မထင်မှတ်တဲ့အမှား …. အိမ်ခြံမြေအရောင်းအဝယ်လုပ်ရာမှာ ကြန့်ကြာသွား

မထင်မှတ်တဲ့အမှား …. အိမ်ခြံမြေအရောင်းအဝယ်လုပ်ရာမှာ ကြန့်ကြာသွား - Property Knowledge in Myanmar from iMyanmarHouse.com
30 Oct 2020 1:21 pm တွင် တင်ခဲ့သည်
845 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ဒီဇင်ဘာ ၈ , ၉ , ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးအိမ်ခြံမြေအရောင်းပြပွဲကြီးကို iMyanmarHouse.com က (၁၂) ကြိမ်မြောက် တပ်မတော်ခန်းမမှာ (၃) ရက်တိုင်တိုင်ကျင်းပခဲပါတယ်။ အဲဒီအရောင်းပြပွဲကြီးမှာ လာရောက်လေ့လာခဲ့သူ “ လဲ့လဲ့ ” တစ်ယောက် အိမ်အပြန်မှာ အမှတ်တရအဖြစ် iMyanmarHouse စာအုပ်အရောင်းဆိုင်က “ လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ” ရဲ့ “ မြေရှင်သူဌေးကြီးဖြစ်ပါရစေ” စာအုပ်ကိုဝယ်လာပြီး အိမ်ရောက်တဲ့အခါ ဖတ်ကြည့်လိုက်ပါတယ်။

မကြာခင်မှာ သူမလည်း မြေနဲ့အိမ်ဝယ်မှာဖြစ်တဲ့အတွက် စာအုပ်ကိုပိုမိုစိတ်ဝင်စားစွာဖတ်ခဲ့ပါတယ်။ စာအုပ်ထဲမှာက တိုက်ခန်းအကြောင်းရော ၊ အိမ်ခြံမြေအကြောင်းရော နှစ်မျိုးစလုံးဖတ်ရပါတယ်။ မြေအကြောင်းဖတ်ကြည့်တဲ့အခါ ဂရန်တွေ ၊ ပါမစ်တွေ ၊ စလစ်တွေ ၊ လယ်ယာမြေတွေ ၊ ဥယျာဉ်ခြံမြေတွေ အစရှိသဖြင့်တွေ့ရပါတယ်။

အခု “ လဲ့လဲ့” ဝယ်မှာက “ ဂရန် ”မြေဖြစ်နေတယ်၊ ဂရန်မြေအကြောင်း ဖတ်ကြည့်တော့လည်း ခိုင်မာတယ် ဆိုပေမယ့် ရောင်းသူကဂရန်အမည်ပေါက်ဖြစ်မှ ဝယ်ရတာလွယ်ကူတာတို့ ဂရန်အမည်ပေါက်ထံက အခြားတစ်ဦးဦးက ဝယ်ပြီး Power (က်ိုယ်စားလှယ်လွှဲစာ) ကိုင်ထားသူတွေလည်းရှိပြန်တယ်။အချို့ဂရန်တွေကျပြန်တော့လည်း မြေဂရန်အမည်ပေါက်သူကသေသွားပြီး အမွေဆက်ခံသူဇနီးထံက ဝယ်ရတာတို့ သားသမီးထံက ဝယ်ရတာတို့ ဖတ်ရတော့လွယ်မယ်ထင်တာ အတော်ခက်သားဘဲနော် ရှေ့နေခေါ်ပြီး စာချုပ်တာဘဲကောင်းပါတယ်ဆိုပြီး “ လဲ့လဲ့” ဆုံးဖြတ်လ်ိုက်တယ်။

ဒီလိုနဲ့ စာအုပ်မှာ မောင်ကောင်းဖေရဲ့ ဖုန်းနံပါတ်ရှာတွေ့ပြီး ဖုန်းဆက်လိုက်တာပါဘဲ။နောက်တစ်နေ့မှာ စရန်ပေးစာချုပ်ချုပ်မှာလို့လည်း ကြိုပြောပါတယ်။စာချုပ်တဲ့နေ့အိမ်မှာလာခေါ်ပါတယ်။ ကျွန်ုပ်တို့အဖွဲ့ရွှေပေါက်က္ကံမြို့သစ်ရောက်တဲ့အချိန်မှာ အကျိုးအကြောင်းအခြေအနေကို ပွဲစားဖြစ်သူကိုမေးကြည့်ပါသေးတယ်။ ပွဲစားဆိုသူကလည်း ရောင်းသူဝယ်သူနှစ်ဘက်စလုံးနဲ့ရင်းနှီးနေလို့ကြားကကူညီပေးတာ ဆိုတော့ရောင်းမယ့်အိမ်ကိုအရင်သွားကြည့်ခဲ့ကြပါသေးတယ်။ရောင်းမယ့်မြေကွက်ကတော့ ထောင့်ကွက်လည်းဖြစ်တယ် လမ်းကလည်း လူအစည်ကားဆုံးလမ်းဖြစ်နေတယ်။ ဈေးမဟုတ်ဘဲနဲ့ဘာကြောင့်များစည်ကားနေတာလဲမေးကြည့်တော့ “ရွှေပေါက်က္ကံ” စက်မှုဇုန်နဲ့လည်းနီးလို့တဲ့လေ။ အလုပ်ပြန်ချိန်ဈေးဝယ်သူများတဲ့အတွက် တဖြည်းဖြည်းနဲ့ဈေးလမ်း/ဈေးတန်းဖြစ်သွားတယ်လို့သိရတယ်။ အောက်ထပ်ကဆိုင်ခန်းက (၈) ခန်းအပေါ်ထပ်က အဆောင်ငှါးထားတာက (၈)ခန်းဆိုတော့ တစ်လဝင်ငွေ မနည်းဘူးရတာပေါ့။

ဝယ်သူတို့လိုက်ပြလို့ ကျွန်ုပ်တောင်သဘောကျသွားတယ် ၊ လစဉ်ပုံမှန်ဝင်ငွေရမှာလေ။ကောင်းတာပေါ့ ။ရောင်းဈေးဘယ်လောက်လည်းမေးကြည့်တော့ သိန်း (၂၅၀၀) တဲ့ ဈေးကောင်းလှချည်လားလို့ကျွန်ုပ်မျက်လုံးပြူးသွားတယ်။ လမ်းမကြီးလည်းမဟုတ်ဘူး၊ ရပ်ကွက်လမ်းကျယ်တစ်ခုပါဘဲ ဒါပေမယ့် မြောက်ဒဂုံပြည်ထောင်စုလမ်းက ဈေးတွေနဲ့ သိပ်မကွာဘူးဖြစ်နေတယ်။

ဒါပေမဲ့ ဒါကရှေ့နေအမြင်လေ “ လဲ့လဲ့ ”တို့လို စီးပွားရေးသမားတွေကတော့ ဈေးကွက်ကြ်ိုမြင်ပုံရပါတယ်။ ကြိုက်တော့ဝယ်ဖို့ဆုံးဖြတ်လိုက်တယ်။ဒါနဲ့ရောင်းသူရဲ့အိမ်ပေါ်ရောက်တာနဲ့ ရောင်းသူတွေက မြေဂရန်နဲ့စာချုပ်ရယ်ကိုယ်စားလှယ်လွှဲစာရယ်ထုတ်ပြပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဂရန်အမည်ပေါက်ထံက တိုက်ရိုက်ဝယ်ထားတာဖြစ်ပြီး အမည်မပြောင်းသေးဘဲ Power ကိုင်ထားတယ်ဆိုတာရှင်းသွားပါတယ်။

အိုကေ……ပါဝါယူထားတယ်ဆိုရင်လည်းရတယ်။ Power ရသူကစည်ပင်ရုံးနဲ့စာချုပ်ရုံးတွေမှာလိုက်ပြီးလက်မှတ်ထိုးပေးရင် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်လို့ရတာဘဲလေ။ ဒါနဲ့ စရန်ပေးစာချုပ်လိုက်ကြတယ်။ စာချုပ်စဉ်မှာ ပါဝါလက်ခံထားသူရဲ့ မှတ်ပုံတင်မူရင်းကိုတောင်းယူကြည့်လိုက်တဲ့အခါမှာ ပါဝါမှာအလွဲ (၂) ခု သွားတွေ့ရပါတယ်။ အမှားတစ်ခုက ပါဝါလက်ခံသူရဲ့ အဖေနာမည်လွဲနေတယ်။နောက်အမှားတစ်ခုက ပါဝါလက်ခံသူရဲ့ မှတ်ပုံတင်နံပါတ်နောက်ဆုံး ဂဏန်း ၁ နဲ့ ၂ လွှဲနေတယ်။ ဒါဆိုရင် မြို့တော်ခန်းမမှာ အရောင်းမြေပုံကူးရင်လည်းရမှာမဟုတ်ဘူး။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ ပါဝါရသူကရောင်းသူကိုယ်စားလက်မှတ်ထိုးရင်လည်း လက်ခံမှာမဟုတ်ဘူး။ နိုင်ငံသားကတ်မှာပါတဲ့ အဖေနာမည်နဲ့ မှတ်ပုံတင်အမှတ်လွဲနေတာကြောင့်ပေါ့။

ဒါဆိုရင်တော့ အဲဒီအထူးကိုယ်စားလှယ်လွှဲစာကို ပြန်လည်ရုပ်သိမ်းပြီး အထူးကိုယ်စားလှယ်လွှဲစာအသစ်ပြန်လုပ်ရမှာဖြစ်ပါတယ်။ ဒီလိုပါဝါမှာ လွဲမှားနေတာကို ရောင်းသူတွေလည်းမသိကြပါဘူး။ ကျွန်ုပ်က နှိုင်းယှဉ်ပြမှ သူတို့မြင်သွားကြတယ်။ ဒါဆိုရင် မူရင်းဂရန်အမည်ပေါက်ကိုခေါ်ပြီး ကိုယ်စားလှယ်လွှဲစာပြန်ယူလိုက်ပါ။ရတဲ့ အခါကျမှ မြို့တော်ခန်းမမှာအရောင်းမြေပုံကူးပြီး မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဖို့ဆက်လက်ဆောင်ရွက်ကြရတာပေါ့လို့ရှင်းပြပြီး ကျွန်ပ်တို့ဝယ်သူအဖွဲ့လည်းနှုတ်ဆက်ပြီး ပြန်ခဲ့ကြပါတော့တယ်။

ဒါကြောင့် အရောင်းအဝယ်လုပ်ရင် စေ့စပ်သေချာဖို့အရေးကြီးတယ်ဆိုတဲ့သင်ခန်းစာတစ်ခု ရလိုက်ပြန်ပါတော့တယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

မထင္မွတ္တဲ့အမွား …. အိမ္ျခံေျမအေရာင္းအဝယ္လုပ္ရာမွာ ၾကန္႔ၾကာသြား

ဒီဇင္ဘာ ၈ , ၉ , ၁၀ ရက္ေန႕မွာ ျမန္မာႏိုင္ငံရဲ႕ အၾကီးဆံုးအိမ္ျခံေျမအေရာင္းျပပြဲၾကီးကို iMyanmarHouse.com က (၁၂) ၾကိမ္ေျမာက္ တပ္မေတာ္ခန္းမမွာ (၃) ရက္တိုင္တိုင္က်င္းပခဲပါတယ္။ အဲဒီအေရာင္းျပပြဲၾကီးမွာ လာေရာက္ေလ့လာခဲ့သူ “ လဲ့လဲ့ ” တစ္ေယာက္ အိမ္အျပန္မွာ အမွတ္တရအျဖစ္ iMyanmarHouse စာအုပ္အေရာင္းဆိုင္က “ လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ” ရဲ႕ “ ေျမရွင္သူေဌးၾကီးျဖစ္ပါရေစ” စာအုပ္ကိုဝယ္လာျပီး အိမ္ေရာက္တဲ့အခါ ဖတ္ၾကည့္လိုက္ပါတယ္။

မၾကာခင္မွာ သူမလည္း ေျမနဲ႕အိမ္ဝယ္မွာျဖစ္တဲ့အတြက္ စာအုပ္ကိုပိုမိုစိတ္ဝင္စားစြာဖတ္ခဲ့ပါတယ္။ စာအုပ္ထဲမွာက တိုက္ခန္းအေၾကာင္းေရာ ၊ အိမ္ျခံေျမအေၾကာင္းေရာ နွစ္မ်ိဳးစလံုးဖတ္ရပါတယ္။ ေျမအေၾကာင္းဖတ္ၾကည့္တဲ့အခါ ဂရန္ေတြ ၊ ပါမစ္ေတြ ၊ စလစ္ေတြ ၊ လယ္ယာေျမေတြ ၊ ဥယ်ာဥ္ျခံေျမေတြ အစရွိသျဖင့္ေတြ႕ရပါတယ္။

အခု “ လဲ့လဲ့” ၀ယ္မွာက “ ဂရန္ ”ေျမျဖစ္ေနတယ္၊ ဂရန္ေျမအေၾကာင္း ဖတ္ၾကည့္ေတာ့လည္း ခိုင္မာတယ္ ဆိုေပမယ့္ ေရာင္းသူကဂရန္အမည္ေပါက္ျဖစ္မွ ဝယ္ရတာလြယ္ကူတာတို႕ ဂရန္အမည္ေပါက္ထံက အျခားတစ္ဦးဦးက ဝယ္ျပီး Power (ကို္ယ္စားလွယ္လႊဲစာ) ကိုင္ထားသူေတြလည္းရွိျပန္တယ္။အခ်ိဳ႕ဂရန္ေတြက်ျပန္ေတာ့လည္း ေျမဂရန္အမည္ေပါက္သူကေသသြားျပီး အေမြဆက္ခံသူဇနီးထံက ဝယ္ရတာတို႕ သားသမီးထံက ဝယ္ရတာတို႕ ဖတ္ရေတာ့လြယ္မယ္ထင္တာ အေတာ္ခက္သားဘဲေနာ္ ေရွ႕ေနေခၚျပီး စာခ်ဳပ္တာဘဲေကာင္းပါတယ္ဆိုျပီး “ လဲ့လဲ့” ဆံုးျဖတ္လို္က္တယ္။

ဒီလိုနဲ႕ စာအုပ္မွာ ေမာင္ေကာင္းေဖရဲ႕ ဖုန္းနံပါတ္ရွာေတြ႕ျပီး ဖုန္းဆက္လိုက္တာပါဘဲ။ေနာက္တစ္ေန႕မွာ စရန္ေပးစာခ်ဳပ္ခ်ဳပ္မွာလို႕လည္း ၾကိဳေျပာပါတယ္။စာခ်ဳပ္တဲ့ေန႔အိမ္မွာလာေခၚပါတယ္။ ကၽြနု္ပ္တို႕အဖြဲ႕ေရႊေပါက္ကၠံျမိဳ႕သစ္ေရာက္တဲ့အခ်ိန္မွာ အက်ိဳးအေၾကာင္းအေျခအေနကို ပြဲစားျဖစ္သူကိုေမးၾကည့္ပါေသးတယ္။ ပြဲစားဆိုသူကလည္း ေရာင္းသူဝယ္သူနွစ္ဘက္စလံုးနဲ႕ရင္းနွီးေနလို႕ၾကားကကူညီေပးတာ ဆိုေတာ့ေရာင္းမယ့္အိမ္ကိုအရင္သြားၾကည့္ခဲ့ၾကပါေသးတယ္။ေရာင္းမယ့္ေျမကြက္ကေတာ့ ေထာင့္ကြက္လည္းျဖစ္တယ္ လမ္းကလည္း လူအစည္ကားဆံုးလမ္းျဖစ္ေနတယ္။ ေဈးမဟုတ္ဘဲနဲ႕ဘာေၾကာင့္မ်ားစည္ကားေနတာလဲေမးၾကည့္ေတာ့ “ေရႊေပါက္ကၠံ” စက္မႈဇုန္နဲ႕လည္းနီးလို႕တဲ့ေလ။ အလုပ္ျပန္ခ်ိန္ေဈးဝယ္သူမ်ားတဲ့အတြက္ တျဖည္းျဖည္းနဲ႕ေဈးလမ္း/ေဈးတန္းျဖစ္သြားတယ္လို႕သိရတယ္။ ေအာက္ထပ္ကဆိုင္ခန္းက (၈) ခန္းအေပၚထပ္က အေဆာင္ငွါးထားတာက (၈)ခန္းဆိုေတာ့ တစ္လဝင္ေငြ မနည္းဘူးရတာေပါ့။

ဝယ္သူတို႕လိုက္ျပလို႕ ကၽြန္ုပ္ေတာင္သေဘာက်သြားတယ္ ၊ လစဥ္ပံုမွန္ဝင္ေငြရမွာေလ။ေကာင္းတာေပါ့ ။ေရာင္းေဈးဘယ္ေလာက္လည္းေမးၾကည့္ေတာ့ သိန္း (၂၅၀၀) တဲ့ ေဈးေကာင္းလွခ်ည္လားလို႕ကၽြႏ္ုပ္မ်က္လံုးျပဴးသြားတယ္။ လမ္းမၾကီးလည္းမဟုတ္ဘူး၊ ရပ္ကြက္လမ္းက်ယ္တစ္ခုပါဘဲ ဒါေပမယ့္ ေျမာက္ဒဂံုျပည္ေထာင္စုလမ္းက ေဈးေတြနဲ႕ သိပ္မကြာဘူးျဖစ္ေနတယ္။

ဒါေပမဲ့ ဒါကေရွ႕ေနအျမင္ေလ “ လဲ့လဲ့ ”တို႕လို စီးပြားေရးသမားေတြကေတာ့ ေဈးကြက္ၾကိ္ဳျမင္ပံုရပါတယ္။ ၾကိဳက္ေတာ့ဝယ္ဖို႕ဆံုးျဖတ္လိုက္တယ္။ဒါနဲ႕ေရာင္းသူရဲ႕အိမ္ေပၚေရာက္တာနဲ႕ ေရာင္းသူေတြက ေျမဂရန္နဲ႕စာခ်ဳပ္ရယ္ကိုယ္စားလွယ္လႊဲစာရယ္ထုတ္ျပပါတယ္။ ဒါကိုၾကည့္ျခင္းအားျဖင့္ ဂရန္အမည္ေပါက္ထံက တိုက္ရုိက္ဝယ္ထားတာျဖစ္ျပီး အမည္မေျပာင္းေသးဘဲ Power ကိုင္ထားတယ္ဆိုတာရွင္းသြားပါတယ္။

အိုေက……ပါဝါယူထားတယ္ဆိုရင္လည္းရတယ္။ Power ရသူကစည္ပင္ရုံးနဲ႕စာခ်ဳပ္ရုံးေတြမွာလိုက္ျပီးလက္မွတ္ထိုးေပးရင္ မွတ္ပံုတင္အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္လို႕ရတာဘဲေလ။ ဒါနဲ႕ စရန္ေပးစာခ်ဳပ္လိုက္ၾကတယ္။ စာခ်ဳပ္စဥ္မွာ ပါဝါလက္ခံထားသူရဲ႕ မွတ္ပံုတင္မူရင္းကိုေတာင္းယူၾကည့္လိုက္တဲ့အခါမွာ ပါဝါမွာအလြဲ (၂) ခု သြားေတြ႕ရပါတယ္။ အမွားတစ္ခုက ပါဝါလက္ခံသူရဲ႕ အေဖနာမည္လြဲေနတယ္။ေနာက္အမွားတစ္ခုက ပါဝါလက္ခံသူရဲ႕ မွတ္ပံုတင္နံပါတ္ေနာက္ဆံုး ဂဏန္း ၁ နဲ႔ ၂ လႊဲေနတယ္။ ဒါဆိုရင္ ျမိဳ႕ေတာ္ခန္းမမွာ အေရာင္းေျမပံုကူးရင္လည္းရမွာမဟုတ္ဘူး။ စာခ်ဳပ္စာတမ္းမွတ္ပံုတင္ရုံးမွာ ပါဝါရသူကေရာင္းသူကိုယ္စားလက္မွတ္ထိုးရင္လည္း လက္ခံမွာမဟုတ္ဘူး။ ႏိုင္ငံသားကတ္မွာပါတဲ့ အေဖနာမည္နဲ႕ မွတ္ပံုတင္အမွတ္လြဲေနတာေၾကာင့္ေပါ့။

ဒါဆိုရင္ေတာ့ အဲဒီအထူးကိုယ္စားလွယ္လႊဲစာကို ျပန္လည္ရုပ္သိမ္းျပီး အထူးကိုယ္စားလွယ္လႊဲစာအသစ္ျပန္လုပ္ရမွာျဖစ္ပါတယ္။ ဒီလိုပါဝါမွာ လြဲမွားေနတာကို ေရာင္းသူေတြလည္းမသိၾကပါဘူး။ ကၽြႏ္ုပ္က ႏိႈင္းယွဥ္ျပမွ သူတို႕ျမင္သြားၾကတယ္။ ဒါဆိုရင္ မူရင္းဂရန္အမည္ေပါက္ကိုေခၚျပီး ကိုယ္စားလွယ္လႊဲစာျပန္ယူလိုက္ပါ။ရတဲ့ အခါက်မွ ျမိဳ႕ေတာ္ခန္းမမွာအေရာင္းေျမပံုကူးျပီး မွတ္ပံုတင္အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဖို႕ဆက္လက္ေဆာင္ရြက္ၾကရတာေပါ့လို႕ရွင္းျပျပီး ကၽြန္ပ္တို႕ဝယ္သူအဖြဲ႕လည္းႏႈတ္ဆက္ျပီး ျပန္ခဲ့ၾကပါေတာ့တယ္။

ဒါေၾကာင့္ အေရာင္းအဝယ္လုပ္ရင္ ေစ့စပ္ေသခ်ာဖို႕အေရးၾကီးတယ္ဆိုတဲ့သင္ခန္းစာတစ္ခု ရလိုက္ျပန္ပါေတာ့တယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႔ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
42 Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service