ကိုယ့်အိမ်ကိုယ့်ရာ ရှင်းသန့်ပါ ကျန်းမာစေကြောင်း နည်းလမ်းကောင်း

ကိုယ့်အိမ်ကိုယ့်ရာ ရှင်းသန့်ပါ ကျန်းမာစေကြောင်း နည်းလမ်းကောင်း - Property Knowledge in Myanmar from iMyanmarHouse.com
17 Jul 2020 10:34 am တွင် တင်ခဲ့သည်
669 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

လူတော်တော်များများသည် အကြောင်းအရာတစ်ခုကိုဝေဖန်ဖို့ဆိုလျှင် မျက်စိတစ်ဆုံးကိုကြည့်ပြီး ဝေဖန်နေမိတတ်သည်။တစ်ကယ်က မိမိအနားတွင်ပင် ဝေဖန်စရာတွေက များလှသည်ကို သတိထားက များလှကြောင်းတွေ့ရပါလိမ့်မည်။

တစ်ကိုယ်ရေကျန်းမာရေးကို ဂရုစိုက်ကြသည့် အနေအထားတွင် လူအများစုအနေဖြင့် မိမိတို့အိမ်တွင်းမှအခြေအနေများက မိမိတို့ကို ကျန်းမာခြင်း၊မကျန်းမာခြင်းဆိုသည့် ရလဒ်ကိုလည်း ပြဋ္ဌာန်းနိုင်ကြောင်း သတိရှိဖို့ အချက်လေးများကိုလည်းဖော်ပြလိုပါသည်။

ပြင်ပလောကမှ အခြေအနေကြောင့် မိမိတို့ကျန်းမာရေးဆုတ်ယုတ်ကြောင်း လူအများစုက တွေးကောင်းတွေးကြပါလိမ်မည်။ ပြင်ပတွင် စက်ရုံမီးခိုး၊ ကားမီးခိုးတို့ကြောင့် လေထုညစ်ညမ်းမှုဖြစ်ကာ ကျန်းမာရေးထိခိုက်မှုများ ဆိုးရွားစွာဖြစ်ပေါ်ကြောင်းပိုမိုပြောဖြစ်ကြသည်။ တကယ်တွင် အိမ်တွင်း၌ နေ့စဉ်ချက်ပြုတ် ကြော်လှော်ရာကထွက်သည့် အနံ့အသက်အမှုန်အမွှား တို့သည်လည်း အိမ်တွင်းလေထုညစ် ညမ်းမှုဖြစ်ကာ သေဆုံးနိုင်သည်အထိ ထိခိုက်မှုဖြစ်ကြောင်းကို မေ့လျော့နေတတ်ကြသည်။

အိမ်တိုင်းရှိလူများအနေဖြင့် ကြမ်းပြင်ကို တံမြက်စည်းလှည်းရုံလောက်ဖြင့် သန့်ရှင်းသွားပြီဟုထင်တတ်ကြသည်။တစ်ကယ်တော့ နေစဉ် အိမ်အတွင်းသို့ ဖြတ်သန်းဝင်ရောက်နေသည့် လေနှင့်အတူ အမှုန်အမွှား ပေါင်းစုံဝင်ရောက်နေသည်ကို သတိထားသင့်သည်။

ကြော်လှော်ချက်ပြုတ်ရာက ထွက်သော အခိုးငွေ့တို့သည် နံရံခေါင်မိုးနှင့်ထောင့်တိုင်း၊ချောင်တိုင်းတို့တွင် ကပ်တွယ်အိမ်ဖွဲ့ထားသော ပင့်ကူ အိမ်တို့တွင် ကပ်ငြိပြီးကြာလာသောအခါ အိမ်အတွင်းပိုင်းကို ရှုပ်ပွညစ်ထေးလာသည်။ထိုညစ်ညမ်းမှုမှနေ၍လည်းလူတို့၏ ကျန်းမာရေးကို တစ်စိတ်တစ်ပိုင်းအားဖြင့်ထိခိုက်မှုဖြစ်စေကြောင်းသိသင့်ပေသည်။

လိုအပ်မည်ထင်သဖြင့် သိမ်းဆည်းထားသော ပစ္စည်း ပစ္စယများတို့ အပေါ်တွင် နေ့စဉ်တင်လာသော ဖုန်မှုန့် အပါအဝင် အမှုန်အမွှားတို့ သည်လည်း နေ့စဉ်သန့်ရှင်းရေးမလုပ်နိုင်သည့်အခါ အိမ်ရှိလူတို့ကို ဒုက္ခပေးရာဖြစ်လာတတ်သည်ကိုလည်းသတိပြုရပါလိမ့်မည်။

နေ့စဉ်ပြုလုပ်နေသည့် ဖယောင်းတိုင်ထွန်းခြင်းကြောင့်လည်းကောင်း၊အမွှေးတိုင်ထွန်းခြင်းကြောင်းလည်းကောင်း၊ခြင်ဆေးခွေထွန်းခြင်းကြောင့်လည်းကောင်း ၎င်းတို့ကထွက်လာသည့် အခိုးအငွေ့များသည် အိမ်အတွင်းရှိ လေထုကို ညစ်ညမ်းစေပြီး နေထိုင်သူတို့အား နေ့တိုင်းဒုက္ခပေးနိုင်ကြောင်း ကိုလည်းသတိချပ်သင့်လှသည်။

အိမ်တွင်းရှိ လေထုမသန်းရှင်းမှုကြောင့် အသက် ရှူကျပ်ခြင်း၊ ပင်ပန်းနုံးချိခြင်း၊အဆုတ်နှင့်ပတ်သက်သော ရောဂါဝေဒနာများခံစားရခြင်း တို့ ဖြစ်ပေါ်လာတတ်ကြောင်းတွေ့ရပါလိမ့်မည်။

အိမ်အတွင်း၌ နေစဉ်သန့်ရှင်းရေးလုပ်နိုင်သည်က သွားလာရာနေရာနှင့် အိပ်ရာနေရာလောက်သာသန့်ရှင်းရေးလုပ်နိုင်ကြပြီး စုဆောင်း သိမ်းဆည်းထားသော ပစ္စည်း ပစ္စယများတို့တွင်တင်ကျန်ရစ်သည့် ဖုန်နှင့်အမှုန်အမွှားတို့ကိုတော့ လျစ်လျူပြုထားမိခြင်းသည် “ကိုယ့်အိမ် ကိုယ့်ရာ သန့်ရှင်းပါ ကျန်းမာစေကြောင်း နည်းလမ်းကောင်း”အစီအစဉ်၏ သတိထားရှင်းလင်းရမည့် ထောင့်ကွက်လေးတစ်ခုဖြစ်၍ မီးမောင်းထိုးပြလိုက်ရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]
















 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service