အိမ်ကျော်နင်းပါက တရားစွဲဆိုနိုင်သည့် ပုဒ်မများနှင့်ပြစ်ဒဏ်များ

အိမ်ကျော်နင်းပါက တရားစွဲဆိုနိုင်သည့် ပုဒ်မများနှင့်ပြစ်ဒဏ်များ - Property Knowledge in Myanmar from iMyanmarHouse.com
18 Aug 2020 12:35 pm တွင် တင်ခဲ့သည်
2648 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ပြစ်မှုမကင်းသော ကျော်နင်းမှုဆိုတာ

မည်သူမဆို ပြစ်မှုကျူးလွန်ရန် သို့မဟုတ် ပစ္စည်းလက်ရှိဖြစ်သူကို ခြောက်လှန့်ရန်၊ စော်ကားရန်၊ စိတ်ငြိုငြင်စေရန် အကြံဖြင့် သူတစ်ပါး၏ လက်ရှိပစ္စည်းအတွင်းသို့ဖြစ်စေ၊ အပေါ်သို့ဖြစ်စေ ဝင်ရောက်လျှင် သို့မဟုတ် ထိုပစ္စည်းအတွင်းသို့ဖြစ်စေ၊ အပေါ်သို့ဖြစ်စေ တရားသဖြင့် ဝင်ရောက်ပြီးနောက် ပစ္စည်းလက်ရှိ ဖြစ်သူကို စော်ကားရန်၊ ခြိမ်းခြောက်ရန်၊ စိတ်ငြိုငြင်စေရန်၊ ပြစ်မှုကျူးလွန်ရန် အကြံဖြင့် ဥပဒေနှင့် ဆန့်ကျင်ကာ ထိုပစ္စည်း၌ ဆက်လက်နေလျှင် ထိုသူသည် ပြစ်မှုမကင်းသော ကျော်နင်းမှုကို ကျူးလွန်သည်မည်၏။ (ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ-၄၄၁ )

အိမ်ကျော်နင်းမှုဆိုတာ

မည်သူမဆို လူနေအိမ်အဖြစ် အသုံးပြုသည့် အဆောက်အအုံ၊ တဲ၊ ရေယာဉ်ကိုဖြစ်စေ၊ ကိုးကွယ်ဝတ်ပြု သော နေရာအဖြစ်သော်လည်းကောင်း၊ ပစ္စည်းသိုလှောင်ထိန်းသိမ်းသော နေရာအဖြစ်သော်လည်းကောင်း အသုံးပြုရသည့် အဆောက်အအုံကိုဖြစ်စေ ဝင်ရောက်ခြင်းဖြင့် သို့မဟုတ် ဆက်လက်နေခြင်းဖြင့် ပြစ်မှုမကင်း သော ကျော်နင်းမှုကို ကျူးလွန်လျှင် ထိုသူသည် အိမ်ကျော်နင်းမှုကို ကျူးလွန်သည် မည်၏။ (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ-၄၄၂ )

ပုန်းလျှိုးအိမ်ကျော်နင်းမှုဆိုတာ

အိမ်ကျော်နင်းမှုကို ကျူးလွန်ရာ၌ ကျော်နင်းရာဖြစ်သော အဆောက်အအုံမှဖြစ်စေ၊ တဲမှဖြစ်စေ၊ ရေယာဉ်မှဖြစ်စေ ကျော်နင်းမှုကျူးလွန်သူကိုထုတ်ပယ်ရန် သို့တည်းမဟုတ် နှင်ရန် အခွင့်အရေးရှိသူက ကျော်နင်းသည်ကို မသိမမြင်အောင် ကြိုတင်စီမံပြုလုပ်၍ အိမ်ကျော်နင်းမှုကို ကျူးလွန်လျှင် ပုန်းလျှိုးအိမ်ကျော် နင်းမှု ကျူးလွန်သည်မည်၏။ ( ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ-၄၄၃ )

ညဉ့်အချိန် ပုန်းလျှိုးအိမ်ကျော်နင်းမှုဆိုတာ

မည်သူမဆို နေဝင်ပြီးချိန်မှစ၍ နေမထွက်မီအချိန်အတွင်း ပုန်းလျှိုးအိမ်ကျော်နင်းမှုကို ကျူးလွန်လျှင် ထိုသူသည် ညဉ့်အချိန် ပုန်းလျှိုးအိမ်ကျော်နင်းမှုကို ကျူးလွန်သည်မည်၏။ ( ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ-၄၄၄ )

ကျော်နင်းမှုများ ကျူးလွန်လျှင် ထိုက်သင့်သည့် ပြစ်ဒဏ်များ

ပြစ်မှုမကင်းသော ကျော်နင်းမှုကို ကျူးလွန်လျှင် သုံးလထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ငါးရာထိ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ (ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ-၄၄၇ ) အိမ်ကျော်နင်းမှုကို ကျူးလွန်လျှင် တစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ တစ်ထောင်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ( ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ-၄၄၈ )

ညဉ့်အချိန် ပုန်းလျှိုးအိမ်ကျော်နင်းမှုကိုဖြစ်စေ၊ အိမ်ဖောက်ထွင်းမှုကိုဖြစ်စေ ကျူးလွန်လျှင် သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင်လငွေဒဏ်လည်း ချမှတ်နိုင်သည်။ (ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ-၄၅၆ )

ပြစ်မှုမကင်းသော ကျော်နင်းမှုဖြင့် တရားရုံးမှ ပြစ်မှုထင်ရှားစီရင်ပြီးသော်လည်း ဥပစာမှ ထွက်ခွာခြင်း မပြုဘဲ ဆက်လက်နေထိုင်ပါကထပ်မံတရားစွဲနိုင်သည်။ အခင်းဖြစ် ဥပစာအတွင်းသို့ မတရားကျော်နင်း ဝင်ရောက်ခြင်းအတွက်တရားရုံးမှ ပြစ်မှုထင်ရှားစီရင်ပြီးသော်လည်း ထိုဥပစာမှ ထွက်ခွာခြင်းမပြုဘဲ ဆက်လက် နေထိုင်ခြင်းဖြင့် ပိုင်ရှင်အား ထပ်မံ၍ စိတငြိုငြင်မှုဖြစ်စေလျှင် ပုဒ်မ-၄၄၁ အရ ပြစ်မှုမကင်းသော ကျော်နင်းမှုကို နောက်ထပ်ကျူးလွန်ရာရောက်သည့်အတွက် အခင်းဖြစ်ကြောင်းအရာ အသစ်ပေါ်ပေါက်လာသည်ဖြစ်၍ ပြစ်မှု ကို အသစ်တစ်ဖန် ကျူးလွန်ရာရောက်သည်။ ဤသို့သော်အကြောင်းခြင်းရာ ပေါ်ပေါက်လာတိုင်း ကျူးကျော် ဝင်ရောက်နေထိုင်သူအားထပ်မံ၍ နစ်နာသူက တရားစွဲဆိုနိုင်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

အိမ္ေက်ာ္နင္းပါက တရားစြဲဆိုႏိုင္သည့္ ပုဒ္မမ်ားနွင့္ျပစ္ဒဏ္မ်ား

ျပစ္မႈမကင္းေသာ ေက်ာ္နင္းမႈဆိုတာ

မည္သူမဆို ျပစ္မႈက်ဴးလြန္ရန္ သို႔မဟုတ္ ပစၥည္းလက္ရိွျဖစ္သူကို ေျခာက္လွန္႔ရန္၊ ေစာ္ကားရန္၊ စိတ္ၿငိဳျငင္ေစရန္ အၾကံျဖင့္ သူတစ္ပါး၏ လက္ရိွပစၥည္းအတြင္းသို႔ျဖစ္ေစ၊ အေပၚသို႔ျဖစ္ေစ ၀င္ေရာက္လ်ွင္ သို႔မဟုတ္ ထိုပစၥည္းအတြင္းသို႔ျဖစ္ေစ၊ အေပၚသို႔ျဖစ္ေစ တရားသျဖင့္ ဝင္ေရာက္ၿပီးေနာက္ ပစၥည္းလက္ရိွ ျဖစ္သူကို ေစာ္ကားရန္၊ ၿခိမ္းေျခာက္ရန္၊ စိတ္ၿငိဳျငင္ေစရန္၊ ျပစ္မႈက်ဴးလြန္ရန္ အႀကံျဖင့္ ဥပေဒနွင့္ ဆန္႔က်င္ကာ ထိုပစၥည္း၌ ဆက္လက္ေနလ်ွင္ ထိုသူသည္ ျပစ္မႈမကင္းေသာ ေက်ာ္နင္းမႈကို က်ဴးလြန္သည္မည္၏။ (ျပစ္မႈဆိုင္ရာဥပေဒ ပုဒ္မ-၄၄၁ )

အိမ္ေက်ာ္နင္းမႈဆိုတာ

မည္သူမဆို လူေနအိမ္အျဖစ္ အသံုးျပဳသည့္ အေဆာက္အအံု၊ တဲ၊ ေရယာဥ္ကိုျဖစ္ေစ၊ ကိုးကြယ္၀တ္ျပဳ ေသာ ေနရာအျဖစ္ေသာ္လည္းေကာင္း၊ ပစၥည္းသိုေလွာင္ထိန္းသိမ္းေသာ ေနရာအျဖစ္ေသာ္လည္းေကာင္း အသံုးျပဳရသည့္ အေဆာက္အအံုကိုျဖစ္ေစ ၀င္ေရာက္ျခင္းျဖင့္ သို႔မဟုတ္ ဆက္လက္ေနျခင္းျဖင့္ ျပစ္မႈမကင္း ေသာ ေက်ာ္နင္းမႈကို က်ဴးလြန္လ်ွင္ ထိုသူသည္ အိမ္ေက်ာ္နင္းမႈကို က်ဴးလြန္သည္ မည္၏။ (ျပစ္မႈဆိုင္ရာ ဥပေဒ ပုဒ္မ-၄၄၂ )

ပုန္းလ်ိွဳးအိမ္ေက်ာ္နင္းမႈဆုိတာ

အိမ္ေက်ာ္နင္းမႈကို က်ဴးလြန္ရာ၌ ေက်ာ္နင္းရာျဖစ္ေသာ အေဆာက္အအံုမွျဖစ္ေစ၊ တဲမွျဖစ္ေစ၊ ေရယာဥ္မွျဖစ္ေစ ေက်ာ္နင္းမႈက်ဴးလြန္သူကိုထုတ္ပယ္ရန္ သို႔တည္းမဟုတ္ နွင္ရန္ အခြင့္အေရးရွိသူက ေက်ာ္နင္းသည္ကို မသိမျမင္ေအာင္ ႀကိဳတင္စီမံျပဳလုပ္၍ အိမ္ေက်ာ္နင္းမႈကို က်ဴးလြန္လ်ွင္ ပုန္းလ်ိွဳးအိမ္ေက်ာ္ နင္းမႈ က်ဴးလြန္သည္မည္၏။ ( ျပစ္မႈဆိုင္ရာဥပေဒ ပုဒ္မ-၄၄၃ )

ညဥ့္အခ်ိန္ ပုန္းလ်ိွဳးအိမ္ေက်ာ္နင္းမႈဆိုတာ

မည္သူမဆို ေန၀င္ၿပီးခ်ိန္မွစ၍ ေနမထြက္မီအခ်ိန္အတြင္း ပုန္းလ်ွိဳးအိမ္ေက်ာ္နင္းမႈကို က်ဴးလြန္လ်ွင္ ထိုသူသည္ ညဥ့္အခ်ိန္ ပုန္းလ်ွိဳးအိမ္ေက်ာ္နင္းမႈကို က်ဴးလြန္သည္မည္၏။ ( ျပစ္မႈဆိုင္ရာဥပေဒ ပုဒ္မ-၄၄၄ )

ေက်ာ္နင္းမႈမ်ား က်ဴးလြန္လ်ွင္ ထိုက္သင့္သည့္ ျပစ္ဒဏ္မ်ား

ျပစ္မႈမကင္းေသာ ေက်ာ္နင္းမႈကို က်ဴးလြန္လ်ွင္ သံုးလထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ေစ ငါးရာထိ ေငြဒဏ္ ျဖစ္ေစ၊ ဒဏ္နွစ္ရပ္လံုးျဖစ္ေစ ခ်မွတ္ရမည္။ (ျပစ္မႈဆိုင္ရာဥပေဒ ပုဒ္မ-၄၄၇ ) အိမ္ေက်ာ္နင္းမႈကို က်ဴးလြန္လ်ွင္ တစ္နွစ္ထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ေစ၊ တစ္ေထာင္ထိ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္နွစ္ရပ္လံုးျဖစ္ေစ ခ်မွတ္ရမည္။ ( ျပစ္မႈဆိုင္ရာဥပေဒ ပုဒ္မ-၄၄၈ )

ညဥ့္အခ်ိန္ ပုန္းလ်ွိဳးအိမ္ေက်ာ္နင္းမႈကိုျဖစ္ေစ၊ အိမ္ေဖာက္ထြင္းမႈကိုျဖစ္ေစ က်ဴးလြန္လ်ွင္ သံုးနွစ္ထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳး ခ်မွတ္ရမည့္ျပင္လေငြဒဏ္လည္း ခ်မွတ္နိုင္သည္။ (ျပစ္မႈဆိုင္ရာဥပေဒ ပုဒ္မ-၄၅၆ )

ျပစ္မႈမကင္းေသာ ေက်ာ္နင္းမႈျဖင့္ တရားရံုးမွ ျပစ္မႈထင္ရွားစီရင္ျပီးေသာ္လည္း ဥပစာမွ ထြက္ခြာျခင္း မျပဳဘဲ ဆက္လက္ေနထိုင္ပါကထပ္မံတရားစြဲနိုင္သည္။ အခင္းျဖစ္ ဥပစာအတြင္းသုိ႔ မတရားေက်ာ္နင္း ဝင္ေရာက္ျခင္းအတြက္တရားရံုးမွ ျပစ္မႈထင္ရွားစီရင္ျပီးေသာ္လည္း ထိုဥပစာမွ ထြက္ခြာျခင္းမျပဳဘဲ ဆက္လက္ ေနထိုင္ျခင္းျဖင့္ ပိုင္ရွင္အား ထပ္မံ၍ စိတၿငိဳျငင္မႈျဖစ္ေစလ်ွင္ ပုဒ္မ-၄၄၁ အရ ျပစ္မႈမကင္းေသာ ေက်ာ္နင္းမႈကို ေနာက္ထပ္က်ဴးလြန္ရာေရာက္သည့္အတြက္ အခင္းျဖစ္ေၾကာင္းအရာ အသစ္ေပၚေပါက္လာသည္ျဖစ္၍ ျပစ္မႈ ကို အသစ္တစ္ဖန္ က်ဴးလြန္ရာေရာက္သည္။ ဤသို႔ေသာ္အေၾကာင္းျခင္းရာ ေပၚေပါက္လာတိုင္း က်ဴးေက်ာ္ ဝင္ေရာက္ေနထိုင္သူအားထပ္မံ၍ နစ္နာသူက တရားစြဲဆိုနိုင္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပေဒအႀကံေပး ပညာရွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service