မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
21 Apr 2024 4:10 pm တွင် တင်ခဲ့သည်
705 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

စည်ပင်သာယာရေးကော်မတီထံတွင် သက်သေခံအဖြစ် မြေပုံထုတ်ယူခြင်း အမျိုးမျိူးရှိရာ ၎င်းမြေပုံ အမျိုးအစားများမှာ - အဆောက်အအဦးဆောက်လုပ်ရန်၊ အကြီးစားပြင်ဆင်ခွင့်ပြုရန်၊ ဘဏ်ငွေချေးရန်၊ အရောင်းစာချုပ်ချုပ်ဆိုရန်၊ အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြော်ငြာစာချုပ်ချုပ်ဆိုရန်၊ ပစ္စည်းခွဲဝေခြင်း စာချုပ်ချုပ်ဆိုရန်၊ စွန့်လွှတ်စာချုပ်ချုပ်ဆိုရန်၊ အပိုင်ပေးစာချုပ်ချုပ်ဆိုရန်၊ ခြံစည်းရိုးကာရံခွင့် လျှောက်ထားရန်၊ မြေကွက်ခွဲလျှောက်ထားရန်၊ အဝီစီတွင်းတူးဖော် လျှောက်ထားရန်၊ လှူဒါန်းခြင်း စာချုပ်ချုပ်ဆိုရန်၊ မှတ်တမ်းအဖြစ်ထားရှိရန်၊ ကျူးလွန်ခြင်းပြမြေပုံ၊ ဌာနဆိုင်ရာတင်ပြရန်၊ အမှားပြင် စာချုပ်ချုပ်ဆိုရန်၊ ငှားရမ်းစာချုပ်ချုပ်ဆိုရန်၊ ခွဲစိတ်မြေပုံလျှောက်ထားရန်၊ အပေါင်စာချုပ်ချုပ်ဆိုရန်၊ မြေကွက် လဲလှယ်စာချုပ်ချုပ်ဆိုရန်၊ မိသားစုစီမံခန့်ခွဲရေးစာချုပ်ချုပ်ဆိုရန်၊ အခွန်လွတ်သာသနာ့ဂရန် လျှောက်ထားရန်၊ ဗုဒ္ဓသိမ် ဂရန်လျှောက်ထားရန် တို့ဖြစ်ပါသည်။

လျှောက်ထားသူမှ အောက်ပါအချက်အလက်များတင်ပြရန် လိုအပ်ပါသည်။

- မှတ်ပုံတင် မူရင်း/မိတ္တူ၊ မြေခွန်ကြေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် နောက်ဆုံးမြေခွန်ပြေစာ၊ ဂရန် မူရင်း / မိတ္တူ (အမည်ပေါက်)၊ ဘိုးဘွားပိုင်မြေ၊ မြေပိုင်မြေနှင့် ဂရန်ရှိမြေပိုင်မြေဖြစ်ပါက မှတ်ပုံတင်စာချုပ်စာတမ်းနှင့် ပိုင်ဆိုင်မှု အထောက်အထား ၊တရားရုံးအမိန့်ဒီဂရီဖြင့် ပိုင်ဆိုင်မှုရရှိထားခြင်းဖြစ်လျှင် တရားရုံးအမိန့်ဒီဂရီ၊ သေတမ်းစာအတည်ပြုလက်မှတ်၊ အမွေထိန်းစာနဲ့ မြေပုံကူးယူခြင်းဖြစ်လျှင် ထုခွဲရောင်းချခွင့်ရှိသောအမိန့်၊ ကျမ်းကျိန်လွှာ၊အထူးကိုယ်စားလှယ်လွှဲစာတို့ဌာနသို့ တင်ပြရမည်ဖြစ်ကာ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေနှင့် ငြိစွန်းမှု ရှိမရှိလဲ ဌာနမှ စီစစ်ပါသည်။

ဌာနမှ ပြည်တွင်းအခွန်များဦးစီးဌာနတွင် ကန့်ကွက်တားမြစ်ချက် (သို့) ကြွေးကျန်ရှိမရှိ စစ်ဆေးခြင်း၊ နိုင်ငံပိုင် နေ့စဉ်သတင်းစာတွင် သီးခြားသတင်းစာ ကြေငြာစေခြင်းနှင့် မြေပြင်၏ လက်ရှိအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်းတို့ ပြုလုပ်ပါသည်။

အထက်ဖော်ပြပါ အချက်အလက်များဖြင့် ကိုက်ညီမှုရှိမရှိ ဌာနမှ အဆင့်ဆင့်စီစစ်ပြီး ပြည့်စုံမှုရှိမှသာဝန်ဆောင်မှုစရိတ် ပေးသွင်းစေကာ ခွင့်ပြုမိန့်ဖြင့်မြေပုံအား ထုတ်ပေးပါသည်။

ပါမစ်မြေအား အဆောက်အဦးဆောက်လုပ်ရန်၊ အဝီစိတွင်းတူးရန်နှင့် မြေတိုင်းတာရန်အတွက်သာ သက်သေခံမြေပုံထုတ်ယူနိုင်ပြီး အမည်ပေါက် (သို့) အထူးကိုယ်စားလှယ်လွှဲစာ/အထွေထွေကိုယ်စားလှယ်စာ ရရှိသူတို့မှ မြေပုံကူးယူခြင်းပြုနိုင်သည်။

စွန်လွှတ်စာချုပ်ချုပ်ဆိုရန် မြေပုံကူးလျှောက်သည့်အခါ မြေကွက်အားအမည်ပေါက်သူ (သို့) မှတ်ပုံတင်စာချုပ် အဆက်အစပ်ဖြင့် ပိုင်ဆိုင်သူများမှ မြေအမျိုးအစား မြေပိုင်မြေ၊ ဘိုးဘပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေ၊ မြေငှားစာချုပ် (ဂရန်)မြေ နှင့် လယ်ယာမြေနှင့် အကျုံးမဝင်ကြောင်းဝန်ခံချက်လက်မှတ် ၃(ခ)ရရှိပြီး မြေမှသာ မြေပုံကူးယူနိုင်သည်။

အမွေဆက်ခံပိုင်ဆိုင်ကြောင်း မြေပုံကူးယူလိုလျှင် ဥပဒေနှင့်အညီ ဆက်ခံခွင့်ရှိသူ၊ မှတ်ပုံတင်စာချုပ်စာတမ်းဖြင့် ပိုင်ဆိုင်လာသူ၊ ကိတ္တိမ မှတ်ပုံတင်မွေးစားစာချုပ်ဖြင့် မွေးစားခံရသူတို့မှ မြေပိုင်မြေ၊ ဘိုးဘပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေ၊ မြေငှားစာချုပ် (ဂရန်မြေ)၊ စကွာတာမြေ၊ ဂရန်သက်တမ်းကုန်မြေနှင့် လယ်ယာမြေနှင့် အကျုံးမဝင်ကြောင်း ဝန်ခံချက်လက်မှတ် ၃(ခ)ရရှိသည့် မြေတို့အား သတ်မှတ်ပုံစံနှင့်အညီ အမွေဆက်ခံပိုင်ဆိုင်ကြောင်း မြေပုံကူးယူနိုင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ဖော်ပြရေးသားလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]


 

စည်ပင်သာယာရေးကော်မတီထံတွင် သက်သေခံအဖြစ် မြေပုံထုတ်ယူခြင်း အမျိုးမျိုးရှိရာ ၎င်းမြေပုံ အမျိုးအစားများမှာ - အဆောက်အအဦးဆောက်လုပ်ရန်၊ အကြီးစားပြင်ဆင်ခွင့်ပြုရန်၊ ဘဏ်ငွေချေးရန်၊ အရောင်းစာချုပ်ချုပ်ဆိုရန်၊ အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြော်ငြာစာချုပ်ချုပ်ဆိုရန်၊ ပစ္စည်းခွဲဝေခြင်း စာချုပ်ချုပ်ဆိုရန်၊ စွန့်လွှတ်စာချုပ်ချုပ်ဆိုရန်၊ အပိုင်ပေးစာချုပ်ချုပ်ဆိုရန်၊ ခြံစည်းရိုးကာရံခွင့် လျှောက်ထားရန်၊ မြေကွက်ခွဲလျှောက်ထားရန်၊ အဝီစီတွင်းတူးဖော် လျှောက်ထားရန်၊ လှူဒါန်းခြင်း စာချုပ်ချုပ်ဆိုရန်၊ မှတ်တမ်းအဖြစ်ထားရှိရန်၊ ကျူးလွန်ခြင်းပြမြေပုံ၊ ဌာနဆိုင်ရာတင်ပြရန်၊ အမှားပြင် စာချုပ်ချုပ်ဆိုရန်၊ ငှားရမ်းစာချုပ်ချုပ်ဆိုရန်၊ ခွဲစိတ်မြေပုံလျှောက်ထားရန်၊ အပေါင်စာချုပ်ချုပ်ဆိုရန်၊ မြေကွက် လဲလှယ်စာချုပ်ချုပ်ဆိုရန်၊ မိသားစုစီမံခန့်ခွဲရေးစာချုပ်ချုပ်ဆိုရန်၊ အခွန်လွတ်သာသနာ့ဂရန် လျှောက်ထားရန်၊ ဗုဒ္ဓသိမ် ဂရန်လျှောက်ထားရန် တို့ဖြစ်ပါသည်။











 



 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
Mingalar Market
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service