ရက်စွဲမပါသည့် စာချုပ်များအကြောင်း သိကောင်းစရာ

ရက်စွဲမပါသည့် စာချုပ်များအကြောင်း သိကောင်းစရာ - Property Knowledge in Myanmar from iMyanmarHouse.com
10 Aug 2020 2:23 pm တွင် တင်ခဲ့သည်
777 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

အချို့သော စာချုပ်များတွင် ရက်စွဲဖော်ပြရမည်ကို သတိမေ့လျော့၍ မဖော်ပြဘဲရှိသည်များ၊ အချို့သော စာချုပ်များတွင်မူ `ခုနှစ်´၊ `လ´ ဖော်ပြထားသော်လည်း `ရက်´ နေရာတွင် ( ) လက်သည်းကွင်းသာ ဖော်ပြထားပြီး `ရက်´ ဖြည့်သွင်းရမည်ကို သတိမေ့လျော့၍ မဖြည့်သွင်းဘဲ ရှိသည်များ ကို တွေ့ရတတ်ပါသည်။ စာချုပ်တွင် စာချုပ်ချုပ်သည့် ရက်စွဲ မပါခြင်းသည် ကာလသတ်မှတ်ချက်ဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။

နမူနာတစ်ရပ်ကို တင်ပြပါမည်။ မြေပိုင်ရှင်နှင့် ကန်ထရိုက်တာတို့ သဘောတူချုပ်ဆိုသော စာချုပ်တစ်ခုတွင် ဖြစ်ပါသည်။ မြေပိုင်ရှင်၏ မြေနေရာတွင် ကန်ထရိုက်တာက တိုက်ဆောက်လုပ်မည်ဖြစ်ရာ အပေးအယူ သဘောတူစာချုပ်တစ်ရပ်ချုပ်ဆိုပါသည်။ စာချုပ်တွင် ပါရှိသည်မှာ -

"ဤစာချုပ်ပြုလုပ်သည့် အချိန်မှ အစပြု၍ (၈)လ နှင့်အပြီး တိုက်ကို ဆောက်လုပ်မည်ဖြစ်ကြောင်း ကန်ထရိုက်တာက တာဝန်ယူပါသည်" ဟူ၍ ပါရှိပါသည်။ သို့သော် ယင်းစာချုပ်တွင် စာချုပ်ချုပ် သည့် ရက်စွဲမပါရှိဘဲ ရှိပါသည်။

စာချုပ်သည့် အချိန်မှ အစပြု၍ (၈)လ နှင့်အပြီး ဆောက်လုပ်မည် ဆိုသော်လည်း စာချုပ်ချုပ်သည့် ရက်စွဲ မပါရှိသည့်အတွက် အပြီးဆောက်လုပ်မည့် (၈)လ ဆိုသည့်ကာလကို သတ်မှတ်ရခက်ပါလိမ့်မည်။ တာဝန်ယူသူအတွက်မူ အကြိုက်ဖြစ်နေမည် ဖြစ်ပါသည်။

အလားတူ အရစ်ကျစနစ်ဖြင့် ငွေပေးချေရမည့် စာချုပ်များတွင်လည်း "ဤ စာချုပ်ချုပ်ဆိုသည့် နေ့ရက်မှ (၁၅) ရက် စေ့မြောက်သည့်နေ့တွင် ငွေကျပ် (၅) သိန်းကိုသော်လည်းကောင်း၊ (၃၀)ရက် မြောက်သည့်နေ့ တွင် နောက်ထပ် ငွေကျပ်(၅)သိန်းကိုသော်လည်းကောင်း ဝယ်သူက ရောင်းသူသို့ အပြီးပေးချေရမည် ဖြစ်သည်" ဟူ၍ ချုပ်ဆိုထားခဲ့ကြပါသည်။ သို့သော် စာချုပ်တွင် ချုပ်သည့်ရက်စွဲ မပါရှိဘဲ ရှိပါသည်။ ငွေပေးရမည့်သူအတွက် ဟန်ကျလှပြီး၊ ငွေရမည့်သူအတွက် ဟန်မကျ ဖြစ်သွားနိုင်ပါသည်။

ထို့အပြင် ကာလစည်းကမ်းသတ် ဥပဒေတစ်ရပ် ရှိသည်ကိုလည်း သတိပြုစေလိုပါသည်။ ယင်းဥပဒေ၏ သဘောမှာ သက်သာမှုတောင်းဆိုခြင်းနှင့် ပတ်သက်၍ အချိန်ကာလသတ်မှတ်ပေးသည့် ဥပဒေဟု ဆိုရပါမည်။

ချုပ်ဆိုထားသည့် ပဋိဉာဉ်အတိုင်း ဆောင်ရွက်စေရန် တရားစွဲမည်ဆိုပါ ဆောင်ရွက်ရန် ချိန်းဆိုသည့်နေ့ရက်က စ၍ (သို့မဟုတ်) ချိန်းဆိုခြင်း မရှိလျှင် မဆောင်မရွက် ငြင်းပယ်ခြင်းကို တရားလို သိသည့်အခါမှစ၍ (၃)နှစ်အတွင်း တရားစွဲဆိုရမည်ဖြစ်ကြောင်း ယင်းဥပဒေ ပထမဇယား စာပိုဒ် (၁၁၃) တွင် ပြဋ္ဌာန်းထားသည်ကို တွေ့ရပါသည်။

တဖန် ပဋိဉာဉ်ဖျက်သိမ်းလိုမှု တရားစွဲမည်ဆိုပါက ပဋိဉာဉ်ဖျက်သိမ်းပိုင်သည့် အကြောင်းချင်းရာများက်ို တရားလို ပထမသိရသည့် အခါက စ၍ (၃)နှစ်အတွင်း တရားစွဲဆိုရမည်ဖြစ်ကြောင်း ယင်းဥပဒေ ပထမဇယား စာပိုဒ်(၁၁၄)တွင် ပြဋ္ဌာန်းထားသည်ကို တွေ့ရပါသည်။ ထိုကာလ ကျော်လွန်က တရားစွဲခွင့် မရှိတော့သည့်သဘော ဖြစ်ပါသည်။

လူတစ်ယောက်က အခြားလူတစ်ယောက်သို့ ငွေများ ပေးထားပါသည်။ စာချုပ်ပြုလုပ်ချုပ်ဆို၍ ပေးထားခြင်း ဖြစ်ပါသည်။ ယင်းပေးထားသော ငွေ အတွက် တရားစွဲဆိုမည်ဆိုပါက (၃) နှစ်အတွင်း တရားစွဲ တောင်းရမည်ဖြစ်ပါသည်။ {ပထမဇယား စာပိုဒ်(၆၁)} ထိုသို့တောင်းဆိုရမည် မှာ ငွေပေးခဲ့သည့် အခါက စ၍ စတင်ရေတွက်ရမည် ဖြစ်ပါသည်။ သို့သော် စာချုပ်တွင် ချုပ်ဆိုသည့် ရက်စွဲ မပါရှိခဲ့လျှင် မည်သည့်နေ့က ငွေပေး၍ စာချုပ်ချုပ်ခဲ့သည် ဟူသော အချက်ကို ထင်ရှားအောင် အရင်ပြုလုပ်ရပါအုံးမည်။ ယင်းအချက် ပေါ်လွင်ပြီးပါမှ စတင်ရေတွက်ရမည့် ကာလကို သတ်မှတ်ယူရမည် ဖြစ်ပါသည်။ သို့မဟုတ်ပါက စတင်ရေတွက်၍ မရအောင် စာချုပ်၏ မပြည့်စုံမှုက ခံ၍နေပါမည်။

ကာလစည်းကမ်းသတ်ဥပဒေတွင် အလားတူ ပြဋ္ဌာန်းထားမှုများ အများအပြား ပါရှိပါသည်။ သို့ဖြစ်ရာ ကာလစည်းကမ်းသတ် ကာလကို တွက်ချက်နိုင်ရန်မှာ စာချုပ်တိုင်းတွင် စာချုပ်ချုပ်သော ရက်စွဲအပြင် အခြားဆောင်ရွက်မှုနှင့် စပ်လျဉ်းသော ရက်စွဲများ ပါရှိရန် လိုအပ်မည်ဖြစ်ကြောင်း အကြံပြုအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ဦးကျော်ဇေယျ( ဥပဒေ )

[Zawgyi]

ရက္စြဲမပါသည့္ စာခ်ဳပ္မ်ားအေၾကာင္း သိေကာင္းစရာ

အခ်ိဳ႕ေသာ စာခ်ဳပ္မ်ားတြင္ ရက္စြဲေဖာ္ျပရမည္ကို သတိေမ့ေလ်ာ့၍ မေဖာ္ျပဘဲရွိသည္မ်ား၊ အခ်ိဳ႕ေသာ စာခ်ဳပ္မ်ားတြင္မူ `ခုႏွစ္´၊ `လ´ ေဖာ္ျပထားေသာ္လည္း `ရက္´ ေနရာတြင္ ( ) လက္သည္းကြင္းသာ ေဖာ္ျပထားၿပီး `ရက္´ ျဖည့္သြင္းရမည္ကို သတိေမ့ေလ်ာ့၍ မျဖည့္သြင္းဘဲ ရွိသည္မ်ား ကို ေတြ႕ရတတ္ပါသည္။ စာခ်ဳပ္တြင္ စာခ်ဳပ္ခ်ဳပ္သည့္ ရက္စြဲ မပါျခင္းသည္ ကာလသတ္မွတ္ခ်က္ဆိုင္ရာ ျပႆနာမ်ားကို ျဖစ္ေပၚေစႏိုင္ပါသည္။

နမူနာတစ္ရပ္ကို တင္ျပပါမည္။ ေျမပိုင္ရွင္ႏွင့္ ကန္ထရိုက္တာတို႔ သေဘာတူခ်ဳပ္ဆိုေသာ စာခ်ဳပ္တစ္ခုတြင္ ျဖစ္ပါသည္။ ေျမပိုင္ရွင္၏ ေျမေနရာတြင္ ကန္ထရိုက္တာက တိုက္ေဆာက္လုပ္မည္ျဖစ္ရာ အေပးအယူ သေဘာတူစာခ်ဳပ္တစ္ရပ္ခ်ဳပ္ဆိုပါသည္။ စာခ်ဳပ္တြင္ ပါရွိသည္မွာ -

"ဤစာခ်ဳပ္ျပဳလုပ္သည့္ အခ်ိန္မွ အစျပဳ၍ (၈)လ ႏွင့္အၿပီး တိုက္ကို ေဆာက္လုပ္မည္ျဖစ္ေၾကာင္း ကန္ထရိုက္တာက တာဝန္ယူပါသည္" ဟူ၍ ပါရွိပါသည္။ သို႔ေသာ္ ယင္းစာခ်ဳပ္တြင္ စာခ်ဳပ္ခ်ဳပ္ သည့္ ရက္စြဲမပါရွိဘဲ ရွိပါသည္။

စာခ်ဳပ္သည့္ အခ်ိန္မွ အစျပဳ၍ (၈)လ ႏွင့္အၿပီး ေဆာက္လုပ္မည္ ဆိုေသာ္လည္း စာခ်ဳပ္ခ်ဳပ္သည့္ ရက္စြဲ မပါရွိသည့္အတြက္ အၿပီးေဆာက္လုပ္မည့္ (၈)လ ဆိုသည့္ကာလကို သတ္မွတ္ရခက္ပါလိမ့္မည္။ တာဝန္ယူသူအတြက္မူ အႀကိဳက္ျဖစ္ေနမည္ ျဖစ္ပါသည္။

အလားတူ အရစ္က်စနစ္ျဖင့္ ေငြေပးေခ်ရမည့္ စာခ်ဳပ္မ်ားတြင္လည္း "ဤ စာခ်ဳပ္ခ်ဳပ္ဆိုသည့္ ေန႔ရက္မွ (၁၅) ရက္ ေစ့ေျမာက္သည့္ေန႔တြင္ ေငြက်ပ္ (၅) သိန္းကိုေသာ္လည္းေကာင္း၊ (၃၀)ရက္ ေျမာက္သည့္ေန႔ တြင္ ေနာက္ထပ္ ေငြက်ပ္(၅)သိန္းကိုေသာ္လည္းေကာင္း ဝယ္သူက ေရာင္းသူသို႔ အၿပီးေပးေခ်ရမည္ ျဖစ္သည္" ဟူ၍ ခ်ဳပ္ဆိုထားခဲ့ၾကပါသည္။ သို႔ေသာ္ စာခ်ဳပ္တြင္ ခ်ဳပ္သည့္ရက္စြဲ မပါရွိဘဲ ရွိပါသည္။ ေငြေပးရမည့္သူအတြက္ ဟန္က်လွၿပီး၊ ေငြရမည့္သူအတြက္ ဟန္မက် ျဖစ္သြားႏိုင္ပါသည္။

ထို႔အျပင္ ကာလစည္းကမ္းသတ္ ဥပေဒတစ္ရပ္ ရွိသည္ကိုလည္း သတိျပဳေစလိုပါသည္။ ယင္းဥပေဒ၏ သေဘာမွာ သက္သာမႈေတာင္းဆိုျခင္းႏွင့္ ပတ္သက္၍ အခ်ိန္ကာလသတ္မွတ္ေပးသည့္ ဥပေဒဟု ဆိုရပါမည္။

ခ်ဳပ္ဆိုထားသည့္ ပဋိဉာဥ္အတိုင္း ေဆာင္႐ြက္ေစရန္ တရားစြဲမည္ဆိုပါ ေဆာင္႐ြက္ရန္ ခ်ိန္းဆိုသည့္ေန႔ရက္က စ၍ (သို႔မဟုတ္) ခ်ိန္းဆိုျခင္း မရွိလွ်င္ မေဆာင္မ႐ြက္ ျငင္းပယ္ျခင္းကို တရားလို သိသည့္အခါမွစ၍ (၃)ႏွစ္အတြင္း တရားစြဲဆိုရမည္ျဖစ္ေၾကာင္း ယင္းဥပေဒ ပထမဇယား စာပိုဒ္ (၁၁၃) တြင္ ျပ႒ာန္းထားသည္ကို ေတြ႕ရပါသည္။

တဖန္ ပဋိဉာဥ္ဖ်က္သိမ္းလိုမႈ တရားစြဲမည္ဆိုပါက ပဋိဉာဥ္ဖ်က္သိမ္းပိုင္သည့္ အေၾကာင္းခ်င္းရာမ်ားက္ို တရားလို ပထမသိရသည့္ အခါက စ၍ (၃)ႏွစ္အတြင္း တရားစြဲဆိုရမည္ျဖစ္ေၾကာင္း ယင္းဥပေဒ ပထမဇယား စာပိုဒ္(၁၁၄)တြင္ ျပ႒ာန္းထားသည္ကို ေတြ႕ရပါသည္။ ထိုကာလ ေက်ာ္လြန္က တရားစြဲခြင့္ မရွိေတာ့သည့္သေဘာ ျဖစ္ပါသည္။

လူတစ္ေယာက္က အျခားလူတစ္ေယာက္သို႔ ေငြမ်ား ေပးထားပါသည္။ စာခ်ဳပ္ျပဳလုပ္ခ်ဳပ္ဆို၍ ေပးထားျခင္း ျဖစ္ပါသည္။ ယင္းေပးထားေသာ ေငြ အတြက္ တရားစြဲဆိုမည္ဆိုပါက (၃) ႏွစ္အတြင္း တရားစြဲ ေတာင္းရမည္ျဖစ္ပါသည္။ {ပထမဇယား စာပိုဒ္(၆၁)} ထိုသို႔ေတာင္းဆိုရမည္ မွာ ေငြေပးခဲ့သည့္ အခါက စ၍ စတင္ေရတြက္ရမည္ ျဖစ္ပါသည္။ သို႔ေသာ္ စာခ်ဳပ္တြင္ ခ်ဳပ္ဆိုသည့္ ရက္စြဲ မပါရွိခဲ့လွ်င္ မည္သည့္ေန႔က ေငြေပး၍ စာခ်ဳပ္ခ်ဳပ္ခဲ့သည္ ဟူေသာ အခ်က္ကို ထင္ရွားေအာင္ အရင္ျပဳလုပ္ရပါအံုးမည္။ ယင္းအခ်က္ ေပၚလြင္ၿပီးပါမွ စတင္ေရတြက္ရမည့္ ကာလကို သတ္မွတ္ယူရမည္ ျဖစ္ပါသည္။ သို႔မဟုတ္ပါက စတင္ေရတြက္၍ မရေအာင္ စာခ်ဳပ္၏ မျပည့္စံုမႈက ခံ၍ေနပါမည္။

ကာလစည္းကမ္းသတ္ဥပေဒတြင္ အလားတူ ျပ႒ာန္းထားမႈမ်ား အမ်ားအျပား ပါရွိပါသည္။ သို႔ျဖစ္ရာ ကာလစည္းကမ္းသတ္ ကာလကို တြက္ခ်က္ႏိုင္ရန္မွာ စာခ်ဳပ္တိုင္းတြင္ စာခ်ဳပ္ခ်ဳပ္ေသာ ရက္စြဲအျပင္ အျခားေဆာင္႐ြက္မႈႏွင့္ စပ္လ်ဥ္းေသာ ရက္စြဲမ်ား ပါရွိရန္ လိုအပ္မည္ျဖစ္ေၾကာင္း အႀကံျပဳအပ္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္  ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ဦးေက်ာ္ေဇယ်( ဥပေဒ )

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
ponnami
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service