ဗန္ဓသိမ်ဂရန် လျှောက်ထားခြင်းအကြောင်း

ဗန္ဓသိမ်ဂရန် လျှောက်ထားခြင်းအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
12 Apr 2020 12:40 pm တွင် တင်ခဲ့သည်
945 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ဗန္ဓသိမ်ဂရန် လျှောက်ထားလိုတယ်ဆိုလျှင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လျှောက် ထားရမှာဖြစ်ပါတယ်။ ဌာနမှ အောက်ပါအတိုင်း လိုအပ်သလို စစ်ဆေးဆောင်ရွက်ပြီး ဗန္ဓသိမ်ဂရန် စာအုပ်ထုတ်ပေးမှာဖြစ်ပါတယ်။ သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီဌာနတွင် ဂရန်လျှောက်ထားရမှာဖြစ်ပါတယ်။ လိုအပ်သည့် အချက်အလက်တွေကတော့-

(က) အခွန်လွတ်သာသနာ့မြေဂရန်မိတ္တူ (သို့မဟုတ်) အခွန်လွတ်သာသနာ့မြေဂရန်မရှိပါက မည်သည့်ခုနှစ် ကတည်းက မူလသာသနာ့မြေဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ ထပ်ဆင့်ထောက်ခံချက်ပါရှိရမည်။

(ခ) ကျောင်းထိုင်ဆရာတော်၏ သဘောတူညီချက်နှင့် ဗန္ဓသိမ်ဂရန် လျှောက်ထားသည့်မြေနေရာအား ဆရာတော်မှ နိုင်ငံတော်အစိုးရသို့ ပြန်လည်စွန့်လွတ်အပ်နှံကြောင်း တရားဝင်စာချုပ်စာတမ်းပါရှိရမည်။

(ဂ) မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန (သို့မဟုတ်) မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာန (သို့မဟုတ်) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၏ သက်သေခံ မြေစာရင်း ပုံစံ(၁၀၅/ ၁၀၆) ပါရှိရမည်။

(ဃ) သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိရမည်။

(င) သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုနှင့် မြို့နယ်၊ တိုင်းဒေသကြီး၊ ပြည်နယ် သံဃာ့နာယက တို့၏ ထောက်ခံချက်များပါရှိရမည်။

(စ ) သိမ်အဆောက်အအုံပုံစံနှင့် အကွက်ချပုံစံ၊ သိမ်တည်နေရာအမှတ်အသားဖော်ပြချက်(သိမ်ပန္နက်ပုံ) ပါရှိရမည်။

အထက်ပါအတိုင်းလျှောက်ထားလာပါက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ် ရေးမှူးသည် လျှောက်လွှာအားစိစစ်ပြီး အမှုတွဲပြည့်စုံပါက လျှောက်ထားချက်များမှန်ကန်ခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးတင်ပြရန် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနသို့ ပေးပို့ရမည်။ မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနသည် မြေရာဇဝင်စစ်ဆေးတင်ပြရန်အတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနသို့ အမှုတွဲပေး ပို့ပြီး အောက်ပါတို့ကို စစ်ဆေးပါသည်။

လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ အမှုတွဲပြန်လည်ရောက်ရှိသည့်အခါ ကန့်ကွက်လို သူရှိ/မရှိကြော်ငြာကပ်ပြီး ကျောင်းထိုင်ဆရာတော်၏သဘောထား၊ သိမ်ဒါယိကာ/ဒါယိကာမနှင့် ဂေါပကအဖွဲ့ဝင် များ၏ ထွက်ဆိုချက်ရယူပြီး ကန့်ကွက်သူရှိပါက ထွက်ဆိုချက်ရယူခြင်းများ ဆောင်ရွက်ကာ ကွင်းဆင်းစစ်ဆေး ချက်အစီအရင်ခံစာနှင့်အတူ အမှုတွဲအား ခရိုင်အုပ်ချုပ်ရေးမှူးထံသို့ ပြန်လည်တင်ပြသည်။

ခရိုင်အုပ်ချုပ်ရေးမှူးသည် အမှုတွဲအားစစ်ဆေး၍ လျှောက်ထားသည့်မြေနေရာအား ကွင်းဆင်းစစ်ဆေး ပြီး ခရိုင်အုပ်ချုပ်ရေးမှူးအစီရင်ခံစာနှင့်အတူ တိုင်းဒေသကြီး/ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အမှု တွဲတင်ပြရမည်။

တိုင်းဒေသကြီး/ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနသည် အမှုတွဲအားစိစစ်ပြီး မိမိသဘော ထားထောက်ခံချက်၊ တိုင်းဒေသကြီးသာသနာရေးဦးစီးဌာနထောက်ခံချက်များဖြင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့သဘောတူညီချက်ရရှိရေးတင်ပြဆောင်ရွက်ပြီး ရရှိပါက အမှုတွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်)သို့တင်ပြရမည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်)သည် အမှုတွဲအားစိစစ်ပြီး ပြည့်စုံပါက ညွှန်ကြားရေးမှူးချုပ် က ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံ တင်ပြရမည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ခွင့်ပြုချက်ရရှိပါက ဗန္ဓသိမ်ဂရန် ထုတ်ပေးခွင့်ပြုမိန့်အား အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်၍ အမှုတွဲနှင့်အတူ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနသို့ ပြန်လည်ပေးပို့ရမည်။

ဗန္ဓသိမ်ဂရန် ထုတ်ပေးခွင့်ပြုမိန့်အား အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်၍ အမှုတွဲပြန်လည်ရောက်ရှိသည့် အခါ ခရိုင်အုပ်ချုပ်ရေးမှူးသည် သတ်မှတ်ပြဌာန်းထားသည့်ပုံစံ (Land Revenue II/ Grand 1B) ဖြင့် လျှောက်ထားသူ သိမ်ဒါယိကာ/ဒါယိကာမအား ဝိသုံဂါမ ဗန္ဓသိမ်မြေဂရန်အား ထုတ်ပေးပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

 

 

[Zawgyi]


















 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service