လွှင့်ပစ်ချိန်တန်ပြီဆိုတဲ့ သင့်အိမ်ထဲက အမှိုက်လိုဖြစ်နေတဲ့အရာတွေ
လွှင့်ပစ်ချိန်တန်ပြီဆိုတဲ့ သင့်အိမ်ထဲက အမှိုက်လိုဖြစ်နေတဲ့အရာတွေ - Property Knowledge in Myanmar from iMyanmarHouse.com
10 Aug 2020 3:16 pm တွင် တင်ခဲ့သည်
1016 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
သင့်အိမ်တစ်ခုလုံးရဲ့နေရာတိုင်းလိုလိုမှာ အမည်ဖော်ပြလို့မရ ဟို နားတစ်စ သည်နား တစ်စရှိနေတတ်တဲ့ အရာဝတ္ထုတွေကြောင့် တစ်ခါတစ်လေမှာ အရမ်းစိတ်ရှုပ်ထွေးလာရပြီး အိမ်ကနေတောင် ထွက်သွားချင်လောက်အောင်ကို ဖြစ်ဖူးမှာပါ။
မိသားစုဝင်တိုင်းသုံး စွဲကြတဲ့ အသုံးအဆောင်တွေအားလုံးက တစ်အိမ်လုံးစာ ပြန့်ကျဲနေ မယ်ဆိုရင်တော့ လူတွေတောင် နေစရာနေရာရှိတော့မှာ မဟုတ်ပါဘူး။ အခန်းတိုင်း နေရာတိုင်းမှာ ပြန့်ကျဲနေတဲ့အရာဝတ္ထု အသုံးအဆောင်တွေက တကယ်လိုအပ်မယ့်အရာတွေ၊ စွန့်ပစ်ထုတ်လိုက်တော့မဲ့ အရာတွေမှန်းမသိ မသိမ်းဆည်းနိုင်တော့ပဲ လူတစ်ဦးစာနေထိုင်လို့ရလောက်မယ့်အနေအထား အကျယ်လောက်ကို ဖယ်ဖယ် ပြီးနေထိုင်ကြရတာက ရေရှည်အတွက်တော့ မကောင်းပါဘူး။
ဒီတော့ အိမ်တစ်ခုလုံးမှာ ရှုပ်ပွပြန့်ကျဲပြီးနေထိုင်စရာနေရာမရှိတော့ လောက်အောင် နေရာယူထားတဲ့ မလိုအပ်တဲ့အရာတွေ၊ အသုံးမဝင်တော့တဲ့ အဟောင်းအပျက်အစီးတွေနဲ့ စွန့်ပစ်သင့်တဲ့အရာတွေကို သိရှိအောင် ဖော်ပြပေးလိုက်ပါတယ်။
၁။ ဖန်ကွဲစ မှန်ကွဲစအပိုင်းအစတွေက ထိခိုက်ရှနာမှုတွေဖြစ်စေနိုင် တဲ့အတွက် အိမ်ခန်းထဲကနေအမြန်ဆုံးဖယ်ရှားလိုက်ပါ။ နောက်ပြီး ပေါက်ပြဲနေတဲ့ ပလက်စတစ်ပုံးတွေ၊ စက္ကူပုံးခွံတွေ အဝတ်ပုံးတွေကိုလည်း စွန့်ပစ်လိုက်ပါ။
၂။ မှားယွင်းနေတဲ့ ပါဝါ၊ မှန်ဘီလူးတွေနဲ့ မိမိမျက်လုံးကျန်းမာရေးထိ ခိုက်နိုင်တဲ့ မျက်မှန်၊ အလှမျက်မှန်တွေကို စွန့်ပစ်သင့်ပါတယ်။ နောက်ပြီး မှင်ကုန်နေတဲ့ ဘောပင်အစုတ်တွေ၊ ဆော့ပင်အဟောင်း တွေကိုလည်းပစ်ထုတ်လိုက်ပါ။
၃။ အိုဟောင်းပြီး ဒီဇိုင်းတုံးနေတဲ့ အဝတ်အစားအဟောင်းတွေ၊ တစ်ခါမှ မဝတ်ဖူးသေးတဲ့ မာဖလာ၊ ပုဝါတွေက တကယ့်ကို ရှုပ်ပွစေပြီး တကယ့်အသုံးမတည့်တော့တဲ့အတွက် လွှင့်ပစ်လိုက်ပါ။
၄။ နှစ်ရက်ထက်ကျော်တဲ့ နေ့စဉ်ထုတ်သတင်းစာတွေ၊ တစ်လထက် ကျော်တဲ့ လစဉ်မဂ္ဂဇင်းအဟောင်းတွေကို အိမ်ရဲ့စားပွဲတွေမှာ မထား သင့်တော့ပါဘူး။ နေရာကျယ်ကျယ်ယူပြီး ရှုပ်ပွစေတဲ့အတွက်လည်း လွှင့်ပစ်လိုက်သင့်တာပါ။
၅။ သားရေကွင်း၊ ပလက်စတစ်ကြိုးခွေ၊ ဘူးခွံအစုတ်တွေကို ဘာလို့ အလုပ်ရှုပ်ခံပြီး သိမ်းထားမှာလဲ။ လိုမှ မလိုအပ်ပဲ လွှင့်ပစ်လိုက်တာ အကောင်းဆုံးဖြစ်ပြီး မျက်စိလည်းရှင်းပါတယ်။
၆။ ဓာတ်ခဲ၊ ဘက်ထရီအားကုန်နေတဲ့ လျှပ်စစ်ပစ္စည်းတွေ၊ မီးသီး၊ မီးချောင်း၊ ရီမုတ်၊ အိမ်သုံးပစ္စည်းတွေကိုလည်း သင့်အိမ်ခန်းတွေထဲ မှာ မသိမ်းထားပါနဲ့။ အသုံးမရချင်းအတူတူ လွှင့်ပစ်လိုက်တာ ပိုပြီး ကောင်းပါတယ်။
၇။ အသုံးပြုပြီးသား တစ်သျှူးစတွေ၊ စက္ကူစုတ်တွေ၊ ပလက်စတစ်အ ခွံတွေကိုတောင် အမှိုက်ပုံးထဲသွားထည့်ဖို့ ဝန်လေးကြတော့ သင့်ရဲ့ အိမ်မှာပွထနေသလိုဖြစ်နေတာပေါ့။ ဒီတော့ ဝန်လေးမနေပဲ အမှိုက်ပုံးထဲ စနစ်တကျစွန့်ပစ်လိုက်ပါ။
၈။ အမျိုးသမီးတွေရှိတဲ့ အိမ်တွေမှာဆို မှန်တင်ခုံတွေမှာ ပွထနေတဲ့ မိတ်ကပ်အလှဆင်ပစ္စည်းတွေထဲက တစ်ဝက်လောက်ကသာ အသုံးဝင်ပါတော့တယ်။ ကျန်တာတွေကတော့ ပစ္စည်းမကုန်လို့ပဲဖြစ်ဖြစ်၊ ပစ္စည်းကုန်သွားရင်တောင်ပဲဖြစ်ဖြစ် အသုံးမပြုတော့တဲ့ ပစ္စည်းတွေကို မလွှင့်ပစ်ရက်လို့ သိမ်းထားတတ်ကြတာပါ။ အဲ့ဒီအရာတွေကလည်း အိမ်ကို ရှုပ်ပွနေစေတာကြောင့် စိတ်ပြတ်ပြတ်သားသားနဲ့ပဲ စွန့်ပစ်လိုက်ဖို့လိုပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service