ကိုယ့်နေအိမ်ထဲမှာ ရင်သွေးလေးတွေကို ထိခိုက်စေနိုင်တဲ့နေရာ အမြောက်အများရှိနေတာ သိကြရဲ့လား

ကိုယ့်နေအိမ်ထဲမှာ ရင်သွေးလေးတွေကို ထိခိုက်စေနိုင်တဲ့နေရာ အမြောက်အများရှိနေတာ သိကြရဲ့လား - Property Knowledge in Myanmar from iMyanmarHouse.com
24 Nov 2020 12:52 pm တွင် တင်ခဲ့သည်
754 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ကိုယ့်ရဲ့ ရင်သွေးလေးကို အိမ်မှာ ပြုစုစောင့်ရှောက်ကြပြီဆိုတဲ့အခါမျိုးမှာ ဘေဘီလေး ဘေးအန္တရာယ်ကင်းကင်း၊ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာအောင် ထားရှိနိုင်ဖို့က မိဘတိုင်းရဲ့ မျှော္လင့်ချက်ဖြစ်ပါတယ်။

ရင်သွေးလေးတွေဆိုတာလည်း အရာရာကို ပြည့်ပြည့်ဝဝနားမလည်နိုင်သေးကြသူတွေမို့ ပစ္စည်းတွေ ဆွဲချတာမျိုး၊ တွေ့ကရာကောက်ဝါးမိတာမျိုးတွေ မကြာခနပြုမူတတ်ကြတယ်လေ။ တစ်ခါတစ်ရံမှာ ထင်မှတ်မထားတဲ့ အခြေအနေတွေကြောင့် ဘေဘီလေးတွေ တစ်စုံတစ်ရာ ထိခိုက်မိရင် အရင်ဆုံး ရင်ပူရ၊ စိတ်သောက ရောက်ရတာက မိဘတွေကိုယ်တိုင်၊ ကိုကို မမ၊ ဘိုးဘိုး ဘွားဘွားတွေ ကိုယ်တိုင်ပါပဲ။

မိမိရဲ့ နေအိမ်ထံမှာ ဘေဘီလေးတွေကို ထိခိုက်စေနိုင်တဲ့ နေရာတွေ၊ အန္တရာယ်ဖြစ်စေနိုင်တဲ့ နေရာတွေ ရှိနေတာကို ကြိုတင်သတိပြမိထားမယ်ဆိုရင် ဒီပြဿနာကို အတော်များများ ဖြေရှင်းလို့ရနိုင်မှာဖြစ်သလို ရင်သွေးလေးကိုလည်း ကောင်းကောင်းကာကွယ်နိုင်မှာပါ။ ဒီတော့ ဘေဘီလေးတွေကို ဘေးအန္တရာယ်ဖြစ်စေနိုင်မယ့် နေရာတွေကို ကြိုတင်သိထားအောင် ပြောပြပေးချင်ပါတယ်။

ရင်သွေးလေးတွေကို ထိခိုက်စေနိုင်တဲ့ မိမိ အိမ်တွင်းက နေရာတွေ

ထမင်းစားခန်း – ထမင်းစားခန်းမို့ အန္တရာယ်မရှိဘူးလို့ မထင်လိုက်ပါနဲ့။ ထမင်းစားခန်းဟာ ရင်သွေးငယ်တွေကို အန္တရာယ်ပေးနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ထမင်းစားပွဲက ထိုင်ခုံတွေ၊ စကားပွဲခုံတွေနဲ့ ပူလောင်နေတဲ့ အစားအစာတွေဟာ ကလေးတွေနဲ့ ရင်သွေးတွေအတွက် အန္တရာယ်များတဲ့ နေရာတွေပါ။

လှေကား – လှေကားတွေဟာ ကလေးငယ်တွေအတွက် ဘယ်လောက် အန္တရာယ်များတယ်ဆိုတာ မိဘတိုင်း နားလည်ထားကြပြီးသားဖြစ်မယ်ထင်ပါတယ်။ အထပ်မြင့်လှေကားတွေကနေစလို့ အိမ်ရှေ့က အတက်အဆင်းလှေကားလေးတွေအထိ ကလေးတွေအတွက်တော့ အန္တရာယ်များလှပါတယ်။ ဖြစ်နိုင်ရင် လှေကားတွေကို ကာရံထားတာမျိုး လုပ်သင့်ပါတယ်။

အဝတ်လျှော် ပစ္စည်းများ – အဝတ်လျှော်စက်နဲ့ အဝတ်လျှော်ရာမှာ သုံးတဲ့ ဆပ်ပြာတွေ၊ ဆပ်ပြာမှုန့်တွေ အမွှေးဆီတွေဟာ ကလေးငယ်တွေကို ထိခိုက်စေနိုင်တဲ့အရာတွေပါ။ အထူးသဖြင့် ဓာတုဗေဒပစ္စည်းတွေနဲ့ ဖန်တီးထားတဲ့ ဆပ်ပြာလိုအရာတွေဟာ ရင်သွေးငယ်လေးတွေရဲ့ နုနယ်တဲ့ အရေပြားတွေကို ထိခိုက်စေနိုင်တဲ့ အရာတွေဖြစ်ပါတယ်။

ပရိဘောဂပစ္စည်းများ – ပရိဘောဂပစ္စည်းတွေကလည်း ရင်သွေးတွေနဲ့ ကလေးတွေကို ထိခိုက်နိုင်တဲ့ အန္တရာယ်ရှိတာပါပဲ။ ပြုတ်ကျတာမျိုး၊ တံခါးညပ်တာမျိုးတွေပေါ့။ သတိထားဖို့ လိုအပ်ပါတယ်။

အိပ်ယာ၊ ခုတင် – ပုံမှန် အိပ်စက်နေကြ၊ ကုတင်တို့ ပုခက်တို့ကိုလည်း သတိထားဖို့ လိုအပ်ပါတယ်။ အိပ်ယာတစ်ခုတည်းမှာ ရင်သွေးနဲ့ အတူအိပ်စက်တယ်ဆိုရင် Sudden Infant Death Syndrome ကို သတိထားဖို့ လိုအပ်မှာဖြစ်သလို ပုခက်တွေဘာတွေနဲ့ သိပ်တယ်ဆိုရင်လည်း ပြုတ်ကျနိုင်တဲ့ အန္တရာယ်မျိုးမဖြစ်အောင် သတိထားဖို့ လိုအပ်တာကြောင့်ဖြစ်ပါတယ်။

ဆေးဝါးသိမ်းဆည်းရာနေရာ – များသောအားဖြင့် ဆေးဝါးတွေကို နံရံကပ် ဗီဒိုတွေ၊ ဘူးတွေနဲ့ သိမ်းဆည်းကြတာများပါတယ်။ ဆေးဝါးတွေဟာ ဘေဘီလေးတွေ အလွယ်တကူ လက်လှမ်းမှီတဲ့ နေရာမျိုးတွေမှာ မရှိသင့်တာကတော့ အမှန်ပါပဲ။

အစားအစာ – အစားအသောက်တွေ ထားရှိတဲ့ ဗီဒိုတွေ၊ အိုးတွေ၊ ခွက်တွေကိုလည်း ဘေဘီလေးတွေ အလွယ်တကူ လှမ်းဆွဲလို့မရနိုင်တဲ့ နေရာတွေမှာ ထားရှိသင့်ပါတယ်။ တစ်ချို့သော အစားအစာတွေဟာ မတော်တဆယူငင် စားသောက်မိရင် နင်တာ၊ အသက်ရှူကျပ်တာတွေဖြစ်စေနိုင်တာကြောင့်ပါ။

 

မီးဖိုချောင် – အပူလောင်နိုင်တာတွေ၊ ထိခိုက်ရှနာ ဖြစ်စေနိုင်တာတွေ စုပြုံတည်ရှိနေတဲ့ မီးဖိုချောင်ကတော့ ဘေဘီလေးတွေ မရှိနေသင့်တဲ့ နေရာတစ်ခုပါပဲ။ ဒါတင်မကပါဘူး။ မီးဖိုချောင်ထဲက မသန့်ရှင်းတဲ့လေထုကလည်း ရင်သွေးတွေကို ထိခိုက်စေနိုင်ပါသေးတယ်။

အိမ်မွေးတိရိစ္ဆာန်ရှိရာနေရာတွေ – ရင်သွေးငယ်တွေကို အိမ်မွေးတိရိစ္ဆာန်တွေနဲ့လည်း ခပ်ဝေးဝေးမှာ နေစေသင့်ပါတယ်။ တိရိစ္ဆာတွေဆီကနေ မသန့်ရှင်းတဲ့ အမွှေးအမျှင်တွေ၊ ရောဂါပိုးမွှားတွေနဲ့ ထိခိုက်ရှနာဖြစ်စေနိုင်တဲ့ အန္တရာယ်တွေ ကြုံရနိုင်တာမို့ဖြစ်ပါတယ်။

 

ရေချိုးခန်း – ရေချိုးခန်းတွေထဲမှာ ရေချိုးချိန်နဲ့ သန့်စင်ပေးနေချိန်တွေကလွဲပြီး ကျန်အချိန်မှာ ရင်သွေးတွေကို မရှိနေစေသင့်ပါဘူး။ ချော်လဲတာမျိုး၊ မျက်လုံးထဲကို ဆပ်ပြာရည် ဒါမှမဟုတ် မသန့်ရှင်းတဲ့ အရည်တွေ ဝင်ရောက်နိုင်ချေမြင့်မားပါတယ်။

ဒီလိုနေရာလေးတွေက ရင်သွေးလေးတွေကို ထိခိုက်စေနိုင်ချေရှိတယ်ဆိုတာကို သိထားပြီဆိုတော့ ဘေးအန္တရာယ်ကင်းရှင်းအောင် ကြိုတင်ကာကွယ်ထားဖို့နဲ့ ဘေဘီလေးတွေကို ဂရုစိုက်ပေးဖို့ကတော့ ဖေဖေ၊ မေမေတို့ရဲ့ တာဝန်ပါပဲနော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

[Zawgyi]

ကိုယ့္ေနအိမ္ထဲမွာ ရင္ေသြးေလးေတြကို ထိခိုက္ေစႏိုင္တဲ့ေနရာ အေျမာက္အမ်ား႐ွိေနတာ သိၾကရဲ႕လား

ကိုယ့္ရဲ႕ ရင္ေသြးေလးကို အိမ္မွာ ျပဳစုေစာင့္ေ႐ွာက္ၾကၿပီဆိုတဲ့အခါမ်ိဳးမွာ ေဘဘီေလး ေဘးအႏၲရာယ္ကင္းကင္း၊ က်န္းက်န္းမာမာနဲ႔ ႀကီးျပင္းလာေအာင္ ထား႐ွိႏိုင္ဖို႔က မိဘတိုင္းရဲ႕ ေမွ်ာႅင့္ခ်က္ျဖစ္ပါတယ္။

ရင္ေသြးေလးေတြဆိုတာလည္း အရာရာကို ျပည့္ျပည့္ဝဝနားမလည္ႏိုင္ေသးၾကသူေတြမို႔ ပစၥည္းေတြ ဆြဲခ်တာမ်ိဳး၊ ေတြ႕ကရာေကာက္ဝါးမိတာမ်ိဳးေတြ မၾကာခနျပဳမူတတ္ၾကတယ္ေလ။ တစ္ခါတစ္ရံမွာ ထင္မွတ္မထားတဲ့ အေျခအေနေတြေၾကာင့္ ေဘဘီေလးေတြ တစ္စုံတစ္ရာ ထိခိုက္မိရင္ အရင္ဆုံး ရင္ပူရ၊ စိတ္ေသာက ေရာက္ရတာက မိဘေတြကိုယ္တိုင္၊ ကိုကို မမ၊ ဘိုးဘိုး ဘြားဘြားေတြ ကိုယ္တိုင္ပါပဲ။

မိမိရဲ႕ ေနအိမ္ထံမွာ ေဘဘီေလးေတြကို ထိခိုက္ေစႏိုင္တဲ့ ေနရာေတြ၊ အႏၲရာယ္ျဖစ္ေစႏိုင္တဲ့ ေနရာေတြ ႐ွိေနတာကို ႀကိဳတင္သတိျပမိထားမယ္ဆိုရင္ ဒီျပႆနာကို အေတာ္မ်ားမ်ား ေျဖ႐ွင္းလို႔ရႏိုင္မွာျဖစ္သလို ရင္ေသြးေလးကိုလည္း ေကာင္းေကာင္းကာကြယ္ႏိုင္မွာပါ။ ဒီေတာ့ ေဘဘီေလးေတြကို ေဘးအႏၲရာယ္ျဖစ္ေစႏိုင္မယ့္ ေနရာေတြကို ႀကိဳတင္သိထားေအာင္ ေျပာျပေပးခ်င္ပါတယ္။

ရင္ေသြးေလးေတြကို ထိခိုက္ေစႏိုင္တဲ့ မိမိ အိမ္တြင္းက ေနရာေတြ

ထမင္းစားခန္း – ထမင္းစားခန္းမို႔ အႏၲရာယ္မ႐ွိဘူးလို႔ မထင္လိုက္ပါနဲ႔။ ထမင္းစားခန္းဟာ ရင္ေသြးငယ္ေတြကို အႏၲရာယ္ေပးႏိုင္တဲ့ ေနရာတစ္ခုျဖစ္ပါတယ္။ အထူးသျဖင့္ ထမင္းစားပြဲက ထိုင္ခုံေတြ၊ စကားပြဲခုံေတြနဲ႔ ပူေလာင္ေနတဲ့ အစားအစာေတြဟာ ကေလးေတြနဲ႔ ရင္ေသြးေတြအတြက္ အႏၲရာယ္မ်ားတဲ့ ေနရာေတြပါ။

ေလွကား – ေလွကားေတြဟာ ကေလးငယ္ေတြအတြက္ ဘယ္ေလာက္ အႏၲရာယ္မ်ားတယ္ဆိုတာ မိဘတိုင္း နားလည္ထားၾကၿပီးသားျဖစ္မယ္ထင္ပါတယ္။ အထပ္ျမင့္ေလွကားေတြကေနစလို႔ အိမ္ေ႐ွ႕က အတက္အဆင္းေလွကားေလးေတြအထိ ကေလးေတြအတြက္ေတာ့ အႏၲရာယ္မ်ားလွပါတယ္။ ျဖစ္ႏိုင္ရင္ ေလွကားေတြကို ကာရံထားတာမ်ိဳး လုပ္သင့္ပါတယ္။

အဝတ္ေလွ်ာ္ ပစၥည္းမ်ား – အဝတ္ေလွ်ာ္စက္နဲ႔ အဝတ္ေလွ်ာ္ရာမွာ သုံးတဲ့ ဆပ္ျပာေတြ၊ ဆပ္ျပာမႈန္႔ေတြ အေမႊးဆီေတြဟာ ကေလးငယ္ေတြကို ထိခိုက္ေစႏိုင္တဲ့အရာေတြပါ။ အထူးသျဖင့္ ဓာတုေဗဒပစၥည္းေတြနဲ႔ ဖန္တီးထားတဲ့ ဆပ္ျပာလိုအရာေတြဟာ ရင္ေသြးငယ္ေလးေတြရဲ႕ ႏုနယ္တဲ့ အေရျပားေတြကို ထိခိုက္ေစႏိုင္တဲ့ အရာေတြျဖစ္ပါတယ္။

ပရိေဘာဂပစၥည္းမ်ား – ပရိေဘာဂပစၥည္းေတြကလည္း ရင္ေသြးေတြနဲ႔ ကေလးေတြကို ထိခိုက္ႏိုင္တဲ့ အႏၲရာယ္႐ွိတာပါပဲ။ ျပဳတ္က်တာမ်ိဳး၊ တံခါးညပ္တာမ်ိဳးေတြေပါ့။ သတိထားဖို႔ လိုအပ္ပါတယ္။

အိပ္ယာ၊ ခုတင္ – ပုံမွန္ အိပ္စက္ေနၾက၊ ကုတင္တို႔ ပုခက္တို႔ကိုလည္း သတိထားဖို႔ လိုအပ္ပါတယ္။ အိပ္ယာတစ္ခုတည္းမွာ ရင္ေသြးနဲ႔ အတူအိပ္စက္တယ္ဆိုရင္ Sudden Infant Death Syndrome ကို သတိထားဖို႔ လိုအပ္မွာျဖစ္သလို ပုခက္ေတြဘာေတြနဲ႔ သိပ္တယ္ဆိုရင္လည္း ျပဳတ္က်ႏိုင္တဲ့ အႏၲရာယ္မ်ိဳးမျဖစ္ေအာင္ သတိထားဖို႔ လိုအပ္တာေၾကာင့္ျဖစ္ပါတယ္။

ေဆးဝါးသိမ္းဆည္းရာေနရာ – မ်ားေသာအားျဖင့္ ေဆးဝါးေတြကို နံရံကပ္ ဗီဒိုေတြ၊ ဘူးေတြနဲ႔ သိမ္းဆည္းၾကတာမ်ားပါတယ္။ ေဆးဝါးေတြဟာ ေဘဘီေလးေတြ အလြယ္တကူ လက္လွမ္းမွီတဲ့ ေနရာမ်ိဳးေတြမွာ မ႐ွိသင့္တာကေတာ့ အမွန္ပါပဲ။

အစားအစာ – အစားအေသာက္ေတြ ထား႐ွိတဲ့ ဗီဒိုေတြ၊ အိုးေတြ၊ ခြက္ေတြကိုလည္း ေဘဘီေလးေတြ အလြယ္တကူ လွမ္းဆြဲလို႔မရႏိုင္တဲ့ ေနရာေတြမွာ ထား႐ွိသင့္ပါတယ္။ တစ္ခ်ိဳ႕ေသာ အစားအစာေတြဟာ မေတာ္တဆယူငင္ စားေသာက္မိရင္ နင္တာ၊ အသက္႐ွဴက်ပ္တာေတြျဖစ္ေစႏိုင္တာေၾကာင့္ပါ။

မီးဖိုေခ်ာင္ – အပူေလာင္ႏိုင္တာေတြ၊ ထိခိုက္႐ွနာ ျဖစ္ေစႏိုင္တာေတြ စုျပဳံတည္႐ွိေနတဲ့ မီးဖိုေခ်ာင္ကေတာ့ ေဘဘီေလးေတြ မ႐ွိေနသင့္တဲ့ ေနရာတစ္ခုပါပဲ။ ဒါတင္မကပါဘူး။ မီးဖိုေခ်ာင္ထဲက မသန္႔႐ွင္းတဲ့ေလထုကလည္း ရင္ေသြးေတြကို ထိခိုက္ေစႏိုင္ပါေသးတယ္။

အိမ္ေမြးတိရိစၧာန္႐ွိရာေနရာေတြ – ရင္ေသြးငယ္ေတြကို အိမ္ေမြးတိရိစၧာန္ေတြနဲ႔လည္း ခပ္ေဝးေဝးမွာ ေနေစသင့္ပါတယ္။ တိရိစၧာေတြဆီကေန မသန္႔႐ွင္းတဲ့ အေမႊးအမွ်င္ေတြ၊ ေရာဂါပိုးမႊားေတြနဲ႔ ထိခိုက္႐ွနာျဖစ္ေစႏိုင္တဲ့ အႏၲရာယ္ေတြ ၾကဳံရႏိုင္တာမို႔ျဖစ္ပါတယ္။

ေရခ်ိဳးခန္း – ေရခ်ိဳးခန္းေတြထဲမွာ ေရခ်ိဳးခ်ိန္နဲ႔ သန္႔စင္ေပးေနခ်ိန္ေတြကလြဲၿပီး က်န္အခ်ိန္မွာ ရင္ေသြးေတြကို မ႐ွိေနေစသင့္ပါဘူး။ ေခ်ာ္လဲတာမ်ိဳး၊ မ်က္လုံးထဲကို ဆပ္ျပာရည္ ဒါမွမဟုတ္ မသန္႔႐ွင္းတဲ့ အရည္ေတြ ဝင္ေရာက္ႏိုင္ေခ်ျမင့္မားပါတယ္။

ဒီလိုေနရာေလးေတြက ရင္ေသြးေလးေတြကို ထိခိုက္ေစႏိုင္ေခ်႐ွိတယ္ဆိုတာကို သိထားၿပီဆိုေတာ့ ေဘးအႏၲရာယ္ကင္း႐ွင္းေအာင္ ႀကိဳတင္ကာကြယ္ထားဖို႔နဲ႔ ေဘဘီေလးေတြကို ဂ႐ုစိုက္ေပးဖို႔ကေတာ့ ေဖေဖ၊ ေမေမတို႔ရဲ႕ တာဝန္ပါပဲေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
စိတ်ဝင်စားဖွယ် အိမ်ခြံမြေ အမေးအဖြေများ
စိတ်ဝင်စားဖွယ် အိမ်ခြံမြေ အမေးအဖြေများ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service