မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ အမွေဆက်ခံရေးနဲ့ပတ်သက်ပြီး သြရသ ၊ ကနိဋ္ဌ ၊ ကတ္တိမ အပတိဋ္ဌ ၊ ကိဠိတ ၊ သွာနုတ္တ စသည့်သားသမီးများအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ အမွေဆက်ခံရေးနဲ့ပတ်သက်ပြီး သြရသ ၊ ကနိဋ္ဌ ၊ ကတ္တိမ အပတိဋ္ဌ ၊ ကိဠိတ ၊ သွာနုတ္တ စသည့်သားသမီးများအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
24 Apr 2020 10:38 am တွင် တင်ခဲ့သည်
3544 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

သြရသသားသမီး

သြရသသားသမီးဆိုတာ သားကြီးသမီးကြီးရတဲ့ အခွင့်အရေးပါ။ အကြီးဆုံးသားသမီးတိုင်းက ဒီအခွင့်အရေး ရလားဆိုတော့ မရပါဘူး။ အဖေဆုံးတဲ့အချိန်က သား ၁၈ နှစ်ဖြစ်မယ်၊ မိသားစုရဲ့လုပ်ငန်းတွေမှာလည်း လုပ်နိုင်တဲ့ အနေအထားရှိရင် သြရသအခွင့်အရေး ရပါတယ်။ ဒီလိုပဲ အမေဆုံးတဲ့အချိန်မှာ သမီးက ၁၈ နှစ်ဖြစ်မယ်၊ အိမ်ထောင်ထိန်းသိမ်းမှုမှာ လုပ်နိုင်ကိုင်နိုင်ဆို သြရသအခွင့်အရေးရပါတယ်။ သြရသဖြစ်ပြီးဆိုရင် အမေဆုံးလျှင် သမီးကြီးက အဖေဆီမှာ အမွေပစ္စည်း ၄ ပုံ ၁ ပုံတောင်းခွင့်ရှိပါတယ်။ သားလည်းဒီလိုပဲ အဖေဆုံးလျှင် အမေဆီ မှာ ၄ ပုံ ၁ ပုံတောင်းပိုင်ခွင့်ရှိပါတယ်။ ဒါ သြရသရဲ့ သဘောသဘာဝနှင့် အခွင့်အရေးဖြစ်ပါသည်။

ကနိဋ္ဌသားသမီး

ကနိဋ္ဌသားသမီး သူကတော့ ထူးထူးခြားခြား အခွင့်အရေးတော့မရှိပါဘူး။ မိဘနှစ်ပါးအနက် တစ်ပါးဆုံးသွားပြီး ကျန်ရစ်သူမိဘက နောက်အိမ်ထောင်ပြုတော့မယ်ဆိုလျှင် အမွေတောင်းလို့ရပါတယ်။ သားသမီးအကုန်လုံးမှ အမွေဝေစု၏ တစ်ဝက် တောင်းပြီးအချိုးကျခွဲဝေယူရပါသည်။

ကိတ္တိမသားသမီး

ကိတ္တိမသားသမီး ဆိုတာကတော့ သားရင်းသမီးရင်းလို မွေးစားထားတာကိုး။ စာချုပ်စာတမ်းမှတ်ပုံ တင်ရုံးမှာ မှတ်ပုံတင်ပြီး တရားဝင်မွေးစားခြင်းဖြစ်ပါတယ်။ ၁၉၄၁ခုနှစ် ဧပြီ ၁ ရက်နေ့ နောက်ပိုင်းမွေးစား ခြင်းများသည်မှတ်ပုံတင်ရမယ်။ သားရင်းသမီးရင်းခံစားရသကဲ့သို့ အမွေရပါသည်။

အပတိဋ္ဌသားသမီး

အပတိဋ္ဌသားသမီး ဆိုတာကတော့ ကောက်ယူမွေးစားတာပေါ့။ အမွေပေးရန်လည်း မရည်ရွယ်ပါဘူး။ ထို့ကြောင့် သားရင်းသမီးရင်းကဲ့သို့ အခွင့်အရေးလည်းမရပါဘူး။ အမွေရပိုင်ခွင့်မရှိပါဘူး။ ဘယ်အချိန်မှာ အမွေရပိုင်ခွင့်ရှိလဲဆိုတော့ မိဘနှစ်ပါးဆုံးတယ်၊ သူတို့မှာ သားရင်းသမီးရင်းကလည်း မရှိဘဲ ဆက်ခံမည့် မြေး လည်းမရှိဘူးဆိုလျှင် ထိုအခါ အမွေစုအား ဆွေမျိုးတွေက တစ်ဝက် အပတိဋ္ဌသားသမီးက တစ်ဝက် ရရှိမှာဖြစ်ပါသည်။

ကိဠိတသားသမီး

ကိဠိတသားသမီး ကတော့ ပျော်ပါးမြူးတူးရာက ရတဲ့သားသမီးလို့ခေါ်တယ်။ အမွေဆက်ခံခွင့်မရှိပါဘူး။ တစ်ခုထူးခြားတာက အမျိုးသားက အမျိုးသမီးကို လက်ထပ်ပါမယ်ဆိုပြီး ကာမရယူတယ်။ ထို့နောက် လက်ထပ် မယူတဲ့အတွက် မိန်းကလေးက ကာမလိမ်လည်မှုဖြင့် တရားစွဲတယ် ထို့ကြောင့် အမျိုးသားက ထောင်ကျတယ် မိန်းကလေးတွင် ကိုယ်ဝန်ကျန်ခဲ့တယ်။ ကိုယ်ဝန်သည် အမျိုးသားနှင့်ရရှိကြောင်း အခိုင်အမာသက်သေပြနိုင် လျှင် အမျိုးသားထောင်က ထွက်လာသည့်အခါ ထိုအမျိုးသားထံမှ ကလေးစရိတ်တောင်းလို့ရပါတယ်။ အမွေတော့ မရပါဘူး။ သူရဲ့ထူးခြားမှုဖြစ်ပါသည်။

သွာနုတ္တသားသမီး

သွာနုတ္တသားသမီး ခွေးနဲ့တူတဲ့သားသမီးပေါ့။ မိဘကို စော်ကားတယ်၊ ရန်ပြုတယ်၊ မိဘစကားနား မထောင်ဘူး။ မိဘစကားနားမထောင်ရုံနဲ့တော့ သွာနုတ္တမဖြစ်သေးပါဘူး။ မိဘပေးစားတဲ့သူနဲ့ မယူလို့ မိဘ စကားနားမထောင်ဘူး အမွေပြတ်တယ်ဆိုပြီး သတင်းစာတွေထဲထည့်တယ်။ ဒါပေမဲ့ အမွေမပြတ်ပါဘူး။ အမွေ ရဦးမှာပါပဲ။ သွာနုတ္တဆိုတာ မိဘကို ရန်သူသဖွယ်ပြုမူတယ်၊ မိဘကို နှိပ်စက်တယ်ဆိုရင် မိဘက အဲဒီ သားသမီးကို သွာနုတ္တသားသမီးအဖြစ် ကြေညာဖို့အတွက် တရားစွဲရသေးတယ်။ တရားရုံးက သွာနုတ္တသားသမီး အဖြစ် ကြေညာပြီဆိုမှ အဲဒီသားသမီးက ဘာအခွင့်အရေးမှ မရတော့ပါဘူး။ အမွေလည်း မရနိုင်တော့ပါဘူး။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒမွာ အေမြဆက္ခံေရးနဲ႔ပတ္သက္ၿပီး ၾသရသ ၊ ကနိ႒ ၊ ကတၱိမ အပတိ႒ ၊ ကိဠိတ ၊ သြာႏုတၱ စသည့္သားသမီးမ်ားအေၾကာင္း

ၾသရသသားသမီး

ၾသရသသားသမီးဆိုတာ သားႀကီးသမီးႀကီးရတဲ့ အခြင့္အေရးပါ။ အႀကီးဆုံးသားသမီးတိုင္းက ဒီအခြင့္အေရး ရလားဆိုေတာ့ မရပါဘူး။ အေဖဆုံးတဲ့အခ်ိန္က သား ၁၈ ႏွစ္ျဖစ္မယ္၊ မိသားစုရဲ႕လုပ္ငန္းေတြမွာလည္း လုပ္ႏိုင္တဲ့ အေနအထား႐ွိရင္ ၾသရသအခြင့္အေရး ရပါတယ္။ ဒီလိုပဲ အေမဆုံးတဲ့အခ်ိန္မွာ သမီးက ၁၈ ႏွစ္ျဖစ္မယ္၊ အိမ္ေထာင္ထိန္းသိမ္းမႈမွာ လုပ္ႏိုင္ကိုင္ႏိုင္ဆို ၾသရသအခြင့္အေရးရပါတယ္။ ၾသရသျဖစ္ၿပီးဆိုရင္ အေမဆုံးလွ်င္ သမီးႀကီးက အေဖဆီမွာ အေမြပစၥည္း ၄ ပုံ ၁ ပုံေတာင္းခြင့္႐ွိပါတယ္။ သားလည္းဒီလိုပဲ အေဖဆုံးလွ်င္ အေမဆီ မွာ ၄ ပုံ ၁ ပုံေတာင္းပိုင္ခြင့္႐ွိပါတယ္။ ဒါ ၾသရသရဲ႕ သေဘာသဘာ၀ႏွင့္ အခြင့္အေရးျဖစ္ပါသည္။

ကနိ႒သားသမီး

ကနိ႒သားသမီး သူကေတာ့ ထူးထူးျခားျခား အခြင့္အေရးေတာ့မ႐ွိပါဘူး။ မိဘႏွစ္ပါးအနက္ တစ္ပါးဆုံးသြားၿပီး က်န္ရစ္သူမိဘက ေနာက္အိမ္ေထာင္ျပဳေတာ့မယ္ဆိုလွ်င္ အေမြေတာင္းလို႔ရပါတယ္။ သားသမီးအကုန္လံုုးမွ အေမြေ၀စု၏ တစ္ဝက္ ေတာင္းၿပီးအခ်ိဳးက်ခြဲေ၀ယူရပါသည္။

ကိတၱိမသားသမီး

ကိတၱိမသားသမီး ဆိုတာကေတာ့ သားရင္းသမီးရင္းလို ေမြးစားထားတာကိုး။ စာခ်ဳပ္စာတမ္းမွတ္ပုံ တင္႐ုံးမွာ မွတ္ပုံတင္ၿပီး တရား၀င္ေမြးစားျခင္းျဖစ္ပါတယ္။ ၁၉၄၁ခုႏွစ္ ဧၿပီ ၁ ရက္ေန႔ ေနာက္ပိုင္းေမြးစား ျခင္းမ်ားသည္မွတ္ပုံတင္ရမယ္။ သားရင္းသမီးရင္းခံစားရသကဲ့သို႔ အေမြရပါသည္။

အပတိ႒သားသမီး

အပတိ႒သားသမီး ဆိုတာကေတာ့ ေကာက္ယူေမြးစားတာေပါ့။ အေမြေပးရန္လည္း မရည္႐ြယ္ပါဘူး။ ထို႔ေၾကာင့္ သားရင္းသမီးရင္းကဲ့သုိ႔ အခြင့္အေရးလည္းမရပါဘူး။ အေမြရပိုင္ခြင့္မ႐ွိပါဘူး။ ဘယ္အခ်ိန္မွာ အေမြရပိုင္ခြင့္႐ွိလဲဆိုေတာ့ မိဘႏွစ္ပါးဆုံးတယ္၊ သူတို႔မွာ သားရင္းသမီးရင္းကလည္း မ႐ွိဘဲ ဆက္ခံမည့္ ေျမး လည္းမရွိဘူးဆိုလွ်င္ ထိုအခါ အေမြစုအား ေဆြမ်ိဳးေတြက တစ္၀က္ အပတိ႒သားသမီးက တစ္၀က္ ရရွိမွာျဖစ္ပါသည္။

ကိဠိတသားသမီး

ကိဠိတသားသမီး ကေတာ့ ေပ်ာ္ပါးျမဴးတူးရာက ရတဲ့သားသမီးလို႔ေခၚတယ္။ အေမြဆက္ခံခြင့္မ႐ွိပါဘူး။ တစ္ခုထူးျခားတာက အမ်ိဳးသားက အမ်ိဳးသမီးကို လက္ထပ္ပါမယ္ဆိုၿပီး ကာမရယူတယ္။ ထို႔ေနာက္ လက္ထပ္ မယူတဲ့အတြက္ မိန္းကေလးက ကာမလိမ္လည္မႈျဖင့္ တရားစြဲတယ္ ထို႔ေၾကာင့္ အမ်ိဳးသားက ေထာင္က်တယ္ မိန္းကေလးတြင္ ကိုယ္၀န္က်န္ခဲ့တယ္။ ကိုယ္၀န္သည္ အမ်ိဳးသားႏွင့္ရရွိေၾကာင္း အခိုင္အမာသက္ေသျပႏိုင္ လွ်င္ အမ်ိဳးသားေထာင္က ထြက္လာသည့္အခါ ထိုအမ်ိဳးသားထံမွ ကေလးစရိတ္ေတာင္းလိို႔ရပါတယ္။ အေမြေတာ့ မရပါဘူး။ သူရဲ႕ထူးျခားမႈျဖစ္ပါသည္။

သြာႏုတၱသားသမီး

သြာႏုတၱသားသမီး ေခြးနဲ႔တူတဲ့သားသမီးေပါ့။ မိဘကို ေစာ္ကားတယ္၊ ရန္ျပဳတယ္၊ မိဘစကားနား မေထာင္ဘူး။ မိဘစကားနားမေထာင္႐ုံနဲ႔ေတာ့ သြာႏုတၱမျဖစ္ေသးပါဘူး။ မိဘေပးစားတဲ့သူနဲ႔ မယူလို႔ မိဘ စကားနားမေထာင္ဘူး အေမြျပတ္တယ္ဆိုၿပီး သတင္းစာေတြထဲထည့္တယ္။ ဒါေပမဲ့ အေမြမျပတ္ပါဘူး။ အေမြ ရဦးမွာပါပဲ။ သြာႏုတၱဆိုတာ မိဘကို ရန္သူသဖြယ္ျပဳမူတယ္၊ မိဘကို ႏွိပ္စက္တယ္ဆိုရင္ မိဘက အဲဒီ သားသမီးကို သြာႏုတၱသားသမီးအျဖစ္ ေၾကညာဖို႔အတြက္ တရားစြဲရေသးတယ္။ တရား႐ုံးက သြာႏုတၱသားသမီး အျဖစ္ ေၾကညာၿပီဆိုမွ အဲဒီသားသမီးက ဘာအခြင့္အေရးမွ မရေတာ့ပါဘူး။ အေမြလည္း မရႏိုင္ေတာ့ပါဘူး။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service