သင့်အိမ်မှာ အနည်းဆုံး တစ်ပင်လောက် စိုက်ပျိုးထားသင့်တဲ့ စိုက်ပျိုးရလွယ်ကူတဲ့ အိမ်တွင်း အလှစိုက်ပင်များ
သင့်အိမ်မှာ အနည်းဆုံး တစ်ပင်လောက် စိုက်ပျိုးထားသင့်တဲ့ စိုက်ပျိုးရလွယ်ကူတဲ့ အိမ်တွင်း အလှစိုက်ပင်များ - Property Knowledge in Myanmar from iMyanmarHouse.com
3 Sep 2020 3:47 pm တွင် တင်ခဲ့သည်
12186 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
အိမ်တွင်းအလှစိုက်ပင်တွေကြောင့် မိမိနေအိမ် စိမ်းစိုလှပရုံသာမက အိမ်ထဲရှိ လေထုကိုပါ သန့်စင်စေပါတယ်။ အိမ်တွင်းအလှစိုက်ပင်တွေဟာ အညှော်များ နှင့် အန္တရယ်ရှိစေနိုင်တဲ့ အနံ့တွေကို စုပ်ယူပေးပြီး လေထုကို သန့်စင်ပေးတဲ့အပြင် အောက်စီဂျင်ဓါတ်ကို အပြည့်အဝ ရရှိစေမှာပဲဖြစ်ပါတယ်။
ဘယ်လိုအပင်လေးတွေစိုက်မလဲ?
မိမိအိမ်မှာ အလှစိုက်ပင်စိုက်တော့မယ်ဆိုရင် ပထမဆုံးစဉ်းစားရမှာက မိမိစိုက်မယ့် အပင်အရွယ်အစားနဲ့ ထားရှိမယ့် နေရာပဲဖြစ်ပါတယ်။
မိမိအိမ်က အပင်လေးတွေထားဖို့ နေရာအခက်အခဲရှိနေတယ်ဆိုရင် အပင်ကြီးတာတွေ မစိုက်ဘဲ ဝရံတာ၊ စားပွဲမှာသာထားလို့ရမယ့် အပင်လေးတွေကို စိုက်ပျိုးသင့်ပါတယ်။
အဲ့ဒါကြောင့် နေရာအကျယ်ကြီးမယူဘဲ စားပွဲ၊ ဝရံတာမှာပဲ ထားလို့ရမယ့် စိုက်ပျိုးဖို့ လွယ်ကူတဲ့ အပင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
နေရာပေးစရာမလိုဘဲ စိုက်ပျိုးရလွယ်ကူသော အပင်များ
(၁)ပင့်ကူပင် (ခေါ်) Spider Plant
မိမိတို့ရဲ့ နေအိမ်မှာ မဖြစ်မနေ စိုက်ပျိုးသင့်တဲ့ အပင်ငယ်တစ်မျိုးဖြစ်ပါတယ်။ Spider Plant ဟာ လေထုထဲမှာရှိတဲ့ မကောင်းတဲ့ လေတွေကို စုပ်ထုပ်ပေးပြီး လေကောင်းလေသန့် ပေးနိုင်တဲ့ အပင်တစ်မျိုးဖြစ်လို့ အိမ်မှာ စိုက်ပျိုးထားသင့်ပါတယ်။
(၂)ရှားစောင်းနွယ်ဝင်အပင်များ
နေရာသိပ်ပေးစရာမလိုဘဲ စားပွဲပေါ် တင်ထားရုံဖြင့် ရှင်သန်နိုင်တဲ့ အပင်လေးတွေပဲဖြစ်ပါတယ်။ ရေလည်း မကြာခဏ လောင်းပေစရာမလို အများကြီးဂရုးစိုက်ဖို့မလိုဘဲ လေကောင်းလေသန့်ရရှိနိုင်မယ့် အပင်ငယ်လေးပဲဖြစ်ပါတယ်။
(၃)ဆားကူးလက်စ် (Succulents)
ကော်ဖီခွက်လို ဖန်ခွက်လေးထဲ စိုက်ရုံနဲ့တောင် ရှင်သန်နိုင်တဲ့ နေရာလုံးဝမယူတဲ့ အပင်ငယ်လေးဖြစ်ပြီး သိပ်ကို လှပတဲ့ စိုက်ပင်လေးပဲဖြစ်ပါတယ်။
တစ်ပတ်ကို တစ်ကြိမ်သာလျှင် ရေလောင်းဖို့လိုပြီး နေရာ နဲ့ အချိန်ပေးဖို့မလိုဘဲ စိုက်ပျိုးဖို့ အလွယ်ဆုံး အပင်လေးပဲဖြစ်ပါတယ်။
မိမိအိမ်ကကျယ်ပြီး နေရာအများကြီးပေးနိုင်တယ်ဆိုရင်တော့ လေကောင်းလေသန့်ရပြီး အိမ်ထဲမှာ စိုက်ပျိုးထားသင့်တဲ့ အပင်လေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
(၁) ငှက်ပျောပင်အသေးစား
အိမ်ရဲ့ ဧည့်ခန်းထဲမှာ ထားရှိမယ်ဆိုရင် အခန်းထဲမှာရှိတဲ့ လေတွေကို သန့်စင်စေပြီး လေကောင်းလေသန့်ရရှိနိုင်လို့ ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။
(၂) Lady Palm
ထန်းရွက်ကဲ့သို့ အရွက်ရှိပြီး ၄ မီတာထိ ကြီးထွားနိုင်တာမို့ နေရာကျယ်ကျယ်ပေးနိုင်မှသာ စိုက်ပျိုးသင့်ပါတယ်။
အစိမ်းရောင်အပင်လေးတွေဟာ လေကောင်းလေသန့်ရရှိနိုင်သလို မိမိတို့ရဲ့ မျက်စိအာရုံကြောအတွက်လည်း အသုံးဝင်တာမို့ အိမ်တစ်အိမ်မှာ တစ်ပင်လောက်တော့ စိုက်ပျိုးထားသင့်ပါတယ်။ အိမ်တွင်းစိုက်ပျိုးဖို့ အလွယ်ကူဆုံး အပင်များအပြင် ရေတစ်ဖန်ခွက်ရှိရုံနဲ့ စိုက်ပျိုးလို့ ရမယ့် အပင်လေးတွေကိုလည်း ထပ်မံဖော်ပြပေးလိုက်ပါတယ်။
"အိမ်နောက်ဖေး ဈေးဆိုင်တည်"ဆိုတဲ့ ရှေးစကားအတိုင်း မိမိအိမ်အတွင်း ရေတစ်ဖန်ခွက်နဲ့ စိုက်ပျိုးလို့ရမည့် မီးဖိုခန်းသုံးစားသောက်ပင်လေးများကို စိုက်ပျိုးထားမယ်ဆိုရင် မီးဖိုခန်းအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေပါတယ်။
ကြက်သွန်ဖြူပင်
ရေဖန်ခွက်ထဲကို ကြက်သွန်ဖြူအမွှာလိုက်လေးထည့်ထားရင် ရက်အနည်းငယ်တွင်းမှာ ရှင်သန်လာမှာဖြစ်ပြီး ဝယ်စရာမလိုဘဲ မိမိရဲ့ ကြက်သွန်ဖြူပင်လေးမှ အစိမ်းရောင်အညွန့်လေးတွေအား ဖြတ်ယူစားသုံးနိုင်မှာဖြစ်ပါတယ်။
ကြက်သွန်မြိတ်
သုံးလက်စကြက်သွန်နီအိတ်ထဲက ရေစိုသွားတဲ့ ကြက်သွန်နီ၊ အပင်ပေါက်ကုန်တဲ့ ကြက်သွန်နီတွေကို လွှင့်မပစ်ဘဲ ရေဖန်ခွက်လေးနဲ့ စိုက်ပျိုးထားပြီး မကြာခင်မှာ စိမ်းစိုနေတဲ့ ကြက်သွန်မြိတ်လေးတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
မုန်လာဥနီ
ထိပ်ပိုင်းဖြတ်ထားတဲ့ မုန့်လာဥနီလေးတွေကို အသုံးမလိုတော့လို့ လွှင့်ပစ်မလို့လား၊ မလွှင့်ဘဲ ရေဖန်ခွက်လေးနဲ့ စိုက်ပျိုးထားပြီး ထွက်လာတဲ့ အညွန့်လေးတွေကို အသုတ်ထဲထည့်စားလို့ရပါတယ်။
တရုတ်ဂေါ်ဖီထုပ်
တရုတ်ဂေါ်ဖီထုပ်ရဲ့ အောက်ပိုင်းတွေကို ဖြတ်ပြီး လွှင့်မပစ်ပါနဲ့။ အောက်ပိုင်းလေးကို ရေဖန်ခွက်လေးထဲထည့်ပြီး စိုက်ပျိုးထားရင် အရွက်သစ်လေးတွေ ထွက်လာပါလိမ့်မယ်။ အရွက်လေးတွေထွက်လာရင် ပိုက်ဆံမကုန်ဘဲ ထမင်းတစ်နပ်စာ သက်သာစေနိုင်ပါတယ်။
ရေဖန်ခွက်လေးထဲထည့်ရုံနဲ့ ရှင်သန်နိုင်တဲ့အပင်လေးတွေကို ဖော်ပြပေးထားတာမို့ အသုံးမလိုဘူးဆိုပြီး လွှင့်မပစ်ဘဲ စိုက်ပျိုးထားရုံနဲ့ မိမိအိမ်ရဲ့ အိမ်စရိတ်ကို အနည်းငယ် ချွေတာစေနိုင်မှာဖြစ်လို့ ယခုနည်းလမ်းလေးတွေကို အသုံးပြုပြီး စိုက်ပျိုးထားနိုင်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
(၁) ငှက်ပျောပင်အသေးစား
(၂) Lady Palm
ကြက်သွန်ဖြူပင်
ကြက်သွန်မြိတ်
မုန်လာဥနီ
တရုတ်ဂေါ်ဖီထုပ်
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service