လိုချင်တာက"ကုမ္ပဏီလုပ်ငန်း"တကယ်ရလာတော့ "မြေနှင့်အိမ်"

လိုချင်တာက"ကုမ္ပဏီလုပ်ငန်း"တကယ်ရလာတော့ "မြေနှင့်အိမ်" - Property Knowledge in Myanmar from iMyanmarHouse.com
8 Apr 2020 1:05 pm တွင် တင်ခဲ့သည်
1101 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

အရေးကြီးတယ်ဆိုတော့လည်း"Covid-19"တွေဘာတွေ သိပ်ပြီးဂရုမစိုက်နိုင်တော့ဘူး။"နှာခေါင်းစည်းနဲ့ပုဝါ၊လက်သန့်ဆေးရည်"ဆောင်ထားကာရန်ကုန်မြို့တွင်းကချိန်းထားတဲ့စားသောက်ဆိုင်ကိုအရောက်သွားခဲ့ကြရတယ်။ခါတိုင်းလိုလမ်းစရိတ်ငွေချိုးချန်လို့ကတော့မရတော့ဘူး။အသွားအပြန်ကားငှားစီးရတော့တာပေါ့။

မြို့တွင်းရောက်တာနဲ့ ကျွန်ုပ်နဲ့မိတ်ဆွေကြီး တစ်ယောက်က ချိန်းထားတဲ့ဆိုင်ရှေ့ကိုစောပြီးရောက်ပါတယ်။ဒါပေမဲ့ဆိုင်တွင်းမှာ ထိုင်လို့မရဘူး၊ ပါဆယ်ဝယ်စားမှ ရမယ်လို့ပြောတာနဲ့ ဟိုလိုလိုဒီလိုလို ဖြစ်သွားကာ အတွင်းလမ်းသွယ်တစ်ခုက စားသောက်ဆိုင် တစ်ဆိုင်မှာ ၃-ပေ ခွာပြီး ပုန်းလျှိုးကွယ်လျှိုး နံနက်စာစားကြရတယ်။ ဒီဆိုင်မှာ လူစုလို့လည်း မဖြစ်ပြန်ဘူး။ ဒီတော့စားပြီးတာနဲ့အရေးတကြီးတွေ့ဖို့ နေရာရှာရပြန်တာပေါ့။

နှစ်ဖက်ညှိနှိုင်းဖို့ဆုံတွေ့ပေးတဲ့မိတ်ဆွေကြီးကတော့ဘယ်လိုအကြံရသွားသလဲမပြောတတ်ပါဘူး။"ရှေ့နေကြီးရေခဏ"ဆိုပြီးတိုက်ခန်းတစ်ခုထဲကိုဝင်သွားတာမြင်လိုက်ပါတယ်။မကြာမီမှာပဲနှစ်ဘက်ညှိနှိုင်းမယ့် ပုဂ္ဂိုလ်တွေဟာ ကျွန်ုပ်မိတ်ဆွေကြီး ဝင်သွားတဲ့ တိုက်ခန်းထဲကို ဝင်သွားကြတာမြင်လိုက်ရပါတယ်။ လူစုံတာနဲ့ စာရေးသူကို မိတ်ဆွေကြီးက လာခေါ်ပါတယ်။

သူခေါ်တဲ့ အခန်းထဲရောက်တာနဲ့ နှစ်ဘက်ညှိနှိုင်းကြမယ့် မိတ်ဆွေတွေက အသင့်နေရာယူပြီး ဖြစ်နေကြပါတယ်။ "ရှေ့နေ"မဖြစ်မနေ ခေါ်ရခြင်းကတော့ အခုညှိနှိုင်းမဲ့ ကိစ္စက ဥပဒေအကြောင်းအရငြိစွန်းနေလို့ပါပဲ။နောက်ကြောင်းအကျဉ်းလေးပြောပြမှ ပိုပြီးရှင်းသွားမယ်ထင်ပါတယ်။

အကြောင်းကဒီလိုပါ။ ညှိနှိုင်းမယ့်နှစ်ဘက် ပုဂ္ဂိုလ်တွေကတော့ စီးပွားရေးလုပ်ငန်းရှင်တွေပါ။ ကုမ္ပဏီ လုပ်ငန်းလိုင်စင် ကိစ္စနဲ့ နှစ်ဘက်ညှိနှိုင်းကြရတာဖြစ်ပါတယ်။အရင်းစစ်တော့အမြစ်မြေကဆိုသလို"လိုချင်မှုလောဘ"ကြောင့်ဒီပြသာနာတွေပေါ်လာရခြင်းဖြစ်ပါတယ်။တစ်ဖက်ကကုမ္ပဏီလုပ်ငန်းထူထောင်ဖို့ အမြန်ရချင်သူက "ကျော်ကျော်ဗိုလ်"၊ သက်ဆိုင်ရာ ဌာနမှာ ကုမ္ပဏီလိုင်စင်ရအောင်လျှောက်ရင်း"နှစ်ပေါက်"မှာစိုးတဲ့အတွက်တစ်ဖက်မှာကုမ္ပဏီလုပ်ငန်းထူထောင်ပြီးလိုင်စင်နဲ့လုပ်ကိုင်နေတဲ့ "ဦးကံကောင်း"ထံက လုပ်ငန်းလွှဲယူဖို့ သဘောတူငွေ အပေးအယူလုပ်ခဲ့ကြတာပါ။

"ဦးကံကောင်း"ဆိုသူကလည်း အခြား ကုမ္ပဏီခွဲ (၃) ခုနဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေသူဖြစ်ပါတယ်။ အခုလွှဲပေးမယ့် လုပ်ငန်းကိုတော့အခြားလုပ်ငန်းတွေကြောင့်ခေတ္တပစ်ထားရတယ်လို့ သိရပါတယ်။ အခုလို"ကျော်ကျော်ဗိုလ်"တို့က လုပ်ငန်းလွှဲပြောင်းယူမယ်ဆိုတော့နှစ်ဘက်အဆင်ပြေသွားတာပေါ့။ "ဦးကံကောင်း"အနေနဲ့အရင်အချိန်တွေကနာမည်နဲ့လိုက်အောင် "ကံကောင်း"ခဲ့ပေမယ့်ယခုအချိန်မှာတော့ကျန်းမာရေးမကောင်းလို့ ကံဇာတာလည်း ထင်သလောက် မကောင်းတော့ပါဘူး။ ကံဇာတာအညံ့ထဲ ရောက်လာတဲ့ နှစ်ဖြစ်လို့ စင်္ကာပူနိုင်ငံထိသွားပြီးဆေးကုနေရပါတယ်။ဒါကြောင့်သူ့ကုမ္ပဏီလုပ်ငန်းတွေအပေါ်မှာ လစ်ဟာမှုတွေရှိခဲ့ပါတယ်။

အဲ့လိုလစ်ဟာတဲ့အထဲမှာ"ကျော်ကျော်ဗိုလ်"တို့လွဲပြောင်းယူမယ့်ကုမ္ပဏီလည်းအပါအဝင်ပေါ့။အမှားကလည်းနည်းတဲ့အမှားတော့ မဟုတ်ပါဘူး။ အဲ့ဒီ ကုမ္ပဏီက သက်တမ်းကုန်သွားပါပြီ။ (၃)ကြိမ်သတိပေးတာမသိလိုက်လို့အခုတော့ဖျက်သိမ်းတဲ့အထဲပါသွားပါတယ်။ အဲ့ဒါမှ ပြသာနာပေါ့။ တစ်ဖက်မှာလည်း "ကျော်ကျော်ဗိုလ်"ထံက ငွေတွေယူပြီး လိုင်စ်သက်တမ်းတိုးရဖို့ ငွေကုန်ခံပြီးကြိုးစားကြည့်ပါသေးတယ်။ဒါပေမဲ့အရာမထင်ပါဘူး။ သဲထဲရေသွန် ဖြစ်ကုန်တာပါဘဲ။

အဲ့ဒီမှာတစ်ဖက်ကလည်းငွေတွေပြန်တောင်းသလို၊မိမိကိုယ်တိုင်ကလည်းဆေးကုသနေရတဲ့ကာလမျိုးမှာဘယ်လိုမှယူထားတဲ့ငွေတွေပြန်မဆပ်နိုင်တော့ပါဘူး။ဒီတော့လည်း"ဖြစ်ချင်ရာဖြစ်မောင်ဘချစ်"ဆိုသလိုမြောက်ဒဂုံ(၂၈)ရပ်ကွက်က မိမိအမည်ပေါက်မြေကွက်ကို ရောင်းဖို့ ကြော်ငြာရတော့တယ်။ ဒါပေမဲ့လက်ရှိကာလကလည်း"Covid-19"ကူးစက်ရောဂါကြောက်လို့ လူတွေအပြင်မထွက်ကြဘူး။ ဘယ်သူမှလည်းဝယ်မယ့်သူမရှိဘူး ဖြစ်နေတယ်။

နောက်ဆုံးတော့ မြေက်ဒဂုံမြေကွက်နဲ့ အိမ်ကို ဈေးနှုန်းတစ်ခု သတ်မှတ်ပြီး"ကျော်ကျော်ဗိုလ်"လက်ထဲထိုးအပ်ပါတော့တယ်။ အိမ်ခြံမြေဂရန်ဆိုတာ ယခုအချိန်မှာ အတုအစစ်ခွဲခြားဖို့နဲ့ အရှုပ်အရှင်း ရှိမရှိ သိနိုင်ဖို့ အိုးအိမ်စည်ပင်သွားစစ်ဖို့ဆိုတာ မလွယ်လှဘူးလေ။ ဒါနဲ့"ကျော်ကျော်ဗိုလ်" ရဲ့မိတ်ဆွေအသိက တစ်ဆင့် "မောင်ကောင်းဖေ" ကိုလာခေါ်လို့ မလွှဲမရှောင်သာ အခုလိုစာချုပ် ချုပ်ပေးဖို့ရောက်လာခဲ့ရတာပါ။

"ဦးကံကောင်း"ပေးတဲ့ စာချုပ်စာတမ်းနဲ့ အနှစ်(၆၀)ဂရန်တွေ ကတော့ အမှန်အကန်တွေပါဘဲ။ ယခင်က မြို့ပြနှင့်အိမ်ရာဖွံ့ ဖြိုးရေး ဦးစီးဌာနက ထုတ်ပေးထားတဲ့ဂရန်မြေ ဖြစ်လို့ ဝယ်ယူလို့ရပါတယ်။ သူ့ရဲ့အမည်ပေါက် ဖြစ်တဲ့အတွက် အရှုပ်အရှင်းရှိခဲ့ရင်လည်း အမည်ပေါက် ရောင်းသူကိုယ်တိုင်ဘဲ အစအဆုံး လိုက်ပါဖြေရှင်း ပေးဖို့ကတိခန်ဝံချက်ကိုတော့ တောင်းရတာပေါ့။

အစက ကုမ္ပဏီလိုင်စင် အမြန်ရလိုတဲ့အတွက် ဖြတ်လမ်းလိုက်မိတဲ့ "ကျော်ကျော်ဗိုလ်"တစ်ယောက် အဆင်မပြေချင်တော့ အဖုတွေအထစ်တွေနဲ့ ကြုံရပြီး "ကိုယ့်ပိုက်ဆံနဲ့ကိုယ်" စိတ်ပမ်း ၊လူပန်း ဖြစ်ရတယ်။ လက်ဆုပ်လက်ကိုင် တစ်ခုခုရအောင် "ဦးကံကောင်း"ထံက မြေနှင့်အိမ် လွှဲယူလိုက်ရတယ်။ ဒါ ကြောင့် အစိုးရဌာနတွေမှာ လုပ်ရတဲ့ ကိစ္စတွေမှာ ဘယ်နေ့ ၊ ဘယ်ရက်ရမယ် တိတိကျကျ ပြောဖို့ခက်သလို အဲ့ဒီဌာနရဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေသတွေကို ကြိုတင်လေ့လာထားဖို့ လိုအပ်ကြောင်း သင်ခန်းစာတစ်ခု ရလိုက်ပါတော့တယ်။

"ရွှေအကြောင်း ဖယောင်းမှသိ၊ လူအကြောင်းပေါင်းမှသိ"

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

လိုခ်င္တာက"ကုမၸဏီလုပ္ငန္း"တကယ္ရလာေတာ့ "ေျမႏွင့္အိမ္"

အေရးႀကီးတယ္ဆိုေတာ့လည္း"Covid-19"ေတြဘာေတြ သိပ္ၿပီးဂ႐ုမစိုက္ႏိုင္ေတာ့ဘူး။"ႏွာေခါင္းစည္းနဲ႔ပုဝါ၊လက္သန႔္ေဆးရည္"ေဆာင္ထားကာရန္ကုန္ၿမိဳ႕တြင္းကခ်ိန္းထားတဲ့စားေသာက္ဆိုင္ကိုအေရာက္သြားခဲ့ၾကရတယ္။ခါတိုင္းလိုလမ္းစရိတ္ေငြခ်ိဳးခ်န္လို႔ကေတာ့မရေတာ့ဘူး။အသြားအျပန္ကားငွားစီးရေတာ့တာေပါ့။

ၿမိဳ႕တြင္းေရာက္တာနဲ႔ ကြၽႏ္ုပ္နဲ႔မိတ္ေဆြႀကီး တစ္ေယာက္က ခ်ိန္းထားတဲ့ဆိုင္ေရွ႕ကိုေစာၿပီးေရာက္ပါတယ္။ဒါေပမဲ့ဆိုင္တြင္းမွာ ထိုင္လို႔မရဘူး၊ ပါဆယ္ဝယ္စားမွ ရမယ္လို႔ေျပာတာနဲ႔ ဟိုလိုလိုဒီလိုလို ျဖစ္သြားကာ အတြင္းလမ္းသြယ္တစ္ခုက စားေသာက္ဆိုင္ တစ္ဆိုင္မွာ ၃-ေပ ခြာၿပီး ပုန္းလွ်ိဳးကြယ္လွ်ိဳး နံနက္စာစားၾကရတယ္။ ဒီဆိုင္မွာ လူစုလို႔လည္း မျဖစ္ျပန္ဘူး။ ဒီေတာ့စားၿပီးတာနဲ႔အေရးတႀကီးေတြ႕ဖို႔ ေနရာရွာရျပန္တာေပါ့။

ႏွစ္ဖက္ညႇိႏႈိင္းဖို႔ဆုံေတြ႕ေပးတဲ့မိတ္ေဆြႀကီးကေတာ့ဘယ္လိုအႀကံရသြားသလဲမေျပာတတ္ပါဘူး။"ေရွ႕ေနႀကီးေရခဏ"ဆိုၿပီးတိုက္ခန္းတစ္ခုထဲကိုဝင္သြားတာျမင္လိုက္ပါတယ္။မၾကာမီမွာပဲႏွစ္ဘက္ညႇိႏႈိင္းမယ့္ ပုဂၢိဳလ္ေတြဟာ ကြၽႏ္ုပ္မိတ္ေဆြႀကီး ဝင္သြားတဲ့ တိုက္ခန္းထဲကို ဝင္သြားၾကတာျမင္လိုက္ရပါတယ္။ လူစုံတာနဲ႔ စာေရးသူကို မိတ္ေဆြႀကီးက လာေခၚပါတယ္။

သူေခၚတဲ့ အခန္းထဲေရာက္တာနဲ႔ ႏွစ္ဘက္ညႇိႏႈိင္းၾကမယ့္ မိတ္ေဆြေတြက အသင့္ေနရာယူၿပီး ျဖစ္ေနၾကပါတယ္။ "ေရွ႕ေန"မျဖစ္မေန ေခၚရျခင္းကေတာ့ အခုညႇိႏႈိင္းမဲ့ ကိစၥက ဥပေဒအေၾကာင္းအရၿငိစြန္းေနလို႔ပါပဲ။ေနာက္ေၾကာင္းအက်ဥ္းေလးေျပာျပမွ ပိုၿပီးရွင္းသြားမယ္ထင္ပါတယ္။

အေၾကာင္းကဒီလိုပါ။ ညႇိႏႈိင္းမယ့္ႏွစ္ဘက္ ပုဂၢိဳလ္ေတြကေတာ့ စီးပြားေရးလုပ္ငန္းရွင္ေတြပါ။ ကုမၸဏီ လုပ္ငန္းလိုင္စင္ ကိစၥနဲ႔ ႏွစ္ဘက္ညႇိႏႈိင္းၾကရတာျဖစ္ပါတယ္။အရင္းစစ္ေတာ့အျမစ္ေျမကဆိုသလို"လိုခ်င္မႈေလာဘ"ေၾကာင့္ဒီျပသာနာေတြေပၚလာရျခင္းျဖစ္ပါတယ္။တစ္ဖက္ကကုမၸဏီလုပ္ငန္းထူေထာင္ဖို႔ အျမန္ရခ်င္သူက "ေက်ာ္ေက်ာ္ဗိုလ္"၊ သက္ဆိုင္ရာ ဌာနမွာ ကုမၸဏီလိုင္စင္ရေအာင္ေလွ်ာက္ရင္း"ႏွစ္ေပါက္"မွာစိုးတဲ့အတြက္တစ္ဖက္မွာကုမၸဏီလုပ္ငန္းထူေထာင္ၿပီးလိုင္စင္နဲ႔လုပ္ကိုင္ေနတဲ့ "ဦးကံေကာင္း"ထံက လုပ္ငန္းလႊဲယူဖို႔ သေဘာတူေငြ အေပးအယူလုပ္ခဲ့ၾကတာပါ။

"ဦးကံေကာင္း"ဆိုသူကလည္း အျခား ကုမၸဏီခြဲ (၃) ခုနဲ႔ လုပ္ငန္းေတြ လုပ္ကိုင္ေနသူျဖစ္ပါတယ္။ အခုလႊဲေပးမယ့္ လုပ္ငန္းကိုေတာ့အျခားလုပ္ငန္းေတြေၾကာင့္ေခတၱပစ္ထားရတယ္လို႔ သိရပါတယ္။ အခုလို"ေက်ာ္ေက်ာ္ဗိုလ္"တို႔က လုပ္ငန္းလႊဲေျပာင္းယူမယ္ဆိုေတာ့ႏွစ္ဘက္အဆင္ေျပသြားတာေပါ့။ "ဦးကံေကာင္း"အေနနဲ႔အရင္အခ်ိန္ေတြကနာမည္နဲ႔လိုက္ေအာင္ "ကံေကာင္း"ခဲ့ေပမယ့္ယခုအခ်ိန္မွာေတာ့က်န္းမာေရးမေကာင္းလို႔ ကံဇာတာလည္း ထင္သေလာက္ မေကာင္းေတာ့ပါဘူး။ ကံဇာတာအညံ့ထဲ ေရာက္လာတဲ့ ႏွစ္ျဖစ္လို႔ စကၤာပူႏိုင္ငံထိသြားၿပီးေဆးကုေနရပါတယ္။ဒါေၾကာင့္သူ႔ကုမၸဏီလုပ္ငန္းေတြအေပၚမွာ လစ္ဟာမႈေတြရွိခဲ့ပါတယ္။

အဲ့လိုလစ္ဟာတဲ့အထဲမွာ"ေက်ာ္ေက်ာ္ဗိုလ္"တို႔လြဲေျပာင္းယူမယ့္ကုမၸဏီလည္းအပါအဝင္ေပါ့။အမွားကလည္းနည္းတဲ့အမွားေတာ့ မဟုတ္ပါဘူး။ အဲ့ဒီ ကုမၸဏီက သက္တမ္းကုန္သြားပါၿပီ။ (၃)ႀကိမ္သတိေပးတာမသိလိုက္လို႔အခုေတာ့ဖ်က္သိမ္းတဲ့အထဲပါသြားပါတယ္။ အဲ့ဒါမွ ျပသာနာေပါ့။ တစ္ဖက္မွာလည္း "ေက်ာ္ေက်ာ္ဗိုလ္"ထံက ေငြေတြယူၿပီး လိုင္စ္သက္တမ္းတိုးရဖို႔ ေငြကုန္ခံၿပီးႀကိဳးစားၾကည့္ပါေသးတယ္။ဒါေပမဲ့အရာမထင္ပါဘူး။ သဲထဲေရသြန္ ျဖစ္ကုန္တာပါဘဲ။

အဲ့ဒီမွာတစ္ဖက္ကလည္းေငြေတြျပန္ေတာင္းသလို၊မိမိကိုယ္တိုင္ကလည္းေဆးကုသေနရတဲ့ကာလမ်ိဳးမွာဘယ္လိုမွယူထားတဲ့ေငြေတြျပန္မဆပ္ႏိုင္ေတာ့ပါဘူး။ဒီေတာ့လည္း"ျဖစ္ခ်င္ရာျဖစ္ေမာင္ဘခ်စ္"ဆိုသလိုေျမာက္ဒဂုံ(၂၈)ရပ္ကြက္က မိမိအမည္ေပါက္ေျမကြက္ကို ေရာင္းဖို႔ ေၾကာ္ျငာရေတာ့တယ္။ ဒါေပမဲ့လက္ရွိကာလကလည္း"Covid-19"ကူးစက္ေရာဂါေၾကာက္လို႔ လူေတြအျပင္မထြက္ၾကဘူး။ ဘယ္သူမွလည္းဝယ္မယ့္သူမရွိဘူး ျဖစ္ေနတယ္။

ေနာက္ဆုံးေတာ့ ေျမက္ဒဂုံေျမကြက္နဲ႔ အိမ္ကို ေဈးႏႈန္းတစ္ခု သတ္မွတ္ၿပီး"ေက်ာ္ေက်ာ္ဗိုလ္"လက္ထဲထိုးအပ္ပါေတာ့တယ္။ အိမ္ၿခံေျမဂရန္ဆိုတာ ယခုအခ်ိန္မွာ အတုအစစ္ခြဲျခားဖို႔နဲ႔ အရႈပ္အရွင္း ရွိမရွိ သိႏိုင္ဖို႔ အိုးအိမ္စည္ပင္သြားစစ္ဖို႔ဆိုတာ မလြယ္လွဘူးေလ။ ဒါနဲ႔"ေက်ာ္ေက်ာ္ဗိုလ္" ရဲ႕မိတ္ေဆြအသိက တစ္ဆင့္ "ေမာင္ေကာင္းေဖ" ကိုလာေခၚလို႔ မလႊဲမေရွာင္သာ အခုလိုစာခ်ဳပ္ ခ်ဳပ္ေပးဖို႔ေရာက္လာခဲ့ရတာပါ။

"ဦးကံေကာင္း"ေပးတဲ့ စာခ်ဳပ္စာတမ္းနဲ႔ အႏွစ္(၆၀)ဂရန္ေတြ ကေတာ့ အမွန္အကန္ေတြပါဘဲ။ ယခင္က ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ ၿဖိဳးေရး ဦးစီးဌာနက ထုတ္ေပးထားတဲ့ဂရန္ေျမ ျဖစ္လို႔ ဝယ္ယူလို႔ရပါတယ္။ သူ႔ရဲ႕အမည္ေပါက္ ျဖစ္တဲ့အတြက္ အရႈပ္အရွင္းရွိခဲ့ရင္လည္း အမည္ေပါက္ ေရာင္းသူကိုယ္တိုင္ဘဲ အစအဆုံး လိုက္ပါေျဖရွင္း ေပးဖို႔ကတိခန္ဝံခ်က္ကိုေတာ့ ေတာင္းရတာေပါ့။

အစက ကုမၸဏီလိုင္စင္ အျမန္ရလိုတဲ့အတြက္ ျဖတ္လမ္းလိုက္မိတဲ့ "ေက်ာ္ေက်ာ္ဗိုလ္"တစ္ေယာက္ အဆင္မေျပခ်င္ေတာ့ အဖုေတြအထစ္ေတြနဲ႔ ႀကဳံရၿပီး "ကိုယ့္ပိုက္ဆံနဲ႔ကိုယ္" စိတ္ပမ္း ၊လူပန္း ျဖစ္ရတယ္။ လက္ဆုပ္လက္ကိုင္ တစ္ခုခုရေအာင္ "ဦးကံေကာင္း"ထံက ေျမႏွင့္အိမ္ လႊဲယူလိုက္ရတယ္။ ဒါ ေၾကာင့္ အစိုးရဌာနေတြမွာ လုပ္ရတဲ့ ကိစၥေတြမွာ ဘယ္ေန႔ ၊ ဘယ္ရက္ရမယ္ တိတိက်က် ေျပာဖို႔ခက္သလို အဲ့ဒီဌာနရဲ႕ စည္းမ်ဥ္းစည္းကမ္း ဥပေဒသေတြကို ႀကိဳတင္ေလ့လာထားဖို႔ လိုအပ္ေၾကာင္း သင္ခန္းစာတစ္ခု ရလိုက္ပါေတာ့တယ္။

"ေ႐ႊအေၾကာင္း ဖေယာင္းမွသိ၊ လူအေၾကာင္းေပါင္းမွသိ"

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service