ခရမ်းကြွပ်သီးလေးကပေးတဲ့ ကျန်းမာရေး

ခရမ်းကြွပ်သီးလေးကပေးတဲ့ ကျန်းမာရေး - Property Knowledge in Myanmar from iMyanmarHouse.com
22 Dec 2020 1:17 pm တွင် တင်ခဲ့သည်
8290 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ခရမ်းကြွပ်သီး အတို့အမြှုပ်လေး အနေနဲ့စားစား၊ သင်္ဘောသီးထောင်းလိုမျိုး ချဉ်ချဉ်စပ်စပ် အထောင်းလေးထဲပဲ ထည့်ထည့် စားလိုက်ရင် တခွပ်ခွပ်နဲ့ အရသာရှိတဲ့ ခရမ်းကြွပ်သီးလေးက အရောင်အသွေးတင် လှတာမဟုတ်ပါဘူး။ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးပါတယ်။

အိန္ဒိယနိုင်ငံ အပါအဝင် သမပိုင်းဒေသမှာ ပေါက်ရောက်မှုများတဲ့ ခရမ်းကြွပ်သီးလေးတွေက အစိမ်းရောင်၊ အဖြူရောင်နဲ့ ခရမ်းရောင်ဆိုပြီး အရောင် အမျိုးမျိုး ရှိပါတယ်။ ထိုင်းအစားအစာတွေထဲမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုကြတဲ့ ခရမ်းကြွပ်သီးလေးက အာဟာရများစွာလည်း ပါဝင်နေပါသတဲ့နော်။

ခရမ်းကြွပ်သီးကပေးတဲ့ အာဟာရ

အတို့အမြှုပ်အဖြစ် အစားများတဲ့ ခရမ်းကြွပ်သီးမှာ

ကယ်လ်လိုရီ

အဆီဓာတ်

ကာဗိုဟိုက်ဒရိတ်

ကယ်လ်ဆီယမ်

Phosphorus

သံဓာတ်

ပရိုတင်း

နီကာဆင်

ဗီတာမင် A

ဗီတာမင် C တို့ ပါဝင်နေပါတယ်။

ခရမ်းကြွပ်သီးကပေးတဲ့ ကျန်းမာရေး

အာဟာရ ကြွယ်ဝတဲ့ ခရမ်းကြွပ်သီးက ကိုယ်အလေးချိန် ထိန်းညှိပေးပြီး သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းချုပ်ပေးသလို အခြားသော ဘယ်လိုမျိုး ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးသေးလဲဆိုတကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပေးပါနော်။

အရေပြား ကျန်းမာစေတယ်

ခရမ်းကြွပ်သီးမှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်း တစ်မျိုးဖြစ်တဲ့ ဗီတာမင် C ပါဝင်တာကြောင့် အရေပြားကို ကျန်းမာစေပါတယ်။ အသားအရေကို ချောမွေ့စေပြီး အစိုဓာတ်ထိန်းပေးတာကြောင့် အရေပြားကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

အမျိုးသမီးတွေအနေနဲ့ ခရမ်းကြွပ်သီး စားပေးတာက ဝက်ခြံ သက်သာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။

သွေးတိုး သက်သာစေတယ်

ခရမ်းကြွပ်သီးရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်တစ်ခုက သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တာပါ။ ပိုတက်ဆီယမ် ပါဝင်တာကြောင့် သွေးမတိုးစေဖို့ ကာကွယ်ပေးပါတယ်။

သွေးမတိုးအောင် ကာကွယ်တာက လေဖြတ်တာ၊ ရုတ်ရက် နှလုံးရပ်တာနဲ့ သွေးတိုးမှုရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ရာရောက်ပါတယ်။

ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချပေးတယ်

ခရမ်းကြွပ်သီးမှာ အင်ဆူလင်နဲ့ တူညီတဲ့ ကျန်းမာရေး အာနိသင်တွေ ပါဝင်နေတာကြောင့် ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ ဆီးချိုက ကြောက်မက်ဖွယ်နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို သယ်ဆောင်လာတတ်ပါတယ်။ ဒါကြောင့် အကောင်းဆုံးက ဆီးချိုကို ကာကွယ်တာပါ။

ခရမ်း​ကြွပ်သီးလေးက ဆီးချို မဖြစ်အောင် ကာကွယ်ပေးတယ်ဆိုတော့ စားပေးသင့်တဲ့ အသီးတစ်မျိုးပါ။

အစာခြေစနစ် ကျန်းမာစေတယ်

အမျှင်ဓာတ် ပါဝင်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေသလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေ ပြည့်ပြည့်ဝဝ စုပ်ယူနိုင်စေဖို့ အားဖြည့်ပေးပါသေးတယ်။

အသည်း ကျန်းမာစေတယ်

ခရမ်း​ကြွပ်သီး စားပေးတာက ခန္ဓာကိုယ်အတွက် မရှိမဖြစ်တဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ အသည်း ကျန်းမာစေဖို့ အားဖြည့်ပေးပါသေးတယ်။ အသည်းရဲ့ လုပ်ဆောင်မှုတွေကို ကောင်းမွန်စေပြီး ခန္ဓာကိုယ် ကျန်းမာစေဖို့ အားဖြည့်ပေးပါတယ်။

ဝိတ်ကျစေတယ်

ခရမ်းကြွပ်သီးက ကယ်လ်လိုရီ ပါဝင်မှုနည်းပြီး အမျှင်ဓာတ် ကြွယ်ဝမှုက အဆာခံနိုင်စေပြီး ဝိတ်ကျစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။

သွေးတွင်းကိုလက်စထရော ကျစေတယ်

ခရမ်းကြွပ်သီး အဆီအနှစ်က သည်းခြေရည် ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပြီး သွေးတွင်းက မကောင်းတဲ့ အဆီတွေကို အထိရောက်ဆုံး ဖျော်ချပေးနိုင်ပါတယ်။ ခရမ်းကြွပ်သီးကို စားပေးတာက သွေးထဲက အကျိုးမပြု ကိုလက်စထရောတွေကို ကျဆင်းစေပြီး အကျိုးပြု ကိုလက်စထရော ပမာဏကို မြင့်တက်စေနိုင်ပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်

ဗီတာမင် C ပါဝင်နေတာကြောင့် အသားအရေကို ကျန်းမာစေသလို ကိုယ်ခံအား ကောင်းစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ အခြားသော အပင်ကနေ ရတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကလည်း ကိုယ်ခံအား​ ကောင်းစေပြီး ရောဂါတွေ တိုက်ထုတ်နိုင်ဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

နှလုံး ကျန်းမာစေတယ်

ခရမ်းကြွပ်သီးက သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတွင်း ကိုလက်စထရောကို ကျစေတယ် ဆိုမှတော့ နှလုံး ကျန်းမာစေမယ်ဆိုတာ ပြောနေစရာ မလိုအောင်ပါ။ အမျှင်ဓာတ် ပါဝင်နမှုက နှလုံး ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနေပါတယ်။

စိတ်ဖိစီးမှု ပြေလျော့စေတယ်

ခရမ်း​ကြွပ်သီးရဲ့ နောက်ထပ် အာနိသင် တစ်ခုက စိတ်ဖိစီးမှုကို ပြေလျော့စေတာပါ။ စိတ်ဖိစီးမှု ကင်းချင်တယ်ဆိုရင် ခရမ်းကြွပ်သီး စားပေးလို့ ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Credit:  hellosayarwon

[Zawgyi]






ကယ်လ်လိုရီ

အဆီဓာတ်

ကာဗိုဟိုက်ဒရိတ်

ကယ်လ်ဆီယမ်

Phosphorus

သံဓာတ်

ပရိုတင်း

နီကာဆင်

ဗီတာမင် A




အရေပြား ကျန်းမာစေတယ်



သွေးတိုး သက်သာစေတယ်








အသည်း ကျန်းမာစေတယ်


ဝိတ်ကျစေတယ်






နှလုံး ကျန်းမာစေတယ်







 

Credit:  hellosayarwon 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service