ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths (၈) ခု

ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths (၈) ခု - Property Knowledge in Myanmar from iMyanmarHouse.com
2 Feb 2021 12:09 pm တွင် တင်ခဲ့သည်
630 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths (၈) ခု အကြောင်းကို ပြောပြပေးချင်ပါတယ်။ ဘာလို့လဲဆိုရင် ယုံတမ်းစကားတွေဖြစ်ကြတဲ့ Myths တွေဟာ လူတွေရဲ့ ကျန်းမာရေးကို အများကြီး ဒုက္ခပေးတတ်တာကြောင့်ပါ။

အထူးသဖြင့် အိပ်စက်တာလိုမျိုး နေ့စဉ်ဘဝမှာ မဖြစ်မနေလိုအပ်တဲ့ ကိစ္စမျိုးမှာ မှားယွင်းတဲ့ ယုံတမ်းစကားတွေကို ယုံမှတ်မှားမိမယ်ဆိုရင် ကျန်းမာရေးပြဿနာ အများအပြားနဲ့ ရင်ဆိုင်လာရနိုင်တယ်မဟုတ်လား။

လူတွေ မှားယွင်းယုံကြည်နေကြတဲ့ Sleep Myths အမြောက်အများရှိပေမယ့် လူ့ ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths တွေကို ရွေးချယ်ဖော်ပြပေးသွားပါမယ်။

ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths များ

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း အိပ်စက်ခြင်းဆိုင်ရာ သိပ္ပံပညာရပ်တိုးတက်လာတာနဲ့အမျှ လူတွေရဲ့ အိပ်စက်မှုပုံစံနဲ့ ကျန်းမာရေးနဲ့ ဆက်စပ်မှုတွေကို ပိုနားလည်လာရပါတယ်။

ဒါကြောင့် တချို့သော လူသိများတဲ့ကိစ္စတွေဟာ ယုံတမ်းတွေဖြစ်ပြိး တကယ်မှန်ကန်ဘူးဆိုတာကိုလည်း သဘောပေါက်လာရပါတယ်။ ဘယ်လို ယုံတမ်းစကား Myth တွေက လူ့ ကျန်းမာရေးကိုဒုက္ခအပေးဆုံး ယုံတမ်းစကား တွေပါလဲ။

Myth 1 - ‘ငယ်ရွယ်နုပျိုချိန်တွေမှာ ၅ နာရီထက်နည်းပြီး အိပ်လည်း ပြဿနာမရှိဘူး’ ဆိုတဲ့အချက်

လေ့လာချက်တွေအရဆိုရင် ဒီ Myth ဟာ လူ့ ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths တွေထဲက တစ်ခုပါတဲ့။ အထိခိုက်နိုင်စေဆုံး ချင်း (ဂျင်း) လို့တောင်ဆိုကြပါတယ်။

ဒီလို တစ်နေ့ကို ၅ နာရီလောက် အိပ်စက်တာဟာ ဘယ်အသက်အရွယ်အတွက်မဆို ကောင်းကျိုးတစ်ခုမှ မပေးလို့ဖြစ်ပါတယ်။ ဒီလို အိပ်ချိန်နည်းမယ်ဆိုရင် နှလုံးရောဂါ၊ နှလုံးဖောက်ပြန်တာ၊ သွေးတိုး၊ စိတ်ဖိစီးတာနဲ့ စိတ်ဓာတ်ကျတာလို ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်လာမှာပါ။

Myth 2 - ‘ရုပ်မြင်သံကြားကြည့်တာက အိပ်ယာမဝင်ခင် အကောင်းဆုံး စိတ်အပန်းဖြေစရာ’ ဆိုတဲ့အချက်

တီဗီပဲဖြစ်ဖြစ်၊ ကွန်ပျူတာပဲဖြစ်ဖြစ်၊ စမတ်ဖုန်းပဲဖြစ်ဖြစ် အားလုံးရဲ့ Screen ကနေထုတ်လွှင့်တဲ့ Blue Light ဟာ လူ့ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့်လည်း ‘ရုပ်မြင်သံကြားကြည့်တာက အိပ်ယာမဝင်ခင် အကောင်းဆုံး စိတ်အပန်းဖြေစရာ’ ဆိုတဲ့အချက်က ကျန်းမာရေးကိုဒုက္ခအပေးဆုံး ယုံတမ်းစကား တစ်ခုဖြစ်နေတာပါ။

အိပ်ယာဝင်ခါနီးတိုင်း Blue Light တွေကို ကြည့်နေတဲ့အပြင် အိပ်ချိန်မှာပါ အိပ်ယာထဲ ဖုန်းတွေယူဆောင်ပြီး အိပ်နေတယ်ဆိုရင်တော့ သင့်ကျန်းမာရေးအခြေအနေ တော်တော်ဆိုးတော့မယ်လို့ ပြောပါရစေ။

Myth 3 - ‘နေမကောင်းရင် နေ့ဘက်တွေမှာ ကြိုက်သလို အိပ်နိုင်တယ်’ ဆိုတဲ့အချက်

ကျန်းမာရေးမကောင်းလို့ လဲလျောင်းနေရတာက သဘာဝကျတဲ့ ကိစ္စပါ။ ဒါပေမယ့် ဒီလိုလဲလျောင်းနေလို့ အချိန်တိုင်း အိပ်စက်တာ ဒါမှမဟုတ် အဆင်ပြေသလို အိပ်စက်မယ်လို့တော့ တွေးလို့မဖြစ်ပါဘူး။ လူတွေမှာ အိပ်စက်တဲ့ရစ်သမ်ရှိပြီးတော့ နေ့အချိန်တွေမှာ အဆင်ပြေသလို အိပ်စက်မိတာကြောင့် ဒီရစ်သမ်ပျက်သွားရင် ကျန်းမာရေးကို ပိုထိခိုက်စေနိုင်ပါတယ်။

Myth 4 - ‘အိပ်ယာထဲလှဲပြီး မျက်လုံးမှိတ်ထားရုံနဲ့ အိပ်ပျော်သလို အကျိုးရှိတယ်’ ဆိုတဲ့အချက်

အရမ်းပင်ပန်းလွန်းရင် ခနလှဲပြီး မျက်စိမှိတ်ထားလိုက်တာမျိုး လူတိုင်းလုပ်ဖူးကြတယ်မဟုတ်လား။ နည်းနည်းတော့ အပင်ပန်းသက်သာသွားတယ်ဆိုပါတော့။ တချို့တွေက အိပ်ရေးအရမ်းပျက်ချိန်တွေမှာ ဒီလိုနည်းကို သုံးတတ်ကြတယ်။

တကယ်တော့ အိပ်ချင်လို့ ပင်ပန်းနေရင် အိပ်လိုက်တာအကောင်းဆုံးပါပဲ။ တင်းခံပြီး ခနမျက်စိမှိတ်ပြီး နားလိုက်ရင် နှလုံး၊ အဆုပ်နဲ့ ဦးနှောက်လုပ်ဆောင်ချက်တွေကို ပို အနှောင့်အယှက်ဖြစ်စေပါလိမ့်မယ်။

Myth 5 - ‘အချိန်နေရာမရွေး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်တာ ကျန်းမာရေးကောင်းလို့’ ဆိုတဲ့အချက်

ဘယ်အချိန်၊ ဘယ်နေရာမှာမဆို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာက အိပ်ရေးမဝလို့ပါ။ ကျန်းမာလို့ မဟုတ်ပါဘူး။ အစည်းအဝေးခန်းတွေ၊ လေယာဉ်စီးချိန်တွေမှာ အိပ်ချင်စိတ်ပေါ်လာတတ်တာဟာ ကိုယ့်အိပ်ရေးဝအောင် မအိပ်စက်ထားနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

Myth 6 - ‘မအိပ်ခင် အရက်သေစာ မှီဝဲရင် ပိုအိပ်ကောင်းစေတယ်’ ဆိုတဲ့အချက်

အိပ်ယာဝင်ခါနီးမှာ အရက်သေစာလေး နည်းနည်းပဲဖြစ်ဖြစ်၊ များများပဲဖြစ်ဖြစ် မှီဝဲလိုက်မယ်ဆိုရင် သင်အိပ်ပျော်ကောင်း အိပ်ပျော်သွားပါလိမ့်မယ်။ ဒါပေမယ့် သင့်ရဲ့အိပ်ပျော်မှုက အဆိပ်ရည်သောက်ပြီး ခနမှေးလိုက်တဲ့ အဓိပ္ပါယ်မျိုးပါပဲ။

အယ်လ်ကိုဟောက လုံးဝနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတာမဟုတ်ပဲ ဦးနှောက်ကို လေးလံစေပြီး ခနအိပ်ပျော်သွားစေတာသာဖြစ်သလို အချိန်မတော်ပြန်နိုးတာမျိုး၊ ရင်ပူတာမျိုး၊ အရက်နာကျတာမျိုးတွေ ဖြစ်စေဦးမှာပါ။

Myth 7 - ‘မအိပ်ချင်အောင် လေ့ကျင့်ယူလို့ရတယ်’ ဆိုတဲ့အချက်

မအိပ်ချင်အောင် ကော်ဖီသောက်မယ်၊ စကားပြောမယ် တစ်ခုခုလုပ်မယ်။ ဒါတွေလုပ်ရင်း အကျင့်ပါသွားရင် အိပ်ချိန်ကို နည်းသွားအောင်လုပ်လို့ရတယ်လို့ တချို့က ထင်ကြတယ်။

တကယ်တော့ အဖြေက ဆန့်ကျင်ဘက်ပါ။ ခန္တာကိုယ်အတွက် အိပ်ချိန်ပိုလိုအပ်သွားပြီး ကျန်းမာရေးထိခိုက်သွားတာကလွဲလို့ သင့်အတွက် ဘာမှပြန်ရမှာမဟုတ်ပါဘူး။

Myth 8 - ‘အိပ်ပျော်နေတုန်း ဟောက်သံထွက်တာ သဘာဝပဲ’ ဆိုတဲ့ အချက်

အိပ်ပျော်နေစဉ်မှာ ဟောက်သံထွက်တာက အိပ်ဟောက် အသက်ရှူရပ်ဝေဒနာကြောင့်ပါ။ ဒီဝေဒနာက ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths တွေထဲက တစ်ခုပါပဲ။

အိပ်ပျော်နေစဉ်မှာ အသက်ရှူရပ်တန့်သွားတာဖြစ်ပြီး အဓိကအကြောင်းတရားက အဝလွန်တာဖြစ်ပေမယ့် တခြားကျန်းမာရေးအခြေအနေတွေနဲ့ပါဆက်စပ်နေတတ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

က်န္းမာေရးကိုဒုကၡအေပးဆုံး Sleep Myths (၈) ခု

က်န္းမာေရးကိုဒုကၡအေပးဆုံး Sleep Myths (၈) ခု အေၾကာင္းကို ေျပာျပေပးခ်င္ပါတယ္။ ဘာလို႔လဲဆိုရင္ ယုံတမ္းစကားေတြျဖစ္ၾကတဲ့ Myths ေတြဟာ လူေတြရဲ႕ က်န္းမာေရးကို အမ်ားႀကီး ဒုကၡေပးတတ္တာေၾကာင့္ပါ။

အထူးသျဖင့္ အိပ္စက္တာလိုမ်ိဳး ေန႔စဥ္ဘဝမွာ မျဖစ္မေနလိုအပ္တဲ့ ကိစၥမ်ိဳးမွာ မွားယြင္းတဲ့ ယုံတမ္းစကားေတြကို ယုံမွတ္မွားမိမယ္ဆိုရင္ က်န္းမာေရးျပႆနာ အမ်ားအျပားနဲ႔ ရင္ဆိုင္လာရႏိုင္တယ္မဟုတ္လား။

လူေတြ မွားယြင္းယုံၾကည္ေနၾကတဲ့ Sleep Myths အေျမာက္အမ်ား႐ွိေပမယ့္ လူ႕ က်န္းမာေရးကိုဒုကၡအေပးဆုံး Sleep Myths ေတြကို ေ႐ြးခ်ယ္ေဖာ္ျပေပးသြားပါမယ္။

က်န္းမာေရးကိုဒုကၡအေပးဆုံး Sleep Myths မ်ား

လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀ အတြင္း အိပ္စက္ျခင္းဆိုင္ရာ သိပၸံပညာရပ္တိုးတက္လာတာနဲ႔အမွ် လူေတြရဲ႕ အိပ္စက္မႈပုံစံနဲ႔ က်န္းမာေရးနဲ႔ ဆက္စပ္မႈေတြကို ပိုနားလည္လာရပါတယ္။

ဒါေၾကာင့္ တခ်ိဳ႕ေသာ လူသိမ်ားတဲ့ကိစၥေတြဟာ ယုံတမ္းေတြျဖစ္ၿပိး တကယ္မွန္ကန္ဘူးဆိုတာကိုလည္း သေဘာေပါက္လာရပါတယ္။ ဘယ္လို ယုံတမ္းစကား Myth ေတြက လူ႕ က်န္းမာေရးကိုဒုကၡအေပးဆုံး ယုံတမ္းစကား ေတြပါလဲ။

Myth 1 - ‘ငယ္႐ြယ္ႏုပ်ိဳခ်ိန္ေတြမွာ ၅ နာရီထက္နည္းၿပီး အိပ္လည္း ျပႆနာမ႐ွိဘူး’ ဆိုတဲ့အခ်က္

ေလ့လာခ်က္ေတြအရဆိုရင္ ဒီ Myth ဟာ လူ႕ က်န္းမာေရးကိုဒုကၡအေပးဆုံး Sleep Myths ေတြထဲက တစ္ခုပါတဲ့။ အထိခိုက္ႏိုင္ေစဆုံး ခ်င္း (ဂ်င္း) လို႔ေတာင္ဆိုၾကပါတယ္။

ဒီလို တစ္ေန႔ကို ၅ နာရီေလာက္ အိပ္စက္တာဟာ ဘယ္အသက္အ႐ြယ္အတြက္မဆို ေကာင္းက်ိဳးတစ္ခုမွ မေပးလို႔ျဖစ္ပါတယ္။ ဒီလို အိပ္ခ်ိန္နည္းမယ္ဆိုရင္ ႏွလုံးေရာဂါ၊ ႏွလုံးေဖာက္ျပန္တာ၊ ေသြးတိုး၊ စိတ္ဖိစီးတာနဲ႔ စိတ္ဓာတ္က်တာလို က်န္းမာေရးထိခိုက္မႈေတြ ျဖစ္လာမွာပါ။

Myth 2 - ‘႐ုပ္ျမင္သံၾကားၾကည့္တာက အိပ္ယာမဝင္ခင္ အေကာင္းဆုံး စိတ္အပန္းေျဖစရာ’ ဆိုတဲ့အခ်က္

တီဗီပဲျဖစ္ျဖစ္၊ ကြန္ပ်ဴတာပဲျဖစ္ျဖစ္၊ စမတ္ဖုန္းပဲျဖစ္ျဖစ္ အားလုံးရဲ႕ Screen ကေနထုတ္လႊင့္တဲ့ Blue Light ဟာ လူ႕က်န္းမာေရးကို ဆိုးဆိုး႐ြား႐ြားထိခိုက္ေစႏိုင္ပါတယ္။

ဒါေၾကာင့္လည္း ‘႐ုပ္ျမင္သံၾကားၾကည့္တာက အိပ္ယာမဝင္ခင္ အေကာင္းဆုံး စိတ္အပန္းေျဖစရာ’ ဆိုတဲ့အခ်က္က က်န္းမာေရးကိုဒုကၡအေပးဆုံး ယုံတမ္းစကား တစ္ခုျဖစ္ေနတာပါ။

အိပ္ယာဝင္ခါနီးတိုင္း Blue Light ေတြကို ၾကည့္ေနတဲ့အျပင္ အိပ္ခ်ိန္မွာပါ အိပ္ယာထဲ ဖုန္းေတြယူေဆာင္ၿပီး အိပ္ေနတယ္ဆိုရင္ေတာ့ သင့္က်န္းမာေရးအေျခအေန ေတာ္ေတာ္ဆိုးေတာ့မယ္လို႔ ေျပာပါရေစ။

Myth 3 - ‘ေနမေကာင္းရင္ ေန႔ဘက္ေတြမွာ ႀကိဳက္သလို အိပ္ႏိုင္တယ္’ ဆိုတဲ့အခ်က္

က်န္းမာေရးမေကာင္းလို႔ လဲေလ်ာင္းေနရတာက သဘာဝက်တဲ့ ကိစၥပါ။ ဒါေပမယ့္ ဒီလိုလဲေလ်ာင္းေနလို႔ အခ်ိန္တိုင္း အိပ္စက္တာ ဒါမွမဟုတ္ အဆင္ေျပသလို အိပ္စက္မယ္လို႔ေတာ့ ေတြးလို႔မျဖစ္ပါဘူး။ လူေတြမွာ အိပ္စက္တဲ့ရစ္သမ္႐ွိၿပီးေတာ့ ေန႔အခ်ိန္ေတြမွာ အဆင္ေျပသလို အိပ္စက္မိတာေၾကာင့္ ဒီရစ္သမ္ပ်က္သြားရင္ က်န္းမာေရးကို ပိုထိခိုက္ေစႏိုင္ပါတယ္။

Myth 4 - ‘အိပ္ယာထဲလွဲၿပီး မ်က္လုံးမွိတ္ထား႐ုံနဲ႔ အိပ္ေပ်ာ္သလို အက်ိဳး႐ွိတယ္’ ဆိုတဲ့အခ်က္

အရမ္းပင္ပန္းလြန္းရင္ ခနလွဲၿပီး မ်က္စိမွိတ္ထားလိုက္တာမ်ိဳး လူတိုင္းလုပ္ဖူးၾကတယ္မဟုတ္လား။ နည္းနည္းေတာ့ အပင္ပန္းသက္သာသြားတယ္ဆိုပါေတာ့။ တခ်ိဳ႕ေတြက အိပ္ေရးအရမ္းပ်က္ခ်ိန္ေတြမွာ ဒီလိုနည္းကို သုံးတတ္ၾကတယ္။

တကယ္ေတာ့ အိပ္ခ်င္လို႔ ပင္ပန္းေနရင္ အိပ္လိုက္တာအေကာင္းဆုံးပါပဲ။ တင္းခံၿပီး ခနမ်က္စိမွိတ္ၿပီး နားလိုက္ရင္ ႏွလုံး၊ အဆုပ္နဲ႔ ဦးေႏွာက္လုပ္ေဆာင္ခ်က္ေတြကို ပို အေႏွာင့္အယွက္ျဖစ္ေစပါလိမ့္မယ္။

Myth 5 - ‘အခ်ိန္ေနရာမေ႐ြး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ႏိုင္တာ က်န္းမာေရးေကာင္းလို႔’ ဆိုတဲ့အခ်က္

ဘယ္အခ်ိန္၊ ဘယ္ေနရာမွာမဆို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားတာက အိပ္ေရးမဝလို႔ပါ။ က်န္းမာလို႔ မဟုတ္ပါဘူး။ အစည္းအေဝးခန္းေတြ၊ ေလယာဥ္စီးခ်ိန္ေတြမွာ အိပ္ခ်င္စိတ္ေပၚလာတတ္တာဟာ ကိုယ့္အိပ္ေရးဝေအာင္ မအိပ္စက္ထားႏိုင္ဘူးဆိုတဲ့ အဓိပၸါယ္ျဖစ္ပါတယ္။

Myth 6 - ‘မအိပ္ခင္ အရက္ေသစာ မွီဝဲရင္ ပိုအိပ္ေကာင္းေစတယ္’ ဆိုတဲ့အခ်က္

အိပ္ယာဝင္ခါနီးမွာ အရက္ေသစာေလး နည္းနည္းပဲျဖစ္ျဖစ္၊ မ်ားမ်ားပဲျဖစ္ျဖစ္ မွီဝဲလိုက္မယ္ဆိုရင္ သင္အိပ္ေပ်ာ္ေကာင္း အိပ္ေပ်ာ္သြားပါလိမ့္မယ္။ ဒါေပမယ့္ သင့္ရဲ႕အိပ္ေပ်ာ္မႈက အဆိပ္ရည္ေသာက္ၿပီး ခနေမွးလိုက္တဲ့ အဓိပၸါယ္မ်ိဳးပါပဲ။

အယ္လ္ကိုေဟာက လုံးဝႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစတာမဟုတ္ပဲ ဦးေႏွာက္ကို ေလးလံေစၿပီး ခနအိပ္ေပ်ာ္သြားေစတာသာျဖစ္သလို အခ်ိန္မေတာ္ျပန္ႏိုးတာမ်ိဳး၊ ရင္ပူတာမ်ိဳး၊ အရက္နာက်တာမ်ိဳးေတြ ျဖစ္ေစဦးမွာပါ။

Myth 7 - ‘မအိပ္ခ်င္ေအာင္ ေလ့က်င့္ယူလို႔ရတယ္’ ဆိုတဲ့အခ်က္

မအိပ္ခ်င္ေအာင္ ေကာ္ဖီေသာက္မယ္၊ စကားေျပာမယ္ တစ္ခုခုလုပ္မယ္။ ဒါေတြလုပ္ရင္း အက်င့္ပါသြားရင္ အိပ္ခ်ိန္ကို နည္းသြားေအာင္လုပ္လို႔ရတယ္လို႔ တခ်ိဳ႕က ထင္ၾကတယ္။

တကယ္ေတာ့ အေျဖက ဆန္႔က်င္ဘက္ပါ။ ခႏၲာကိုယ္အတြက္ အိပ္ခ်ိန္ပိုလိုအပ္သြားၿပီး က်န္းမာေရးထိခိုက္သြားတာကလြဲလို႔ သင့္အတြက္ ဘာမွျပန္ရမွာမဟုတ္ပါဘူး။

Myth 8 - ‘အိပ္ေပ်ာ္ေနတုန္း ေဟာက္သံထြက္တာ သဘာဝပဲ’ ဆိုတဲ့ အခ်က္

အိပ္ေပ်ာ္ေနစဥ္မွာ ေဟာက္သံထြက္တာက အိပ္ေဟာက္ အသက္႐ွဴရပ္ေဝဒနာေၾကာင့္ပါ။ ဒီေဝဒနာက က်န္းမာေရးကိုဒုကၡအေပးဆုံး Sleep Myths ေတြထဲက တစ္ခုပါပဲ။

အိပ္ေပ်ာ္ေနစဥ္မွာ အသက္႐ွဴရပ္တန္႔သြားတာျဖစ္ၿပီး အဓိကအေၾကာင္းတရားက အဝလြန္တာျဖစ္ေပမယ့္ တျခားက်န္းမာေရးအေျခအေနေတြနဲ႔ပါဆက္စပ္ေနတတ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

စားသောက်နေစဉ်အချိန်အတွင်း ဖုန်းမသုံးသူများကို ဝိုင်တစ်ပုလင်း အခမဲ့တိုက်မည့် အီတလီက စားသောက်ဆိုင်...
စားသောက်နေစဉ်အချိန်အတွင်း ဖုန်းမသုံးသူများကို ဝိုင်တစ်ပုလင်း အခမဲ့တိုက်မည့် အီတလီက စားသောက်ဆိုင်...
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
mya-villa
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service