ပုံစံ ၁၀၅ ဖြင့် မြေယာအရောင်းအဝယ်လုပ်ခြင်းသည် တရားဝင် ပိုင်ဆိုင်မှုခိုင်မာသလား။

ပုံစံ ၁၀၅ ဖြင့် မြေယာအရောင်းအဝယ်လုပ်ခြင်းသည် တရားဝင် ပိုင်ဆိုင်မှုခိုင်မာသလား။ - Property Knowledge in Myanmar from iMyanmarHouse.com
23 Apr 2020 1:58 pm တွင် တင်ခဲ့သည်
3108 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ပုံစံ ၁၀၅ သည် ပိုင်ဆိုင်မှုအထောက်အထားမဟုတ်ပါဘူး။ ပုံစံ ၁၀၅ဆိုတာ မြေကွက်၏ မြေပုံသာဖြစ်ပါ တယ်။ ပုံစံ ၁၀၅ဖြင့် မြေယာအရောင်းအဝယ်ပြုလုပ်ခြင်းသည် တရားဝင်အရောင်းအဝယ်မဖြစ်ပါဘူး။

မြေစာရင်းဌာနတွင် မှတ်တမ်းတင်ထားသည့် စာတမ်းတွေကို မြေကွက်နှင့်သက်ဆိုင်သူကို မိတ္တူကူး ခွင့်ပေးပါတယ်။ ထိုသို့ မိတ္တူထုတ်ပေးတဲ့နေရာမှာ သက်သေခံတဲ့မိတ္တူနှင့် သက်သေမခံတဲ့မိတ္တူဆိုပြီး (၂)မျိုးရှိပါတယ်။

သက်သေမခံတဲ့မြေပုံမိတ္တူဆိုတာ သက်ဆိုင်သူတစ်ယောက်ယောက်က ဒီမြေသည် ဘယ်လောက် ကျယ်ကြောင်းသိချင်တယ်၊ လက်ဝယ်မှာကိုင်ထားချင်တယ်ဆိုပြီး ကိုယ်ရေးကိုယ်တာကိစ္စ အသုံးပြုရန်အ တွက် တောင်းတာကို သက်သေမခံတော့ဘဲ ထုတ်ပေးခြင်းမျိုးဖြစ်သည်။

သက်သေခံမြေပုံမိတ္တူဆိုတာ ရုံးတစ်ရုံးကိုတင်ပြရန် (ဥပမာ- တရားရုံး၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၊ မြေလွတ်မြေရိုင်းလျှောက်ထားရန် သက်ဆိုင်ရာရုံး၊ ဂရန်လျှောက်ထားရန် သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ မြေရာမှုခင်းစစ်ဆေးရန် လယ်ယာမြေစီမံခန့်ခွဲရေးမှူးရုံး) စသည့် ရုံးတစ်ရုံးသို့ တင်ပြရန် ထုတ်ပေးတဲ့ မြေပုံကို သက်သေခံမြေပုံ ပုံစံ ၁၀၅ ဟု ခေါ်ပါသည်။ မြေ၊ အိမ်ယာအချက်အလက် မှန်ကန်ကြောင်း သက်သေခံတယ်။

ပုံစံ ၁၀၅ မှာ ဘာအချက်အလက်တွေ ပါဝင်သလဲဆိုလျှင် ဘယ်သူက လျှောက်ထား လဲ၊ လျှောက်ထားတဲ့မြေကွက်၏ ဦးပိုင်နံပါတ်ဘယ်လောက်၊ ဧရိယာ ဘယ်လောက်၊ အခွန်စည်းကြပ်ခံရတဲ့သူက ဘယ်သူလဲ၊ ပိုင်ဆိုင်ခွင့်အနေထားက ဘယ်သူလဲ စသည်ဖြင့် ဖော်ပြထားပါတယ်။ အဓိကအရေးကြီးတာက ဘာအကြောင်းအရာဖြင့် ရေးကူးသလဲဆိုတာပါ။ ရေးကူးပေးသည့်အကြောင်းအရာပါ ကိစ္စတစ်ခုအတွက်သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ပုံစံ ၁၀၅ ပြပြီး အရောင်းအဝယ်လုပ်တဲ့နေရာတွင် ခိုင်မာခြင်း/ မခိုင်မာခြင်း (၂)မျိုးရှိသည်။ မြို့ကွက်တွေမှာ မြေအရောင်းအဝယ်လုပ်ရင် ပုံစံ ၁၀၅ ပူးတွဲတင်ပြရပါတယ်။ ဘာကြောင့်ဆိုလျှင် ပထမအချက်က စာချုပ်မှာပြထားတဲ့မြေတည်နေရာ မှန်/မမှန်ကို ပုံစံ ၁၀၅ဖြင့် စစ်နိုင်ရန်၊ နောက်တစ်ခုက ပုံစံ ၁၀၅တွင် ပိုင်ရှင်အမည်ပါသည်။ လျှောက်ထားသူနှင့် ပိုင်ရှင်သည် တူချင်မှတူတာဖြစ်သည့် အတွက် လျှောက်ထားသူကို ပိုင်ရှင်လို့သတ်မှတ်မရပါဘူး။ ထို့ကြောင့် ပုံစံ ၁၀၅ဖြင့် စစ်ဆေးရမှာဖြစ်ပါတယ်။ မြို့ကွက်တွေမှာ ပုံစံ ၁၀၅ သည် အထောက်အထားတစ်ရပ်ဖြစ်ပါသည်။

သို့သော် ပုံစံ ၁၀၅သည် လယ်ယာမြေမှာတော့ အဓိကအထောက်အထားမဖြစ်ပါဘူး။ လယ်ယာမြေကို ဝယ်ယူမည်ဆိုလျှင် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ၇သည် အဓိကပိုင်ဆိုင်မှုအထောက်အထားဖြစ်ပါ သည်။ ပုံစံ ၁၀၅က မခိုင်မာပါဘူး။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ပုံစံ ၁၀၅ ျဖင့္ ေျမယာအေရာင္းအဝယ္လုပ္ျခင္းသည္ တရားဝင္ ပိုင္ဆိုင္မႈခိုင္မာသလား။

ပုံစံ ၁၀၅ သည္ ပိုင္ဆိုင္မႈအေထာက္အထားမဟုတ္ပါဘူး။ ပံုစံ ၁၀၅ဆိုတာ ေျမကြက္၏ ေျမပံုသာျဖစ္ပါ တယ္။ ပံုစံ ၁၀၅ျဖင့္ ေျမယာအေရာင္းအ၀ယ္ျပဳလုပ္ျခင္းသည္ တရား၀င္အေရာင္းအ၀ယ္မျဖစ္ပါဘူး။

ေျမစာရင္းဌာနတြင္ မွတ္တမ္းတင္ထားသည့္ စာတမ္းေတြကို ေျမကြက္ႏွင့္သက္ဆိုင္သူကို မိတၱဴကူး ခြင့္ေပးပါတယ္။ ထိုသို႔ မိတၱဴထုတ္ေပးတဲ့ေနရာမွာ သက္ေသခံတဲ့မိတၱဴႏွင့္ သက္ေသမခံတဲ့မိတၱဴဆိုၿပီး (၂)မိ်ဳးရွိပါတယ္။

သက္ေသမခံတဲ့ေျမပံုမိတၱဴဆိုတာ သက္ဆိုင္သူတစ္ေယာက္ေယာက္က ဒီေျမသည္ ဘယ္ေလာက္ က်ယ္ေၾကာင္းသိခ်င္တယ္၊ လက္၀ယ္မွာကိုင္ထားခ်င္တယ္ဆိုၿပီး ကိုယ္ေရးကိုယ္တာကိစၥ အသံုးျပဳရန္အ တြက္ ေတာင္းတာကို သက္ေသမခံေတာ့ဘဲ ထုတ္ေပးျခင္းမ်ိဳးျဖစ္သည္။

သက္ေသခံေျမပံုမိတၱဴဆိုတာ ရံုးတစ္ရံုးကိုတင္ျပရန္ (ဥပမာ- တရားရံုး၊ စာခ်ဳပ္စာတမ္းမွတ္ပံုတင္ရံုး၊ ေျမလြတ္ေျမရိုင္းေလွ်ာက္ထားရန္ သက္ဆိုင္ရာရံုး၊ ဂရန္ေလွ်ာက္ထားရန္ သက္ဆိုင္ရာ အေထြေထြ အုပ္ခ်ဳပ္ေရးမွဴးရံုး၊ ေျမရာမႈခင္းစစ္ေဆးရန္ လယ္ယာေျမစီမံခန္႔ခြဲေရးမွဴးရံုး) စသည့္ ရံုးတစ္ရံုးသို႔ တင္ျပရန္ ထုတ္ေပးတဲ့ ေျမပံုကို သက္ေသခံေျမပံု ပံုစံ ၁၀၅ ဟု ေခၚပါသည္။ ေျမ၊ အိမ္ယာအခ်က္အလက္ မွန္ကန္ေၾကာင္း သက္ေသခံတယ္။

ပံုစံ ၁၀၅ မွာ ဘာအခ်က္အလက္ေတြ ပါ၀င္သလဲဆိုလွ်င္ ဘယ္သူက ေလွ်ာက္ထား လဲ၊ ေလွ်ာက္ထားတဲ့ေျမကြက္၏ ဦးပိုင္နံပါတ္ဘယ္ေလာက္၊ ဧရိယာ ဘယ္ေလာက္၊ အခြန္စည္းၾကပ္ခံရတဲ့သူက ဘယ္သူလဲ၊ ပိုင္ဆိုင္ခြင့္အေနထားက ဘယ္သူလဲ စသည္ျဖင့္ ေဖာ္ျပထားပါတယ္။ အဓိကအေရးႀကီးတာက ဘာအေၾကာင္းအရာျဖင့္ ေရးကူးသလဲဆိုတာပါ။ ေရးကူးေပးသည့္အေၾကာင္းအရာပါ ကိစၥတစ္ခုအတြက္သာ အသံုးျပဳႏိုင္မွာျဖစ္ပါတယ္။

ပံုစံ ၁၀၅ ျပၿပီး အေရာင္းအ၀ယ္လုပ္တဲ့ေနရာတြင္ ခိုင္မာျခင္း/ မခိုင္မာျခင္း (၂)မ်ိဳးရွိသည္။ ၿမိဳ႕ကြက္ေတြမွာ ေျမအေရာင္းအ၀ယ္လုပ္ရင္ ပံုစံ ၁၀၅ ပူးတြဲတင္ျပရပါတယ္။ ဘာေၾကာင့္ဆိုလွ်င္ ပထမအခ်က္က စာခ်ဳပ္မွာျပထားတဲ့ေျမတည္ေနရာ မွန္/မမွန္ကို ပံုစံ ၁၀၅ျဖင့္ စစ္ႏိုင္ရန္၊ ေနာက္တစ္ခုက ပံုစံ ၁၀၅တြင္ ပိုင္ရွင္အမည္ပါသည္။ ေလွ်ာက္ထားသူႏွင့္ ပိုင္ရွင္သည္ တူခ်င္မွတူတာျဖစ္သည့္ အတြက္ ေလွ်ာက္ထားသူကို ပိုင္ရွင္လို႔သတ္မွတ္မရပါဘူး။ ထို႔ေၾကာင့္ ပံုစံ ၁၀၅ျဖင့္ စစ္ေဆးရမွာျဖစ္ပါတယ္။ ၿမိဳ႕ကြက္ေတြမွာ ပံုစံ ၁၀၅ သည္ အေထာက္အထားတစ္ရပ္ျဖစ္ပါသည္။

သို႔ေသာ္ ပံုစံ ၁၀၅သည္ လယ္ယာေျမမွာေတာ့ အဓိ္ကအေထာက္အထားမျဖစ္ပါဘူး။ လယ္ယာေျမကို ၀ယ္ယူမည္ဆိုလွ်င္ လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ ပံုစံ ၇သည္ အဓိကပိုင္ဆိုင္မႈအေထာက္အထားျဖစ္ပါ သည္။ ပံုစံ ၁၀၅က မခိုင္မာပါဘူး။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service