ္ျပဳျပင္မြမ္းမံျခင္းႏွင့္ အိမ္ျခံေျမ ဝယ္ယူမႈ အလားအလာမ်ား ရွိသည္။

ၾသဂုတ္လလယ္ ေက်ာ္လြန္သည့္ ေနာက္ပိုင္းကာလတြင္ကား ေငြဝင္လမ္းေကာင္းေနမည္ျဖစ္ျပီး ရင္းႏွီးျမွဳပ္ႏွံထားခဲ့သည္မ်ားမွ အျမတ္အစြန္းမ်ား ရရွိလာမည္။

ေအာက္တိုဘာ လလယ္ပိုင္းေက်ာ္သြားလွ်င္ သင္၏ တီထြင္ဆန္းသစ္တတ္ေသာ စိတ္ကူးစိတ္သန္းမ်ားကို အသံုးျပဳျခင္းအားျဖင့္ ဝင္ေငြမွာ ျမင့္တက္လာမည္ျဖစ္သည္။

ျခံဳငံု၍ ေျပာရလွ်င္ ၂၀၂၁ ခုႏွစ္သည္ မိႆရာသီဖြားမ်ားအတြက္ အခြင့္အလမ္းေကာင္းမ်ားရလာကာ ဝင္ေငြတိုးတက္လာမည့္ႏွစ္ တစ္ႏွစ္ျဖစ္သည္။ လူအမ်ား၏ေလးစားခံရမႈ၊ စည္းစိမ္ဥစၥာႏွင့္ နာမည္ဂုဏ္သတင္းတို႔ ၾကီးထြားလာမည္။

အေဆာင္ေက်ာက္မ်က္ရတနာ- ျမ၊ ပတၱျမား

၂။ ျပိႆ -Taurus (ဧျပီလ ၂၀ ရက္မွ ေမလ ၂၀ ရက္ၾကား ေမြးဖြားသူမ်ား)

ပင္ကိုယ္သဘာဝ-အႏုပညာလိုက္စားျခင္း၊ အေပ်ာ္အပါးႏွစ္သက္ျခင္း

ျပိႆရာသီဖြားတို႔အတြက္ နကၡတ္ရာသီခြင္တြက္ခ်က္ရရွိမႈမ်ားအရ၂၀၂၀ ျပည့္ႏွစ္ အစပိုင္းလမ်ားသည္ ေငြေၾကးဆိုင္ရာ အက်ဳိးစီးပြားမ်ားျဖစ္ထြန္းမည့္ ကာလျဖစ္သည္။

ႏွစ္စပိုင္းလမ်ားသည္ မေရႊ႕မေျပာင္းႏိုင္ေသာအရာမ်ား( ဥပမာ- အိမ္ျခံေျမ) တြင္ ရင္းႏွီးျမွဳပ္ႏွံရန္ အခ်ိန္ေကာင္းျဖစ္သည္။

ဘာသာေရးအတြက္ ေငြေၾကးသံုးစြဲမႈမ်ား ရွိမည္။

ျပိႆ အိမ္ျခံေျမနကၡတၱခန္႔မွန္းခ်က္အရ ၂၀၂၁ ခုႏွစ္၊ ဧျပီလလယ္ပိုင္းအထိ စီးပြားရွာရ အလြန္ေကာင္းမြန္ေနမည္။ သို႔ေသာ္ ယခင္က ရင္းႏွီးျမွဳပ္ႏွံထားမႈမ်ားကို ျပန္လည္သံုးသပ္ရန္ လိုအပ္သည္။ သင့္အေနျဖင့္ ေရတိုအက်ဳိးရွိေရးကုိသာ ေတြးေနပါက အခက္အခဲမ်ား ရင္ဆိုင္ရႏိုင္သည္။

၂၀၂၁ ခုႏွစ္ ၾသဂုတ္လလယ္ပိုင္းေက်ာ္သြားလွ်င္ စီးပြားေရး၌ အျမတ္အစြန္းရွိသည့္တိုင္ ဝင္ေငြမ်ားျပားမႈကို မေမွ်ာ္လင့္ႏိုင္ေခ်။

ဘာသာေရး၊ အပန္းေျဖမႈႏွင့္ ပရဟိတအလုပ္မ်ားအတြက္ ေငြေၾကးသံုးစြဲမႈမ်ား ရွိလိမ့္မည္။

ေအာက္တိုဘာလလယ္ပိုင္း ေက်ာ္သြားလွ်င္ကား က်န္းမာေရးႏွင့္ အိမ္ျခံေျမကိစၥရပ္မ်ားမွာ အလားအလာေကာင္းမ်ား ျမင္ရသည္။

ဤကာလအတြင္း စိတ္ဝင္စားမႈသစ္၊ ခြန္အားသစ္မ်ားျဖင့္ ေရွ႕ဆက္ႏိုင္လိမ့္မည္။ ဓနဥစၥာတိုးပြားလာမႈႏွင့္အတူ စီမံကိန္းသစ္မ်ား ရွိလာမည္ျဖစ္သည္။

၂၀၂၁ ႏွစ္ကုန္ပုိင္းတြင္ကား မိသားစုအနာဂတ္အတြက္ ေငြေၾကးစုေဆာင္းျခင္းႏွင့္ ေရရွည္ရင္းႏွီးမႈမ်ားကို စဥ္းစားသင့္သည့္ကာလ ျဖစ္သည္။

အေဆာင္ေက်ာက္မ်က္ရတနာ- ပယင္း၊ ေက်ာက္စိမ္း

၃။ ေမထုန္-Gemini (ေမလ ၂၁ ရက္မွ ဇြန္လ ၂၀ ရက္ၾကား ေမြးဖြားသူမ်ား)

ပင္ကိုယ္သဘာဝ- ခ်စ္ခင္စရာေကာင္းျခင္း၊ ေပါင္းသင္းဆက္ဆံေရးေကာင္းျခင္း

ေမထုန္ရာသီဖြားမ်ားအတြက္ ၂၀၂၁ ခုႏွစ္ အိမ္ျခံေျမ နကၡတ္ရာသီခြင္တြက္ခ်က္ရရွိမႈမ်ားအရ ၂၀၂၁ ခုႏွစ္သည္ ေမထုန္ရာသီဖြားမ်ား ကာလၾကာရွည္ေမွ်ာ္လင့္ခဲ့ေသာ အိပ္မက္မ်ားဆီသို႔ ပိုမိုနီးကပ္လာသည့္ ႏွစ္တစ္ႏွစ္ ျဖစ္သည္။

အိပ္မက္မ်ား အေကာင္အထည္ေဖာ္ေရး ၾကိဳးပမ္းရာတြင္ အဆင္ေျပေခ်ာေမြ႔မႈမ်ား ေတြ႔ရမည္ျဖစ္ကာ သင့္အား အနာဂတ္ေအာင္ျမင္မႈ လမ္းေပၚသုိ႔ ေရာက္ရွိေစမည္ ျဖစ္သည္။

ဥစၥာဓနမ်ား စုေဆာင္းမိလာကာ ပံုမွန္တိုးတက္မႈမ်ားအေပၚ ေက်နပ္ပီတိျဖစ္ျပီး သင္၏ၾကိဳးစားအားထုတ္မႈမ်ား အရွိန္ဟုန္မေလွ်ာ့လိုက္ပါႏွင့္။

ေမထုန္ရာသီဖြားအခ်ဳိ႕သည္ အိမ္ျခံေျမကို ရင္းႏွီးျမွဳပ္ႏွံမႈအေနျဖင့္ ဝယ္ယူရန္ အစီအစဥ္မ်ား ရွိလာလိမ့္မည္။

အထက္ပါအခ်က္အားလံုးက သင့္အား စိတ္ေက်နပ္မႈမ်ားစြာ ေပးစြမ္းမည္ျဖစ္ကာ ပိုမိုခမ္းနားသည့္ ပန္းတိုင္တစ္ခုပင္ ဆက္လက္ခ်မွတ္ ႏိုင္လိမ့္ည္။

သင္သည္ ဒုတိယေျမာက္ေနအိမ္တစ္လံုး ဝယ္ယူရန္ ၾကိဳးစားလာမည္ျဖစ္ရာ အဆိုပါၾကိဳးပမ္းမႈႏွင့္ စပ္လ်ဥ္း၍မူ သတိျပဳဖြယ္ရာမ်ား ရွိသည္။

သင္၏ နကၡတၱညႊန္ျပခ်က္မ်ားအရ ဘဏ္ (သို႔မဟုတ္) အျခားေသာ ဘ႑ာေရးအဖြဲ႔အစည္းမ်ားထံမွ ေခ်းေငြရယူကာ ဝယ္ယူျခင္းမ်ဳိး မျပဳလုပ္သင့္ေၾကာင္း ညႊန္ျပေနသည္။

၂၀၂၁ ခုႏွစ္ ႏွစ္လယ္ပိုင္းတြင္ သင္၏လုပ္ငန္းကို အျခားေသာလုပ္ငန္းတစ္ခုႏွင့္ ေပါင္းစည္းရန္ အခြင့္အလမ္းတစ္ခု ၾကံဳလာလိမ့္မည္။

အခ်ဳပ္အားျဖင့္ဆိုရလွ်င္ ၂၀၂၁ ခုႏွစ္သည္ ေမထုန္ရာသီဖြားမ်ားအတြက္ စည္းစိမ္ဥစၥာခ်မ္းသာၾကြယ္ဝေရးအတြက္ မ်ားစြာအေထာက္အကူေပးသည့္ ႏွစ္တစ္ႏွစ္ ျဖစ္လိမ့္မည္။

ေၾကြးျမီတင္ေနသူမ်ားအေနျဖင့္လည္း အခ်ိန္မီျပန္လည္ေပးဆပ္ႏိုင္ရန္ တေျဖးေျဖးစီမံမႈမ်ား ျပဳလုပ္လာႏိုင္မည္။

ျပီးခဲ့ေသာႏွစ္အထိ အခက္ၾကံဳေနခဲ့ရသည့္ မ်ားျပားသည့္ေၾကြးျမီကိစၥမ်ား မရွိႏိုင္ေတာ့ေခ်။

သင့္အား ေခ်းေငြထုတ္ေပးသူမ်ားအတြက္ ယံုၾကည္မႈ တျဖည္းျဖည္းရေအာင္ တည္ေဆာက္လာႏိုင္လိမ့္မည္။

အေဆာင္ေက်ာက္မ်က္ရတနာ- ခရမ္းစြဲေက်ာက္၊ ေရာင္ျပန္ေက်ာက္

၄။ ကရကဋ္ -Cancer(ဇြန္လ ၂၁ ရက္မွ ဇူလိုင္လ ၂၂ ရက္ၾကား ေမြးဖြားသူမ်ား)

ပင္ကိုယ္သဘာဝ- ဉာဏ္ရည္ထက္ျမက္ျခင္း၊ႏူးညံ့သိမ္ေမြ႔ျခင္း

၂၀၂၁ ခုႏွစ္သည္ ကရကဋ္ ရာသီဖြားမ်ားအတြက္ ေငြရွာရေကာင္းမြန္ေသာ ႏွစ္တစ္ႏွစ္ ျဖစ္လာလိမ့္မည္ျဖစ္ေၾကာင္း အိမ္ျခံေျမ နကၡတ္ရာသီခြင္တြက္ခ်က္ရရွိမႈမ်ားအရ ေတြ႔ရသည္။

မိသားစုမ်ားအၾကား ကာလၾကာရွည္အျငင္းပြားေနခဲ့ရမႈမ်ားရွိလွ်င္ ယခုႏွစ္အတြင္း သင္သည္ တရားရံုးတြင္ ရင္ဆိုင္ေျဖရွင္းရန္ ဆံုးျဖတ္မႈမ်ား ျဖစ္လာဖြယ္ရွိသည္။

ယခုႏွစ္သည္ သင့္အတြက္ အခြင့္အလမ္းမ်ားစြာ ေတြ႔ျမင္ရမည့္ႏွစ္တစ္ႏွစ္ျဖစ္ျပီး ကြဲျပားျခားနားေသာ ခ်ဥ္းကပ္ပံုမ်ဳိးျဖင့္ လုပ္ေဆာင္ႏိုင္မႈမ်ား ရွိလာမည္။

မိသားစုအၾကား ညွိႏႈိင္းမႈမ်ားတြင္ တည္ျငိမ္မႈရွိစြာျဖင့္ လုပ္ေဆာင္ရန္လိုအပ္ျပီး သေဘာတူညီခ်က္တစ္ခုရေရးအတြက္ ၾကိဳးစားရာတြင္ မိသားစုအတြက္ အေထာက္အကူျပဳႏိုင္မည့္ နည္းလမ္းကို ရွာေဖြပါ။

လိုအပ္ပါက မိသားစုအၾကား ၾကားဝင္ညွိႏႈိင္းေပးမည့္သူတစ္ဦး ထားရွိျခင္းအားျဖင့္ အျငင္းပြားမႈကို ေနာက္ဆံုးတြင္ ေျဖရွင္းႏိုင္လိမ့္မည္။

ကိုယ္ပိုင္ဖန္တီးမႈမ်ိဳးမွတဆင့္ ေငြရွာရန္ ၾကိဳးပမ္းေနသူဆိုပါက ၂၀၂၁ ခုႏွစ္သည္ သင္၏ ၾကိဳးစားအားထုတ္မႈမ်ား ပိုမိုျပဳလုပ္ရန္ ေတာင္းဆိုေသာ ႏွစ္တစ္ႏွစ္ျဖစ္သည္။

၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလအထိ ပထမ ၉ လတာကာလအတြင္း ပင္ပင္ပန္းပန္း ေငြရွာရလိမ့္မည္။

သင္၏ နိဂံုးရည္မွန္းခ်က္ ပန္းတိုင္သို႔ ေရာက္ရန္ ပိုမို၍ ျပင္းျပင္းထန္ထန္ၾကိဳးစားရန္ လိုလိမ့္မည္။

ေအာင္ျမင္မႈသို႔ ေရာက္ရွိရန္ ၾကိဳးပမ္းမႈမွာ စေနျဂိဳဟ္၏ အဖ်က္စြမ္းအားေၾကာင့္ ေႏွးေကြးလိမ့္မည္။

သို႔ေသာ္ သင္၏ျပင္းျပင္းထန္ထန္ၾကိဳးပမ္းအားထုတ္မႈမ်ားကိုမူ စေနျဂိဳဟ္က ဟန္႔တားႏိုင္လိမ့္မည္ မဟုတ္ေခ်။

ယင္းသို႔ ျပင္းျပင္းထန္ထန္ၾကိဳးစားမႈမ်ားေၾကာင့္ ႏွစ္ကုန္ပိုင္းတြင္ အသီးအပြင့္မ်ား ေတြ႔လာရလိမ့္မည္။

အေဆာင္ေက်ာက္မ်က္ရတနာ- ပတၱျမား၊ ျမ၊ ပုလဲ

၅။ သိဟ္- Leo (ဇူလိုင္ ၂၃ ရက္မွ ၾသဂုတ္လ ၂၂ ရက္ၾကား ေမြးဖြားသူမ်ား)

ပင္ကိုယ္သဘာဝ- သစၥာရွိျခင္း၊ ဂုဏ္သိကၡာကို တန္ဖိုးထားတတ္ျခင္း

သိဟ္ရာသီဖြားတို႔အတြက္ ၂၀၂၁ ခုႏွစ္ နကၡတ္ရာသီခြင္ တြက္ခ်က္ရရွိမႈမ်ားအရ ယခုႏွစ္သည္ ခ်မ္းသာၾကြယ္ဝမႈႏွင့္ အိမ္ျခံေျမက႑တို႔တြင္ အက်ဳိးအျမတ္ ၾကီးစြာျဖစ္ထြန္းမည့္ ႏွစ္တစ္ႏွစ္ ျဖစ္လာလိမ့္မည္။

သို႔ေသာ္ ၂၀၂၁ ခုႏွစ္ ပထမ ၃ လပတ္ကာလအတြင္း သင္၏ အိမ္ျခံေျမကိစၥအခ်ဳိ႕တြင္ အတားအဆီး၊ အခက္အခဲအခ်ဳိ႕ ရင္ဆိုင္ရႏိုင္သည္။

ထိုကာလအတြင္း အိမ္ျခံေျမေရာင္းဝယ္မႈႏွင့္ ဆက္ႏႊယ္ေသာ ကိစၥမ်ားတြင္ ေႏွာင့္ေႏွးမႈမ်ား ၾကံဳရလိမ့္မည္ျဖစ္ျပီး အကယ္၍ အေရာင္းအဝယ္ အထေျမာက္ခဲ့ေစကာမူ သင္လိုလားသည့္ ေငြေၾကးျမတ္စြန္းမႈမ်ဳိး ရရွိဖြယ္ရာ မရွိေခ်။ ဧျပီလသည္ကား သင့္အတြက္ မဂၤလာရွိသည့္ ကာလတစ္ခုျဖစ္သည္။

ဧျပီလမွစတင္ျပီး ၂၀၂၁ ခုႏွစ္အတြင္း ပိုမိုေရာက္ရွိလာသည္ႏွင့္အမွ် သင့္အတြက္ ျဂိဳဟ္စီးျဂိဳဟ္နင္းေကာင္းမြန္မႈမ်ား ေတြ႔ျမင္လာရမည္။

၂၀၂၁ ခုႏွစ္၊ သိဟ္ရာသီဖြားတို႔အတြက္ နကၡတ္ရာသီခြင္တြက္ခ်က္ရရွိမႈမ်ားအရ ၂၀၂၁ ခုႏွစ္၊ ဧျပီလမွ ဇြန္လအတြင္း အိမ္ျခံေျမ ေရာင္းျခင္း၊ ဝယ္ျခင္းႏွင့္ စပ္လ်ဥ္းသည့္ကိစၥမ်ားတြင္ ေအာင္ျမင္မႈမ်ား ေတြ႔ျမင္ရဖြယ္ရွိသည္။ ၂၀၂၁ ခုႏွစ္၊ ဇြန္လေက်ာ္သည္ႏွင့္ သင္လုပ္ေဆာင္ခ်င္သမွ် အရာအားလံုး အေကာင္အထည္ေဖာ္ေဆာင္ႏိုင္လိမ့္မည္။ ထိုကာလအတြင္း သင့္ဘက္မွ အနည္းငယ္အားထုတ္မႈ ျပဳရံုျဖင့္ အိမ္ျခံေျမႏွင့္ စပ္လ်ဥ္းေသာ ကိစၥအားလံုး ျပီးေျမာက္ေအာင္ျမင္မည္။ သင္၏ ကူညီတတ္သည့္ စိတ္ထားေၾကာင့္ ခက္ခဲသည့္ အေျခအေနမ်ဳိးၾကံဳရပါက သင့္အားကူညီသူမ်ားစြာ ရွိလိမ့္မည္။

ဇြန္လႏွင့္ စက္တင္ဘာလအၾကားတြင္ကား အေရးၾကီးသည့္အလုပ္မ်ား၊ အထူးသျဖင့္ အိမ္ျခံေျမႏွင့္စပ္လ်ဥ္း၍ အေရးၾကီးသည့္ ကိစၥမ်ား ျပဳလုပ္ျခင္း ေရွာင္ရွားပါ။ ဤကာလတြင္ အိမ္ျခံေျမႏွင့္ စပ္လ်ဥ္း၍ သင့္အား ကံၾကမၼာေကာင္းမ်ား မ်ားစြာေတြ႔ရဖြယ္ မရွိေခ်။ စက္တင္ဘာလကုန္အထိ စိတ္ရွည္သည္းခံႏိုင္ရန္ လိုအပ္သည္။

ထိုကာလအတြင္း သိဟ္ရာသီဖြားမ်ားအေနျဖင့္ အိမ္ျခံေျမ ဝယ္ယူ၊ ေရာင္းခ်ျခင္းမ်ား ျပဳလုပ္ပါက ျပႆနာမ်ား ရင္ဆိုင္ရႏိုင္သည္။

သို႔ေသာ္ ေအာက္တိုဘာလမွ စတင္ျပီး ႏွစ္ကုန္ပိုင္းတြင္ကား အိမ္ျခံေျမက႑မွ အျမတ္အစြန္း ၾကီးမားစြာ ရရွိႏိုင္သည္။

၂၀၂၁ ခုႏွစ္၊ ေနာက္ဆံုး ၃ လပတ္ကာလအတြင္း ဓနဥစၥာ၊ အိမ္ျခံေျမတို႔ႏွင့္ စပ္လ်ဥ္းသည့္ ကိစၥမ်ားစြာ ေကာင္းစြာေအာင္ျမင္ အထေျမာက္မည္။

ထိုကာလသည္ သိဟ္ရာသီဖြားမ်ားအတြက္ အိမ္ျခံေျမ ဝယ္ယူျခင္း၊ ေရာင္းခ်ျခင္းမ်ား ျပဳလုပ္ရန္ အလြန္ေကာင္းမြန္ေသာ ကာလျဖစ္သည္။

ဥစၥာရွာရန္ အခ်ိန္ေကာင္းဟုလည္း ဆိုႏိုင္သည္။

ထို႔အျပင္ ေရရွည္အတြက္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ားျပဳလုပ္ရန္လည္း သင့္ေလ်ာ္သည့္ကာလျဖစ္၏။

ယခုကာလအတြင္း ျပဳလုပ္သည့္ မည္သည့္ေရာင္းဝယ္မႈ (သို႔မဟုတ္) ရင္းႏွီးျမွဳပ္ႏွံမႈမ်ားမဆို အနာဂတ္တြင္ ၾကီးမားသည့္အျမတ္အစြန္း ေဆာင္ၾကဥ္းေပးဖြယ္ရွိသည္။

အေဆာင္ေက်ာက္မ်က္ရတနာ- ပယင္း၊ ေရႊ

၆။ ကန္ -Virgo (ၾသဂုတ္ ၂၃ ရက္မွ စက္တင္ဘာ ၂၂ ရက္ၾကား ေမြးဖြားသူမ်ား)

ပင္ကိုယ္သဘာဝ- ပရဟတိတစိတ္ရွိျခင္း၊ လက္ေတြ႔ဆန္ျခင္း

ကန္ ရာသီဖြားတို႔အတြက္ ၂၀၂၁ ခုႏွစ္ နကၡတ္ရာသီခြင္ တြက္ခ်က္ရရွိမႈမ်ားအရယခုႏွစ္သည္ ခ်မ္းသာၾကြယ္ဝမႈအတြက္ အခြင့္အလမ္းေကာင္း အခ်ဳိ႕ရွိလာမည့္ႏွစ္တစ္ႏွစ္ ျဖစ္သည္။

ႏွစ္စမွ မတ္လအထိ အိမ္ျခံေျမႏွင့္ ဆက္ႏႊယ္ေသာကိစၥမ်ားတြင္ အေႏွာင့္အယွက္၊ အဟန္႔အတားမ်ား ေတြ႔ရႏိုင္သည္။

သို႔ေၾကာင့္ အဆိုပါကာလအတြင္း အိမ္ျခံေျမႏွင့္ ပတ္သက္ေသာ ျပႆနာမ်ားကို ဂရုတစိုက္ကိုင္တြယ္ရန္ လိုအပ္သည္။

ထိုကာလအတြင္း အိမ္ျခံေျမ ဝယ္ယူျခင္း (သို႔မဟုတ္) ေရာင္းခ်ျခင္းကိစၥမ်ားကို အလ်င္စလို မျပဳလုပ္ပါႏွင့္။

ျဖစ္ႏိုင္လွ်င္ ယင္းကာလအတြင္း မည္သည့္အိမ္ျခံေျမေရာင္းဝယ္မႈမ်ားမွ မလုပ္ရန္ ၾကိဳးစားပါ။

ဧျပီလလယ္ပိုင္းေက်ာ္လြန္သြားပါက ဆိုင္းငံ့ထားေသာ အိမ္ျခံေျမကိစၥမ်ား အျပီးသတ္ဆက္လက္ေဆာင္ရြက္လွ်င္ အက်ဳိးျဖစ္ထြန္းမည္ျဖစ္ေၾကာင္း ကန္ရာသီဖြားမ်ားအတြက္ ၂၀၂၁ အိမ္ျခံေျမကံၾကမၼာတြက္ခ်က္ရရွိမ်ားတြင္ ေဖာ္ျပသည္။ ဧျပီလမွ စတင္ျပီး အိမ္ျခံေျမသစ္တြင္ ရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္ျခင္းမ်ား ေကာင္းမြန္သည္။

ဧျပီလလယ္မွ ဇူလိုင္လအထိသည္ အိမ္ျခံေျမ ဝယ္ယူျခင္း၊ ေရာင္းခ်ျခင္းမ်ားအတြက္ အတိတ္နိမိိတ္ေကာင္းေသာ မဂၤလာမ်ား ေတြ႔ရမည္။

ၾကာသပေတးျဂိဳဟ္ကူးေျပာင္းသည့္ကာလျဖစ္ရာ ရင္းႏွီးျမွဳပ္ႏွံမႈဆိုင္ရာ ဆံုးျဖတ္ေကာင္းမ်ား ရရွိမည္။

အိမ္ျခံေျမေဟာင္းအခ်ဳိ႕ကို ေရာင္းခ်လိုပါက အဆိုပါကာလအတြင္း ေစ်းေကာင္းေပးမည့္ ဝယ္လက္မ်ား ေတြ႔ရလိမ့္မည္။

ေမလအတြင္းတြင္မူ အဟန္႔အတားမ်ား ေတြ႔ရဖြယ္ရွိေသာ္လည္း အဆိုပါျပႆနာမ်ားမွာ ၾကာရွည္ရွိေနလိမ့္မည္ မဟုတ္ေခ်။

သို႔ေသာ္ ေမလအတြင္း စြန္႔စားမႈ မ်ားစြာမလုပ္သင့္ေခ်။

ၾသဂုတ္လေက်ာ္လြန္သြားလွ်င္မူ ေငြေၾကးျဖန္႔က်က္မႈကို ဆင္ဆင္ျခင္ျခင္ျဖင့္ ျပဳလုပ္သင့္သည္။

ၾသဂုတ္လမွ ေအာက္တိုဘာလအၾကားကာလသည္ ရင္းႏွီးျမွဳပ္ႏွံမႈအတြက္ ၾကီးမားသည့္ စြန္႔စားမႈမ်ား ရယူရမည္ျဖစ္ျပီး သင့္အတြက္ ခက္ခဲေသာကာလတစ္ခု ျဖစ္သည္။

ေဆာင္ရြက္သမွ်အရာတိုင္းကို အလြန္ဂရုတစိုက္ သတိထားရန္ လိုအပ္သည္။ အေျခအေနမ်ားမွာ ထင္သေလာက္မေကာင္းေခ်။

ႏွစ္ကုန္ပိုင္းတြင္ အခြင့္အလမ္းတစ္ခု ေပၚေပါက္လာမည္ျဖစ္ရာ အဆိုပါအခြင့္အလမ္းကို ေစာင့္ဆိုင္းေနျခင္းက ပိုမိုေကာင္းမြန္သည္။

ေအာက္တိုဘာလလယ္ပိုင္းေက်ာ္လြန္သြားလွ်င္ အိမ္ျခံေျမ ဝယ္ယူရန္ (သို႔မဟုတ္) ေရာင္းခ်ရန္ အခြင့္အလမ္းေကာင္းမ်ား အလြန္မ်ားျပားစြာေတြ႔ရမည္။

သင္ကာလအတန္ၾကာ လိုခ်င္ေနခဲ့သည့္ အိမ္ျခံေျမ၊ ယာဥ္ (သို႔မဟုတ္) ပိုင္ဆိုင္မႈမ်ား ဝယ္ယူလာႏိုင္လိမ့္မည္။

အေဆာင္ေက်ာက္မ်က္ရတနာ-နီလာ၊ ပုလဲ

၇။ တူ -Libra (စက္တင္ဘာ ၂၃ ရက္မွ ေအာက္တိုဘာ ၂၂ ရက္ၾကား ေမြးဖြားသူမ်ား)

ပင္ကိုယ္သဘာဝ-သနားၾကင္နာတတ္ျခင္း

တူ ရာသီဖြားတို႔အတြက္ ၂၀၂၁ ခုႏွစ္ နကၡတ္ရာသီခြင္ တြက္ခ်က္ရရွိမႈမ်ားအရ ၂၀၂၁ ခုႏွစ္သည္ သင့္အတြက္ ခမ္းနားၾကီးက်ယ္သည့္ ႏွစ္တစ္ႏွစ္ျဖစ္၏။

သင့္အေနျဖင့္ ဥစၥာဓနမ်ား တိုးတက္ျမင့္မားလာေစရန္ စီစဥ္ေဆာင္ရြက္ေနသည္ဆိုပါက သင္၏ျပင္းျပင္းထန္ထန္ ၾကိဳးပမ္းမႈႏွင့္အတူ အလိုရွိေသာ ရလဒ္ေကာင္းမ်ား ထေျမာက္ေအာင္ျမင္မည္။ ထို႔အျပင္ ၾကာသပေတးျဂိဳဟ္အကူးအေျပာင္းကာလေၾကာင့္ သင္၏ဝင္ေငြမ်ား တိုးတက္လာမည္။

ထို႔အျပင္ စေနျဂိဳဟ္ကလည္း မကာရရာသီသို႔ ကူးေျပာင္းေနရာ သင့္အေနျဖင့္ စည္းစိမ္ဥစၥာမ်ား တိုးပြားလာေစရန္ႏွင့္ ေငြေၾကးအေျခအေန တည္ျငိမ္ေအာင္ထိန္းထားႏိုင္မႈမ်ား တိုးတက္လာေစလိမ့္မည္။

သင့္အေနျဖင့္ စိန္ေခၚမႈမ်ားကို သိနားလည္ေအာင္ ၂၀၂၁ ခုႏွစ္၊ တူရာသီဖြား ဘ႑ာေရးဇာတာက ကူညီမႈေၾကာင့္ ၂၀၂၁ ခုႏွစ္အတြင္း သင္၏ ေငြေၾကးအေျခအေနတည္ျငိမ္ေအာင္ ထိန္းထားႏိုင္ေစလိမ့္မည္ ျဖစ္သည္။

စေနျဂိဳဟ္ထြက္ခြာသြားမႈေၾကာင့္ ဓနဥစၥာတိုးပြားေရးအလားအလာမ်ား ျမင့္တက္လာေစမည္ျဖစ္ရာ အက်ဳိးဆက္အားျဖင့္ သင့္အေနျဖင့္ ယံုၾကည္ခ်က္ရွိစြာ၊ ဆံုးျဖတ္ခ်က္ခိုင္မာစြာျဖင့္ လုပ္ေဆာင္ဖြယ္ရာမ်ားကို ပိုမိုေဆာင္ရြက္လာႏိုင္လိမ့္မည္။

တူ ရာသီဖြားတို႔အတြက္ ၂၀၂၁ ခုႏွစ္ နကၡတ္ရာသီခြင္ တြက္ခ်က္ရရွိမႈမ်ားအရ ၂၀၂၁ ခုႏွစ္သည္ အိမ္ျခံေျမမ်ားကို ေခ်းေငြျဖင့္ ဝယ္ယူရန္ ေကာင္းမြန္ေသာ ႏွစ္တစ္ႏွစ္ျဖစ္ေၾကာင္း ေတြ႔ရသည္။

သင့္အေနျဖင့္ ဘဏ္ေခ်းေငြျဖင့္ အိမ္ျခံေျမမ်ားတြင္ ရင္းႏွီးျမွဳပ္ႏွံရန္ စီစဥ္ေနပါက ဘဏ္သို႔ေခ်းေငြတင္ျပထားမႈကို ယခုႏွစ္အတြင္း ရရွိႏိုင္သည္။

သို႔ေသာ္ အေရာင္းအဝယ္ျပဳလုပ္မႈမ်ားတြင္ မွ်တမွန္ကန္သည့္ ေစ်းႏႈန္းရွိေသာအရာတို႔တြင္ ရင္းႏွီးျမွဳပ္ႏွံရန္ အေရးၾကီးသည္။ အေရာင္းအဝယ္တြင္ ရွင္းလင္းေအာင္ေဆာင္ရြက္ေလ ရလဒ္ေကာင္းရႏိုင္ေလ ျဖစ္သည္။ လိုအပ္ပါက အေရာင္းအဝယ္ကိစၥမ်ားကို ေရွ႕ေနတစ္ဦးငွားရမ္းကာ လုပ္ေဆာင္ပါ။ အေဆာင္ေက်ာက္မ်က္ရတနာ- သႏၲာ၊ ပယင္း

၈။ ျဗိ စၦာ -Scorpio( ေအာက္တိုဘာ ၂၃ ရက္မွ ႏိုဝင္ဘာ ၂၁ ရက္ၾကား ေမြးဖြားသူမ်ား)

ပင္ကိုယ္သဘာဝ- လွ်ိဳ႕ဝွက္တတ္ျခင္း၊ ေအးေအးေဆးေဆးေနတတ္ျခင္း

ျဗိ စၦာရာသီဖြားတို႔သည္ ၎တုိ႔၏ ဘဝတစ္ေလွ်ာက္ ဥစၥာဓနပိုင္ဆိုင္မႈမ်ား စုေဆာင္းမႈကို အာသီသျပင္းသူမ်ား ျဖစ္ၾက၏။ ေငြသားကဲ့သို႔ လြယ္ကူစြာစုေဆာင္းႏိုင္သည့္အရာမ်ားအျပင္ လက္ဆုပ္လက္ကိုင္ျပႏိုင္သည့္ ပိုင္ဆိုင္မႈ (tangible assets) မ်ားကိုပင္ ေကာင္းစြာ စီမံခန္႔ခြဲႏိုင္ၾကသူမ်ား ျဖစ္သည္။ အဆိုပါအခ်က္ ၂ ခု ေပါင္းစည္းမႈေၾကာင့္ ဝင္ေငြထြက္ေငြကို ေကာင္းစြာထိန္းႏိုင္ေစျပီး ဓနဥစၥာ စုေဆာင္းရန္အတြက္ သင့္ေလ်ာ္သင့္ဝင္ေငြ ရရွိလာေစမည္။

ျဗိ စၦာ ရာသီဖြားတို႔အတြက္ ၂၀၂၁ ခုႏွစ္ ရာသီခြင္ တြက္ခ်က္ရရွိမႈမ်ားအရယခုႏွစ္သည္ ေကာင္းစြာေငြဝင္မည့္ႏွစ္တစ္ႏွစ္ ျဖစ္ျပီး စည္းစိမ္ဥစၥာလြယ္ကူစြာ တိုးတက္လာမည့္ႏွစ္ျဖစ္သည္။

၂၀၂၁ ခုႏွစ္အတြင္း ျဗိ စၦာရာသီဖြားတို႔၏ ကုန္လြန္ခဲ့ျပီးသည့္ မည္သည့္ႏွစ္ထက္မဆို ရည္မွန္းခ်က္ကို ပိုမိုဦးတည္ကာ အားသြန္ခြန္စိုက္ လုပ္ေဆာင္ႏိုင္မည့္ ႏွစ္တစ္ႏွစ္ျဖစ္သည္။

ၾကာသေတးျဂိဟ္သည္ ကုံရာသီသို႔ ကူးေျပာင္းသည့္ကာလျဖစ္ရာ အိမ္ျခံေျမႏွင့္ ပတ္သက္ေသာ ကိစၥမ်ားအတြက္ ကံေကာင္းမႈမ်ား ေတြ႔ရမည္။

သို႔ေသာ္ အေသးစိတ္အခ်က္အလက္မ်ားမွာမူ သင္၏ ဖြားဇာတာရွိ ျဂိဳဟ္ခြင္အေနအထားမ်ားေပၚမူတည္ျပီး ကြဲျပားႏိုင္သည္။

ျဗိ စၦာ ရာသီဖြားတို႔အတြက္ ၂၀၂၁ ခုႏွစ္ နကၡတ္ရာသီခြင္ တြက္ခ်က္ရရွိမႈမ်ားအရ သင္သည္ အိမ္ျခံေျမတြင္ ရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္ရန္ စီစဥ္ေနသည္ဆိုပါက ၂၀၂၁ ခုႏွစ္သည္ သင့္အတြက္ မ်က္ႏွာသာေပးမည့္ ႏွစ္တစ္ႏွစ္ျဖစ္ႏိုင္သည္။

သင္ေရြးခ်ယ္ထားသည့္ အိမ္ျခံေျမ၊ ကာလၾကာရွည္လိုခ်င္ေနခဲ့ေသာေနရာတြင္ ဝမ္းေျမာက္စြာျဖင့္ ရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္ႏိုင္ဖြယ္ ရွိသည္။

သင့္အေနျဖင့္ အဆိုပါအိမ္ျခံေျမကို ၁၀၀ ရာခိုင္ႏႈန္း ေငြေၾကးတတ္ႏိုင္ေနလိမ့္မည္။

သို႔ေသာ္ ဘဏ္ေခ်းေငြေလွ်ာက္ထားမည္ဆိုပါကလည္း လြယ္ကူစြာ ရရွိႏိုင္ဖြယ္ ရွိသည္။

မကာရရာသီမွ စေနျဂိဳဟ္ ကူးေျပာင္းမႈေၾကာင့္ အိမ္ျခံေျမေကာင္းရွာေဖြရာတြင္ ဝယ္ယူအတြက္ ဗဟိုျပဳေစမည့္ ေစ်းႏႈန္းမ်ဳိး ညွိႏႈိင္းႏိုင္ေစရန္ သင့္အားထက္ျမက္မႈမ်ား ေပးစြမ္းႏိုင္လိမ့္မည္။

ကိုယ္ပိုင္ေနအိမ္တစ္လံုးပိုင္ဆိုင္ရန္ ကာလၾကာရွည္အိပ္မက္မက္ေနသူမ်ားအတြက္ဆိုလွ်င္ ယခုႏွစ္သည္ သင္၏အိပ္မက္မ်ား အထေျမာက္ရန္ အလားအလာအလြန္ျမင့္မားေသာႏွစ္တစ္ႏွစ္ျဖစ္၏။

အေဆာင္ေက်ာက္မ်က္ရတနာ- မဟူရာ၊ စိမ္းျပာေရာင္ေက်ာက္

၉။ ဓႏု -Sagittarius (ႏိုဝင္ဘာ ၂၂ ရက္မွ ဒီဇင္ဘာ ၂၁ ရက္ၾကား ေမြးဖြားသူမ်ား)

ပင္ကိုယ္သဘာဝ- အေကာင္းျမင္စိတ္ရွိျခင္း

ဓႏု ရာသီဖြားတို႔အတြက္ ၂၀၂၁ ခုႏွစ္ နကၡတ္ရာသီခြင္ တြက္ခ်က္ရရွိမႈမ်ားအရ ၂၀၂၁ ခုႏွစ္သည္ ၾကီးပြားခ်မ္းသာမႈကို ကိုယ္စားျပဳသည့္ ႏွစ္တစ္ႏွစ္ျဖစ္၏။

စိတ္ရွည္သည္းခံခဲ့မႈမ်ား၏ အသီးအပြင့္မ်ား ခံစားရေတာ့မည့္ ကာလဟု ဆိုႏိုင္သည္။

ဓနဥစၥာ၏ နတ္ဘုရားျဖစ္ေသာ ၾကာသပေတးျဂိဳဟ္ အကူးအေျပာင္းႏွင့္ ဝင္ေငြ အျမတ္အစြန္းတို႔၏ ျဂိဳဟ္အိမ္ျဖစ္ေသာ စေနျဂိဳဟ္တို႔၏ ပံ့ပိုးမႈမ်ားေၾကာင့္ ၂၀၂၁ ခုႏွစ္တြင္ ဓႏုရာသီဖြားမ်ား ခ်မ္းသာၾကြယ္ဝေစရန္ အားေကာင္းေစမည္။

သင့္အား အၾကံျပဳလုိသည္မွာ အခ်ဳိ႕ေသာ ရင္းႏွီးျမွဳပ္ႏွံမႈမ်ားအတြက္ ကၽြမ္းက်င္သူမ်ားထံမွ အၾကံဥာဏ္ေတာင္းခံျပီးမွ ေဆာင္ရြက္ပါ။

ထိုသို႔ေဆာင္ရြက္ျခင္းသည္ သင္၏ ေအာင္ျမင္မႈရည္မွန္းခ်က္ပန္းတိုင္ဆီသို႔ ပိုမိုနီးကပ္စြာ ပို႔ေဆာင္ေပးမည္ျဖစ္သည္။

ဓႏုရာသီဖြားတို႔သည္ စူးရွထက္ျမက္ေသာ ေဝဖန္ခ်င့္ခ်ိန္ႏိုင္မႈ၊ ေလ့လာမႈ၊ ေငြရွာတတ္မႈႏွင့္ ဥစၥာဓနစုေဆာင္းတတ္မႈတို႔မွာ ေမြးရာပါ ဗီဇျဖစ္ၾကသည္။

သင္သည္ အိမ္ျခံေျမေစ်းကြက္၊ အမွန္တကယ္ရမည့္ အျမတ္အစြန္းဆိုင္ရာ အခ်က္အလက္မ်ားႏွင့္ ပတ္သက္ျပီး ေခတ္ႏွင့္အမီ အျမဲရင္ေဘာင္တန္းသိလိုသူျဖစ္သည္။

အထက္ေဖာ္ျပပါအခ်က္မ်ားအားလံုးက ညႊန္ျပသည္မွာ ယခုႏွစ္သည္ ဓႏုရာသီဖြားမ်ားအတြက္ စည္းစိမ္ဥစၥာေပါမ်ားၾကြယ္ဝမည့္ ႏွစ္တစ္ႏွစ္ ျဖစ္လိမ့္မည္ျဖစ္သည္

သို႔ေသာ္ သင္၏ ရင္းႏွီးျမွဳပ္ႏွံမႈမ်ားကို ေကာင္းစြာလမ္းညႊန္ေပးႏိုင္မည့္ ကၽြမ္းက်င္ပညာရွင္မ်ားႏွင့္ တိုင္ပင္ရန္ အၾကံျပဳလုိပါသည္။

ထိုသို႔ေဆာင္ရြက္ျခင္းမွာ ဓႏုရာသီဖြားမ်ားအတြက္ ၂၀၂၁ ခုႏွစ္အတြင္း မွန္ကန္သည့္ ေျခလွမ္းတစ္ရပ္ ျဖစ္မည္ျဖစ္ေၾကာင္း ၂၀၂၁ ခုႏွစ္ နကၡတ္ရာသီခြင္ တြက္ခ်က္ရရွိမႈမ်ားအရ ေတြ႔ရသည္။

အထက္ပါအခ်က္ကို ေခါင္းထဲထည့္ထားျပီးလွ်င္ သင့္အေနျဖင့္ ဓနဥစၥာပိုင္ဆိုင္မႈမ်ား ခ်ဲ႕ထြင္ရန္ စီစဥ္ႏိုင္သည္။ အိမ္ျခံေျမကဲ့သို႔ က႑မ်ားတြင္ ရင္းႏွီးျမွဳပ္ႏွံျခင္းမ်ား ျဖစ္သည္။ သက္ဆိုင္ရာနယ္မွ ကၽြမ္းက်င္သူမ်ားႏွင့္ တိုင္ပင္ကာ ေကာင္းမြန္မွန္ကန္သည့္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား အိမ္ျခံေျမက႑တြင္ ျပဳလုပ္ပါက အျမတ္အစြန္းေကာင္းစြာရရွိႏိုင္သည္။

အေဆာင္ေက်ာက္မ်က္ရတနာ-နီလာ

၁၀။ မကာရ -Capricon (ဒီဇင္ဘာ ၂၂ ရက္မွ ဇန္နဝါရီ ၁၉ ရက္ၾကား ေမြးဖြားသူမ်ား)

ပင္ကိုယ္သဘာဝ- အလွဴဒါနရက္ေရာျခင္း

မကာရ ရာသီဖြားတို႔အတြက္ ၂၀၂၁ ခုႏွစ္ နကၡတ္ရာသီခြင္ တြက္ခ်က္ရရွိမႈမ်ားအရ၂၀၂၁ ခုႏွစ္သည္ ဘဝတစ္ေလွ်ာက္ စီးပြားရွာေဖြမႈအတြက္ အေကာင္းဆံုးကာလတစ္ခု ျဖစ္လိမ့္မည္။

စေနျဂိဳဟ္ အကူးအေျပာင္းတြင္ ဓနဥစၥာရွာေဖြေရး ဦးတည္ရာတြင္ သင္၏ စိတ္ႏွလံုး၌ ရည္မွန္းခ်က္ပန္းတိုင္ ရွင္းလင္းျပတ္သားေနဖြယ္ ရွိသည္။

သင့္တြင္ ရည္မွန္းခ်က္ပန္းတိုင္မွ ေသြဖည္လမ္းလြဲသြားမည့္ လကၡဏာ မရွိေခ်။ ထို႔အျပင္ ဝင္ေငြမွာလည္း ပံုမွန္ျမင့္တက္လာေန လိမ့္မည္။

သို႔အတြက္ ၂၀၂၁ ခုႏွစ္အတြင္း ရွိရင္းစြဲ ဥစၥာဓနထက္ ပိုမိုမ်ားျပားစြာ ၾကြယ္ဝခ်မ္းသာလာလိမ့္မည္။

မကာရရာသီဖြားတို႔သည္ အနာဂတ္ကို အေသအခ်ာအကြက္ခ်ၾကိဳတင္စီမံကိန္းခ်ထားသူမ်ား ျဖစ္ေလ့ရွိျပီး ရည္မွန္းခ်က္တစ္ခုတည္းကိုသာ စူးစူးစိုက္စိုက္ ၾကိဳးပမ္းတတ္သူမ်ား ျဖစ္သည္။

အဆိုပါ အခ်က္က ရလဒ္ေကာင္းမ်ား ၾကီးမားစြာရရွိေစရန္ အျမဲအေထာက္အကူျပဳေနသည္။

ထိုစိတ္သေဘာမ်ဳိးျဖင့္သာ ၂၀၂၁ ကို ဆက္လက္ျဖတ္သန္းၾကမည္ျဖစ္ၾက၏။

ယခင္က အနာဂတ္အတြက္ၾကိဳတင္စီစဥ္ထားခဲ့မႈမ်ားသည္ ၂၀၂၁ ခုႏွစ္အတြင္း အျပီးသတ္အေကာင္အထည္ေဖာ္ႏိုင္ၾကဖြယ္ ရွိသည္။

အျခားအခ်က္တစ္ခုမွာ ၂၀၂၁ ခုႏွစ္အတြင္း စြန္႔စားရမည့္အရာမ်ားတြင္ ရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္ျဖစ္ဖြယ္ရွိရာ ထိုက႑မွ အပိုဝင္ေငြ ရရွိလိမ့္မည္။

စြန္႔စားရမႈ ၾကီးမားေသာ္လည္း သင္၏ ေစ့ေစ့စပ္စပ္စီမံအကြက္ခ်တတ္မႈ အရည္အခ်င္းေၾကာင့္ မွန္ကန္သည့္အရာမ်ားတြင္ ရင္းႏွီးျမွဳပ္ႏွံကာ အျမတ္အစြန္း မ်ားေစလိမ့္မည္။

အကယ္၍ သင့္အေနျဖင့္ စြန္႔စားရမည့္အရာမ်ားတြင္ ရင္းႏွီးျမွဳပ္ႏွံမည္ဆိုပါက ေရရွည္လက္ကိုင္မထားရန္ လိုအပ္သည္။

အေဆာင္ေက်ာက္မ်က္ရတနာ- ေက်ာက္နီ၊ ေက်ာက္စိမ္း

၁၁။ ကုန္ -Aquarius (ဇန္နဝါရီ ၂၀ ရက္မွ ေဖေဖာ္ဝါရီ ၁၈ ရက္ၾကား ေမြးဖြားသူမ်ား)

ပင္ကိုယ္သဘာဝ- ရင့္က်က္တည္ၿငိမ္ျခင္း၊ ေပါင္းသင္းရလြယ္ျခင္း

ကုန္ ရာသီဖြားတို႔အတြက္ ၂၀၂၁ ခုႏွစ္ နကၡတ္ရာသီခြင္ တြက္ခ်က္ရရွိမႈမ်ားအရ ျပဳဖြယ္ကိစၥအဝဝကို ခိုင္မာေသာ သံႏိၱဌာန္ျဖင့္ ဦးတည္ လုပ္ေဆာင္ေနမည္။

ခ်မ္းသာၾကြယ္ဝေရးၾကိဳးပမ္းရာတြင္ ျပင္းျပင္းထန္ထန္ ၾကိဳးစားရဖြယ္ရွိသည္။

ကုန္ရာသီဖြားတို႔သည္ အနာဂတ္အတြက္ ေငြေၾကးစုေဆာင္းတတ္ၾကသည့္ ဗီဇရွိသူမ်ား ျဖစ္သည္။

အဆိုပါဗီဇေၾကာင့္ ဥစၥာဓနေပါမ်ားၾကြယ္ဝေရး ၾကိဳးပမ္းမႈကို အလိုအေလ်ာက္အားေပးျပီးျဖစ္သည့္အျပင္ ထိေရာက္ေသာ ေငြေၾကး စီမံခန္႔ခြဲမႈကိုလည္း တခ်ိန္တည္းလုပ္ေဆာင္ျဖစ္ေစသည္။

၂၀၂၁ ခုႏွစ္သည္ သင္၏ အိပ္မက္မ်ားကို အရအမိလိုက္လံဖမ္းဆုပ္ႏိုင္ေစကာ ခ်မ္းသာၾကြယ္ဝလာေစႏိုင္သည့္ ႏွစ္တစ္ႏွစ္ ျဖစ္သည္။

ႏွစ္စပိုင္းကတည္းကစတင္ျပီး ဓနဥစၥာတည္ေဆာက္ေရးအတြက္ စီမံကိန္းတစ္ခုကို ဂရုတစိုက္ျပင္ဆင္ေရးဆြဲေနလိမ့္မည္။

သင္၏ စည္းစနစ္ျဖင့္ ခ်ဥ္းကပ္တတ္ပံုမ်ဳိးေၾကာင့္ ေငြေၾကးရည္မွန္းခ်က္ပန္းတိုင္ အထေျမာက္ေစလိမ့္မည္။

ဓနဥစၥာတည္ေထာင္ေရး ရည္မွန္းခ်က္အတြက္ အျခားေသာ ေငြေၾကးသံုးစြဲမႈမ်ားကိုလည္း မထိခိုက္ေစရန္ သင္၏စီမံကိန္းကို အေသးစိတ္ စိစစ္သံုးသပ္ထားရန္ လိုအပ္သည္။

ဥပမာဆိုရလွ်င္ သင္ႏွစ္သက္တတ္ေသာ ႏွစ္စဥ္ ခရီးထြက္ျခင္းမ်ဳိးႏွင့္ အပန္းေျဖအစီအစဥ္မ်ားအတြက္ ျဖစ္သည္။

သင့္အေနျဖင့္ သီးျခားဘဏ္စာရင္းတစ္ခု ထပ္မံဖြင့္လွစ္ကာ ေငြေၾကးစီးဆင္းမႈကို ထိန္းသိမ္းရဖြယ္ရွိသည္။

ေနအိမ္တစ္လံုး ဝယ္ယူရန္ (သို႔မဟုတ္) ေဆာက္လုပ္ရန္ အိပ္မက္မက္ေနသူမ်ားအတြက္ ၂၀၂၁ ခုႏွစ္သည္ သင္တို႔၏ အိပ္မက္မ်ား အထေျမာက္ေစရန္ အားေကာင္းသည့္ ႏွစ္တစ္ႏွစ္ ျဖစ္သည္။ ျဂိဳဟ္အကူးအေျပာင္း ျဂိဳဟ္ေနျဂိဳဟ္ထားတို႔က အိပ္မက္မ်ား အထေျမာက္လာေစရန္ အားေပးေနသည္။

သင့္အေနျဖင့္ ၂၀၂၁ ခုႏွစ္အတြင္း အိမ္တစ္လံုးေဆာက္လုပ္ရန္ စီစဥ္ေနသည္ဆိုပါက ဇူလိုင္၊ ၾသဂုတ္ႏွင့္ စက္တင္ဘာလမ်ားကို ေရွာင္ပါ။

အဆိုပါလမ်ားအတြင္း ေဆာင္ရြက္ပါက စီမံကိန္းစတင္ႏိုင္ရန္ ခလုတ္တံသင္း အဟန္႔အတားအခ်ဳိ႕ ေတြ႔ႏိုင္ဖြယ္ရွိျပီး စီမံကိန္း အျပီးသတ္ႏိုင္ရန္ ၾကန္႔ၾကာေစမည္ျဖစ္ကာ ေဆာက္လုပ္စရိတ္ကိုလည္း ပိုမိုကုန္က်ေစႏိုင္သည္။

သို႔အတြက္ အိမ္ေဆာက္ရန္ ၾကံရြယ္သူမ်ားအေနျဖင့္ ထိုလမ်ားကို ေရွာင္ျခင္းမွာ အေကာင္းဆံုးျဖစ္ေၾကာင္း ကုန္ ရာသီဖြားတို႔အတြက္ ၂၀၂၁ ခုႏွစ္ နကၡတ္ရာသီခြင္ တြက္ခ်က္ရရွိမႈမ်ားတြင္ ေတြ႔ရသည္။

စီးပြားေရးလုပ္ေနသူမ်ားအတြက္ ၂၀၂၁ ခုႏွစ္သည္ စီးပြားေရးခ်ဲ႕ထြင္ရန္ ေကာင္းမြန္ေသာ ကာလျဖစ္သည္။

အေဆာင္ေက်ာက္မ်က္ရတနာ-မဟူရာ၊ ပုလဲနက္

၁၂။ မိန္ -Pisces (ေဖေဖာ္ဝါရီ ၁၉ ရက္မွ မတ္လ ၂၀ ရက္ၾကား ေမြးဖြားသူမ်ား)

ပင္ကိုယ္သဘာဝ- စိတ္ကူးယဥ္တတ္ျခင္း၊ သနားၾကင္နာတတ္ျခင္း

မိန္ ရာသီဖြားတို႔အတြက္ ၂၀၂၁ ခုႏွစ္ နကၡတ္ရာသီခြင္ တြက္ခ်က္ရရွိမႈမ်ားအရ ၾကာသပေတးႏွင့္ စေနျဂိဳဟ္တို႔၏ လႊမ္းမိုးမႈမ်ားေၾကာင့္ ဓနဥစၥာ အေတာ္အတန္ စုေဆာင္းမိႏိုင္သည္။

ယခုႏွစ္အတြင္း ဥစၥာရွာရန္ ၾကိဳးပမ္းရာ၌ သင္၏လံု႔လကို ႏွစ္ဆ စိုက္ထူရဖြယ္ရွိသည္။

ယခုႏွစ္သည္ သင့္အတြက္ စိန္ေခၚမႈအနည္းငယ္ရွိေသာ ႏွစ္တစ္ႏွစ္ ျဖစ္၏။

သို႔ေသာ္ ခိုင္မာသည့္ သံႏ႖ိဌာန္ႏွင့္ ရည္မွန္းခ်က္တု႔ိထားရွိမည္ဆိုလွ်င္ မျဖစ္ႏိုင္စရာ မရွိေခ်။

ရလဒ္တို႔ ေႏွာင့္ေႏွးႏိုင္ေသာ္လည္း ေနာက္ဆံုးတြင္ကား သင္၏ ဓနရွာေဖြမႈ အဘိဓာန္တြင္ မျဖစ္ႏိုင္ဟူေသာ စကားလံုးကို ဖယ္ရွားႏိုင္မည္ ျဖစ္သည္။

ယခုႏွစ္အတြင္း ၾကီးမားသည့္ ရင္းႏွီးျမွဳပ္ႏွံမႈၾကီးတစ္ခု ျပဳလုပ္ရန္ စီစဥ္ဖြယ္ရွိရာ စီးပြားေရးလုပ္ငန္းတိုးခ်ဲ႕ျခင္း (သို႔တည္းမဟုတ္) အိမ္ျခံေျမက႑တြင္ ရင္းႏွီးျမွဳပ္ႏွံျခင္းမ်ား ျပဳလုပ္ျဖစ္ဖြယ္ရွိသည္။

မည္သည့္ရင္းႏွီးျမွဳပ္ႏွံမႈမ်ဳိး ျပဳလုပ္သည္ျဖစ္ေစ အတိုးႏႈန္းမ်ားသည့္ ေခ်းေငြရယူကာ ၾကီးမားသည့္ စြန္႔စားမႈမ်ဳိး ရယူရန္ လုပ္ေဆာင္လာဖြယ္ရွိရာ ထိုသို႔ေဆာင္ရြက္ျခင္းမွာ သင့္အတြက္ အလြန္အႏၱရာယ္ၾကီးလွသည္။

အျပီးသတ္ မဆံုးျဖတ္မီ ျဖစ္ႏိုင္ေခ် ေလ့လာမႈမ်ား အေသအခ်ာျပဳလုပ္ရန္ အၾကံျပဳလုိပါသည္။

ျဂိဳဟ္စီးျဂိဳဟ္နင္း အေနအထားတို႔အရ သင့္အေနျဖင့္ စြန္႔စားရမႈရွိေသာ ရင္းႏွီးျမွဳပ္ႏွံမႈမ်ဳိးကို ေရႊ႕ဆိုင္းရန္ အၾကံျပဳအပ္ပါသည္။

အေဆာင္ေက်ာက္မ်က္ရတနာ- ေက်ာက္စိမ္း၊ ဆင္စြယ္ေရာင္ေက်ာက္

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။) Credit: iMyanmarHouse.com

Ref: Wealth And Property Horoscope 2021 (ganeshaspeaks)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

စားသောက်နေစဉ်အချိန်အတွင်း ဖုန်းမသုံးသူများကို ဝိုင်တစ်ပုလင်း အခမဲ့တိုက်မည့် အီတလီက စားသောက်ဆိုင်...
စားသောက်နေစဉ်အချိန်အတွင်း ဖုန်းမသုံးသူများကို ဝိုင်တစ်ပုလင်း အခမဲ့တိုက်မည့် အီတလီက စားသောက်ဆိုင်...
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
taunggyi-garden-city
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service