နိုင်ငံခြားသားမှန်းမသိရှိဘဲ အိမ်ငှားရမ်းခြင်းသည် လူဝန်မှုကြီးကြပ်ရေးဌာန၏ တရားစွဲဆိုအရေးယူခြင်း ခံရနိုင်ပါ သလား။

နိုင်ငံခြားသားမှန်းမသိရှိဘဲ အိမ်ငှားရမ်းခြင်းသည် လူဝန်မှုကြီးကြပ်ရေးဌာန၏ တရားစွဲဆိုအရေးယူခြင်း ခံရနိုင်ပါ သလား။ - Property Knowledge in Myanmar from iMyanmarHouse.com
10 Jan 2021 10:51 am တွင် တင်ခဲ့သည်
3259 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ယခုခေတ်ကာလတွင် မြန်မာလူမျိုးတစ်ချို့သည် အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ် ပြောင်းလဲခံယူခြင်းများ ရှိပါသည်။ ထိုအခါ အဆိုပါမြန်မာလူမျိုးနိုင်ငံခြားသားများသည် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ပြန်လည်အပ်နှံခြင်းမပြုဘဲ ဆက်လက်ကိုင်ဆောင်ထားတာမျိုးရှိပါသည်။ ထိုသို့ကိုင်ဆောင်ထားသူများသည် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ပြန်လာပြီး အိမ်ငှားခြင်းဆောင်ရွက်တဲ့အခါ အိမ်ရှင်ကို၎င်းသည် နိုင်ငံခြားသား ခံယူထားသူဖြစ်ကြောင်းကို မပြောဘဲ မှတ်ပုံတင်ဖြင့် အိမ်ငှားရမ်းခြင်းကို ပြုလုပ်ကြတယ်။ အိမ်ရှင်ကတော့ မြန်မာနိုင်ငံသားထင်ပြီး အိမ်ငှားခြင်းကို ဆောင်ရွက်လိုက်သည်။ နိုင်ငံခြားသားမှန်းအသိရှိဘဲ ငှားရမ်းလိုက်ခြင်းကို သက်သေထင်ရှားပြနိုင်လျှင်တော့ အရေးယူခံရမှာမဟုတ်ပါဘူး။

နိုင်ငံခြားသားကို အိမ်ငှားမည်ဆိုလျှင် အောက်ပါအချက်အလက်တွေကိုတော့ သိထားရန်လိုအပ်ပါမည်။ ၁၉၈၇ခုနှစ်၊ မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေ ပုဒ်မ-၅ အရ နိုင်ငံခြားသားကို အိမ်ငှားရမ်းခြင်းကို တစ်နှစ်ထက်ပိုပြီး ငှားရမ်းခွင့်မရှိဘူး။

နိုင်ငံခြားသားကို မရွှေ့မပြောင်းနိုင်သောပစ္စည်း ငှားရမ်းမည်ဆိုလျှင် ရှေးဦးစွာ နိုင်ငံခြားသား၏ ပါစ်ပို့စ် (Passport) ကို စစ်ဆေးရန် လိုအပ်မည်ဖြစ်သည်။ Social Visa ဟုခေါ်သည့် မိမိတို့နိုင်ငံသူ/နိုင်ငံသားနှင့် အိမ်ထောင်ကျပြီး လာရောက်နေထိုင်ခြင်းလား၊ Business Visa ဟုခေါ်သည့် အလုပ်လုပ်ကိုင်ရန် ခွင့်ပြုချက်ဖြင့် လာရောက်ခြင်းလား၊ Visit Visa ဟုခေါ်သည့် အလည်အပတ်ခွင့်ပြုချက်ဖြင့် လာရောက်ခြင်းလား စစ်ဆေးရန် လိုအပ်မည်ဖြစ်သည်။

Visit Visa ဖြင့် လာရောက်သည့် နိုင်ငံခြားသားအား မရွှေ့မပြောင်းနိုင်သောပစ္စည်း ငှားရမ်းခွင့်မရှိပါ။ အကယ်၍ ငှားရမ်းခဲ့ပါက အိမ်ရှင်သည် ဥပဒေအရ အရေးယူခံရမည်ဖြစ်သည်။

ထိိုသို့ ငှားရမ်းပြီးသည့်အခါတွင်လည်း ငှားရမ်းသူနိုင်ငံခြားသားသည် လူဝန်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ကို သတင်းပို့အကြောင်းကြားရမည်ဖြစ်သည်။

အထက်ပါ ဥပဒေပြဌာန်းချက်များနှင့်အညီ ဗီဇာ (Visa) စစ်ဆေးပြီး သတ်မှတ်ချက်အတိုင်းငှားရမ်းခြင်း၊ ငှားရမ်းကာလကို တစ်နှစ်ထက်မပိုဘဲငှားရမ်းခြင်းဖြင့် နိုင်ငံခြားသားကို ဥပဒေနှင့်အညီ တရားဝင်ငှားရမ်းနိုင်မည်ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]






ထိုသို့ ငှားရမ်းပြီးသည့်အခါတွင်လည်း ငှားရမ်းသူနိုင်ငံခြားသားသည် လူဝန်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ကို သတင်းပို့အကြောင်းကြားရမည်ဖြစ်သည်။







နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service