ပထမဆုံးအကြိမ်အဖြစ် အိမ်ကိုပြင်ဆင်မယ့်သူအတွက် လိုအပ်သောပရိဘောဂများ

ပထမဆုံးအကြိမ်အဖြစ် အိမ်ကိုပြင်ဆင်မယ့်သူအတွက် လိုအပ်သောပရိဘောဂများ - Property Knowledge in Myanmar from iMyanmarHouse.com
1 Dec 2020 1:20 pm တွင် တင်ခဲ့သည်
672 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode] သင်ပိုင်ဆိုင်တဲ့အိမ်ကိုပြင်ဆင်ဖို့အတွက် ပထမဆုံးအစီအစဉ်ဆွဲတဲ့အခါ ဒီအိမ်နေရာအသစ်ကိုရဖို့ ဘယ်လိုတွေ ကြိုးစားခဲ့ရလဲဆိုတာတွေးပြီး ကိုယ့်ကိုယ်ကိုယ်အံ့သြနေမိပါလိမ့်မယ်။ ပြီးတော့ ကိုယ်တစ်သက်လုံးနေသွားရ မယ့် အိမ်လေးကိုလည်း ဘယ်လိုစပြီးပြင်ဆင်ရမလဲဆိုတာကိုပါ စဉ်းစားမိမှာပါ။

သင့်အိမ်အတွက် ဘယ်လို လိုက်ကာတွေကိုရွေးချယ်ရမယ်၊ နောက် တိုင်လေးတိုင်ပါတဲ့အိပ်ရာကိုသုံးရမလား ဒါမှမဟုတ် အမေ့ဆီကရခဲ့ တာကိုပဲသုံးရမလား စသဖြင့် ရွေးရတာခက်နေမှာပါ။ တကယ်တော့ ပထမဆုံးအကြိမ်အနေနဲ့ အိမ်ကိုပြင်ဆင် မယ့်သူတစ်ယောက်အတွက် အသုံးဝင်စေမယ့်နည်းလမ်းတွေအများကြီးရှိပါတယ်။ အခုပြောပြပေးမယ့်အရာ တွေက ပထမဆုံးအကြိမ်အိမ်ကိုပြင်ဆင်ဖို့စပြီးအစီအစဉ်ဆွဲတဲ့သူတွေအတွက် အဆင်ပြေစေမှာဖြစ်လို မျှဝေပေးလိုက်ပါတယ်နော်.....

(၁) အိပ်ရာ၊ ဗီရိုနဲ့ မှန်တင်ခုံကို အိပ်ခန်းထဲမှာထားပါ။

သင့်ရဲ့အိပ်ခန်းထဲမှာ အိပ်ရာအကြီးကြီးတစ်ခုကိုထားတာကမှားယွင်းတယ်လို့မဆိုနိုင်ပါဘူး။ ဒီလိုအိပ် ရာကြီးကြီးရှိနေတာက သင်နဲ့သင့်ရဲ့တွဲဖက်အတူတူရှိနေတယ်ဆိုရင်တောင် အဆင်ပြေစေမှာပါ။ နံရံနဲ့ ကွက် တိဖြစ်နေတဲ့ အဝတ်ဗီရိုက လူတိုင်းအတွက်မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သင်က single ဆိုရင် ခေတ်လည်းမှီပြီး ကျစ်လစ်တဲ့ပုံစံရှိတဲ့ သင့်တော်တဲ့ သင့်အကြိုက်အဝတ်ဗီရိုကို ရနိုင်မှာပါ။ သင့်အိပ်ရာဘေးမှာ မှန်တင်ခုံမရှိဘူး ဆိုရင် စားပွဲခုံသေးသေးလေးထားဖို့တော့လိုအပ်ပါတယ်။ ဒါကတော့ သင်အမြဲတမ်းအသုံးပြုနေရမယ့်အရာတွေကို လွယ်လွယ်ကူကူရှာတွေ့နိုင်ဖို့ဖြစ်ပါတယ်။

(၂) အဆင့်ပါတဲ့ဗီရို၊ သိုလှောင်လို့ရတဲ့စင်ကို မီးဖိုချောင်မှာထားပါ။

ကျွန်ုပ်တို့အယူအဆကတော့ မီးဖိုချောင်ထဲမှာ အဆင့်ပါတဲ့ဗီရို၊ သိုလှောင်လို့ရတဲ့စင်နဲ့ အလုပ်လုပ်ဖို့ အတွက်ကို သင့်တော်တဲ့နေရာစီစဉ်ပြီး မီးဖိုချောင်အသုံးအဆောင်တွေကိုထိန်းသိမ်းဖို့ပဲဖြစ်ပါတယ်။ ပိုနေတဲ့ ပစ္စည်းတွေသိမ်းတဲ့ဗီရိုကို Breakfast Bars အနေနဲ့အသုံးပြုတာပဲဖြစ်ဖြစ် ဒါမှမဟုတ် Kitchen Islands ကို အသုံးပြုတာပဲဖြစ်ဖြစ် လိုသလိုအသုံးပြုနိုင်ပါတယ်။ တကယ်လို့သင့်အနေနဲ့ ထမင်းစားခန်းမှာရင်းနှီးမြုပ်နှံဖို့အဆင်သင့်မဖြစ်သေးဘူးဆိုရင်လည်း သင်အဆင်ပြေတာကိုပဲရွေးချယ်နိုင်ပါတယ်။

(၃) စင်နဲ့မှန်ကို ရေချိုးခန်းထဲမှာထားပါ။

သင့်ရေချိုးခန်းထဲကစင်ကို သင့်အကြိုက်အပေါ်မူတည်ပြီးရွေးချယ်ပါ။ သင့်ရေချိုးခန်းရဲ့စင်မှာ ဖန်ခရား၊ Lotions နဲ့ သဘာဝပစ္စည်းတွေကထုတ်တဲ့ခေါင်းလျှော်ရည် အစရှိတဲ့ ရေချိုးခန်းသုံးပစ္စည်းတွေထားနိုင်ပါတယ်။ သင့်အနေနဲ့ ရေချိုးခန်းထဲမှာ သက်တောင့်သက်သာဖြစ်တဲ့ခံစားမူကိုရချင်တယ်ဆိုရင် ရေချိုးခန်းကိုချစ်စရာအ သွင်လေးဖန်တီးလိုက်ပါ။ နောက်တစ်နည်းကတော့ မှန်တစ်ချပ်ထားလိုက်ပါ။ ဒါက အမြဲတမ်းအတွက် အသုံးဝင်စေမှာပါ။

(၄) အခြားပရိဘောဂပစ္စည်းများထားပါ။

အခုဆိုရင်တော့ သင့်ရဲ့အိမ်ကယေဘုယျအနေနဲ့ ပြည့်စုံနေပြီဖြစ်တဲ့အတွက် အများကြီးထပ်ပြီးလုပ် ဖို့မလိုတော့ပါဘူး။ ဒါပေမယ့် သင့်အိမ်ရဲ့ဧည့်ခန်းကိုအလှဆင်ဖို့အတွက် ပရိဘောဂတွေကို စုဆောင်းနိုင်ပါတယ်။ ယေဘုယျအနေနဲ့ လက်တင်တဲ့တန်းပါတဲ့ထိုင်ခုံကိုပေါင်းထည့်လိုက်မယ်ဆိုရင် သင့်အိမ်ရဲ့အခန်းက ကြည့်ကောင်းနေမှာဖြစ်ပြီး သင့် budget အတွက်လည်း အလုပ်ဖြစ်နိုင်မယ့်အပြင် ထိုင်ခုံကိုဧည့်ခန်းနံရံနဲ့ကပ် ထားလိုက်ခြင်းကလည်း နေရာစားတဲ့ပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

တကယ်လို့ သင့်အိမ်နေရာအတွက်ပြင်ဆင်တာ အကုန်လုံးပြီးစီးခဲ့ရင်တောင်မှ Cushion Covers တွေ အကြောင်း၊ ပြတင်းပေါက်လိုက်ကာတွေနဲ့ တစ်ခြားအိမ်အလှဆင်ပစ္စည်းတွေအကြောင်း ဒါမှမဟုတ် party လုပ် ဖို့နဲ့ လက်ဆောင်တွေထားဖို့နေရာရှိရဲ့လား စသဖြင့် မိမိပြင်ဆင်ထားတဲ့အိမ်သစ်လေးအတွက် ပူပန်စရာတွေက ရှိနေဦးမှာပါ။ ့ အိမ်အလှဆင်နည်းလမ်းလေးကို သိရပြီမို့ အလုပ်ပိတ်ရက်လေးမှာ ပြင်ဆင်လို့ရပြီပေါ့နော်.......

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Myanmar Home & Décor Magazine

 

 

[Zawgyi]

















နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service