ကြက်ဟင်းခါးရွက် ရဲ့ဆေးဖက်ဝင်ပုံက

ကြက်ဟင်းခါးရွက် ရဲ့ဆေးဖက်ဝင်ပုံက - Property Knowledge in Myanmar from iMyanmarHouse.com
3 Dec 2020 10:44 am တွင် တင်ခဲ့သည်
9701 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ခါးသက်သက်အရသာရှိပြီး ပြုတ်တို့ရင် စားလို့ကောင်းတဲ့ ကြက်ဟင်းခါးရွက် လေးတွေကလည်း ကြက်ဟင်းခါးသီးလိုပဲ ဆေးဖက်ဝင်ပါတယ်။ ဘယ်လို ကျန်းမာရေးအခြေအနေတွေအတွက် ကြက်ဟင်းခါးရွက် လေးကို သုံးလို့ရလဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

ကြက်ဟင်းခါးရွက် ဆိုတာ

အစိမ်းရောင်ရှိပြီး နှာမောင်းလေးတွေနဲ့ အရိုးတံခပ်ပျော့ပျော့ စိမ်းစိမ်းလေးတွေပါ။ အပွင့် ဝါဝါလေးတွေပွင့်တတ်ပြီး နွယ်ပင်တစ်မျိုးပါ။ ကြီးထွားတာလည်း မြန်ပါတယ်။

ဘယ်လိုအာဟာရဓာတ်တွေပါလဲ…………..

ကြက်ဟင်းခါးရွက်မှာ

ကာဗိုဟိုက်ဒရိတ်

ပရိုတင်း

ဗီတာမင် K

ဗီတာမင် B6

ဗီတာမင် B9

ဗီတာမင် B2

ဗီတာမင် C နဲ့

သံဓာတ်

ကယ်လ်ဆီယမ်

ဖော့စဖရိတ်တို့ ပါဝင်နေပါတယ်။

ကြက်ဟင်းခါးရွက်ကပေးတဲ့ ကျန်းမာရေး

ကြက်ဟင်းခါးရွက်ကို စားသုံးပေးတာက

ဆီးချို ကာကွယ်နိုင်တယ်

ကြက်ဟင်းခါးရွက်ကို ပြုတ်တို့တာဖြစ်ဖြစ် အရွက်ကို ကြိတ်ခြေပြီး ရလာတဲ့ သတ္တုရည်ကို သောက်ပေးတာဖြစ်ဖြစ်၊ ပြုတ်ရည်ကိုသောက်တာဖြစ်ဖြစ်လုပ်ပေးမယ်ဆိုရင် အမျိုးအစား – ၂ ဆီးချိုရောဂါကို သက်သာစေနိုင်မှာဖြစ်သလို ကာကွယ်ရာလည်းရောက်ပါတယ်။ အကြောင်းကတော့ ကြက်ဟင်းခါးရွက်ကသွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်လို့ပါ။

လိပ်ခေါင်း သက်သာစေနိုင်တယ်

လိပ်ခေါင်းရောဂါခံစားနေရသူတွေအနေနဲ့ ကြက်ဟင်းခါးရွက် အရည်ကိုသုံးဆောင်ပေးလို့ရပါတယ်။ မနက်ခင်းတိုင်း ကြက်ဟင်းခါးရွက်ကြိတ်ရည်ကို သောက်သုံးပေးတာက လိပ်ခေါင်းသက်သာစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်မှာပါ။

ဝမ်းပျက်ဝမ်းလျှော

ဝမ်းပျက်ဝမ်းလျှောဖြစ်နေတာကို သက်သာချင်တယ်ဆိုရင် ဝမ်းပျက်ဝမ်းလျှောဖြစ်ဖြစ်ချင်းမှာ ကြက်ဟင်းခါးရွက်ကြိတ်ရည်ကို သောက်ပေးလို့ရပါတယ်။

ပန်းနာရင်ကျပ်ရောဂါ

ပန်းနာရင်ကျပ်ရောဂါကို သက်သာစေဖို့ဆိုရင် ကြက်ဟင်းခါးရွက်နဲ့ပင်စိမ်းရွက်တို့ကို ဆတူရောလို့ ကြိတ်ပြီး ရလာတဲ့အနှစ်ကို ပျားရည်နဲ့ ရောပြီး လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ မနက်ခင်းမှာ စားသုံးပေးပါ။ ကာကွယ်ဖို့ရော ကုသဖို့ပါ အသုံးပြုလို့ရပါတယ်။

လည်ချောင်းနာတာ

လည်ချောင်းနာတာကို သက်သာစေဖို့အတွက်လည်း ရေနွေးဆူဆူထဲကို ကြက်ဟင်းခါးရွက်နဲ့ ပင်စိမ်းရွက်တို့ကို ထည့်လို့ ၁၅ မိနစ်လောက်ထားပြီး ပျားရည်အနည်းငယ်ထည့်လို့ သောက်ပေးလို့ရပါတယ်။ အဖျားရှိခဲ့ရင်လည်း ဒီနည်းက အသုံးဝင်ပါတယ်။

အဆစ်ရောင်နာ

အဆစ်တွေရောင်ရမ်းနာကျင်နေတာကို သက်သာစေဖို့ဆိုရင် ကြက်ဟင်းခါးရွက်ကို ကြိတ်လို့ရလာတဲ့အရည်ထဲကို ပျားရည်နည်းနည်းထည့်လို့ သောက်ပေးလို့ရပါတယ်။

အသည်းရောင် အသားဝါ

အသည်းရောင်အသားဝါရှိသူတွေ အနေနဲ့လည်း သက်သာစေဖို့ ကြက်ဟင်းခါးရွက်ကို စားသုံးပေးလို့ရပါတယ်။

အရေပြားပြဿနာ

အရေပြားပြဿနာအမျိုးမျိုးအတွက်လည်း ကြက်ဟင်းခါးရွက်ကို ကြိတ်ခြေပြီး လိမ်းပေးလို့ရပါတယ်။ အပူလောင်တာကနေစလို့ အနာတွေဖြစ်တာအထိ အရေပြားပြဿနာ အမျိုးမျိုး အတွက် ကြက်ဟင်းခါးရွက်ကို အသုံးပြုပေးလို့ရပါတယ်။

လက်ဖျားခြေဖျားတွေပူတာ

လက်ဖျားခြေဖျားတွေမှာ ပူသလိုလို စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုးတွေကို သက်သာစေဖို့လည်း ကြက်ဟင်းခါးရွက်ကြိတ်ရည်ကို လိမ်းပေးလို့ရပါတယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ……….. ကြက်ဟင်းခါးရွက်က ဆေးဖက်ဝင်တယ်ဆိုပေမယ့် ဒီလိုလူတွေကတော့ မစားတာကောင်းပါတယ်။ ကျန်းမာရေးကို ထိခိုက်လာစေနိုင်တာကြောင့်ပါ။

ကိုယ်ဝန်ဆောင် မိခင်တွေ

နှလုံးရောဂါရှိသူတွေ

အစာအိမ်ပြဿနာရှိသူတွေ

ဝမ်းပျက်လွယ်တဲ့သူတွေကတော့ မစားတာကောင်းပါတယ်။

ကြက်ဟင်းခါးရွက်လေးကို တစ်ပတ်ကို နှစ်ကြိမ်နဲ့ အထက်စားပေးတာက ခန္ဓာကိုယ် ကျန်းမာရေးကို ဂရုစိုက်ရာကျပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]






ကြက်ဟင်းခါးရွက်မှာ

ကာဗိုဟိုက်ဒရိတ်

ပရိုတင်း

ဗီတာမင် K

ဗီတာမင် B6

ဗီတာမင် B9

ဗီတာမင် B2

ဗီတာမင် C နဲ့

သံဓာတ်

ကယ်လ်ဆီယမ်








ဝမ်းပျက်ဝမ်းလျှော


ပန်းနာရင်ကျပ်ရောဂါ


လည်ချောင်းနာတာ


အဆစ်ရောင်နာ


အသည်းရောင် အသားဝါ


အရေပြားပြဿနာ






နှလုံးရောဂါရှိသူတွေ







Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service