စည်ပင်တိုက်ခန်းများအမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ

စည်ပင်တိုက်ခန်းများအမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
19 Feb 2020 12:45 pm တွင် တင်ခဲ့သည်
1856 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

### Unicode Version ###

မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုးရုံးသို့ တိုက်ခန်းများအမည်ပြောင်း လျှောက်ထားရာတွင် အောက်ဖော်ပြပါအချက်များကို သတ်မှတ်လျှောက်လွှာပုံစံ နှင့်အတူ ပူးတွဲတင်ပြရမည်.....

ကိုယ်တိုင်ရေးလျှောက်လွှာ (၁) စောင်

အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ ထုတ်ပေးသောအဆောက်အအုံ နေထိုင်ခွင့်စာချုပ်(သို့)သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၏ တိုက်ခန်းနေရာချထားခြင်းလက်မှတ် (၁) စောင်

တိုက်ခန်းလွှဲပြောင်းလက်ခံခြင်း သဘောတူစာချုပ်မိတ္တူ (၁) စောင်

သက်ဆိုင်ရာ ရပ်ကွက်အာဏာပိုင်၏ တိုက်ခန်းပိုင်ဆိုင်သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက် (၁) စောင်

တိုက်ခန်းလွှဲပြောင်းသူ၊ တိုက်ခန်းလက်ခံသူတို့၏မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (၁) စောင်

တိုက်ခန်းလွှဲပြောင်းသူ၏ လိုင်စင်ဓါတ်ပုံ (၂)ပုံ

တိုက်ခန်းလွှဲပြောင်းသူ၏ မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးထားသော အိမ်ထောင်စုစာရင်းမိတ္တူ (၁) စောင်

တိုက်ခန်းလွှဲပြောင်းသူ၏အမည်ပြောင်းလဲခြင်းအား ကန့်ကွက်ရန်မရှိကြောင်း ဝန်ခံကတိပြုချက် (၁) စောင်

ရေခွန်ပေးဆောင်ပြီး ပြေစာမိတ္တူ(သို့) လွှဲပြောင်းလက်ခံသူမှ တိုက်ခန်းနှင့် ပတ်သတ်သည့် ကြွေးကျန်ကိစ္စများ တာဝန်ယူဖြေရှင်းမည့် ဝန်ခံကတိပြုချက် (၁) စောင်

အထက်ပါစာရွက်စာတမ်းများစုံလင်စွာ တင်ပြလျှောက်ထားနိုင်ပြီး ဌာနမှစိစစ်မှုများ ပြုလုပ်ကာ အောက်ပါလုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

(က) တိုက်ခန်းအမည်ပြောင်း လျှောက်ထားချက်ကို စိစစ်ပြီးလွှဲပြောင်းသူနှင့် လက်ခံသူတို့ကိုယ်တိုင်လက်ထောက်ဌာနမှူး(မြေရာ)၏ရှေ့တွင်လက်မှတ်ရေးထိုး လွှဲပြောင်းပေးရမည်။

(ခ) လျှောက်ထားသူမှ သက်မှတ်ဝန်ဆောင်ခ ပေးသွင်းပြီးမှ အမည်ပြောင်းခွင့်ပြုမည်။

(ဂ) တိုက်ခန်းလွှဲပြောင်းသူ ကိုယ်တိုင်လာရောက်လွှဲပြောင်းခြင်းမပြုပါက နေ့စဉ်သတင်းစာတွင် ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာစေမည်။ (အမည်ပြောင်းသူမှ ကြော်ငြာခကို ကျခံရမည်)

(ဃ) သတ်မှတ်ထားသောကာလအတွင်းကန့်ကွက်ချက်မရှိပါက အမည်ပြောင်း လျှောက်ထားသူမှ မူလအဆောက်အအုံနေထိုင်ခွင့်စာချုပ်အား ပယ်ဖျက်၍ အမည်ပြောင်းလျှောက်ထားသူအမည်ဖြင့် ချုပ်ဆိုထားသော စာချုပ်ကို ဆက်လက်ချုပ်ဆိုပေးပါမည်။

(င) ကော်မတီက စီမံခန့်ခွဲလျှက်ရှိသော တိုက်ခန်းများ၏ သတ်မှတ်ထားသော မြေဌားခကို နေထိုင်သူများထံမှ တိုက်ခန်းအမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဘဏ္ဍာရေးနှစ်အလိုက် ကော်မတီကကောက်ခံသွားမည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: YCDC

### Zawgyi Version ###

စည္ပင္တိုက္ခန္းမ်ားအမည္ေျပာင္း ေလွ်ာက္ထားရာတြင္ ပါဝင္ရမည့္အခ်က္မ်ား

ျမိဳ႕နယ္စည္ပင္သာယာအုပ္ခ်ုပ္ေရးမႈးရံုးသို့ တိုက္ခန္းမ်ားအမည္ေျပာင္း ေလွ်ာက္ထားရာတြင္ ေအာက္ေဖာ္ျပပါအခ်က္မ်ားကို သတ္မွတ္ေလွ်ာက္လႊာပံုစံ နွင့္အတူ ပူးတြဲတင္ျပရမည္.....

ကိုယ္တိုင္ေရးေလွ်ာက္လႊာ (၁) ေစာင္

အင္ဂ်င္နီယာဌာန (အေဆာက္အအံု) မွ ထုတ္ေပးေသာအေဆာက္အအံု ေနထိုင္ခြင့္စာခ်ုပ္(သို့)သက္ဆိုင္ရာ ျမိဳ႕နယ္စည္ပင္သာယာအုပ္ခ်ုပ္ေရးမႉးရံုး၏ တိုက္ခန္းေနရာခ်ထားျခင္းလက္မွတ္ (၁) ေစာင္

တိုက္ခန္းလႊဲေျပာင္းလက္ခံျခင္း သေဘာတူစာခ်ုပ္မိတၱဴ (၁) ေစာင္

သက္ဆိုင္ရာ ရပ္ကြက္အာဏာပိုင္၏ တိုက္ခန္းပိုင္ဆိုင္သည္မွာ မွန္ကန္ေျကာင္း ေထာက္ခံခ်က္ (၁) ေစာင္

တိုက္ခန္းလႊဲေျပာင္းသူ၊ တိုက္ခန္းလက္ခံသူတို့၏မူရင္းနွင့္တိုက္ဆိုင္စစ္ေဆးထားေသာ နိုင္ငံသားစိစစ္ေရးကတ္ျပားမိတၱဴ (၁) ေစာင္

တိုက္ခန္းလႊဲေျပာင္းသူ၏ လိုင္စင္ဓါတ္ပံု (၂)ပံု

တိုက္ခန္းလႊဲေျပာင္းသူ၏ မူရင္းနွင့္ တိုက္ဆိုင္စစ္ေဆးထားေသာ အိမ္ေထာင္စုစာရင္းမိတၱဴ (၁) ေစာင္

တိုက္ခန္းလႊဲေျပာင္းသူ၏အမည္ေျပာင္းလဲျခင္းအား ကန့္ကြက္ရန္မရွိေျကာင္း ဝန္ခံကတိျပဳခ်က္ (၁) ေစာင္

ေရခြန္ေပးေဆာင္ျပီး ေျပစာမိတၱဴ(သို့) လႊဲေျပာင္းလက္ခံသူမွ တိုက္ခန္းနွင့္ ပတ္သတ္သည့္ ေၾကြးက်န္ကိစၥမ်ား တာဝန္ယူေျဖရွင္းမည့္ ဝန္ခံကတိျပဳခ်က္ (၁) ေစာင္

အထက္ပါစာရြက္စာတမ္းမ်ားစံုလင္စြာ တင္ျပေလွ်ာက္ထားနိုင္ျပီး ဌာနမွစိစစ္မႈမ်ား ျပဳလုပ္ကာ ေအာက္ပါလုပ္ငန္းစဉ္မ်ားအတိုင္း ဆက္လက္ေဆာင္ရြက္ေပးသြားမည္ ျဖစ္ပါသည္။

(က) တိုက္ခန္းအမည္ေျပာင္း ေလွ်ာက္ထားခ်က္ကို စိစစ္ျပီးလႊဲေျပာင္းသူနွင့္ လက္ခံသူတို့ကိုယ္တိုင္လက္ေထာက္ဌာနမႉး(ေျမရာ)၏ေရွ့တြင္လက္မွတ္ေရးထိုး လႊဲေျပာင္းေပးရမည္။

(ခ) ေလွ်ာက္ထားသူမွ သက္မွတ္ဝန္ေဆာင္ခ ေပးသြင္းျပီးမွ အမည္ေျပာင္းခြင့္ျပဳမည္။

(ဂ) တိုက္ခန္းလႊဲေျပာင္းသူ ကိုယ္တိုင္လာေရာက္လွြဲေျပာင္းျခင္းမျပဳပါက ေန့စဉ္သတင္းစာတြင္ ကန့္ကြက္ရန္ ရွိ/မရွိ ေျကာ္ျငာေစမည္။ (အမည္ေျပာင္းသူမွ ေျကာ္ျငာခကို က်ခံရမည္)

(ဃ) သတ္မွတ္ထားေသာကာလအတြင္းကန့္ကြက္ခ်က္မရွိပါက အမည္ေျပာင္း ေလွ်ာက္ထားသူမွ မူလအေဆာက္အအံုေနထိုင္ခြင့္စာခ်ဳပ္အား ပယ္ဖ်က္၍ အမည္ေျပာင္းေလွ်ာက္ထားသူအမည္ျဖင့္ ခ်ဳပ္ဆိုထားေသာ စာခ်ဳပ္ကို ဆက္လက္ခ်ဳပ္ဆိုေပးပါမည္။

(င) ေကာ္မတီက စီမံခန့္ခြဲလွ်က္ရွိေသာ တိုက္ခန္းမ်ား၏ သတ္မွတ္ထားေသာ ေျမဌားခကို ေနထိုင္သူမ်ားထံမွ တိုက္ခန္းအမ်ိုးအစားအလိုက္ သတ္မွတ္ထားသည့္ဘ႑ာေရးနွစ္အလိုက္ ေကာ္မတီကေကာက္ခံသြားမည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: YCDC

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ponnami
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service