ကျန်းမာခြင်းကို သင်ရလိုလျှင်
ကျန်းမာခြင်းကို သင်ရလိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
7 Aug 2020 10:44 am တွင် တင်ခဲ့သည်
746 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
ကျွန်တော်တို့ဟာ စိတ်ထဲမှာ ဖြစ်လိုရလိုတဲ့ကိစ္စတစ်ခုခုကို အကြောင်းပြချက်တစ်ခုခုနဲ့ပဲ ပြန်စွန့်လွှတ်ပစ်တတ်ကြတယ်။
ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ ကိုယ်နဲ့ရွယ်တူသူ တစ်ဦးဦးဟာ ရုပ်ရည်ရော ခန္ဓာကိုယ်ပါ လှပကျော့ရှင်း ခန့်ညားခြင်းတွေကို မြင်ရင် အားကျတယ်။တဒင်္ဂအတွင်း တုပအားကျစိတ်ဖြင့် ကိုယ်လည်း သူ့လိုဖြစ်ရမယ်ဆိုတဲ့ စိတ်ဆုံးဖြတ်ချက် ချမိတယ်။
သာမန်အားဖြင့် ရုပ်ရည်ကိုတုပဖို့မဖြစ်နိုင်သော်လည်း ခန္ဓာကိုယ် အနေဖြင့် အဂါင်္အစိတ်အပိုင်း ချိုးယွင်းခြင်းမရှိလျှင် ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ ကိုယ်အားကျသူထက် သာလွန်ပြီးဖြစ်ခွင့်ရှိသည်။
တဒင်္ဂဖြစ်လိုစိတ်ထက် အမြဲမပြတ် လေ့လာကျင့်ကြံခြင်းကသာ ထူးမြတ်ထင်ရှားသည့် ရလဒ်ကောင်းကို ရရှိစေပါလိမ့်မယ်လို့ ကြိုပြီးအသိ ပေးတိုက်တွန်းလိုပါတယ်။
ကျန်းမာခြင်းကို သင့်အနေနဲ့ အမှန်တကယ်ပဲ ရလိုတယ်ဆိုရင် အခြေခံအားဖြင့် အစားအသောက်၊အအိပ်အနေတို့ကို သင့်တင့်မျှတ အောင် စားသောက်နေထိုင်ခြင်းက သင့်ကိုပုံမှန်အားဖြင့် အထောက်အကူပြုနေပါလိမ့်မယ်။
ဒါပေမယ့် သာမန်ကျန်းမာခြင်းထက် ပိုပြီးထူးဖို့အတွက်ဆိုရင်တော့ အနဲငယ်သောအားစိုက်ထုတ်မှုလေး လုပ်ပေးလိုက်မယ်ဆိုရင် သိသိသာသာပြောင်းလဲလာမယ်ဆိုတာကို ကြိမ်းသေပြောရဲပါတယ်။
အလကားရတဲ့လေကို ပြည့်ပြည့်ဝဝရှုကြည့်စမ်းပါ။
လူတော်တော်များများဟာ အလကားရတဲ့လေကိုတောင်မှ ပြည့်ပြည့်ဝဝမရှူနိုင်ကြပါဘူး။ဘာလို့ပြောရလဲဆိုရင် ကိုယ့်ကိုယ်ကိုယ် သေချာ ဆန်းစစ် မကြည့်ကြလို့ပါ။တချို့က အဆုတ်မကောင်းလို့ လေကိုကောင်းကောင်းရှူမသွင်းနိုင်ကြဘူး။ လေများများ ရှူမသွင်းနိုင်တော့ အောက်စီဂျင်များများမရဘူး။အောက်စီဂျင်များများ မရတော့ ခေါင်းမကြည်လင်မှုတွေဖြစ်တယ်။မောလွယ်လာတယ်။ကျန်းမာရေး ချို့ယွင်းမှုတွေဖြစ်တယ်။
အဆုတ်ထဲကို လေအပြည့်ရှူမပေးတော့ လေမရတဲ့ အဆုတ်ရဲ့ အစိတ်အပိုင်းလေးတွေက အချိန်ကြာလာတာနဲ့အမျှ သေသလိုဖြစ်လာပါ လိမ့်မယ်။ အကျိုးဆက်က ခန္ဓာကိုယ်အတွက် မကောင်းနိုင်ပါဘူး။အကျင့်မရသေးတဲ့သူတွေအနေနဲ့ အဆုတ်ရှိ အင်္ဂါအစိတ်အပိုင်းထဲကို လေရောက် ရှိအောင် နှေးနှေးနဲ့ဖြည်းဖြည်းရှူသွင်းတဲ့ အကျင့်ကိုလုပ်ပေးပါ။အဲလိုမဟုတ်ဘဲ မြန်မြန်ကြီးဆောင့်ရှူလိုက်မယ်ဆိုရင် မော ပန်းခြင်း၊ချောင်းဆိုးခြင်း၊ မူးမော်ခြင်းတွေဖြစ်ပြီး ဆက်လုပ်လိုစိတ်ပျက်သွားပါလိမ့်မယ်။
ရုပ်ရည်ကြည်လင်ရွှင်လန်းပြီး ကျန်းမာခြင်းကို သင့်အနေနဲ့ တကယ်ရလိုတယ်ဆိုရင် အလားကားရတဲ့လေကို တန်ဖိုးထားပြီး တစ်နေ့ကို အချိန်နဲနဲပေးပြီးရှူကြည့်ပါလို့တိုက်တွန်းလိုက်ပါတယ်။
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ
မြို့နေလူတန်းစားများဟာ တကယ်တော့ အနေကျုံ့ပါတယ်။ပေ ၂၀ ၊ပေ ၅၀ အကျယ်အဝန်းလေးထဲမှာ သိုလှောင်သိမ်းဆည်းထားတာ တွေကြောင့် ပိုပြီးပင်အနေကျုံ့ကြသည်။
ဒါပေမယ့် ကျန်းမာခြင်းကို ရလိုတယ်ဆိုရင်တော့ ရတဲ့နေရာလေးတွေကနေ အကြောင်းပြချက်သိပ်မပေးဘဲ လုပ်ကြည့်ပါ။ဝရံတာလို နေရာလေးကို ပစ္စည်းတွေမထားဘဲ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ရာ နေရာလွတ်လေးအဖြစ်ထားပါ။နေရာကျဉ်းတာမို့လို့ ကိရိယာတွေနဲ့ကစားတာထက် ကိရိယာလွတ်ကစားခြင်းက အဆင်ပြေစေပါလိမ့်မယ်။ကိရိယာလွတ်လေ့ကျင်းခန်းတွေကိုတော့ အင်တာနက်က ရှာဖွေပြီး ကိုယ်နဲ့အပ်စပ်အောင်လုပ်ပြီးကျင့်ပါ။
ကျန်းမာတဲ့အပြင် အချိုးအစားလှပပြေပြစ်တဲ့ ခန္ဓာကိုယ်ကိုယ် သင်အမှန်တကယ် ရရှိပါလိမ်မယ်ဆိုတာပြောဝံ့ပါတယ်။ စိတ်ပျက်အား လျော့လွယ်တဲ့သူအတွက်တော့ ရလဒ်ကောင်းမမျှော်ပါနဲ့လို့တော့ပြောပါရစေ။
စိတ်ကိုကြည်လင်ပါစေ
ရှေးစကားရှိသည် “စိတ်ထောင်းတော့ ကိုယ်ကြေ” တဲ့ ။ အခုထိ မှန်နေတဲ့စကားပါ။ ကျွန်တော်တို့ဟာ မလိုအပ်ပဲ စိတ်ကို ဒုက္ခပေးတဲ့ ကြားမြင်တွေးကြံတာတွေကိုလုပ်တတ်ကြပါတယ်။
အလုပ်တစ်ခုမှာ ကိုယ်နဲ့ပေါင်းသင်း ဆက်ဆံရ ခတ်တဲ့သူ၊ အစေးမကပ်တဲ့ သူများ ပါလာပြီဆိုရင် အလုပ်လုပ်တဲ့တစ်လျှောက်လုံး စိတ်ဆင်းရဲကြီးစွာ ခံစားရတတ်ပါတယ်။ သူကတော့ ဘယ်လိုနေမယ်မသိ ကိုယ်ကသာ မိုးလင်းကမိုးချုပ် အဲဒီလူအကြောင်း တွေးပြီး လောဘ၊ဒေါသ၊မာန်မာနတွေနဲ့ ပူလောင် နေမိတတ်တယ်။
စားဝတ်နေရေး အတွက်ပူလောင်မှုတွေလည်းရှိမယ်။သားရေးသမီးရေး အိမ်ထောင်ရေးအတွက်ပူလောင်မှုတွေရှိမယ်။ လူတိုင်းမှာ ပူလောင်မှုအမျိုးမျိုးရှိနေမှာပါ။ ရှာစရာရှိတာရှာ၊ ရှင်းစရာရှိတာ ရှင်းလိုက်တာ ပိုကောင်းပါတယ်။မရှင်းဘဲတွေးနေခြင်းက ဘာမှမဖြစ် ကျန်းမာခြင်းကိုသာဆုတ်ယုတ်စေပါတယ်။အရှုပ်ထဲက စိတ်ကိုတတ်နိုင်သမျှ ရှင်းအောင်ထားပါ။သင့်အတွက် ကျန်းမာခြင်းက ရက်ရှည်ပါလိမ့်မယ်လို့ တိုက်တွန်းလိုက်ပါရစေဗျာ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
စိတ်ကိုကြည်လင်ပါစေ
ရှေးစကားရှိသည် “စိတ်ထောင်းတော့ ကိုယ်ကြေ” တဲ့ ။ အခုထိ မှန်နေတဲ့စကားပါ။ ကျွန်တော်တို့ဟာ မလိုအပ်ပဲ စိတ်ကို ဒုက္ခပေးတဲ့ ကြားမြင်တွေးကြံတာတွေကိုလုပ်တတ်ကြပါတယ်။
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ponnami
mya-villa
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service