ငွေအပြေအကြေပေးချေထားသည့်တိုက်ခန်းကိုရောင်းသူကအခြားသူကိုထပ်ရောင်းထားလျှင် အချင်းဖြစ် တိုက်ခန်းကိုမည်သူကပိုင်ဆိုင်ပြီးနစ်နာမှုအတွက် မည်သူကိုတရားစွဲမလဲ။

ငွေအပြေအကြေပေးချေထားသည့်တိုက်ခန်းကိုရောင်းသူကအခြားသူကိုထပ်ရောင်းထားလျှင် အချင်းဖြစ် တိုက်ခန်းကိုမည်သူကပိုင်ဆိုင်ပြီးနစ်နာမှုအတွက် မည်သူကိုတရားစွဲမလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
23 Sep 2020 3:12 pm တွင် တင်ခဲ့သည်
4016 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ယခုကာလမှာအဖြစ်များပြီးဝယ်ယူသူတွေ နစ်နာမှုဖြစ်နေတဲ့ အရောင်းအဝယ်တစ်ခုရှိပါတယ်။ တိုက်ခန်းအရောင်းအဝယ်ပြုလုပ်ကြရာတွင် ကျွမ်းကျင်သူရှေ့နေများဖြင့် ဝယ်ယူခြင်းမပြုသည့်အခါ ယခုခေတ်မှာဖြစ်ပွားနေတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ အမှုသည်တစ်ယောက်ကလာရောက်အကူအညီတောင်းခံလာတဲ့ကိစ္စပါ။ ဖြစ်စဉ်ကတော့ ယခုကဲ့သို့ဖြစ်ပါတယ်။ ဝယ်ယူသူသည် ၎င်းနှင့်ရင်းနှီးတဲ့မိတ်ဆွေကတိုက်ခန်းပြန်ရောင်းတာကိုသိန်း ၃၀၀ ဖြင့် ဝယ်ယူလိုက်ပါတယ်။ လူရင်းဆိုပြီးအရောင်းအဝယ်ကိစ္စကိုသတင်းစာထဲတွင် ကန့်ကွက်ရန်ရှိ/မရှိကြောညာထည့်သွင်းခြင်းဆောင်ရွက်ခြင်းမရှိခဲ့သလိုစရန်ငွေပေးချေခြင်းနှင့် အရောင်းအဝယ်စာချုပ်များကိုလည်းရှေ့နေဖြင့် တိုင်ပင်ဆောင်ရွက်ခြင်းမရှိဘဲအရပ်ကတိစာချုပ်ဖြင့်သာချုပ်ဆိုဝယ်ယူခဲ့ပါသည်။ တိုက်ခန်းကိုဝယ်ယူစဉ်တွင် အဆိုပါတိုက်ခန်းတွင် ငှားရမ်းနေထိုင်သည့် အိမ်ငှားရှိနေသဖြင့် ငှားရမ်းကာလပြည့်ရန် ၄လ ကျန်နေသေးသည်ဟုဆိုကာရောင်းသူမှ ဝယ်ယူသူအား (၄)လစာအိမ်ငှားခရှင်းပေးပြီးအရောင်းအဝယ်ပြုလုပ်သည့်တိုက်ခန်းအားအိမ်ငှားအားဆက်လက်နေထိုင်ခွင့်ပြုခဲ့သည်။ ဝယ်ယူသူသည် ဝယ်ယူထားသည့်တိုက်ခန်းနေရာနှင့် နေထိုင်သည့်နေရာဝေးသည့်အတွက် တိုက်ခန်းအားသွားရောက်ကြည့်ရှုခြင်းမရှိဘဲအိမ်ငှားများဖယ်မည့် (၄)လမပြည့်ခင်မှ တိုက်ခန်းကိုသွားရောက်ကြည့်ရှု ပါသည်။ ထိုအခါ အရောင်းအဝယ်ပြုလုပ်ထားသည့်တိုက်ခန်းတွင် အိမ်ငှားများရှိမနေဘဲအခြားဝယ်ယူသူတစ်ဦးမှ ဝယ်ယူနေထိုင်နေသည်ကိုသိရှိခဲ့ပါသည်။ အိမ်ငှားသည် လွန်ခဲ့သော (၂)လကတည်းကနေထိုင်ခြင်းမရှိတော့ဘဲအခြားဝယ်ယူထားသူမှ အဆိုပါ ကာလကတည်းကရောင်းသူထံမှ ဝယ်ယူ၍လက်ရောက်ရယူနေထိုင်နေခြင်းဖြစ်ကြောင်းသိရှိခဲ့ရပါသည်။ဝယ်ယူသူကိုရောင်းသူကိုဆက်သွယ်ရာတွင်လည်းဆက်သွယ်မရတော့ပါ။ ယခုကဲ့သို့ ဖြစ်စဉ်မျိုးတွင် ဝယ်ယူသူသည် ဆုံးရှုံးသွားမှုကိုကုစားရန်မှာဝယ်ယူစဉ်အခါကအရောင်းအဝယ်ပြုလုပ်သည့်တိုက်ခန်းကိုနေသူမဲ့လက်ရောက်မရယူခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ ပုဒ်မ-၅၄အရ အရောင်းအဝယ်ပြုလုပ်သည့် မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကိုလွှဲပြောင်းရောင်းချရာတွင် ရောင်းဖိုးငွေပေးချေပြီးပစ္စည်းလက်ရောက်ရယူရမှသာအရောင်းအဝယ်မြောက်မှာဖြစ်ပါသည်။

လက်ရောက်ရယူရာတွင် တိုက်ရိုက်လက်ရောက်ရယူခြင်းနှင့် သွယ်ဝိုက်လက်ရောက်ရယူခြင်းဆိုပြီးရှိပါသည်။ တိုက်ရိုက်လက်ရောက်ရယူသည်ဆိုသည်မှာရောင်းဖိုးငွေပေးချေသည့်နေ့တွင် အရောင်းအဝယ်ပြုလုပ်သည့်တိုက်ခန်းကိုနေသူမဲ့လက်ရောက်ရယူပြီးဝယ်ယူသူအပိုင်လွှဲပြောင်းသော့ခတ်ခြင်းဖြစ်ပါသည်။ သွယ်ဝိုက်လက်ရောက်ရယူခြင်းဆိုသည်မှာအရောင်းအဝယ်ပြုုသည့်တိုက်ခန်းတွင် အိမ်ငှားနေထိုင်သူရှိနေသည် အဆိုပါအိမ်ငှားကိုအသိပေးပြီးငှားရမ်းကာလမကုန်ဆုံးပေးပါကလည်းဝယ်ယူသူသည် အိမ်ငှားနှင့် အငှားစာချုပ်ကိုတိုက်ရိုက်ပြန်လည်ချုပ်ဆိုခြင်းဖြင့် ရယူခြင်းကိုဆိုလိုပါသည်။ ယခုဝယ်ယူသူသည် တိုက်ရိုက်လက်ရောက်ရယူခြင်းသော်လည်းကောင်း၊ သွယ်ဝိုက်လက်ရောက်ရယူ ခြင်းသော်လည်းကောင်းဆောင်ရွက်ခဲ့ခြင်းမရှိသည်ကိုတွေ့ရပါတယ်။ အခြားဝယ်ယူသူဖြစ်သောဒုတိယဝယ်ယူသူသည် တိုက်ရိုက်လက်ရောက်ရယူခဲ့ခြင်းဖြစ်ပြီးအဆိုပါတိုက်ခန်းတွင်လည်းလက်ရှိနေထိုင်နေသည့် အတွက် ဥပဒေအရဆိုလျှင် ဒုတိယဝယ်ယူသူသည်သာအရာင်းအဝယ်ပြီးမြောက်ပြီး ၎င်းသာအဆိုပါတိုက်ခန်းကိုပိုင်ဆိုင်မှာဖြစ်ပါသည်။

ပထမဝယ်ယူသူသည် ပစ္စည်းကိုလက်ရောက်ရယူခဲ့ခြင်းမရှိသည့်အတွက် ယခုကဲ့သို့ ပြသာနာဖြစ်ပွားရခြင်းဖြစ်ပြီး ၎င်း၏ဆုံးရှုံးမှုအတွက်ကိုမူ အရောင်းအဝယ်စာချုပ်ကိုအထောက်အထားပြုပြီးပစ္စည်းကိုလက်ရောက်ရယူခဲ့ခြင်းမရှိသည့်အတွက် ရောင်းသူအားတရားမကြောင်းအရသာရောင်းဖိုးငွေပြန်လည်ပေးအပ်ရန်နှင့် နစ်နာကြေးပေးရန် တရားစွဲဆိုရမှာဖြစ်ပါသည်။ ရောင်းအဝယ်ပြုလုပ်သည့်တိုက်ခန်းကိုတော့ ပထမဝယ်ယူသူရရှိတော့မှာမဟုတ်ပါဘူး။ ထို့အတွက်ကြောင့် တိုက်ခန်းဝယ်ယူရာတွင် သတင်းစာထည့်သွင်းကြေညာရန်လိုအပ်သလိုအရောင်းအဝယ်ပြုလုပ်သည့်တိုက်ခန်းကိုလက်ရောက်ရယူရန်လိုအပ်မည်ဖြစ်ပြီး ကျွမ်းကျင်သောဥပဒေပညာရှင်များဖြင့် ဝယ်ယူချုပ်ဆိုခြင်းသည် အရောင်းအဝယ်ကိုဥပဒေနှင့်အညီပြီးမြောက်အောင်ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်းဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ေငြအေျပအေၾကေပးေခ်ထားသည့္တိုက္ခန္းကိုေရာင္းသူကအျခားသူကိုထပ္ေရာင္းထားလွ်င္ အခ်င္းျဖစ္ တိုက္ခန္းကိုမည္သူကပိုင္ဆိုင္ၿပီးနစ္နာမႈအတြက္ မည္သူကိုတရားစြဲမလဲ။

ယခုကာလမွာအျဖစ္မ်ားၿပီးဝယ္ယူသူေတြ နစ္နာမႈျဖစ္ေနတဲ့ အေရာင္းအဝယ္တစ္ခုရွိပါတယ္။ တိုက္ခန္္းအေရာင္းအဝယ္ျပဳလုပ္ၾကရာတြင္ ကၽြမ္းက်င္သူေရွ႕ေနမ်ားျဖင့္ ဝယ္ယူျခင္းမျပဳသည့္အခါ ယခုေခတ္မွာျဖစ္ပြားေနတဲ့ကိစၥတစ္ခုျဖစ္ပါတယ္။ အမႈသည္တစ္ေယာက္ကလာေရာက္အကူအညီေတာင္းခံလာတဲ့ကိစၥပါ။ ျဖစ္စဥ္ကေတာ့ ယခုကဲ့သုိ႔ျဖစ္ပါတယ္။ ဝယ္ယူသူသည္ ၄င္းႏွင့္ရင္းႏွီးတဲ့မိတ္ေဆြကတိုက္ခန္းျပန္ေရာင္းတာကိုသိန္း ၃၀၀ ျဖင့္ ဝယ္ယူလိုက္ပါတယ္။ လူရင္းဆိုၿပီးအေရာင္းအဝယ္ကိစၥကိုသတင္းစာထဲတြင္ ကန္႔ကြက္ရန္ရွိ/မရွိေၾကာညာထည့္သြင္းျခင္းေဆာင္ရြက္ျခင္းမရွိခဲ့သလိုစရန္ေငြေပးေခ်ျခင္းႏွင့္ အေရာင္းအဝယ္စာခ်ဳပ္မ်ားကိုလည္းေရွ႕ေနျဖင့္ တိုင္ပင္ေဆာင္ရြက္ျခင္းမရွိဘဲအရပ္ကတိစာခ်ဳပ္ျဖင့္သာခ်ဳပ္ဆိုဝယ္ယူခဲ့ပါသည္။ တိုက္ခန္းကိုဝယ္ယူစဥ္တြင္ အဆိုပါတိုက္ခန္းတြင္ ငွားရမ္းေနထိုင္သည့္ အိမ္ငွားရွိေနသျဖင့္ ငွားရမ္းကာလျပည့္ရန္ ၄လ က်န္ေနေသးသည္ဟုဆိုကာေရာင္းသူမွ ဝယ္ယူသူအား (၄)လစာအိမ္ငွားခရွင္းေပးၿပီးအေရာင္းအဝယ္ျပဳလုပ္သည့္တိုက္ခန္းအားအိမ္ငွားအားဆက္လက္ေနထိုင္ခြင့္ျပဳခဲ့သည္။ ဝယ္ယူသူသည္ ဝယ္ယူထားသည့္တိုက္ခန္းေနရာႏွင့္ ေနထိုင္သည့္ေနရာေဝးသည့္အတြက္ တိုက္ခန္းအားသြားေရာက္ၾကည့္ရႈျခင္းမရွိဘဲအိမ္ငွားမ်ားဖယ္မည့္ (၄)လမျပည့္ခင္မွ တိုက္ခန္းကိုသြားေရာက္ၾကည့္ရႈ ပါသည္။ ထိုအခါ အေရာင္းအဝယ္ျပဳလုပ္ထာားသည့္တိုက္ခန္းတြင္ အိမ္ငွားမ်ားရွိမေနဘဲအျခားဝယ္ယူသူတစ္ဦးမွ ဝယ္ယူေနထိုင္ေနသည္ကိုသိရွိခဲ့ပါသည္။ အိမ္ငွားသည္ လြန္ခဲ့ေသာ (၂)လကတည္းကေနထုိင္ျခင္းမရွိေတာ့ဘဲအျခားဝယ္ယူထားသူမွ အဆိုပါ ကာလကတည္းကေရာင္းသူထံမွ ဝယ္ယူ၍လက္ေရာက္ရယူေနထိုင္ေနျခင္းျဖစ္ေၾကာင္းသိရွိခဲ့ရပါသည္။ဝယ္ယူသူကိုေရာင္းသူကိုဆက္သြယ္ရာတြင္လည္းဆက္သြယ္မရေတာ့ပါ။ ယခုကဲ့သို႔ ျဖစ္စဥ္မ်ိဳးတြင္ ဝယ္ယူသူသည္ ဆံုးရႈံးသြားမႈကိုကုစားရန္မွာဝယ္ယူစဥ္အခါကအေရာင္းအဝယ္ျပဳလုပ္သည့္တိုက္ခန္းကိုေနသူမဲ့လက္ေရာက္မရယူခဲ့ျခင္းေၾကာင့္ျဖစ္ပါသည္။ ပစၥည္းလႊဲေျပာင္းျခင္းဥပေဒ ပုဒ္မ-၅၄အရ အေရာင္းအဝယ္ျပဳလုပ္သည့္ မေရႊ႕မေျပာင္းႏိုင္သည့္ပစၥည္းကိုလႊဲေျပာင္းေရာင္းခ်ရာတြင္ ေရာင္းဖိုးေငြေပးေခ်ၿပီးပစၥည္းလက္ေရာက္ရယူရမွသာအေရာင္းအဝယ္ေျမာက္မွာျဖစ္ပါသည္။

လက္ေရာက္ရယူရာတြင္ တိုက္ရိုက္လက္ေရာက္ရယူျခင္းႏွင့္ သြယ္ဝိုက္လက္ေရာက္ရယူျခင္းဆိုၿပီးရွိပါသည္။ တိုက္ရိုက္လက္ေရာက္ရယူသည္ဆိုသည္မွာေရာင္းဖိုးေငြေပးေခ်သည့္ေန႔တြင္ အေရာင္းအဝယ္ျပဳလုပ္သည့္တိုက္ခန္းကိုေနသူမဲ့လက္ေရာက္ရယူၿပီးဝယ္ယူသူအပိုင္လႊဲေျပာင္းေသာ့ခတ္ျခင္းျဖစ္ပါသည္။ သြယ္ဝိုက္လက္ေရာက္ရယူျခင္းဆိုသည္မွာအေရာင္းအဝယ္ျပဳုသည့္တိုက္ခန္းတြင္ အိမ္ငွားေနထိုင္သူရွိေနသည္ အဆိုပါအိမ္ငွားကိုအသိေပးၿပီးငွားရမ္းကာလမကုန္ဆံုးေပးပါကလည္းဝယ္ယူသူသည္ အိမ္ငွားႏွင့္ အငွားစာခ်ဳပ္ကိုတိုက္ရိုက္ျပန္လည္ခ်ဳပ္ဆိုျခင္းျဖင့္ ရယူျခင္းကိုဆိုလိုပါသည္။ ယခုဝယ္ယူသူသည္ တိုက္ရိုက္လက္ေရာက္ရယူျခင္းေသာ္လည္းေကာင္း၊ သြယ္ဝိုက္လက္ေရာက္ရယူ ျခင္းေသာ္လည္းေကာင္းေဆာင္ရြက္ခဲ့ျခင္းမရွိသည္ကိုေတြ႔ရပါတယ္။ အျခားဝယ္ယူသူျဖစ္ေသာဒုတိယဝယ္ယူသူသည္ တိုက္ရိုက္လက္ေရာက္ရယူခဲ့ျခင္းျဖစ္ၿပီးအဆိုပါတိုက္ခန္းတြင္လည္းလက္ရွိေနထိုင္ေနသည့္ အတြက္ ဥပေဒအရဆိုလွ်င္ ဒုတိယဝယ္ယူသူသည္သာအရာင္းအဝယ္ၿပီးေျမာက္ၿပီး ၄င္းသာအဆိုပါတိုက္ခန္းကိုပိုင္ဆိုင္မွာျဖစ္ပါသည္။ ပထမဝယ္ယူသူသည္ ပစၥည္းကိုလက္ေရာက္ရယူခဲ့ျခင္းမရွိသည့္အတြက္ ယခုကဲ့သုိ႔ ျပသာနာျဖစ္ပြားရျခင္းျဖစ္ၿပီး ၄င္း၏ဆံုးရႈံးမႈအတြက္ကိုမူ အေရာင္းအဝယ္စာခ်ဳပ္ကိုအေထာက္အထားျပဳၿပီးပစၥည္းကိုလက္ေရာက္ရယူခဲ့ျခင္းမရွိသည့္အတြက္ ေရာင္းသူအားတရားမေၾကာင္းအရသာေရာင္းဖိုးေငြျပန္လည္ေပးအပ္ရန္ႏွင့္ နစ္နာေၾကးေပးရန္ တရားစြဲဆုိရမွာျဖစ္ပါသည္။ ေရာင္းအဝယ္ျပဳလုပ္သည့္တိုက္ခန္းကိုေတာ့ ပထမဝယ္ယူသူရရွိေတာ့မွာမဟုတ္ပါဘူး။ ထို႔အတြက္ေၾကာင့္ တုိက္ခန္းဝယ္ယူရာတြင္ သတင္းစာထည့္သြင္းေၾကညာရန္လိုအပ္သလိုအေရာင္းအဝယ္ျပဳလုပ္သည့္တုိက္ခန္းကိုလက္ေရာက္ရယူရန္လိုအပ္မည္ျဖစ္ၿပီး ကၽြမ္းက်င္ေသာဥပေဒပညာရွင္မ်ားျဖင့္ ဝယ္ယူခ်ဳပ္ဆိုျခင္းသည္ အေရာင္းအဝယ္ကိုဥပေဒႏွင့္အညီၿပီးေျမာက္ေအာင္ေဆာင္ရြက္ႏိုင္မွာျဖစ္ပါေၾကာင္းဥပေဒဗဟုသုတရရွိေစရန္ ေရးသားေဖာ္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service