တရားဝင်ပိုင်ဆိုင်မှုကို လွဲှပြောင်းမှုအမျိုးမျိုးဖြင့်ဆောင်ရွက်နိုင်မှု အချက်များ
တရားဝင်ပိုင်ဆိုင်မှုကို လွဲှပြောင်းမှုအမျိုးမျိုးဖြင့်ဆောင်ရွက်နိုင်မှု အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
24 Feb 2020 12:49 pm တွင် တင်ခဲ့သည်
1989 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင်
### Unicode Version ###
မရွှေ့ပြောင်းနိုင်သောပစ္စည်းဆိုသောစကားရပ်ထဲမှာမြေပါဝင်တယ်ဆိုတာ အတိအလင်းသတ်မှတ်ထားတယ်။ မရွှေ့ပြောင်းနိုင်သော ပစ္စည်းမှာ ပါဝင်တဲ့မြေကို လွှဲပြောင်းမှုနည်းလမ်း (၅) ခုရှိပါတယ်။
၁။ ရောင်းချခြင်းဖြင့် လွှဲပြောင်းမှု
၂။ ပေါင်နှံခြင်းဖြင့် လွှဲပြောင်းမှု
၃။ ငှားရမ်းခြင်းဖြင့် လွှဲပြောင်းမှု
၄။ လဲလှယ်ခြင်းဖြင့် လွှဲပြောင်းမှု
၅။ ပေးကမ်းခြင်းဖြင့် လွှဲပြောင်းမှု
ရောင်းချခြင်းဖြင့် လွှဲပြောင်းမှုဆိုတာ မြေယာတစ်ခုရဲ့ပိုင်ဆိုင်မှုတန်ဖိုးကို အဖိုးစားနားငွေပေးချေပြီး ပိုင်ဆိုင်မှုအပြည့်အဝလွှဲပြောင်းရယူခြင်းဖြစ်တယ်။ အရောင်းအဝယ်ပြုလုပ်ရာမှာ ရောင်းချသည့် မြေကွက်ရဲ့ တန်ဖိုးသည် ကျပ် ၁၀၀နဲ့ ၁၀၀ အထက်ဖြစ်လျှင် မှတ်ပုံတင်စာချုပ်ဖြင့်တရားဝင်ချုပ်ဆိုရပါမည်။
၁၉၈၇ ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ်(၁)အရ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအရ မြေပိုင်ဆိုင်မှုကို နိုင်ငံခြားသားများအားအပြီးအပိုင်လွှဲပြောင်းခြင်းကို တားမြစ်ကန့်သတ်ထားပါတယ်။
ဘိုးဘွားပိုင်မြေ၊ ဂရန်မြေများ အလွှဲအပြောင်းစာချုပ်များကို စာချုပ်စာတမ်းမှတ်ပုံတင်ဌာနက တရားဝင်မှတ်ပုံတင်ခွင့်ပြုပါတယ်။
ပေါင်နှံခြင်းဖြင့်လွှဲပြောင်းမှုတွင် အိမ်ခြံမြေပေါင်နှံရာမှာ စာချုပ်စာတမ်းရုံးတွင် တရားဝင်မှတ်ပုံတင်ဖို့လည်း လိုအပ်တယ်လို့သိရပါတယ်။ မရွှေ့ပြောင်းနိုင်သောပစ္စည်းရောင်းဝယ်၊ ပေါင်နှံ၊ပေးကမ်းလှူဒါန်း၊ စွန့်လွှတ်တာတွေစတဲ့အရာတွေကို ပြုလုပ်တဲ့အခါ အိမ်မြေ၊ ဥယျာဉ်ခြံမြေ၊ လယ်မြေတွေရဲ့ တန်ဖိုးတစ်ရပ်ကို အခွန်ဦးစီးဌာန ကာလတန်ဖိုးစိစစ် သတ်မှတ်ရေးအဖွဲ့ဆုံးဖြတ်ချက်များအရ ကျပ် ၁၀၀ အထက်ဖြစ်လျှင် မှတ်ပုံတင်ရန် စာချုပ်စာတမ်းရုံးမှာ ပြဌာန်းထားတာရှိပါတယ်။
အိမ်ခြံမြေဝယ်ရန်အလို့ငှာ ဘဏ်ကနေ ငွေချေးတဲ့အခါ မြေပုံ၊မြေရာဇဝင်က အရေးပါတဲ့အချက် တစ်ခုဖြစ်ပါတယ်။ မရွှေ့ပြောင်းနိုင်သောအိမ်ခြံမြေကိုတရားဝင် မှတ်ပုံတင်ပြီးပေါင်နှံမယ်ဆိုလျှင် ရန်ကုန်၊မန္တလေး၊နေပြည်တော်မြို့နယ်များမှအပ တခြားပြည်နယ်နှင့် တိုင်းဒေသကြီးတွေမှာ ဘဏ်ငွေချေးရန် သက်ဆိုင်ရာဦးစီးဌာနတွေမှာ မြေပုံ၊မြေရာဇဝင် ထုတ်ပေးဖို့ လျှောက်ထားရပါမယ်။
ထိုသို့ လျှောက်ထားမှသာ ဘဏ်တခုခုတွင် ငွေချေးခြင်းဖြစ်စေ၊ ပေါင်နှံခြင်းဖြစ်စေ မြေပိုင်ဆိုင်မှုအထောက်အထားခိုင်မာမှသာ ချေးငွေရရှိပါမယ်။
အိမ်ခြံမြေတိုက်ခန်းအဆောက်အဦးတို့ကို ပိုင်ဆိုင်သူက အခြားတစ်ဦးတစ်ယောက်ကို အဖိုးစားနားတစ်ခုဖြင့် ကတိခံဝန်ချက်များလိုက်နာစေပြီး ဌားရမ်းခြင်းဖြင့်လည်းလွဲှပြောင်းထားနိုင်ပါသည်။ ထိုလွဲပြောင်းမှုသည် စာချုပ်စာတမ်းပေါ်ရှိ ကာလအကန့်အသတ်တစ်ခုအထိသာ အကျုံးဝင်ပါသည်။ ထိုလွှဲပြောင်းမှုသည် ပိုင်ဆိုင်မှု အပြီးသတ်မဟုတ်ပါ။ ပိုင်ဆိုင်မှုရှိသူ၏ ယာယီခွင့်ပြုချက်အရ နေထိုင်ခွင့်မျှသာ ဖြစ်သည်။ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းသာမက ရွှေ့ပြောင်း နိုင်သည့် ပစ္စည်းကိုပါ မေတ္တာဖြင့်ပေးကမ်းခြင်းပြုနိုင်သည်။ ဒြပ်ရှိသည့်ပစ္စည်းကိုသာ ပေးနိုင်သည်။
ထို့ပြင် ပေးကမ်း ချိန်၌ ထိုပစ္စည်းသည် ရှိနေရမည်။ နောင်တစ်ချိန်တွင် ပေါ်ပေါက်လာမည့် သို့မဟုတ် ရရှိလာမည့်ပစ္စည်းကို ပေးကမ်းခြင်း မပြုနိုင်။ အလားတူပင် အတိအကျဖော်ပြခြင်း မပြုနိုင်သည့် ပစ္စည်းသည်လည်း မေတ္တာဖြင့် ပေး နိုင်သော ပစ္စည်းတစ်ရပ်မဖြစ်နိုင်။ (ပုဒ်မ ၁၂၂ နှင့် ၁၂၄)
မေတ္တာဖြင့်ပေးခြင်းတွင် လိုအပ်သောအချက်များမှာ -
ပေးသူနှင့် လက်ခံသူရှိရမည်။ ပေးကမ်းသော ပစ္စည်းသည် လက်ရှိပစ္စည်းဖြစ်ရန်လိုသည်။ ပေးသူက မိမိ အလိုအလျောက် အဖိုးစားနားမရှိဘဲ ပေးခြင်းဖြစ်ရမည်။ ပေးသူက မိမိပိုင်ပစ္စည်းကို လွှဲပြောင်းပေးရမည်။ ပေးသောပစ္စည်းကို လက်ခံသူက ပေးသူ အသက်ရှင်ဆဲ ပေးနိုင်သည့် အခြေအနေရှိစဉ် လက်ခံရမည်။ (၂ဝဝ၁ ခုနှစ်၊ မတစ၊ ၃၉၂)(၂ဝဝ၇ ခုနှစ်၊ မတစ၊ ၅၂)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
တရားဝင်ပိုင်ဆိုင်မှုကို လွှဲပြောင်းမှုအမျိုးမျိုးဖြင့်ဆောင်ရွက်နိုင်မှု အချက်များ
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
Pan Swal Taw Condominium
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service