ဘိုးဘွားပိုင်မြေကို မည်သူက၊ မည်သည့်နည်းလမ်းဖြင့် လွှဲပြောင်းရောင်းချခွင့်ရှိသလဲ။

ဘိုးဘွားပိုင်မြေကို မည်သူက၊ မည်သည့်နည်းလမ်းဖြင့် လွှဲပြောင်းရောင်းချခွင့်ရှိသလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
27 Sep 2020 10:03 am တွင် တင်ခဲ့သည်
713 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ဘိုးဘွားမိဘလက်ထက်ကပင် ဓားမဦးချပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံခွင့်ရှိသော မြေမျိုးဖြစ်သည်။

ထိုမြေအမျိုးအစားကို အောက်ပါနည်းလမ်းဖြင့် ပိုင်ဆိုင်သူမှ ရောင်းချခွင့်ရှိသည်။

မြေအမည်ပေါက် ပိုင်ဆိုင်သူကိုယ်တိုင်က လွှဲပြောင်းရောင်းချခွင့်ရှိသည်။

မြေအမည်ပေါက် ပိုင်ဆိုင်သူထံမှ အမွေဆက်ခံပိုင်ဆိုင်သူက လွှဲပြောင်းရောင်းချခွင့်ရှိသည်။

မြေအမည်ပေါက် ပိုင်ဆိုင်သူထံမှ မှတ်ပုံတင်အထွေထွေကိုယ်စားလှယ်လွှဲစာ (သို့မဟုတ်) အထူးကိုယ် စားလှယ်လွှဲစာဖြင့် လွှဲအပ်ခြင်းခံရသူက လွှဲပြောင်းရောင်းချခွင့်ရှိသည်။ ကိုယ်စားလှယ်လွှဲစာသက်တမ်း သည် လွှဲအပ်သူ၊ လွှဲအပ်ခြင်းခံရသူ မသေဆုံးမီနှင့် ကိုယ်စားလှယ်လွှဲစာကို ပြန်လည်ရုပ်သိမ်းခြင်း မပြုမီ အချိန်အတွင်းဖြစ်ပါသည်။

မြေအမည်ပေါက် ပိုင်ဆိုင်သူထံမှ မှတ်ပုံတင်အပေးစာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့် ရှိသည်။

မြေအမည်ပေါက်ပူးတွဲပိုင်ဆိုင်ပြီး မှတ်ပုံတင်စွန့်လွှတ်စာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့် ရှိသည်။

မြေဧရိယာတစ်ခုလုံး၏ ထက်ဝက်သော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း၊ မြေဧရိ ယာတစ်ခုလုံးကိုသော်လည်းကောင်း ရောင်းချခွင့်ရှိသည်။ ခွဲစိတ်ရောင်းချသည့်အစိတ်အပိုင်းကို ခွဲစိတ် ဂရန်လျှောက်ထားနိုင်သည်။ သို့သော် အနည်းဆုံးဧရိယာသည် ပေ၂၀×ပေ၆၀ (စတုရန်ပေ ၁၂၀၀) ရှိရမည်ဖြစ်သည်။

ဘိုးဘွားပိုင်မြေပေါ်များတွင် လက်ရှိနေထိုင်သူများသည် မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ဖြင့် ဝယ်ယူနေ ထိုင်သူများ၊ အရပ်စာချုပ်အဆင့်ဆင့်ဖြင့် ဝယ်ယူနေထိုင်သူများ၊ အထောက်အထားမဲ့ ဘိုးဘွားဘီဘင်လက်ထပ် မှစ၍ ဓါးမဦးချအဆင့်ဆင့် လက်ဆင့်ကမ်းနေထိုင်ခဲ့သူများလည်းရှိပါသည်။

ယနေ့အချိန်ထိ အဆင့်ဆင့် လက်ဆင့်ကမ်းနေထိုင်လျက်ရှိသူများအနေဖြင့် ၎င်းတို့လက်ရှိနေထိုင်ပိုင်ဆိုင် သော အိမ်မြေကို ဥပဒေအရ ပိုင်ဆိုင်မှုအခိုင်အမာရရှိရန် အတွက် ဘိုးဘွားပိုင်မြေ၏ ပိုင်ဆိုင်မှုအထောက်အ ထားနှင့် မူလအမည်ပေါက်သူထံမှ လွှဲပြောင်းရရှိသည့် တရားဝင်မှတ်ပုံတင်စာချုပ်စာတမ်းအဆက်အစပ် အထောက်အထားများဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန သို့ အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန်အတွက် အရောင်းမြေပုံကူး၍ အဆင့်ဆင့်ဆက်လက်ဆောင်ရွက်ရမည်ဖြစ် ပါသည်။

အထက်ပါအတိုင်း အဆက်အစပ်အထောက်အထားကို တင်ပြနိုင်ခြင်းမရှိပါက ဥပဒေကြောင်းအရ သက်ဆိုင်ရာတရားရုံး၏ ပိုင်ဆိုင်မှုဆိုင်ရာ ဆုံးဖြတ်ချက်အမိန့်ဒီကရီအထောက်အထားဖြင့် ဥပဒေကြောင်းအရ ဆက်လက်လျှောက်ထားဆောင်ရွက်ရမည်ဖြစ်ပါသည်။ မူလမြေအမည်ပေါက်ပိုင်ဆိုင်သူသည် နိုင်ငံခြားသားဖြစ်နေသည် (သို့မဟုတ်) နိုင်ငံခြားသားဖြစ်သည်ဟု ယူဆရသည်ဆိုပါက ၁၉၈၇ခုနှစ်၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေဆိုင် ရာစိစစ်ရေးအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာနသို့ ဆက်သွယ်တင်ပြ လျှောက်ထားရန် လိုအပ်မည်ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]











ယနေ့အချိန်ထိ အဆင့်ဆင့် လက်ဆင့်ကမ်းနေထိုင်လျက်ရှိသူများအနေဖြင့် ၄င်းတို့လက်ရှိနေထိုင်ပိုင်ဆိုင် သော အိမ်မြေကို ဥပဒေအရ ပိုင်ဆိုင်မှုအခိုင်အမာရရှိရန် အတွက် ဘိုးဘွားပိုင်မြေ၏ ပိုင်ဆိုင်မှုအထောက်အ ထားနှင့် မူလအမည်ပေါက်သူထံမှ လွှဲပြောင်းရရှိသည့် တရားဝင်မှတ်ပုံတင်စာချုပ်စာတမ်းအဆက်အစပ် အထောက်အထားများဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန သို့ အရောင်းအ၀ယ်စာချုပ်ချုပ်ဆိုရန်အတွက် အရောင်းမြေပုံကူး၍ အဆင့်ဆင့်ဆက်လက်ဆောင်ရွက်ရမည်ဖြစ် ပါသည်။







နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service