ရက်ပ်အဆိုတော် ကင်ညေးဝက်စ်က ဧကပေါင်း ၉၀၀၀ ကျော် ကျယ်ဝန်းသည့် သူ၏ ယာတောခြံကြီးအတွင်း အမိုးမပါသည့် ပွဲကြည့်စင်ကြီးတစ်ခုကို ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ဆောက်လုပ်ရာ ဖမ်းဆီးခြင်းခံရဖွယ်ရှိနေ

ရက်ပ်အဆိုတော် ကင်ညေးဝက်စ်က ဧကပေါင်း ၉၀၀၀ ကျော် ကျယ်ဝန်းသည့် သူ၏ ယာတောခြံကြီးအတွင်း အမိုးမပါသည့် ပွဲကြည့်စင်ကြီးတစ်ခုကို ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ဆောက်လုပ်ရာ ဖမ်းဆီးခြင်းခံရဖွယ်ရှိနေ - Property News in Myanmar from iMyanmarHouse.com
17 Feb 2020 12:10 pm တွင် တင်ခဲ့သည်
1005 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ကမ္ဘာကျော် ရက်ပ်အဆိုတော် ကင်ညေးဝက်စ်သည် ကျော်ကြားမှုနှင့် ဥစ္စာဓနပိုင်ဆိုင်မှု ကြီးမားသူတစ်ဦးဖြစ်သည်။

သို့သော် ထိုသို့ ကျော်ကြားမှုကို အသုံးချကာ ဥပဒေမဲ့ လုပ်ဆောင်၍ မရနိုင်ချေ။

ကင်ညေးဝက်စ်က အမေရိကန်ပြည်ထောင်စု၊ Wyoming ပြည်နယ်တွင် မကြာသေးမီက ဝယ်ယူထားခဲ့သည့် ယာတောခြံကြီးအတွင်း အမိုးမပါသော ပွဲကြည့်စင်ကြီးတစ်ခု ဆောက်လုပ်ရန် စီစဉ်နေမှုမှာ သက်ဆိုင်ရာမှ ခွင့်ပြုချက်ရယူထားခြင်းမရှိသည့်အတွက် ရပ်ဆိုင်း လိုက်ရသည်။

Missoulian တွင် ဖော်ပြချက်အရ ကင်ညေးဝက်စ်သည် ဧကပေါင်း ၄၅၀၀ ကျယ်ဝန်းသည့် Monster Lake ယာတောခြံကြီးကို ယခင်နှစ် စက်တင်ဘာလအတွင်းက ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကင်ညေးဝက်စ်သည် နောက်ပိုင်းတွင် ယခုခြံနှင့် ကပ်လျက် ခြံကြီးကို ဆက်လက်ဝယ်ယူခဲ့ရာ အကျယ်အဝန်း မြေဧက ၉၀၀၀ ကျော်အထိ ပိုင်ဆိုင်လာသည်။

(ကင်ညေးဝက်စ်က အဆိုပါ ခြံကြီးဝယ်ယူခဲ့သည့်သတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ရာ https://www.imyanmarhouse.com/news/read/856751 အင်တာနက်လင့်ခ်တွင် ပြန်လည် ဖတ်ရှုနိုင်ပါသည်)

ယင်းနောက် ကင်ညေးဝက်စ်က အဆိုပါယာတောခြံကြီးတွင် စတုရန်းပေ ၇၀၆၈၄ ကျယ်ဝန်းသော အမိုးမဲ့ ပွဲကြည့်စင်ကြီးတစ်ခု ဆောက်လုပ်ရန် ခွင့်ပြုချက် လျှောက်ထားတောင်းခံခဲ့သည်။

သို့ရာတွင် ခွင့်ပြုချက် စောင့်ဆိုင်းနေစဉ် ကာလအတွင်း ကင်ညေးဝက်စ်က ဆောက်လုပ်မှုများကို စတင်ခဲ့ခြင်း ဖြစ်သည်။

ခရိုင်အရာရှိများက လာရောက်စစ်ဆေးကြည့်ရှုချိန်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ပြီးဖြစ်နေသည်ကို တွေ့ရှိသောကြောင့် ချက်ချင်းရပ်ဆိုင်းရန် ညွှန်ကြားခဲ့သည်။

သို့အတွက် ကင်ညေးဝက်စ်သည် အဆိုပါ ပွဲကြည့်စင်ကို ဆက်လက်ဆောက်လုပ်ရန်အတွက် ခွင့်ပြုချက်စောင့်ဆိုင်းရမည်ဖြစ်သည်။

ထိုအချက်က ပြသသည်မှာ သက်ဆိုင်ရာ စာရွက်စာတမ်းမရှိဘဲ နာမည်ကျော်များအပါအဝင် မည်သူမျှ အဆောက်အအုံ ဆောက်လုပ်ခွင့် မရှိကြောင်း ပြသနေသည်။

“ခွင့်ပြုချက်မရှိဘူးဆိုရင် ကင်ညေးဝက်စ် အပါအဝင် လူတိုင်းဟာ ဆောက်လုပ်နေတာတွေကို ချက်ချင်းရပ်ရမှာပါ။ အုပ်ချုပ်ရေးအဖွဲ့က စောစောလာပြောသွားတာ သူ့အတွက်ကံကောင်းသွားပါတယ်” ဟု တက္ကဆပ်ပြည်နယ် အခြေစိုက် Mission Real Estate Group မှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ ဘင်ဂျမင် ရော့စ်က ပြောကြားသည်။

အကယ်၍ စည်းမျဉ်းချိုးဖောက်နေမှုကို နောက်ကျပြီးမှ သိရှိပါက ကင်ညေးဝက်စ်အနေဖြင့် ပေးဆပ်ရမည့်တန်ဖိုး ပိုမိုကြီးမားလိမ့်မည် ဖြစ်ကြောင်းလည်း ရော့စ်က ဆက်လက်ပြောကြားသည်။

အဆောက်အအုံ ဆောက်လုပ်ခွင့် ခွင့်ပြုချက်တောင်းခံရခြင်း၏ အဓိက အကြောင်းရင်းမှာ မြေအောက်လျှပ်စစ်ကြိုးလိုင်းများ၊ ဓာတ်ငွေ့ နှင့် ရေပိုက်လိုင်းများ ရှိ၊ မရှိနှင့် ထိန်းသိမ်းကာကွယ်ထားသည့် သဘာဝဘေးမဲ့တောမြေဟုတ်၊မဟုတ်၊ မျိုးသုဉ်း ပျောက်ကွယ်မည့် အန္တရာယ်ရှိနေသော မျိုးစိတ်များ ရှိ၊ မရှိ စစ်ဆေးနိုင်ရန် ဖြစ်သည်။

အကယ်၍ အဆောက်အအုံဆောက်လုပ်မှုကြောင့် မတော်တဆဖြစ်ရပ်များ ပေါ်ပေါက်လာပါက ခွင့်ပြုချက်မဲ့ ဆောက်လုပ်သူမှ တာဝန်ခံရမည် ဖြစ်သည်။

ခွင့်ပြုချက်မဲ့ ဆောက်လုပ်သူတို့သည် ဒဏ်ငွေပေးဆောင်ရခြင်း၊ ဆောက်လုပ်ခွင့် ဆိုင်းငံ့ထားစေခြင်းများ ရင်ဆိုင်ရမည်ဖြစ်ပြီး အဆောက်အအုံ ဆက်လက်ဆောက်လုပ်ခွင့်ကို အကန့်အသတ်မရှိ ဆိုင်းငံ့ထားနိုင်သည်။

ဒေသခံ စုံစမ်းရေးမှူးများက သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီကဲ့သို့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများကို ခေါ်ယူကာ စစ်ဆေးစေခြင်းမျိုးလည်း ကြုံရနိုင်သည်။

အဆောက်အအုံဆောက်လုပ်သူ နေအိမ်ပိုင်ရှင်သည် ဥပဒေချိုးဖောက်ကြောင်း ပြည်ထောင်စုအဆင့် စစ်ဆေးရေးမှူးများမှ တွေ့ရှိပါက ထောင်ဒဏ်ပင် ကျခံရနိုင်သည်။

(ဆက်စပ်သတင်းများ)

-ကင်ညေးဝက်စ်နှင့် ကင်မ်ကာဒါရှီယန်တို့စုံတွဲက ဧကပေါင်း ၉၀၀၀ ကျော်ကျယ်ဝန်းကာ ကန်ဒေါ်လာ ၁၄ သန်း တန်ကြေးရှိသည့် မွေးမြူရေးခြံကြီးကို ဝယ်ယူ

https://www.imyanmarhouse.com/news/read/856751

- ကင်မ်ကာဒါရှီယန်၏ ခင်ပွန်း ကမ္ဘာကျော် ရက်ပ်အဆိုတော် ကင်ညေးဝက်စ်က လော့စ်အိန်ဂျလိတွင် တန်ဖိုးနည်း အမိုးခုံးအိမ်များ ဆောက်လုပ်ခဲ့ခြင်းကြောင့် ဒေသခံတို့၏ တိုင်ကြားခြင်းခံရ

https://www.imyanmarhouse.com/news/read/849376

- ဇနီးဖြစ်သူ ကင်မ်ကာဒါရှီယန်အတွက် ခရစ္စမတ်လက်ဆောင်အဖြစ် ဝယ်ပေးရန် စရန်ပေးထားသည့် ကန်ဒေါ်လာ ၁၄ သန်းတန် ကွန်ဒိုခန်းကို ကင်ညေးဝက်စ်က ဝယ်ယူမှု ဖျက်သိမ်း

https://www.imyanmarhouse.com/news/read/803423

- နှစ်သစ်ကူးကာလတွင် မီယာမီကမ်းခြေ၌ ကွန်ဒိုခန်းဝယ်ရန် စီစဉ်နေသော ကင်မ်ကာဒါရှီယန်နှင့် ကင်ညေးဝက်စ်

https://www.imyanmarhouse.com/news/read/794316

- ကင်ညေးဝက်စ် ချီကာဂိုကို ပြောင်းဖို့ကြံနေသလား၊ ချီကာဂိုမှာ အိမ်ဝယ်လိုက်ပြီလား

https://www.imyanmarhouse.com/news/read/770734

- ကမ္ဘာကျော် ရက်ပ်အဆိုတော် ကင်ညေးဝက်စ်က ဗိသုကာကုမ္ပဏီ တည်ထောင်လိုက်ပြီးနောက် ဝင်ငွေနည်းပါးသူများအတွက် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရန်စီစဉ်

https://www.imyanmarhouse.com/news/read/746998

- ကင်မ် ကာဒါရှီယန်နှင့် ကင်ညေးဝက်စ်တို့က ၎င်းတို့၏နေအိမ်ကို ကန်ဒေါ်လာ သန်း ၂၀ အကုန်အကျခံကာ ပြုပြင်မွမ်းမံ

https://www.imyanmarhouse.com/news/read/699388

- နယူးယောက်တွင် အဆိုတော်ဖြစ်လိုသည့် အမျိုးသမီးက ကင်မ်ကာဒါရှီယန်နှင့် ကင်ညေးဝက်စ်တို့၏ နေအိမ်ကို ဝယ်ယူ

https://www.imyanmarhouse.com/news/read/681454

- ၂၀၂၀ တွင် အမေရိကန်သမ္မတလောင်းဖြစ်လာဖွယ်ရှိသည်ဟု ခန့်မှန်းခြင်းခံရသူ ဟစ်ပ်ဟော့အဆိုတော် ကင်ညေးဝက်စ် ဟောလိဝုဒ်နေအိမ် ဝယ်လက်တွေ့ပြီ

https://www.imyanmarhouse.com/news/read/648242

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

### Zawgyi Version ###




















(ဆက်စပ်သတင်းများ)




















နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service