ဝါတွင်းကာလအယူအဆနဲ့ အိမ်ရာရွှေ့ပြောင်း ကောင်း မကောင်း
ဝါတွင်းကာလအယူအဆနဲ့ အိမ်ရာရွှေ့ပြောင်း ကောင်း မကောင်း - Property Knowledge in Myanmar from iMyanmarHouse.com
12 Aug 2020 4:05 pm တွင် တင်ခဲ့သည်
1239 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
မလိုအပ်ရင်တော့ မပြောင်းနဲ့ မရွှေ့နဲ့ပေါ့။လိုအပ်နေရဲ့သားနဲ့သာ…။
ဝါတွင်း အချိန်ကနိုင်ငံအနှံ့မိုးများချိန်ပါ။ ခြောက်သွေ့တဲ့ အရပ်ဒေသတစ်ခုအနေနဲ့ ဝါတွင်းမို့ မပြောင်းချင်လည်းကိစ္စမရှိ။
ကိုယ့်အရပ်ဒေသမှာမိုးမကြီးလည်း အထက်အညာဒေသမှာ မိုးရွာသွန်းမှုများပြီဆိုမှဖြင့်ဒီအချိန်ဒီကာလတွေမှာ ရေဝင်တဲ့ ရေကြီးတဲ့ အရပ်ဒေသတွေ မြစ်နားချောင်းနားတွေမှာ နေသူတွေအနေနဲ့ မျက်ခုံးလှုပ်ရတဲ့ ကာလဖြစ်ပါတယ်။
မြစ်ကမ်းပါးနေသူတွေအနေနဲ့ မြစ်ရေတိုးပြီး ကမ်းပါပြိုလာပြီဆိုရင် အခြေအနေကိုကြည့်ပြီး နေရာအသိုက်အအုံလေးများ ပြောင်းရွှေ့တန် သမျှ ပြောင်းထားရပါလိမ့်မယ်။ ဝါတွင်းမို့ ဘာမို့လို့ဆိုပြီး လုပ်နေရင်တော့ ကိုယ်အသက်အပြင် ပိုင်ဆိုင်မှုတွေပါ လက်လွတ်ဆုံးရှုံးရပါလိမ့် မယ်။
မိုးလေဝသအခြေအနေကြောင့် ဝါမတိုင်ခင် ကြိုတင်ပြုလုပ်စရာတွေကို လုပ်နိုင်အောင် ရှေးလူကြီးသူမတွေက သတိပေးတဲ့ စကားသာ ဖြစ်ဖို့များပါတယ်။ ဝါတွင်းမှာ အပြောင်းအရွှေ့လုပ်လိုက်လို့ ကိုယ်နဲ့ကိုယ့်မိသားစုအပေါ် အခိုက်တွေဖြစ်စေမယ်ဆိုတာတော့ မဟုတ်သည့် ယူဆချက်သာ ဖြစ်ဖို့များပါတယ်။
မိမိမွေးရပ်မြေ အညာဒေသမှာဆိုရင် ယခုလိုဝါတွင်းကာလမှာ ဧရာဝတီဖြစ်ရေဟာ တိုးမောက်ပြန့်ကားလာတဲ့ အချိန်ဖြစ်ပါတယ်။ ကျွန် တော်တို့မြို့နဲ့ ဧရာဝတီမြစ်အကြားမှာ ရွာလေးတွေရှိပါတယ်။အဲဒီရွာလေးတွေဟာဆိုရင် ဝါဆို ဝါခေါင် ရေဖောင်ဖောင်ဖြစ်ပြီးဆိုတာနဲ့ ကျွန်တော်တို့ မြို့ဘက်ကို မဖြစ်မနေပြောင်းကြရပါတယ်။ကျွဲနွားတိရစ္ဆာန်ကအစ ပြောင်းရွှေ့ပြီးနေထိုင်ကြရပါတယ်။
ခြေတံရှည်အိမ်တွေနဲ့ဆောက်ထားတဲ့ ရွာတွေဆိုပေမယ့် တွက်ထားလို့မရတဲ့ ရာသီဥတု အခြေအနေက ဘဝများစွာကိုပြောင်းလဲ စေနိုင် တာကြောင့် ကိုယ့်ထက်အညာအရပ်ကျသည့် ဒေသများက မိုးကောင်းပြီ ဆိုလျှင် ဝါတွင်းမို့ဆိုပြီးတင်ခံနေလို့မရပါ။ မြန်နိုင်သမျှမြန်မြန် လေး ပြောင်းကြရပါတယ်။ မြစ်ရေချောင်းရေနှင့်အတူပါလာတတ်တဲ့ သစ်ဝါးတွေရဲ့တွန်းတိုက်ဖြိုလှဲမှုကိုခံရနိုင်ပါတယ်။မိုးရိပ်မိုးခြေပါးလာ ပြီး မြစ်ရေကျဆင်းမှုဖြစ်လာ ကိုယ့်အရပ်ဒေသကို ပြန်ပြောင်းကြရပါတယ်။
မြန်မာနိုင်ငံအောက်ပိုင်းနဲ့ ဒေသတွေမှာ ဝါတွင်းကာလမှာ တောင်ပြို ကမ်းပြိုမှုတွေနှစ်စဉ်ဖြစ်ပါတယ်။အခြေအနေကိုတွက်စပြီး မဖြစ်ခင်က ပြောင်းနိုင်တဲ့သူတွေက ပြောင်းကြတယ်။ငွေကြေးခက်ခဲသူတွေကတော့ ဖြစ်မှကြည့်ရှင်းရတဲ့အခါ ဝါတွင်းမှာဖြစ်နေတတ်တယ်။ဒီတိုင်းပဲနေကြမလား။ မဖြစ်မနေဖြစ်လာရင် သင့်တင့်ရာနေရာကိုတော့ ပြောင်းကြရမှာပေါ့။အပြစ်ကြီးတစ်ခုတော့မဟုတ်ပါဘူး။
ဘုရားဟောမှာပါတဲ့ကိစ္စလည်း မဟုတ်ဘဲ ကျွန်တော်တို့ဟာ အပြစ်ကြီးတစ်ခုလို ခံစာအနေစေချင်ပါဘူး။အခြေအနေအရ ပြောင်းသင့်ရင် ပြောင်းရပါလိမ့်မယ်။ရှေးလူကြီးသူမတွေက ကြိုတင်ပြင်ဆင်စေချင်တဲ့စိတ်နဲ့ သတိပေးခဲ့တယ်လို့ယူဆပါတယ်။
ဒါကိုအချို့သော လောကဓာတ်ဆရာတွေက ထွင်လုံးခြောက်လုံးသုံးခဲ့လေခြင်းပေလား စဉ်းစားစရာပါ။ ဝါတွင်းဟာ မိုးကောင်းတယ်။ မိုး ကောင်းလို့ စိုစွတ်နေတဲ့အချိန်မှာ အပြောင်းအရွေ့လုပ်ရတာ ဘယ်လောက်ဒုက္ခရောက်လဲ ဒီသဘောအနေနဲ့သာ လက်ခံတာပိုကောင်းပါ လိမ့်မယ်။ သင်္ကန်းသုံးစုံသာ ဆောင်ထားရတဲ့ ရဟန်းတွေအနေနဲ့ မိုးများတဲ့ဝါတွင်းမှာ သွားလာနေကြရင် မသင့်တဲ့အတွက် မြတ်စွာဘုရား က ဝါဆိုဖို့ ပညတ်ထားခြင်းပါ။ဒါကို လူတွေက အပြစ်ကြီးတစ်ခုအနေနဲ့လုပ်လို့ မရပါဘူး။
ဝါတွင်းမို့ ဘာမလုပ်ကောင်းဘူး ညာမလုပ်ကောင်းဘူး ဆိုတာကိုတော့ ရမ်းပြီးလက်ခံစရာမရှိပါဘူး။ကောင်းတာဆိုရင် လုပ်ရမှာပါပဲ။ ဝါတွင်း ဝါပတွေ ရွေးဖို့မလိုပါဘူး။အပြောင်းအရွေ့ အများဆုံးအချိန်ဟာ ဝါတွင်းကာလဆိုရင် ပိုတောင်မှန်နေမလားပါဘဲ။နက္ခက်ကောင်း ခြင်း မကောင်းခြင်းတွေက ကိုယ့်အကျင့်အကြံနဲ့သာဆိုင်တာပါ။မကောင့်ကျင့် မကောင်းကြံကြံနေသူဟာ ဆယ့်နှစ်ရာသီကောင်းဖို့မရှိ ပါဘူး။ကောင်းဖို့ကျင့်ကြံနေသူများအဖို့တော့ အချိန်တိုင်းဟာ နက္ခက်ကောင်းပါလိမ့်မယ်။ဝါတွင်းကာလ အိမ်အပြောင်းအရွှေ့ကတော့ အရပ်ဒေသ ရာသီဥတုနဲ့ အချိန်ကာလကိုကြည့်ပြီး လုပ်သင့်သလိုလုပ်ကြရမှာပါ လို့ပဲပြောပါရစေဗျာ။
ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service