ကြိုပွိုင့်စနစ်၊ အရစ်ကျစနစ်ဖြင့် တိုက်ခန်းဝယ်ယူသူများသည် စာချုပ်တွင် ငွေပေးချေမှုစနစ်နှင့် တိုက်ခန်းအပ်နှံမည့်စနစ်ကိုသေချာစွာထည့်သွင်းချုပ်ဆိုသင့်သသည့်ကိစ္စ

ကြိုပွိုင့်စနစ်၊ အရစ်ကျစနစ်ဖြင့် တိုက်ခန်းဝယ်ယူသူများသည် စာချုပ်တွင် ငွေပေးချေမှုစနစ်နှင့် တိုက်ခန်းအပ်နှံမည့်စနစ်ကိုသေချာစွာထည့်သွင်းချုပ်ဆိုသင့်သသည့်ကိစ္စ - Property Knowledge in Myanmar from iMyanmarHouse.com
11 Nov 2020 1:34 pm တွင် တင်ခဲ့သည်
1470 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

နေရာကောင်းကောင်း အကွက်ကောင်းကောင်းတွင် လူနေတိုက်ခန်းများ၊ ကွန်ဒိုမီယမ်အဆင့်မြင့် တိုက်ခန်းများ ဆောက်လုပ်၍ ကြိုပွိုင့်ရောင်းချသည်များရှိသည်။ နေရာအကွက်အကွင်း ကောင်းသောကြောင့် လည်းကောင်း၊ အဆင့်မြင့်တိုက်ခန်းများဟု ဆိုသောကြောင့် လည်းကောင်း မက်ကြသည်။ အိမ်ပုံစံများကလည်း လှသည်။ ခေတ်မီသည်။ ကိုယ်ပိုင်မီးစက်၊ ကိုယ်ပိုင်ရေမော်တာ၊ ဓာတ်လှေကားစသည်ဖြင့် ပါဝင်သည်။ ဝယ်ယူရာတွင် ငွေပေးချေရသည့် စနစ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

(က) အရောင်းအဝယ်စာချုပ်ချုပ်သည့်နေ့တွင်စရန် - -- - - - - -၁၀%

(ခ) စာချုပ်ချုပ်သည့်နေ့မှ ( ၁၅ ) ရက်ပြည့်လျှင် - - - - ၁၅ %

(ဂ) ထို ၁၅ % ပေးပြီးနေ့မှ ( ၁ ) လပြည့်တိုင်း ပြည့်တိုင်း လစဉ်ဆက်တိုက် အခန်းဖိုးကျေသည်အထိ ပေး သွင်း သွားရမည့်ငွေ -- -- -၁၀%

အခန်းကို ကြိုက်နှစ်သက်၍ လက်ခံသဘောတူပြီ ဆိုလျှင် ၎င်းကုမ္ပဏီ LETTER HEAD ပေါ်တွင် အသင့်ရိုက် နှိပ်ထားသော စာချုပ်ပုံစံ၌ ရေးသွင်းကာ လက်မှတ်ရေးထိုး ချုပ်ဆိုရပါသည်။စာချုပ်မှာ အခွန်တော်တံဆိပ်ခေါင်း စာချုပ်ပေါ်တွင် ရိုပ်နှိပ်ထားခြင်းမဟုတ်၊ ကုမ္ပဏီ LETTER HEAD ပေါ်တွင် ရိုက်နှိပ်ထားခြင်းဖြစ်သည်။ စာချုပ်တွင်ရောင်းချသူ၊ ဝယ်ယူသူ အရောင်းအဝယ်ပြုသည့် တိုက်ခန်း၊ တိုက်ခန်းတန်ဖိုး၊ ငွေပေးချမှုစနစ်၊ ငွေလက်ခံရရှိခြင်း၊ တိုက်ခန်းတွင် ပါဝင်သုံးစွဲမည့်အရာများဟူ၍ ဖြစ်သည်။

ငွေပေးချေမှုစနစ်မှာ အထက်ဖော်ပြခဲ့သည့်အတိုင်းဖြစ်သည်။ ငွေလက်ခံရရှိခြင်းအပိုင်းတွင်မူ (၁၀) ကြိမ် ငွေပေးသွင်းရန် သတ်မှတ်ထားပြီး ပထမအကြိမ်း ၁၀ %၊ ဒုတိယအကြိမ် ၁၅ % ၊ တတိယအကြိမ်မှ နဝမ အကြိမ် ၁၀% ၊ ဒသမအကြိမ် နောက်ဆုံးကျန် ၅%ဖြစ်သည်။

တိုက်ခန်းတွင် ပါဝင်သုံးစွဲမည့် အရာများအပိုင်းမှာမူ တိုက်ခန်းဝယ်ယူသူ အကြိုက်တွေ့မည် အပိုင်းဖြစ်သည်။ တိုက်ခန်း၏အလှအပများ မျက်စိထဲမြင်လာသည် အထိ ပါဝင်မည့် အခန်းအင်္ဂါရပ်ကို ပြည့်ပြည့်စုံစုံ ဖော်ပြထားသည်။

ကုမ္ပဏီကြီးတစ်ခုက ဆောက်လုပ်သည်ဖြစ်၍ အခန်းဝယ်ယူသူများ ယုံကြည်စိတ်ချကြသည်။ သို့သော် စာချုပ်ဟုဆိုပါကစာချုပ်၏အင်္ဂါရပ်ပြည့်စုံရမည်သာဖြစ်သည်။ တိုက်ခန်းအရောင်းအဝယ်စာချုပ်ဟု ခေါင်းစဉ်တပ် ထားသော်လည်း နိုင်ငံတော်ကရောင်းချသည့် အခွန်တော်တံဆိပ် ခေါင်းစာချုပ်ပေါ်တွင် ချုပ်ဆိုခြင်းမဟုတ်၊ ကုမ္ပဏီ LETTER HEAD ပေါ်တွင် ချုပ်ဆိုခြင်းဖြစ်၍ ယင်းစာချုပ် တရားမဝင်ဟု မဆိုနိုင်သော်လည်း နစ်နာ သူဘက်က တရားတဘောင် စွဲဆိုမည်ဆိုပါက တရားမစွဲဆိုမီ အခွန်တော်ဥပဒေနှင့်အညီ လုပ်ဆောင်ရဦးမည် ဖြစ်သည်။

ထိုသို့ အခွန် တော်ဥပဒေနှင့်အညီ လုပ်ဆောင်ရဦးမည်ဖြစ်သည်။ ထိုသို့ အခွန်တော်ဥပဒေနှင့်အညီ လုပ်ဆောင်ပေးပြီးမှသာ တရားစွဲဆိုရမည်ဖြစ်၍ တရား စွဲဆိုရေးတွင် အထစ်အငေါ့ဖြစ်စေနိုင်ပါသည်။

တိုက်ခန်းဝယ်ယူသူများ အဆိုပါကုမ္ပဏီများနှင့် တိုက်ခန်းအရောင်း အဝယ်စာချုပ်ရာတွင် အောက်ပါအချက်ပါ/မပါ သတိပြုသင့်ပါသည်။ စာချုပ်တွင် ငွေပေးချေမှုစနစ်အရ တိုက်ခန်းဝယ်ယူသူဘက်က (၁၀) ကြိမ်ဆက်တိုက် ပေးသွင်းရမည်ဟူသောအချက်ပါရှိသော်လည်း ကုမ္ပဏီဘက်က တိုက်ခန်းကို မည်သည့်အချိန်တွင် အပြီးဆောက်လုပ်၍ မည်သည့်အချိန်တွင် တိုက်ခန်း ဝယ်ယူသူလက်သို့ ပေးအပ်မည်ဆိုသည့်အချက် ပါ/မပါ အချက်ပင် ဖြစ်သည်။

တိုက်ခန်းဝယ်ယူသူထံမှ (၁၀) ကြိမ်ပြည့်သည်အထိ လစဉ်အဆက် မပြတ် ရောင်းဖိုးငွေများ ရယူနေသော်လည်း အချို့ရောင်းဖိုးငွေသာကျေသည်၊ တိုက်ခန်းအခြေအနေကား လုံးဝတိုးတက်မှုမရှိ။စာချုပ်တွင် ငွေပေးချေသည့်စနစ်သာပါရှိပြီး တိုက်ခန်းပေးအပ်ရမည့်စနစ် မပါခဲ့သောကြောင့် ကြိုပွိုင့်ဖြင့် တိုက်ခန်းဝယ်ယူထားသော သူများ ရှေ့တိုးမရ၊ နောက်ဆုတ်မရ ဖြစ်နေကြရပေသည်။

သို့ဖြစ်ပါ၍ ကြိုပွိုင့်စနစ်၊ အရစ်ကျစနစ်ဖြင့် တိုက်ခန်းဝယ်ယူထားသူများ စာချုပ်တွင် ငွေပေးချေမှုစနစ် နှင့် တိုက်ခန်းအပ်ရမည့်စနစ်လည်း သေချာစွာထည့်သွင်းဆောင်ရွက်ချုပ်ဆိုသင့်ကြောင်း ဥပပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ႀကိဳပြိဳင့္စနစ္၊ အရစ္က်စနစ္ျဖင့္ တိုက္ခန္းဝယ္ယူသူမ်ားသည္ စာခ်ဳပ္တြင္ ေငြေပးေခ်မႈစနစ္ႏွင့္ တုိက္ခန္းအပ္ႏွံမည့္စနစ္ကိုေသခ်ာစြာထည့္သြင္းခ်ဳပ္ဆိုသင့္သသည့္ကိစၥ

ေနရာေကာင္းေကာင္း အကြက္ေကာင္းေကာင္းတြင္ လူေနတိုက္ခန္းမ်ား၊ ကြန္ဒိုမီယမ္အဆင့္ျမင့္ တိုက္ခန္းမ်ား ေဆာက္လုပ္၍ ႀကိဳပြိဳင့္ေရာင္းခ်သည္မ်ားရွိသည္။ ေနရာအကြက္အကြင္း ေကာင္းေသာေၾကာင့္ လည္းေကာင္း၊ အဆင့္ျမင့္တိုက္ခန္းမ်ားဟု ဆိုေသာေၾကာင့္ လည္းေကာင္း မက္ၾကသည္။ အိမ္ပုံစံမ်ားကလည္း လွသည္။ ေခတ္မီသည္။ ကိုယ္ပိုင္မီးစက္၊ ကိုယ္ပိုင္ေရေမာ္တာ၊ ဓာတ္ေလွကားစသည္ျဖင့္ ပါဝင္သည္။ ဝယ္ယူရာတြင္ ေငြေပးေခ်ရသည့္ စနစ္မွာ ေအာက္ပါအတိုင္း ျဖစ္သည္။

(က) အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္သည့္ေန႔တြင္စရန္ - -- - - - - -၁၀%

(ခ) စာခ်ဳပ္ခ်ဳပ္သည့္ေန႔မွ ( ၁၅ ) ရက္ျပည့္လွ်င္ - - - - ၁၅ %

(ဂ) ထို ၁၅ % ေပးၿပီးေန႔မွ ( ၁ ) လျပည့္တိုင္း ျပည့္တိုင္း လစဥ္ဆက္တိုက္ အခန္းဖိုးေက်သည္အထိ ေပး သြင္း သြားရမည့္ေငြ -- -- -၁၀%

အခန္းကို ႀကိဳက္ႏွစ္သက္၍ လက္ခံသေဘာတူၿပီ ဆိုလွ်င္ ၎ကုမၸဏီ LETTER HEAD ေပၚတြင္ အသင့္႐ိုက္ ႏွိပ္ထားေသာ စာခ်ဳပ္ပုံစံ၌ ေရးသြင္းကာ လက္မွတ္ေရးထိုး ခ်ဳပ္ဆိုရပါသည္။စာခ်ဳပ္မွာ အခြန္ေတာ္တံဆိပ္ေခါင္း စာခ်ဳပ္ေပၚတြင္ ႐ိုပ္ႏွိပ္ထားျခင္းမဟုတ္၊ ကုမၸဏီ LETTER HEAD ေပၚတြင္ ႐ိုက္ႏွိပ္ထားျခင္းျဖစ္သည္။ စာခ်ဳပ္တြင္ေရာင္းခ်သူ၊ ဝယ္ယူသူ အေရာင္းအဝယ္ျပဳသည့္ တိုက္ခန္း၊ တိုက္ခန္းတန္ဖိုး၊ ေငြေပးခ်မႈစနစ္၊ ေငြလက္ခံရရွိျခင္း၊ တိုက္ခန္းတြင္ ပါဝင္သုံးစြဲမည့္အရာမ်ားဟူ၍ ျဖစ္သည္။

ေငြေပးေခ်မႈစနစ္မွာ အထက္ေဖာ္ျပခဲ့သည့္အတိုင္းျဖစ္သည္။ ေငြလက္ခံရရွိျခင္းအပိုင္းတြင္မူ (၁၀) ႀကိမ္ ေငြေပးသြင္းရန္ သတ္မွတ္ထားၿပီး ပထမအႀကိမ္း ၁၀ %၊ ဒုတိယအႀကိမ္ ၁၅ % ၊ တတိယအႀကိမ္မွ နဝမ အႀကိမ္ ၁၀% ၊ ဒသမအႀကိမ္ ေနာက္ဆုံးက်န္ ၅%ျဖစ္သည္။

တိုက္ခန္းတြင္ ပါဝင္သုံးစြဲမည့္ အရာမ်ားအပိုင္းမွာမူ တိုက္ခန္းဝယ္ယူသူ အႀကိဳက္ေတြ႕မည္ အပိုင္းျဖစ္သည္။ တိုက္ခန္း၏အလွအပမ်ား မ်က္စိထဲျမင္လာသည္ အထိ ပါဝင္မည့္ အခန္းအဂၤါရပ္ကို ျပည့္ျပည့္စုံစုံ ေဖာ္ျပထားသည္။

ကုမၸဏီႀကီးတစ္ခုက ေဆာက္လုပ္သည္ျဖစ္၍ အခန္းဝယ္ယူသူမ်ား ယုံၾကည္စိတ္ခ်ၾကသည္။ သို႔ေသာ္ စာခ်ဳပ္ဟုဆိုပါကစာခ်ဳပ္၏အဂၤါရပ္ျပည့္စုံရမည္သာျဖစ္သည္။ တိုက္ခန္းအေရာင္းအဝယ္စာခ်ဳပ္ဟု ေခါင္းစဥ္တပ္ ထားေသာ္လည္း ႏိုင္ငံေတာ္ကေရာင္းခ်သည့္ အခြန္ေတာ္တံဆိပ္ ေခါင္းစာခ်ဳပ္ေပၚတြင္ ခ်ဳပ္ဆိုျခင္းမဟုတ္၊ ကုမၸဏီ LETTER HEAD ေပၚတြင္ ခ်ဳပ္ဆိုျခင္းျဖစ္၍ ယင္းစာခ်ဳပ္ တရားမဝင္ဟု မဆိုႏိုင္ေသာ္လည္း နစ္နာ သူဘက္က တရားတေဘာင္ စြဲဆိုမည္ဆိုပါက တရားမစြဲဆိုမီ အခြန္ေတာ္ဥပေဒႏွင့္အညီ လုပ္ေဆာင္ရဦးမည္ ျဖစ္သည္။

ထိုသို႔ အခြန္ ေတာ္ဥပေဒႏွင့္အညီ လုပ္ေဆာင္ရဦးမည္ျဖစ္သည္။ ထိုသို႔ အခြန္ေတာ္ဥပေဒႏွင့္အညီ လုပ္ေဆာင္ေပးၿပီးမွသာ တရားစြဲဆိုရမည္ျဖစ္၍ တရား စြဲဆိုေရးတြင္ အထစ္အေငါ့ျဖစ္ေစႏိုင္ပါသည္။

တိုက္ခန္းဝယ္ယူသူမ်ား အဆိုပါကုမၸဏီမ်ားႏွင့္ တိုက္ခန္းအေရာင္း အဝယ္စာခ်ဳပ္ရာတြင္ ေအာက္ပါအခ်က္ပါ/မပါ သတိျပဳသင့္ပါသည္။ စာခ်ဳပ္တြင္ ေငြေပးေခ်မႈစနစ္အရ တိုက္ခန္းဝယ္ယူသူဘက္က (၁၀) ႀကိမ္ဆက္တိုက္ ေပးသြင္းရမည္ဟူေသာအခ်က္ပါရွိေသာ္လည္း ကုမၸဏီဘက္က တိုက္ခန္းကို မည္သည့္အခ်ိန္တြင္ အၿပီးေဆာက္လုပ္၍ မည္သည့္အခ်ိန္တြင္ တိုက္ခန္း ဝယ္ယူသူလက္သို႔ ေပးအပ္မည္ဆိုသည့္အခ်က္ ပါ/မပါ အခ်က္ပင္ ျဖစ္သည္။

တိုက္ခန္းဝယ္ယူသူထံမွ (၁၀) ႀကိမ္ျပည့္သည္အထိ လစဥ္အဆက္ မျပတ္ ေရာင္းဖိုးေငြမ်ား ရယူေနေသာ္လည္း အခ်ိဳ႕ေရာင္းဖိုးေငြသာေက်သည္၊ တိုက္ခန္းအေျခအေနကား လုံးဝတိုးတက္မႈမရွိ။စာခ်ဳပ္တြင္ ေငြေပးေခ်သည့္စနစ္သာပါရွိၿပီး တိုက္ခန္းေပးအပ္ရမည့္စနစ္ မပါခဲ့ေသာေၾကာင့္ ႀကိဳပြိဳင့္ျဖင့္ တိုက္ခန္းဝယ္ယူထားေသာ သူမ်ား ေရွ႕တိုးမရ၊ ေနာက္ဆုတ္မရ ျဖစ္ေနၾကရေပသည္။

သို႔ျဖစ္ပါ၍ ႀကိဳပြိဳင့္စနစ္၊ အရစ္က်စနစ္ျဖင့္ တိုက္ခန္းဝယ္ယူထားသူမ်ား စာခ်ဳပ္တြင္ ေငြေပးေခ်မႈစနစ္ ႏွင့္ တိုက္ခန္းအပ္ရမည့္စနစ္လည္း ေသခ်ာစြာထည့္သြင္းေဆာင္ရြက္ခ်ဳပ္ဆိုသင့္ေၾကာင္း ဥပပေဒဗဟုသုတရရွိေစရန္ ေရးသားေဖာ္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service