စုပေါင်းပိုင်အဆောက်အအုံ ပိုင်ဆိုင်သူများ၏ တရားဝင်လွှဲပြောင်းပေးနိုင်သည့် နည်းလမ်းများနှင့် ရရှိနိုင်မည့် အခွင့်အရေးများ

စုပေါင်းပိုင်အဆောက်အအုံ ပိုင်ဆိုင်သူများ၏ တရားဝင်လွှဲပြောင်းပေးနိုင်သည့် နည်းလမ်းများနှင့် ရရှိနိုင်မည့် အခွင့်အရေးများ - Property Knowledge in Myanmar from iMyanmarHouse.com
4 May 2020 2:05 pm တွင် တင်ခဲ့သည်
1003 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေပုဒ်မ-၂၀အရ မှတ်ပုံတင်ထားသောအိမ်ခန်းကို အောက်ပါနည်းလမ်း တစ်ရပ်ရပ်ဖြင့် ဆောင်ရွက်သည့်အခါ လွှဲပြောင်းပေးသူနှင့်လွှဲပြောင်းလက်ခံရရှိ သူတို့သည်လွှဲပြောင်းသည့်နေ့ မှ ရက်ပေါင်း၃၀ အတွင်း သက်ဆိုင်ရာ မှတ်ပုံတင်အရာရှိထံတွင် လွှဲပြောင်းသည့်စာချုပ်စာတမ်းကိုသတ်မှတ်ချက်များနှင့် အညီ မှတ်ပုံတင်ရမည်-

(က) ပေးကမ်းခြင်း၊ စွန့်လွှတ်ခြင်းနှင့် လဲလှယ်ခြင်း၊

(ခ) ရောင်းချခြင်း၊

(ဂ) နောက်ဆုံးအတည်ဖြစ်သည့် တရားရုံး၏အမိန့် သို့မဟုတ် ဒီကရီအရ ပိုင်ဆိုင်ခွင့်လွှဲပြောင်းခြင်းနှင့် လွှဲအပ်ခြင်း

စုပေါင်းပိုင်အဆောက်အအုံဝယ်ယူပိုင်ဆိုင်သူများ၏ အခွင့်အရေးများနှင့် တာဝန်များကို စုပေါင်းပိုင်အဆောက် အအုံဆိုင်ရာဥပဒေ၊ အခန်း(၈)၊ ပုဒ်မ (၂၆)တွင် အောက်ပါအတိုင်း ပြဌာန်းထားပါသည်။

(က) ပုဒ်မ(၂၀) ပါလွှဲပြောင်းခြင်းတစ်ရပ်ရပ်ဖြင့် အိမ်ခန်းလွှဲပြောင်းသည့်စာချုပ်စာတမ်းကို မှတ်ပုံတင်အရာရှိ ထံတွင် မှတ်ပုံတင်ခွင့်ရှိသည်။ အိမ်ခန်းပိုင်ဆိုင်ခွင့်ကို လွှဲပြောင်းလက်ခံရရှိသူအမည်သို့ ပြောင်းလဲခွင့်ရှိသည်။

(ခ) ဤဥပဒေနှင့်အညီ အိမ်ခန်းလွှဲပြောင်းသည့် စာချုပ်စာတမ်းကို မှတ်ပုံတင်ပြီးသည့်အခါ အိမ်ခန်းကို တရားဝင်ပိုင်ဆိုင်ခွင့်ရှိသည်။

(ဂ) အိမ်ခန်းကို နိုင်ငံသားအားတည်ဆဲဥပဒေနှင့်အညီ ရောင်းချခွင့်၊ လဲလှယ်ခွင့်၊ ပေးကမ်းခွင့်၊ စွန့်လွှတ်ခွင့် ၊ ငှားရမ်းခွင့်၊ ပေါင်နှံခွင့်၊ အမွေဆက်ခံခွင့်နှင့် ခွင့်ပြုချက်ဖြင့် ထားပိုင်ခွင့်များရှိသည်။

(ဃ) (၁)အိမ်ခန်းကို နိုင်ငံခြားသားအားတည်ဆဲဥပဒေနှင့်အညီ ငှားရမ်းခွင့်၊ ပေါင်နှံခွင့်နှင့်၊ ခွင့်ပြုချက်ဖြင့် ထားပိုင်ခွင့်များရှိသည်။

(၂) စုပေါင်းပိုင် အဆောက်အအုံ၏ ၄၀ ရာခိုင်နှုန်းထက်မပိုသော အိမ်ခန်းများကို နိုင်ငံခြားသားများအား ဤဥပဒေနှင့်အညီ ရောင်းချနိုင်ခွင့်ရှိသည်။

(င) အိမ်ခန်းကို ဘဏ်တွင်ပေါင်နှံခွင့်ရှိသည်။

(စ) အမှုဆောင်အဖွဲ့၏ခွင့်ပြုချက်ရယူ၍ မိမိပိုင်အိမ်ခန်း၏ အတွင်းပိုင်းကို စုပေါင်းပိုင်အဆောက်အအုံ၏ မူလပုံစံနှင့် ခိုင်ခံ့မှုကို မထိခိုက်စေဘဲ မိမိ၏စရိတ်ဖြင့် ပြုပြင်မွမ်းမံခွင့်နှင့် အသေးစားပြင်ဆင်ခွင့်များရှိသည်။

(ဆ) အသင်း၏ရန်ပုံငွေကို စုပေါင်းပိုင်သူအားလုံးနှင့်အတူ သက်ဆိုင်ခွင့်ရှိသည်။

(ဇ) စုပေါင်းပိုင်မြေကို အမှုဆောင်အဖွဲ့၏ခွင့်ပြုချက်ဖြင့် သာရေးနာရေးကိစ္စအတွက်ယာယီ အသုံးပြုခွင့် ရှိသည်။

(ဈ) အသင်း၏နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးနှင့် အသင်းသားစုံညီ အထူးအစည်းအဝေးများ သို့ တက်ရောက်ခွင့်၊ အကြံပေးခွင့်၊ အဆုံးအဖြတ်တစ်ခုခုအတွက် မဲပေးခွင့်၊ အမှုဆောင်အဖွဲ့ဝင်အဖြစ်ရွေးချယ် တင်မြှောက်ခံပိုင်ခွင့်နှင့် ရွေးချယ်တင်မြှောက်ပိုင်ခွင့်ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

စုေပါင္းပိုင္အေဆာက္အအုံ ပိုင္ဆိုင္သူမ်ား၏ တရား၀င္လႊဲေျပာင္းေပးႏိုင္သည့္ နည္းလမ္းမ်ားႏွင့္ ရရွိႏိုင္မည့္ အခြင့္အေရးမ်ား

စုေပါင္းပိုင္အေဆာက္အအုံဆိုင္ရာဥပေဒပုဒ္မ-၂၀အရ မွတ္ပုံတင္ထားေသာအိမ္ခန္းကို ေအာက္ပါနည္းလမ္း တစ္ရပ္ရပ္ျဖင့္ ေဆာင္႐ြက္သည့္အခါ လႊဲေျပာင္းေပးသူႏွင့္လႊဲေျပာင္းလက္ခံရ႐ွိ သူတို႔သည္လႊဲေျပာင္းသည့္ေန႔ မွ ရက္ေပါင္း၃၀ အတြင္း သက္ဆိုင္ရာ မွတ္ပုံတင္အရာ႐ွိထံတြင္ လႊဲေျပာင္းသည့္စာခ်ဳပ္စာတမ္းကိုသတ္မွတ္ခ်က္မ်ားႏွင့္ အညီ မွတ္ပုံတင္ရမည္-

(က) ေပးကမ္းျခင္း၊ စြန္႔လႊတ္ျခင္းႏွင့္ လဲလွယ္ျခင္း၊

(ခ) ေရာင္းခ်ျခင္း၊

(ဂ) ေနာက္ဆုံးအတည္ျဖစ္သည့္ တရား႐ုံး၏အမိန္႔ သို႔မဟုတ္ ဒီကရီအရ ပိုင္ဆိုင္ခြင့္လႊဲေျပာင္းျခင္းႏွင့္ လႊဲအပ္ျခင္း

စုေပါင္းပိုင္အေဆာက္အအုံ၀ယ္ယူပိုင္ဆိုင္သူမ်ား၏ အခြင့္အေရးမ်ားႏွင့္ တာ၀န္မ်ားကို စုေပါင္းပိုင္အေဆာက္ အအုံဆိုင္ရာဥပေဒ၊ အခန္း(၈)၊ ပုဒ္မ (၂၆)တြင္ ေအာက္ပါအတိုင္း ျပဌာန္းထားပါသည္။

(က) ပုဒ္မ(၂၀) ပါလႊဲေျပာင္းျခင္းတစ္ရပ္ရပ္ျဖင့္ အိမ္ခန္းလႊဲေျပာင္းသည့္စာခ်ဳပ္စာတမ္းကို မွတ္ပုံတင္အရာ႐ွိ ထံတြင္ မွတ္ပုံတင္ခြင့္႐ွိသည္။ အိမ္ခန္းပိုင္ဆိုင္ခြင့္ကို လႊဲေျပာင္းလက္ခံရ႐ွိသူအမည္သို႔ ေျပာင္းလဲခြင့္႐ွိသည္။

(ခ) ဤဥပေဒႏွင့္အညီ အိမ္ခန္းလႊဲေျပာင္းသည့္ စာခ်ဳပ္စာတမ္းကို မွတ္ပုံတင္ၿပီးသည့္အခါ အိမ္ခန္းကို တရားဝင္ပိုင္ဆိုင္ခြင့္႐ွိသည္။

(ဂ) အိမ္ခန္းကို ႏိုင္ငံသားအားတည္ဆဲဥပေဒႏွင့္အညီ ေရာင္းခ်ခြင့္၊ လဲလွယ္ခြင့္၊ ေပးကမ္းခြင့္၊ စြန္႔လႊတ္ခြင့္ ၊ ငွားရမ္းခြင့္၊ ေပါင္ႏွံခြင့္၊ အေမြဆက္ခံခြင့္ႏွင့္ ခြင့္ျပဳခ်က္ျဖင့္ ထားပိုင္ခြင့္မ်ား႐ွိသည္။

(ဃ) (၁)အိမ္ခန္းကို ႏိုင္ငံျခားသားအားတည္ဆဲဥပေဒႏွင့္အညီ ငွားရမ္းခြင့္၊ ေပါင္ႏွံခြင့္ႏွင့္၊ ခြင့္ျပဳခ်က္ျဖင့္ ထားပိုင္ခြင့္မ်ား႐ွိသည္။

(၂) စုေပါင္းပိုင္ အေဆာက္အအုံ၏ ၄၀ ရာခိုင္ႏႈန္းထက္မပိုေသာ အိမ္ခန္းမ်ားကို ႏိုင္ငံျခားသားမ်ားအား ဤဥပေဒႏွင့္အညီ ေရာင္းခ်ႏိုင္ခြင့္႐ွိသည္။

(င) အိမ္ခန္းကို ဘဏ္တြင္ေပါင္ႏွံခြင့္႐ွိသည္။

(စ) အမႈေဆာင္အဖြဲ႕၏ခြင့္ျပဳခ်က္ရယူ၍ မိမိပိုင္အိမ္ခန္း၏ အတြင္းပိုင္းကို စုေပါင္းပိုင္အေဆာက္အအုံ၏ မူလပုံစံႏွင့္ ခိုင္ခံ့မႈကို မထိခိုက္ေစဘဲ မိမိ၏စရိတ္ျဖင့္ ျပဳျပင္မြမ္းမံခြင့္ႏွင့္ အေသးစားျပင္ဆင္ခြင့္မ်ား႐ွိသည္။

(ဆ) အသင္း၏ရန္ပုံေငြကို စုေပါင္းပိုင္သူအားလုံးႏွင့္အတူ သက္ဆိုင္ခြင့္႐ွိသည္။

(ဇ) စုေပါင္းပိုင္ေျမကို အမႈေဆာင္အဖြဲ႕၏ခြင့္ျပဳခ်က္ျဖင့္ သာေရးနာေရးကိစၥအတြက္ယာယီ အသုံးျပဳခြင့္ ႐ွိသည္။

(ဈ) အသင္း၏ႏွစ္ပတ္လည္ အသင္းသားစုံညီအစည္းအေဝးႏွင့္ အသင္းသားစုံညီ အထူးအစည္းအေဝးမ်ား သို႔ တက္ေရာက္ခြင့္၊ အၾကံေပးခြင့္၊ အဆုံးအျဖတ္တစ္ခုခုအတြက္ မဲေပးခြင့္၊ အမႈေဆာင္အဖြဲ႕ဝင္အျဖစ္ေ႐ြးခ်ယ္ တင္ေျမႇာက္ခံပိုင္ခြင့္ႏွင့္ ေ႐ြးခ်ယ္တင္ေျမႇာက္ပိုင္ခြင့္႐ွိသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service