ဖေဖော်ဝါရီလတွင် သွင်းကုန် ယခင်လထက် ဒေါ်လာ သန်း ၇၅၀ ကျော်လျော့နည်း

ဖေဖော်ဝါရီလတွင် သွင်းကုန် ယခင်လထက် ဒေါ်လာ သန်း ၇၅၀ ကျော်လျော့နည်း - Property News in Myanmar from iMyanmarHouse.com
13 Mar 2020 11:50 am တွင် တင်ခဲ့သည်
946 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ဖေဖော်ဝါရီအတွင်း ကုန်သွယ်မှု ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံရှိပြီး ယခင်လထက် ဒေါ်လာသန်း ၇၅၀ ကျော် လျော့ နည်းသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သောစာရင်းများ၌ ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် COVID -19 ရောဂါ ဖြစ်ပွားနေခြင်းကြောင့် အဓိကသွင်းကုန်တန်ဖိုးများ ယခင်လထက် ဒေါ်လာသန်း ၇၄၀ ကျော် လျော့နည်းခဲ့သည် ဟု ဝန်ကြီးဌာနက ဆိုသည်။

ဖေဖော်ဝါရီတွင် စုစုပေါင်းကုန်သွယ်မှု ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံရှိပြီး ပို့ကုန် ၁ ဒသမ ၅၃ ဘီလီယံနှင့် သွင်းကုန် ၁ ဒသမ ၆၇ ဘီလီယံဖြစ်သည်။ ဇန်နဝါရီတွင် ကုန်သွယ်မှု ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံရှိပြီး ပို့ကုန်မှာ ၁ ဒသမ ၅ ဘီလီယံနှင့် သွင်းကုန် ၂ ဒသမ ၄ ဘီလီယံဖြစ်သည်။

ထို့ကြောင့် ဖေဖော်ဝါရီသည် ဇန်နဝါရီထက် ကုန်သွယ်မှုဒေါ်လာသန်း ၇၅၀ ကျော်၊ ပို့ကုန်ဒေါ်လာ ၁၅ သန်းကျော်နှင့် သွင်းကုန် ဒေါ်လာသန်း ၇၄၀ လျော့နည်းခဲ့သည်။ ယခုဘဏ္ဍာနှစ် ပထမငါးလအတွင်း ကုန်သွယ်မှုစုစုပေါင်း ဒေါ်လာ ၁၆ ဘီလီယံကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ၂ ဒသမ ၂ ဘီလီယံကျော် တိုးမြင့်ခဲ့သည်။သွင်းကုန်များတွင် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ တင်သွင်းမှုသည် ဖေဖော်ဝါရီသည် ဇန်နဝါရီထက် ပိုမိုတင်သွင်းခဲ့သည်။ လုပ်ငန်းသုံးကုန်ကြမ်း၊ လူသုံးကုန်နှင့် အထည်ချုပ်လုပ်ငန်းများအတွက် တင်သွင်းသည့် ပစ္စည်းများဈေး လျော့ကျခဲ့ခြင်း ဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

### Zawgyi Version ###








နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service