ဂရန်မြေနှင့်ပါမစ်မြေတို့၏မြေအမျိုးအစားအလိုက်စစ်ဆေးတောင်းယူရမည့်စာရွက်စာတမ်းများ

ဂရန်မြေနှင့်ပါမစ်မြေတို့၏မြေအမျိုးအစားအလိုက်စစ်ဆေးတောင်းယူရမည့်စာရွက်စာတမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
3 Dec 2020 12:40 pm တွင် တင်ခဲ့သည်
2179 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

အိမ်ခြံမြေဝယ်သူတဲ့အခါမှာအမှားအယွင်းမဖြစ်ပေါ်စေရန် မြေအမျိုးအစားအလိုက်စာရွက်စာတမ်းစစ်ဆေးရန် လိုအပ်ပါသည်။မြေအမျိုးအစားပေါ်မူတည်ပြီး ပိုင်ဆိုင်မှုစာရွက်စာတမ်းမတူညီသလို စစ်ဆေးရမည့်လုပ်ငန်းစဉ်များလည်းမတူရှိနိုင်ပါဘူး။

ထို့ကြောင့် ဂရန်မြေနှင့်ပါမစ်မြေဝယ်ယူမည်ဆိုလျှင်စစ်ဆေးရမည့်လုပ်ငန်းစဉ်များနှင့်စစ်ဆေးတောင်းယူရမည့်စာရွက်စာတမ်းများကိုသိရှိနိုင်စေရန် ဖော်ပြပေးအပ်ပါသည်။

ဂရန်မြေ (ခေါ်) မြေငှားစာချုပ်ကိုဝယ်ယူမည်ဆိုလျှင် ဂရန်အမည်ပေါက်မှန်ကန်မှုရှိ/မရှိကိုသက်ဆိုင်ရာမြေစီမံခန့်ခွဲမှုဌာနတွင်သွားရောက်စစ်ဆေးရန် လိုအပ်မည်ဖြစ်ပါသည်။အရေးကြီးသည့်နောက်တစ်ချက်ကဌာနတွင်အဆိုပါမြေကွက်နှင့်ပတ်သက်ပြီးပိုင်ဆိုင်မှုမရှင်းလင်း၍ကန့်ကွက်လွှာတင်သွင်းထားခြင်းမျိုးရှိ/မရှိစစ်ဆေးရန် လိုအပ်ပါသည်။

စာရွက်စာတမ်းအားဖြင့်မြေငှားစာချုပ်၊မြေခွန်ပေးသွင်းထားသည့်ပြေစာ၊ရောင်းသူဝယ်ယူထားသည့်မှတ်ပုံတင်စာချုပ်၊အခွန်ပြေစာစသည့်မြေကွက်နှင့်ပတ်သက်သည့်စာရွက်စာတမ်းမူရင်းများကိုစစ်ဆေးရန် လိုအပ်မည်ဖြစ်သည်။

ပါမစ်မြေလို့ခေါ်သည့်မြို့သစ်တွင်တိုးမြှင့်အကွက်ရိုက်ချထားပေးတဲ့အမြေအမျိုးအစားကိုဝယ်ယူမည်ဆိုလျှင် အရေးအကြီးဆုံးအချက်တစ်ချက်ကအိမ်ဆောက်ထားမှသာမြေငှားစာချုပ်ဂရန်လျှောက်ထားခြင်းကိုပြုလုပ်လို့ရမှာပါ။ထိုမှသာ မိမိအမည်ပေါက်ဖြင့်ပိုင်ဆိုင်မှုခိုင်မာမည်ဖြစ်သည်။

သက်ဆိုင်ရာမြေစီမံခန့်ခွဲမှုဌာနတွင် ပါမစ်စာရွက်မှန်/မမှန်နှင့်ပါမစ်အင်ထရီဝင်ထားခြင်းရှိ/မရှိစစ်ဆေးရန်လိုအပ်ပါသည်။ပါမစ်အင်ထရီဆိုတာမြေနေရာအကွက်ချပြီးထုတ်ပေးလိုက်တဲ့ပါမစ်ကိုပြန်လည်စစ်ဆေးပြီးနေထိုင်ခွင့်ပြုတဲ့အမှတ်တံဆိပ်ဖြစ်ပါသည်။အင်ထရီဝင်ပြီးသားပါမစ်အထောက်အထားသည်ပါမစ်နောက်ကျောဘက်တွင်လေးထောင့်တံဆိပ်တုံးလေးနှင့်ပြန်လည်စိစစ်ပြီးဖြစ်ကြောင်းပါရှိမည်ဖြစ်ပါသည်။

စာရွက်စာတမ်းအားဖြင့်ပါမစ်သာရှိပြီး၊ပါမစ်တွင်အင်ထရီဝင်ထားပြီးသာဟုတ်/မဟုတ်၊စသည့်မြေကွက်နှင့်ပတ်သက်သည့်စာရွက်စာတမ်းမူရင်းများကိုစစ်ဆေးရန်လိုအပ်မည်ဖြစ်သည်။ပါမစ်အမည်ပေါက်ပိုင်ရှင်၏ မှတ်ပုံတင်၊သန်းခေါင်စာရင်းမိတ္တူတောင်းရန်လိုအပ်မည်ဖြစ်ပြီးမူရင်းနှင့် တိုက်ဆိုင်စစ်ဆေးရန်လိုအပ်မည်ဖြစ်သည်။

အိမ်ခြံမြေဝယ်ယူတဲ့အခါအမှားအယွင်းမဖြစ်ပွားရလေအောင်ကျွမ်းကျင်သောဥပဒေပညာရှင်များဖြင့်ဆွေးနွေးပြီး စစ်ဆေးဝယ်ယူသင့်ပါသည်။သို့ပေမဲ့လည်း အိမ်ခြံမြေပိုင်ဆိုင်မှုစာရွက်စာတမ်းများနှင့်ပတ်သက်ပြီး အကြမ်းမျဉ်းသိရှိထားလျှင်သောအမှားမရှိနိုင်တာကြောင့် ဗဟုသုတရရှိစေရန်ရေးသားဖော်ပြအပ်ပါသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]















နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service