လတ်တ‌လော COVID-19 ကာလ ငွေရေးကြေးရေးပြင်ဆင်ရမည့် နည်းလမ်းများ

လတ်တ‌လော COVID-19 ကာလ ငွေရေးကြေးရေးပြင်ဆင်ရမည့် နည်းလမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
3 Sep 2020 12:50 pm တွင် တင်ခဲ့သည်
675 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

“လာမည့် COVID-19 Lockdown အတွက် ကြိုတင်ပြင်ဆင်ရန် နည်းလမ်း ၉ သွယ်” ဟု အဓိပ္ပါယ်ရသည့် 9 ways to prepare for the next COVID-19 lockdown ဟူသော နိုင်ငံခြားသတင်းဆောင်းပါးမှ မြန်မာနိုင်ငံနှင့်ကိုက်ညီသည့်အချက်အချို့အား မှီငြမ်းဖြည့်စွက်တည်းဖြတ်၍ နိုင်ငံ၏ လတ်တလောအခြေအနေအား အရင်းခံကာ စာဖတ်သူတို့အကျိုးငှာ သင့်လျော်စေရန် ဤဆောင်းပါးအား ရေးသားဖော်ပြအပ်ပါသည်။

Lockdown ဆိုသည်မှာ အရေးပေါ်အခြေအနေတစ်ရပ်တွင် လူများအား သက်ဆိုင်ရာသတ်မှတ်ဧရိယာအတွင်းမှ ထွက်ခွါခွင့်မပြုခြင်း ဖြစ်သည်။ယခုနှစ်အတွင်း ပြီးခဲ့သည့်လအနည်းငယ်အတွင်း COVID-19 ကြောင့် မြန်မာနိုင်ငံတွင် Lockdown အတိ ပြင်းထန်စွာ ချမှတ်ခဲ့ရသည်အထိ ကူးစက်မှုအခြေအနေဆိုးရွားခြင်း မရှိခဲ့သော်လည်း ကမ္ဘာ့နိုင်ငံအများအပြားတွင် များပြားလှသည့် ကူးစက်မှုများကြောင့် တင်းကျပ်ပြင်းထန်သော Lockdown များ ချမှတ်ခဲ့ကြရသည်။

ထို့ကြောင့် အလုပ်အကိုင်စီးပွားရေးများ ထိခိုက်ပြီး ငွေရေးကြေးရေးအခက်တွေ့ခဲ့ကြရသည်။

မြန်မာနိုင်ငံတွင်လည်း COVID-19 ကြောင့် ပြီးခဲ့သည့် (ယခုနှစ်) နွေရာသီကာလအတွင်း အားပျော့သော Lockdown အငယ်စားဖြစ်သည့် Stay-at-Home စီမံချက်အောက် ကာလတစ်ခုကြာ နေထိုင်ခဲ့ကြရပြီးနောက် ကျွန်ုပ်တို့သည် အရာရာအား ပုံမှန်ပြန်ဖြစ်ရန် မျှော်လင့်လာခဲ့ကြသည်။

သို့သော်လည်း COVID-19 သည် တစ်ကြိမ်တည်း ဆိုက်ရောက်သော သဘာဝဘေးအန္တရာယ်တစ်ခု မဟုတ်သဖြင့် ယခုအခါ ထိုမျှော်လင့်ချက်ရောင်ခြည်များ မှေးမှိန်ပျောက်ကွယ်သွားခဲ့ရပြီဖြစ်သည်။

ယခုအခါ COVID-19 ဒုတိယလှိုင်းပြန်လည်စတင်ကာ ကူးစက်မှုသစ်များကို နေ့စဉ်တွေ့ရှိလျက်ရှိသည်။

ထိုနေ့စဉ် အသစ်တွေ့ရှိသည့် ကူးစက်ခံရသူဦးရေသည်လည်း ယခုရက်ပိုင်းအတွင်း နေ့စဉ်နီးပါး မြင့်တက်လာလျက် ရှိသည်ကို တွေ့ရသည်။

အစိုးရ၏ စက်တင်ဘာ ၃ နံနက် သတင်းထုတ်ပြန်ချက်အရ ကူးစက်မှုအသစ် ၆၃ ခု တွေ့ရှိခဲ့ရာ မြန်မာနိုင်ငံတွင် စက်တင်ဘာ ၃ နံနက်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်း ၁၀၅၈ ဦး ရှိပြီဖြစ်သည်။

ထို့ကြောင့် ဤ COVID-19 ကာလအတွင်း ကျွန်ုပ်တို့သည် ငွေရေးကြေးရေးနှင့်ပတ်သက်၍ လုပ်ဆောင်သင့်သည်များ ရှိပါသည်။

၎င်းတို့မှာ -

၁။ ငွေစုပါ။

- ပထမလှိုင်းရိုက်ခတ်ခံခဲ့ရစဉ် ပညာရှင်တိုင်း သဘောတူခဲ့သည့် ငွေရေးကြေးရေးအကြံပြုချက်မှာ အ‌ရေးပေါ်ငွေ ထားရှိရန် ဖြစ်သည်။

- လောက်လောက်လားလား ငွေပမာဏကို မဟုတ်ဘဲ စုငွေပမာဏ နည်းသည့်တိုင် သို့မဟုတ် ဖယ်ချန်စရာ မရှိသည့်တိုင် ကြိုးစား၍ စုဖြစ်အောင် စုပါ။

၂။ ချေးငွေပြန်ဆပ်မည်ဟု စိတ်ချရမှုကို ကိုယ်စားပြုသည့် Credit Score (ချေးငွေရမှတ်) ကို တိုးမြှင့်ပါ။

- အသုံးစရိတ်ကာမိရန် ဘဏ်မှ ပုဂ္ဂိုလ်‌ရေးချေးငွေ ထုတ်ယူရကောင်း ထုတ်ယူရနိုင်ပါသည်။

- သင့် Credit Score မကောင်းလျှင် အတိုးနှုန်းသက်သက်သာသာနှင့် ချေးငွေရရန် ခက်ပါလိမ့်မည်။

- Credit Score အခြေအနေ ကောင်းမကောင်း သေချာစေရန် အကောင်းဆုံးနည်းမှာ လစဉ်စစ်ဆေးရန်ဖြစ်သည်။

၃။ ချွေတာသုံးစွဲပါ။

- ကျန်းမာရေးကိစ္စမှအပ ကျန်အရာများတွင် ငွေကြေးကို ပုံမှန်အခြေအနေထက် သတိကြီးစွာ ထိန်းထိန်းသိမ်းသိမ်းသုံးစွဲပါ။

- အကြွေးဝယ်ကတ် ကဲ့သို့သော အကြွေးစနစ်ဖြင့် ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု ဝယ်ယူ သို့မဟုတ် ရယူလေ့ရှိပါကလည်း လက်ငင်းအပြတ်ရှင်းရသည်မှမဟုတ်သည်ဘဲ ဟူ၍ ဖော့မတွေးဘဲ မဖြစ်မနေလိုအပ်သည်ကိုသာ ဝယ်ယူ၊ ရယူပါ။

၄။ ငွေပိုရှာပါ။

- တရားဝင်နည်းလမ်းဖြင့် ငွေပိုရမည့် သမ္မာအာဇီဝအလုပ်များကို ကျန်းမာရေးထိခိုက်မှုမရှိစေဘဲ ပိုမိုလုပ်ကိုင်၍ ငွေကို တိုး၍ ရှာဖွေပါ။

၅။ ကျန်းမာရေး အထူးဂရုစိုက်ပါ။

- ကျန်းမာခြင်းသည် အလွန်ကြီးမားသောလာဘ်တစ်ပါးပင် ဖြစ်သည်။ ကျန်းမာနေသ၍ ဆေးကုစရာမလို၊ အလုပ်အကိုင်ပျက်ခြင်းမရှိသောကြောင့် ငွေမဆုံးရသဖြင့် ကျန်းမာအောင် ဆင်ခြင်စားသောက်ပြုမူနေထိုင်ခြင်းသည် ငွေရှာခြင်းပင် ဖြစ်ပေသည်။

သို့ပါသောကြောင့် iMyanmarHouse.com ကို ယုံကြည်အားပေးကြသည့် မိတ်ဆွေများအားလုံးပဲ လက်ကို မကြာခဏဆေးကြောခြင်း၊ Mask တပ်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၆ ပေအကွာမှ စကားပြော၍ ခပ်ခွာခွာနေခြင်း၊ အတတ်နိုင်ဆုံးအိမ်မှာနေခြင်းတို့ဖြင့် COVID-19 ကူးစက်မှုမှ ကာကွယ်ကြပါရန် တိုက်တွန်းလျက် COVID-19 ရန်မှ ကင်းဝေးကြပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

[Zawgyi]

လတ္တ‌ေလာ COVID-19 ကာလ ေငြေရးေၾကးေရးျပင္ဆင္ရမည့္ နည္းလမ္းမ်ား

“လာမည့္ COVID-19 Lockdown အတြက္ ႀကိဳတင္ျပင္ဆင္ရန္ နည္းလမ္း ၉ သြယ္” ဟု အဓိပၸါယ္ရသည့္ 9 ways to prepare for the next COVID-19 lockdown ဟူေသာ ႏိုင္ငံျခားသတင္းေဆာင္းပါးမွ ျမန္မာႏိုင္ငံႏွင့္ကိုက္ညီသည့္အခ်က္အခ်ိဳ႕အား မွီျငမ္းျဖည့္စြက္တည္းျဖတ္၍ ႏိုင္ငံ၏ လတ္တေလာအေျခအေနအား အရင္းခံကာ စာဖတ္သူတို႔အက်ိဳးငွာ သင့္ေလ်ာ္ေစရန္ ဤေဆာင္းပါးအား ေရးသားေဖာ္ျပအပ္ပါသည္။

Lockdown ဆိုသည္မွာ အေရးေပၚအေျခအေနတစ္ရပ္တြင္ လူမ်ားအား သက္ဆိုင္ရာသတ္မွတ္ဧရိယာအတြင္းမွ ထြက္ခြါခြင့္မျပဳျခင္း ျဖစ္သည္။

ယခုႏွစ္အတြင္း ၿပီးခဲ့သည့္လအနည္းငယ္အတြင္း COVID-19 ေၾကာင့္ ျမန္မာႏိုင္ငံတြင္ Lockdown အတိ ျပင္းထန္စြာ ခ်မွတ္ခဲ့ရသည္အထိ ကူးစက္မႈအေျခအေနဆိုး႐ြားျခင္း မ႐ွိခဲ့ေသာ္လည္း ကမ႓ာ့ႏိုင္ငံအမ်ားအျပားတြင္ မ်ားျပားလွသည့္ ကူးစက္မႈမ်ားေၾကာင့္ တင္းက်ပ္ျပင္းထန္ေသာ Lockdown မ်ား ခ်မွတ္ခဲ့ၾကရသည္။

ထို႔ေၾကာင့္ အလုပ္အကိုင္စီးပြားေရးမ်ား ထိခိုက္ၿပီး ေငြေရးေၾကးေရးအခက္ေတြ႕ခဲ့ၾကရသည္။

ျမန္မာႏိုင္ငံတြင္လည္း COVID-19 ေၾကာင့္ ၿပီးခဲ့သည့္ (ယခုႏွစ္) ေႏြရာသီကာလအတြင္း အားေပ်ာ့ေသာ Lockdown အငယ္စားျဖစ္သည့္ Stay-at-Home စီမံခ်က္ေအာက္ ကာလတစ္ခုၾကာ ေနထိုင္ခဲ့ၾကရၿပီးေနာက္ ကြၽႏ္ုပ္တို႔သည္ အရာရာအား ပုံမွန္ျပန္ျဖစ္ရန္ ေမွ်ာ္လင့္လာခဲ့ၾကသည္။

သို႔ေသာ္လည္း COVID-19 သည္ တစ္ႀကိမ္တည္း ဆိုက္ေရာက္ေသာ သဘာဝေဘးအႏၲရာယ္တစ္ခု မဟုတ္သျဖင့္ ယခုအခါ ထိုေမွ်ာ္လင့္ခ်က္ေရာင္ျခည္မ်ား ေမွးမွိန္ေပ်ာက္ကြယ္သြားခဲ့ရၿပီျဖစ္သည္။

ယခုအခါ COVID-19 ဒုတိယလိႈင္းျပန္လည္စတင္ကာ ကူးစက္မႈသစ္မ်ားကို ေန႔စဥ္ေတြ႕႐ွိလ်က္႐ွိသည္။

ထိုေန႔စဥ္ အသစ္ေတြ႕႐ွိသည့္ ကူးစက္ခံရသူဦးေရသည္လည္း ယခုရက္ပိုင္းအတြင္း ေန႔စဥ္နီးပါး ျမင့္တက္လာလ်က္ ႐ွိသည္ကို ေတြ႕ရသည္။

အစိုးရ၏ စက္တင္ဘာ ၃ နံနက္ သတင္းထုတ္ျပန္ခ်က္အရ ကူးစက္မႈအသစ္ ၆၃ ခု ေတြ႕႐ွိခဲ့ရာ ျမန္မာႏိုင္ငံတြင္ စက္တင္ဘာ ၃ နံနက္အထိ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူစုစုေပါင္း ၁၀၅၈ ဦး ႐ွိၿပီျဖစ္သည္။

ထို႔ေၾကာင့္ ဤ COVID-19 ကာလအတြင္း ကြၽႏ္ုပ္တို႔သည္ ေငြေရးေၾကးေရးႏွင့္ပတ္သက္၍ လုပ္ေဆာင္သင့္သည္မ်ား ႐ွိပါသည္။

၎တို႔မွာ -

၁။ ေငြစုပါ။

- ပထမလိႈင္း႐ိုက္ခတ္ခံခဲ့ရစဥ္ ပညာ႐ွင္တိုင္း သေဘာတူခဲ့သည့္ ေငြေရးေၾကးေရးအၾကံျပဳခ်က္မွာ အ‌ေရးေပၚေငြ ထား႐ွိရန္ ျဖစ္သည္။

- ေလာက္ေလာက္လားလား ေငြပမာဏကို မဟုတ္ဘဲ စုေငြပမာဏ နည္းသည့္တိုင္ သို႔မဟုတ္ ဖယ္ခ်န္စရာ မ႐ွိသည့္တိုင္ ႀကိဳးစား၍ စုျဖစ္ေအာင္ စုပါ။

၂။ ေခ်းေငြျပန္ဆပ္မည္ဟု စိတ္ခ်ရမႈကို ကိုယ္စားျပဳသည့္ Credit Score (ေခ်းေငြရမွတ္) ကို တိုးျမႇင့္ပါ။

- အသုံးစရိတ္ကာမိရန္ ဘဏ္မွ ပုဂၢိဳလ္‌ေရးေခ်းေငြ ထုတ္ယူရေကာင္း ထုတ္ယူရႏိုင္ပါသည္။

- သင့္ Credit Score မေကာင္းလွ်င္ အတိုးႏႈန္းသက္သက္သာသာႏွင့္ ေခ်းေငြရရန္ ခက္ပါလိမ့္မည္။

- Credit Score အေျခအေန ေကာင္းမေကာင္း ေသခ်ာေစရန္ အေကာင္းဆုံးနည္းမွာ လစဥ္စစ္ေဆးရန္ျဖစ္သည္။

၃။ ေခြၽတာသုံးစြဲပါ။

- က်န္းမာေရးကိစၥမွအပ က်န္အရာမ်ားတြင္ ေငြေၾကးကို ပုံမွန္အေျခအေနထက္ သတိႀကီးစြာ ထိန္းထိန္းသိမ္းသိမ္းသုံးစြဲပါ။

- အေႂကြးဝယ္ကတ္ ကဲ့သို႔ေသာ အေႂကြးစနစ္ျဖင့္ ပစၥည္း သို႔မဟုတ္ ဝန္ေဆာင္မႈ ဝယ္ယူ သို႔မဟုတ္ ရယူေလ့႐ွိပါကလည္း လက္ငင္းအျပတ္႐ွင္းရသည္မွမဟုတ္သည္ဘဲ ဟူ၍ ေဖာ့မေတြးဘဲ မျဖစ္မေနလိုအပ္သည္ကိုသာ ဝယ္ယူ၊ ရယူပါ။

၄။ ေငြပို႐ွာပါ။

- တရားဝင္နည္းလမ္းျဖင့္ ေငြပိုရမည့္ သမၼာအာဇီဝအလုပ္မ်ားကို က်န္းမာေရးထိခိုက္မႈမ႐ွိေစဘဲ ပိုမိုလုပ္ကိုင္၍ ေငြကို တိုး၍ ႐ွာေဖြပါ။

၅။ က်န္းမာေရး အထူးဂ႐ုစိုက္ပါ။

- က်န္းမာျခင္းသည္ အလြန္ႀကီးမားေသာလာဘ္တစ္ပါးပင္ ျဖစ္သည္။ က်န္းမာေနသ၍ ေဆးကုစရာမလို၊ အလုပ္အကိုင္ပ်က္ျခင္းမ႐ွိေသာေၾကာင့္ ေငြမဆုံးရသျဖင့္ က်န္းမာေအာင္ ဆင္ျခင္စားေသာက္ျပဳမူေနထိုင္ျခင္းသည္ ေငြ႐ွာျခင္းပင္ ျဖစ္ေပသည္။

သို႔ပါေသာေၾကာင့္ iMyanmarHouse.com ကို ယုံၾကည္အားေပးၾကသည့္ မိတ္ေဆြမ်ားအားလုံးပဲ လက္ကို မၾကာခဏေဆးေၾကာျခင္း၊ Mask တပ္ျခင္းႏွင့္ တစ္ဦးႏွင့္တစ္ဦး အနည္းဆုံး ၆ ေပအကြာမွ စကားေျပာ၍ ခပ္ခြာခြာေနျခင္း၊ အတတ္ႏိုင္ဆုံးအိမ္မွာေနျခင္းတို႔ျဖင့္ COVID-19 ကူးစက္မႈမွ ကာကြယ္ၾကပါရန္ တိုက္တြန္းလ်က္ COVID-19 ရန္မွ ကင္းေဝးၾကပါေစဟု ဆုမြန္ေကာင္းေတာင္းအပ္ပါသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service