ဆယ်တန်းမအောင် အရက်မူး ပေတေလေလွင့်နေသည့် ဆွီဒင်လူငယ်။ ဒေါ်လာ ၁၀၀ ထဲဖြင့် ထိုင်းသို့ အပြီးအပိုင် ထွက်ခဲ့ကာ အဝတ်ထုပ်ကို ခေါင်းအုံးလုပ် အိပ်ရသော အိမ်ရာမဲ့ဖြစ်ခဲ့သော်လည်း စာအုပ်တစ်အုပ်ကို ဖတ်ရပြီးနောက် ၁၀ နှစ်အတွင်း ထိုင်း၏ အချမ်းသာဆုံး အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီးဖြစ်လာပုံ

ဆယ်တန်းမအောင် အရက်မူး ပေတေလေလွင့်နေသည့် ဆွီဒင်လူငယ်။ ဒေါ်လာ ၁၀၀ ထဲဖြင့် ထိုင်းသို့ အပြီးအပိုင် ထွက်ခဲ့ကာ အဝတ်ထုပ်ကို ခေါင်းအုံးလုပ် အိပ်ရသော အိမ်ရာမဲ့ဖြစ်ခဲ့သော်လည်း စာအုပ်တစ်အုပ်ကို ဖတ်ရပြီးနောက် ၁၀ နှစ်အတွင်း ထိုင်း၏ အချမ်းသာဆုံး အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီးဖြစ်လာပုံ - Property Knowledge in Myanmar from iMyanmarHouse.com
6 Feb 2020 12:44 pm တွင် တင်ခဲ့သည်
65801 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

### Unicode Version ###

ညနေဆည်းဆာအောက်တွင် ရှုမောဖွယ် အလှတရားတို့ဖြင့် ပြည့်လျှမ်းနေသော ကမ္ဘာကျော်ဖူးခက်ကမ်းခြေသည် ကမ္ဘာလှည့်ခရီးသည်တို့၏ ရယ်မောသံများဖြင့် ဝေစီနေသည်။

သို့သော် ကမ်းခြေတနေရာတွင်ကား အများနည်းတူ မပျော်ရွှင်နိုင်သော အသက် ၂၀ အရွယ် ဆွီဒင်နိုင်ငံသား လူငယ်တစ်ဦး ရှိနေသည်။သူအစာမစားရသည်မှာ ၂ ရက်ရှိပြီ။

ဝမ်းမှာ ဆာလောင်မွတ်သိပ်မှုကြောင့် တကျုပ်ကျုပ်မြည်နေ၏။

သူသည် အိမ်ရာမဲ့တစ်ဦးဖြစ်၏။ မျက်နှာသုတ်ပုဝါများကို စောင်အဖြစ်လည်းကောင်း၊ အဝတ်အစားများကို ခေါင်းအုံးအဖြစ် လည်းကောင်း အသုံးပြုကာ ကမ်းခြေသဲသောင်များပေါ်တွင် အိပ်စက်ရသည်။

ထိုင်းတွင် သိကျွမ်းသူလည်း တစ်ဦးမျှမရှိ။ ထိုင်းစကားလည်း တစ်ခွန်းမှမတတ်။

ဆွီဒင်တွင် ကျန်ရစ်ခဲ့သော သူ့မိတ်ဆွေသူငယ်ချင်းများအားလုံးထံတွင်လည်း ပိုက်ဆံချေးပြီးဖြစ်ကာ အကြွေးတင်နေသည်။

ဇာတိနိုင်ငံ ဆွီဒင်တွင် ငွေမချေးဖူးသေးသော နောက်ဆုံးကျန်ရှိသည့် သူငယ်ချင်းထံ ဆက်သွယ်ကာ ငွေကြေးကူညီပါရန် တောင်းဆိုခဲ့၏။

သူ၏ သူငယ်ချင်းက ငွေမပေး။ စာအုပ်တစ်အုပ်သာ ပို့ပေးလိုက်သည်။ အဆိုပါစာအုပ်သည် ပီရာ၏ ဘဝကို အပြီးတိုင် ပြောင်းလဲပေးမည့် စာအုပ်တစ်အုပ်ဖြစ်နေသည်။

ထိုစာအုပ်ကို ဗိုက်ဆာဆာနှင့် ဖတ်၏။

စာအုပ်ဖတ်ရင်း အစာငတ်၍ သေရတော့မည်ထင်သည်။

သို့သော်……။

သူ…မသေပါ။

ထိုစာအုပ်သည် သူ၏ဘဝကို အပြီးတိုင်ပြောင်းလဲပေးလိုက်သည့် စာအုပ်ဖြစ်ပြီး မသေသည့်အပြင် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် တစ်ဦးအပါအဝင်ဖြစ်လာသည်အထိ ကြွယ်ဝချမ်းသာသူဖြစ်လာသည်။

ယနေ့တွင် အသက် ၃၇ နှစ်သာရှိသေးကာ ကုမ္ပဏီပေါင်း ၂၀ ကို ပိုင်ဆိုင်သည့် အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီးတစ်ဦး ဖြစ်နေပြီဖြစ်ပြီး ကမ္ဘာပေါ်တွင် အဆင့်အတန်းအမြင့်မားဆုံး အပန်းဖြေစခန်းများကို တည်ထောင်သူဖြစ်လာသည်။ သူကား မည်သူနည်း။

………… သူ၏ အမည်မှာ အန်းဒရက်စ် ပီရာဟု ခေါ်သည်။

ပီရာ၏ နာမည်မှာ သူမွေးဖွားရာ ကိုလံဘီယာမှ ကျွန်းတစ်ကျွန်းဖြစ်သော ဆန် အန်းဒရက်စ်ဟူသော အမည်ကို အစွဲပြုကာ အမည်ပေးထားခြင်း ဖြစ်သည်။

သူ၏ ဖခင်မှာ ဆွီဒင်နိုင်ငံသားဖြစ်ပြီး မိခင်မှာ ကိုလံဘီယာသူဖြစ်၏။ ၎င်းတို့ ၂ ဦးမှာ ဆန် အန်းဒရက်စ်ကျွန်းတွင် ဆုံစည်းခဲ့ကြခြင်းဖြစ်ပြီး ပီရာ မွေးဖွားပြီး ၃ နှစ်သား အရွယ်တွင် ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းသို့ မိသားစု ပြောင်းရွှေ့ခဲ့ကြသည်။

ဆွီဒင်သို့ ပြောင်းရွှေ့ပြီး ၄ နှစ်အကြာတွင် မိဘနှစ်ပါး ကွာရှင်းခဲ့ကြရာ ပီရာမှာ ဖခင်နှင့် မိခင်တို့၏ နေအိမ်များအကြား တလှည့်စီ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။ မိဘများ၏ နေအိမ်များမှာ ဆွီဒင်၏ အဆင်းရဲဆုံးနေရာများတွင် ရှိကြ၏။ ပီရာက သူ၏ ငယ်ဘဝအခြေအနေနှင့် ပတ်သက်ပြီး ပြန်လည်ပြောပြခဲ့ဖူးသည့်အချက်ရှိသည်။

“ဒီလို ပတ်ဝန်းကျင်မျိုးမှာ ကြီးပြင်းလာရတာဖြစ်တဲ့အတွက် လောကဆိုတာ ရက်စက်ကြမ်းကြုတ်တဲ့ နေရာတစ်ခုပဲလို့ ယူဆလာတယ်။ ကျွန်တော်တို့လို လူငယ်တွေမှာ အနာဂတ် မရှိဘူး။ ကိုယ့်ဘဝကို ကိုယ်လိုရာ ပဲ့မကိုင်နိုင်ဘူးဆိုတဲ့စိတ်က အမြဲလွှမ်းမိုးနေတယ်။ မိဘတွေအတွက်လည်း ဂုဏ်ယူရတဲ့ သားတစ်ယောက်ဖြစ်လာမှာမဟုတ်ဘူးလို့ အသေအချာ မှတ်ယူနေခဲ့မိတယ်”

ပီရာသည် ကျောင်းနေစဉ်ကာလအတွင်းတွင်လည်း စာသင်ခန်း၏ လေပြွန်ပေါက်ထဲတွင် ငါးများကို ဖွက်ထားခြင်းမျိုးကဲ့သို့ ကြံကြံဖန်ဖန် ကစားနည်းများဖြင့် မျောက်ရှုံးအောင် ဆော့ခဲ့သူဖြစ်၏။

ရက်အနည်းငယ်ကြာသောအခါ စာသင်ခန်းအတွင်း အနံ့အသက် လွန်စွာဆိုးရွားလာသောကြောင့် စာသင်ခန်းကို ရက်ပေါင်းများစွာ ပိတ်ထားလိုက်ရသည်။

အသက် ၁၅ နှစ်အရွယ်သို့ ရောက်သောအခါ ကျောင်းမှ ထွက်လိုက်ပြီး စတော့ဟုမ်းမြို့၏ လမ်းများပေါ်တွင် အခြားကျောင်းထွက်လာသူ များနှင့်အတူ သောက်စားမူးယစ်ကာ လေလွင့်နေခဲ့သည်။

ဘဝတွင် မိမိဘာဖြစ်လိုသည်ကို မသိခဲ့သောကြောင့် လေလွင့်ပျက်စီးကာနေမည့်လမ်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ပီရာက ဆိုသည်။

ထိုသို့ လမ်းပေါ်တွင် လေလွင့်နေရင်း အသက် ၁၈ နှစ်အရွယ်သို့ ရောက်လာ၏။

တစ်နေ့။ ထိုတစ်နေ့သည် ပီရာကို လမ်းပေါ်ဘဝမှ ရုန်းထွက်စေမည့်နေ့ဖြစ်သည်။

တစ်နေ့တွင်ကား ပီရာသည် လူမှန်းမသိအောင် သောက်စားမူးယစ်ခဲ့၏။

ညဘက်တွင် မည်သည့်ဖြစ်ရပ်များ ဖြစ်ခဲ့သည်ကို ပြန်လည် မမှတ်မိတော့။

နိုးလာချိန်တွင် မိမိကိုယ်ကိုယ် ကြည့်လိုက်သောအခါ လူမနေသော အဆောက်အအုံကြီးတစ်ခု၏ လှေကားထစ်များပေါ်တွင် လဲလျောင်းနေခြင်းဖြစ်ဖြစ်သည်ကို တွေ့ရသည်။

တစ်ခေါင်းလုံးလည်း အရက်နာကျကာ ကိုက်ခဲနေ၏။ ဘေးတွင်ရှိသော ဖန်တစ်ခွက်တစ်လုံးမှာ ကွဲနေ၏။

မည်သည့်နေရာသို့ ရောက်နေသည်ကို သူမသိ။ သေသွားပြီဟု မိမိကိုယ်မိမိ ထင်နေမိသည်။

“ကျွန်တော် အိမ်ပြန်ရောက်သွားတော့ အမေ့မျက်နှာမှာ ဖြစ်နေတဲ့ပုံက ခုချိန်ပြန်ပြောဆို ပြန်တောင်မပြောတတ်အောင်ပါပဲ။ ဒါက အထိုးခံရတာထက်တောင် ပိုပြီးနာကျင်စေပါတယ်” ဟု ပီရာက ပြောပြသည်။

ပီရာက သူ၏ အမူအကျင့်များကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်ပြီး လမ်းပေါ်မှ သူငယ်ချင်းများနှင့် လမ်းခွဲလိုက်၏။

ထို့နောက် တယ်လီဖုန်းဈေးကွက်မြှင့်တင်ရေး (telemarketing) ရုံးတစ်ခုတွင် အလုပ်ဝင်ခဲ့သည်။

သူ၏အလုပ်မှာ နေ့တိုင်း ဖုန်းခေါ်ဆိုမှုပေါင်း ရာနှင့်ချီ၍ ပြုလုပ်ရခြင်းဖြစ်၏။

ပီရာက ထိုအလုပ်ကို မနှစ်သက်။ သူလုပ်ရန်ရှိသော အလုပ်များစွာကို ချန်လှပ်ထားခဲ့ရာ နောက်ဆုံးတွင် အလုပ်ဖြုတ်ခံရတော့သည်။

ဘွဲ့မရှိ၊ ဦးတည်ချက်မရှိ၊ မိတ်ဆွေသူငယ်ချင်းကောင်းမရှိသော ပီရာသည် စိတ်ဓာတ်ကျခြင်း ဝဲကတော့တွင်းသို့ ပြန်လည်သက်ဆင်းသွား ပြန်သည်။

ထိုအချိန်တွင် ပီရာ၏ဘဝကို တစ်ဆစ်ချိုးပြောင်းလဲစေမည့် အဖြစ်အပျက်တစ်ခု ပေါ်ပေါက်လာသည်။

ပီရာချစ်သော အဘိုးဖြစ်သူ ကွယ်လွန်သွားခြင်းဖြစ်ပြီး အဘိုးက ပီရာအတွက် ဒေါ်လာ ၂၀၀၀ အမွေပေးခဲ့ခြင်း ဖြစ်၏။

ပီရာလည်း ဆွီဒင်ကို ကျောခိုင်းကာ ဘဝသစ်ကို ချီတက်ရန် ဆုံးဖြတ်လိုက်လေသည်။

ခရီးသွား ကိုယ်စားလှယ်တစ်ဦးက ထိုင်းနိုင်ငံသို့ သွားရောက်သင့်ကြောင်း အကြံပေးရာ ပီရာလည်း လေယာဉ်လက်မှတ် ဝယ်ယူလိုက်တော့သည်။

ပီရာသည် ထိုင်းသို့ ထွက်သွားခြင်းမှာ အလည်အပတ်ခရီးမဟုတ်ကြောင်း၊ ပြန်လာတော့မည်မဟုတ်ကြောင်းကို မိဘများအား ဖွင့်ပြောရန် နာကျင်နေမိသည်။

သို့သော် မိခင်ကြီးကမူ နှလုံးသား၏ ဆန္ဒနောက်သို့သာလိုက်ရန်နှင့် မှန်သည်ထင်တာကို လုပ်ရန်သာ ပြောလိုက်၏။

လေယာဉ်လက်မှတ်ဝယ်ယူအပြီး ၅ ရက်အကြာတွင် ဘန်ကောက်သို့ ပျံသန်းသည့် လေယာဉ်ပေါ် လိုက်ပါခဲ့လေသည်။

ထိုအချိန်တွင် အဘိုးဖြစ်သူ ပေးခဲ့သောငွေမှာ ဒေါ်လာ ၁၀၀ သာ ကျန်တော့သည်။

ထိုဒေါ်လာ ၁၀၀ နှင့် ထိုင်း၏ကမ္ဘာကျော် ဖြူလွလွ သဲသောင်များကို အိပ်မက်မက်ရင်း လိုက်ပါလာခဲ့ပြီးနောက် မိုးမျှော်တိုက်ကြီးများဖြင့် လူသူရှုပ်ထွေးလှသော ဘန်ကောက်သို့ ရောက်လာခဲ့သည်။ အနီးဝန်းကျင်တွင် သဲသောင်များကိုကား မတွေ့ရ။ ထိုမှတဆင့် ပီရာက ဖူးခက်သို့သွားမည့် ဘတ်စ်ကားလက်မှတ်ကို ဒေါ်လာ ၅၀ ဖြင့် ဝယ်ယူလိုက်ပြန်သည်။

ဖူးခက်သို့ ရောက်သောအခါ ဟိုတယ်လက်ကမ်းကြော်ငြာများကို ကမ္ဘာလှည့်ခရီးသည်များထံ ပေးဝေရသည့် အလုပ်တစ်ခုကို ရ၏။

လုပ်ခမှာ ရက်သတ္တပတ်လျှင် ဒေါ်လာ ၂၀ နှင့်ညီမျှသော ဘတ်ငွေရရှိသည်။

ထိုငွေမှာ အခန်းကျဉ်းကလေးတစ်ခုငှားခနှင့် နေ့စဉ်ခေါက်ဆွဲပြုတ်စားရန်သာ လုံလောက်သော်လည်း ပီရာ ပျော်ပါသည်။

ထိုသို့ လုပ်ကိုင်နေထိုင်ရင်း ဖူးခက်၏ ပျော်ရွှင်ဖွယ်မြင်ကွင်းများအကြားတွင် ပီရာသည် အကျင့်ဟောင်းများ ပေါ်လာတော့သည်။

ဖူးခက်တွင် သောက်စားမူးယစ်နေခဲ့သောကြောင့် အလုပ်ပြုတ်သွားခဲ့ပြီး ငှားရမ်းနေထိုင်သည့်အခန်းမှလည်း နှင်ထုတ်ခံခဲ့ရ၏။ သူ့တွင် သွားစရာနေရာလည်းမရှိ။

ထို့ကြောင့် အနီးဆုံးရှိ သဲသောင်ပြင်တွင်သာ လှည့်လည်သွားလာနေထိုင်ရပြီး ကမ်းခြေသည် သူ၏အိမ်ဖြစ်လာသည်။

ပီရာသည် နံနက်တွင် ၅ နာရီခန့် အိပ်ယာထ၏။ သို့ဆိုလျှင် မည်သူမျှ မမြင်သောကြောင့် အိမ်ယာမဲ့ဖြစ်ကြောင်း မသိနိုင်ချေ။

ပီရာ အရက်စသောက်သည်မှာ အသက် ၁၅ နှစ်အရွယ်တွင်ဖြစ်ပြီး မကြာမီတွင် အရက်ဖြတ်လိုက်၏။ အသက် ၂၀ အရွယ် စွန့်စွန့်စားစား ဖြင့် ထိုင်းသို့ ထွက်ခဲ့သော်လည်း ဖူးခက်၏ ပျော်ရွှင်ဖွယ်ဝန်းကျင်တွင် နစ်မြောကာ အရက်သမားဘဝ ပြန်ရောက်သွားပြန်သည်။ မိဘများထံမှလည်း အကူအညီတောင်းရန် ပီရာ ရှက်၏။ ထို့ကြောင့် ဆွီဒင်တွင် ကျန်ရစ်ခဲ့သော သူငယ်ချင်းများထံ ငွေလှမ်းချေးသည်။

တစ်နေ့တွင်ကား သူငယ်ချင်းများအနက်မှ ငွေမချေးရသေးသူ နောက်ဆုံးတစ်ဦးထံ ဆက်သွယ်အကူအညီတောင်းခဲ့သည်။

ထိုသူငယ်ချင်းက ပီရာကို ငွေမချေး။ စာအုပ်တစ်အုပ်သာ ပို့ပေးလိုက်သည်။

ရွန်ဒါဘန်း ရေးသားသော “လျှို့ဝှက်ချက်” အမည်ရှိ စာအုပ်ဖြစ်၏။ ထိုစာအုပ်သည် ပီရာ၏ ဘဝကို အပြီးတိုင် ပြောင်းလဲပေးမည့် စာအုပ်ဖြစ်လေသည်။

အိမ်ရာမဲ့ဖြစ်နေသူထံ စာအုပ်တစ်အုပ်သာ ပို့ပေးခြင်းကို ပီရာက မယုံနိုင်လောက်အောင် အံ့သြစိတ်ပျက်မိသည်။

(အဆိုပါစာအုပ်သည် ၂၀၀၆ ခုနှစ်တွင် ထုတ်ဝေခဲ့သည့်စာအုပ်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် အုပ်ရေ သန်း ၃၀ ကျော် ရောင်းချထားရပြီးဖြစ်ကာ ဘာသာစကားပေါင်း ၅၀ သို့ ပြန်ဆိုခဲ့ကြပြီးဖြစ်ပြီး မြန်မာဘာသာသို့လည်း ပြန်ဆိုထားပြီးဖြစ်သည်။ ထိုစာအုပ်ကို ရုပ်ရှုင်အဖြစ် documentary အသွင် ရိုက်ကူးရာတွင်လည်း အောင်မြင်မှုများ ရရှိခဲ့သည်။ ရုပ်ရှင် ထုတ်လုပ်စရိတ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းသာရှိပြီး ဝင်ငွေ ကန်ဒေါ်လာ ၆၅ ဒသမ ၆ သန်း ရရှိခဲ့သည်။) သို့သော် ပီရာက ဗိုက်ဟောင်းလောင်းနှင့်ပင် ထိုစာအုပ်ကို အာရုံစိုက်ဖတ်၏။

ထိုစာအုပ်ထဲတွင် ရေးသားထားသည်မှာ “ဆွဲငင်အား၏ နိယာမ” အကြောင်း ဖြစ်သည်။ သင်၏ ဘဝတွင် အလိုရှိသည့်အရာတိုင်းကို စိတ်ကူးပုံဖော်မြင်ယောင်ခြင်း၊ လက်တွေ့အကောင်အထည်ဖော်ခြင်းနည်းလမ်းများဖြင့် ဆွဲငင်ရယူနိုင်သည်ဟူ၏။ မိမိလိုချင်သည့်အရာကို တွေးနေခြင်းမှာ စိတ်ညှို့နည်းတစ်မျိုးဖြစ်ပြီး ကြိမ်ဖန်များစွာ အာရုံပြုနေပါက လိုလားသည့်အရာကို အမှန်တကယ် ရရှိလာစေသည်ဟု ဆိုသည်။

ပီရာက အဆိုပါရေးသားချက်များမှာ ရူးနှမ်းနှမ်းနိုင်လှကာ ရယ်ဖွယ်အတိဖြစ်သည်ဟု ယူဆခဲ့သည်။

သို့သော် ပီရာက စာအုပ်ထဲက ပြောသည့်နည်းအတိုင်း အကောင်အထည်ဖော်ကြည့်သည်။

ဦးစွာ စိတ်ကူးမြင်ယောင်ကြည့်ခြင်းမှာ ဗိုက်ဆာနေသောကြောင့် ကော်ဖီတစ်ခွက် သောက်လိုသည်ဟု စိတ်ကူးကြည့်ခြင်း ဖြစ်သည်။

ဆန်းကြယ်သည်ဟုဆိုရမည်။ ကမ်းခြေတွင်ရှိသော ဝန်ထမ်းများမှ တစ်ဦးက ပီရာ့ထံရောက်လာကာ “ခင်ဗျားကြည့်ရတာ အတော်နွမ်းနယ်နေပုံရတယ်။ ကော်ဖီတစ်ခွက်လောက် သောက်လိုက်ပါလား” ဟုဆိုကာ ကော်ဖီတစ်ခွက်ပေးသွားသည်။ ပီရာကား မယုံနိုင်အောင် အံ့သြမိသည်။

ဆွဲငင်အားနိယာမစာအုပ်တွင် ရေးသားထားသည့်အဓိက အချက်မှာ စကြာဝဠာကြီးထဲတွင် လျှပ်စစ်သံလိုက်လှိုင်းများ ပြန့်နှံ့နေပြီး တစ်နေရာမှ ဖုန်းခေါ်လိုက်လျှင် အခြားတစ်နေရာတွင် သွားမြည်သကဲ့သို့၊ ရုပ်သံဌာနမှ ထုတ်လွှင့်လိုက်သော လှိုင်းများကို ဖမ်းယူကာ အရုပ်၊ အသံများ ဖမ်းယူနိုင်သကဲ့သို့ပင် မမြင်ရသော စွမ်းအားများ ပြန့်နှံ့ဖြာထွက်နေသည်ဟုဆိုသည်။

အကယ်၍ လူတစ်ဦးသည် ငါ...ဒုက္ခရောက်တော့မယ်ဟု အမြဲတွေးနေလျှင် ဆန်းကြယ်စွာပင် သူတွေးသည့်အတိုင်းသာ ဖြစ်လာလေ့ရှိသည်ဟု ဆိုသည်။

စကြာဝဠာထဲတွင် ပျံ့နှံ့နေသော စွမ်းအင်ဓာတ်တို့တွင် အကောင်း၊ အဆိုးဓာတ်များ ရောယှက်နေပြီး မိမိအလိုရှိရာကို ရေဒီယိုလှိုင်းများ ဖမ်းသည့်သဖွယ် ဆွဲငင်ညိုှ့ယူနိုင်သည်။

စိတ်တန်ခိုး၏ ဆန်းကြယ်မှုဟုလည်း ဆိုနိုင်သည်။

တခါတရံတွင် လူအချို့သည် ရောဂါအမှန်တကယ်မရှိဘဲ ဆေးထိုးလိုက်မှ သက်သာမည်ဟု ယုံကြည်နေသည့်အခါမျိုးတွင် ဆရာဝန် တို့သည် မိုးရေပုလင်းများကို ဖောက်ကာ ထိုးပေးလိုက်သည့်အခါ ထူးဆန်းစွာပင် နေကောင်းသွားကြသည်။ ထိုအခြေအနေကို ဆေးလောကတွင် Placebo effect ဟု ခေါ်ကြသည်။

အမှန်စစ်စစ်အားဖြင့် ဆရာဝန်သည် ဓာတုဗေဒနည်းအရ လူနာ၏ ခန္ဓာကို အပြောင်းအလဲ မည်သို့မျှ လုပ်မပေးလိုက်။ မိုးရေသာ ထိုးပေး လိုက်ခြင်း မဟုတ်ပါလော။ သို့ဆိုလျှင် အဘယ့်ကြောင့် လူနာမှာ သက်သာသွားပါသနည်း။ စိတ်ကြောင့် ဖြစ်ပါသည်။ စိတ်၏ တန်ခိုးသည် အလွန်တရာ ခွန်အားကြီးမားလှသည်။

တခါကလည်း အနောက်နိုင်ငံတစ်ခုတွင် သေဒဏ်ကျခံရပြီး အကျဉ်းသားကို သေဒဏ်စီရင်မည့်နေ့တွင် စိတ်တန်ခိုး၏ စွမ်းအားကို ဆရာဝန်တို့က စမ်းသပ်ကြ၏။

အကျဉ်းသား၏ မျက်လုံးများကို အဝတ်ဖြင့်စည်းလိုက်ပြီး “ကဲ..မင်းလည်ပင်းက သွေးကြောကို ဖြတ်ပြီး သေဒဏ်စီရင်ပြီ” ဟု ပြောကာ လည်ပင်းတွင် ဘလိတ်ဓားဖြင့် သွေးထွက်ရုံ ခြစ်လိုက်ကာ ရေခပ်နွေးနွေးများကို ပိုက်ငယ်တစ်ခုဖြင့် လည်ပင်းပေါ် စီးကျစေသည်။ များမကြာမီတွင် လည်ပင်းတွင် ဓားခြစ်ရာသာရှိသော အဆိုပါအကျဉ်းသားမှာ သေဆုံးသွားသည်ဟု ဆိုသည်။

စိတ်တန်ခိုးကား လူတစ်ယောက်ကို မိမိကိုယ်ကို သေစေနိုင်သည်အထိ စွမ်းအားကြီးလှသည်။

ထိုသို့စွမ်းအားကြီးသော စိတ်တွင် တွေးနေသည့် အတွေးများသည် လူတစ်ယောက်၏ အနာဂတ်ကို ပုံဖော်ပေးပြီး တွေးနေသည့် အတိုင်းသာ အနာဂတ်တွင် ဖြစ်လာလေ့ရှိသည်ဟု ဆွဲငင်အားနိယာမစာအုပ်တွင် ဖော်ပြသည်။ သို့နှင့် ပီရာလည်း အလုပ်တစ်ခုရသည်ဟု စိတ်ကူးပုံဖော် မြင်ယောင်ကြည့်၏။

စာအုပ်ထဲတွင် ညွှန်ပြသည့် နည်းလမ်းအရ ပထမဆင့်မှာ စိတ်ကူးပုံဖော် မြင်ယောင်ရန်ဖြစ်ပြီး ဒုတိယဆင့်မှာ လက်တွေ့ဖြစ်လာအောင် အကောင်အထည် ဖော်ကြည့်ရခြင်း ဖြစ်သည်။

(ပီရာ ဖတ်ရှုခဲ့သော စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုလိုပါက https://bit.ly/2OxsPnu အင်တာနက်လင့်ခ်တွင် pdf ဖိုင် ရယူကာ ဖတ်ရှုနိုင်ပါသည်)

ပီရာလည်း အလုပ်ရသည်ဟု စိတ်ကူးပုံဖော်ကာ စိတ်နှလုံးသားတွင် စွဲမြဲအောင်လုပ်ကြည့်ပြီးနောက် ဖူးခက်ဝန်းကျင် အလုပ်လိုက် လျှောက်ရာ အိမ်ခြံမြေရုံးတစ်ခုအတွက် လက်ကမ်းစာစောင်များ ဝေရသည့်အလုပ်တစ်ခု ရသွားသည်။ များမကြာမီတွင် ပီရာသည် ပန်းခြံကလေးတစ်ခုပါသော အိမ်ငယ်ကလေးတစ်လုံး ငှားနိုင်သွား၏။

နောက်ပိုင်းတွင် ပီရာသည် “လျှို့ဝှက်ချက်”စာအုပ်ပါ လမ်းညွှန်ချက်အတိုင်း သူ၏နေ့စဉ်ဘဝ၌ ပန်းတိုင်များချမှတ်ခြင်း၊ စိတ်ကူးမြင်ယောင်ခြင်း၊ လက်တွေ့အကောင်အထည်ဖော်ခြင်း များကို ဆက်တိုက်ပြုလုပ်တော့သည်။ ပီရာက ဘဝတွင် သူအလိုရှိသည့်အရာများ၏ ဓာတ်ပုံကို ရေခဲသေတ္တာနှင့် နေအိမ်နံရံများ၌ အနှံ့အပြား ကပ်ထားသည်။

ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ရေး ဆွေးနွေးပွဲများစွာ တက်၏။ သူ၏ အရည်အသွေးမြှင့်တင်ပေးမည့် စာအုပ်စာတမ်းများလည်း အငမ်းမရ ဖတ်၏။

အိမ်ခြံမြေကုမ္ပဏီတွင် လက်ကမ်းစာစောင်ဝေသည့်အလုပ်လုပ်နေရင်း တစ်နေ့တွင် ပီရာက အိမ်ခြံမြေကြည့်ရန် စိတ်ဝင်စားနေသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို လက်ကမ်းစာစောင်တစ်ခု ပေးလိုက်သည်။

အဆိုပါ လုပ်ငန်းရှင်က ထိုနေ့ မွန်းလွဲပိုင်းတွင် ပီရာတို့ရုံးသို့ ရောက်လာသည်။ ထိုအချိန်တွင် အရောင်းဝန်ထမ်းအားလုံးမှာ အလုပ်ဖြင့် အပြင်ထွက်နေချိန်လည်း ဖြစ်၏။

သို့နှင့် ထိုစီးပွားရေးလုပ်ငန်းရှင်ကို ပီရာက သူ၏ စကူတာ ဆိုင်ကယ်ကလေးဖြင့် တင်ဆောင်ကာ အရောင်းအဝယ်လုပ်မည့် အိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။

ပီရာက အိမ်အတွင်းလှည့်ပတ်ပြသပြီးနောက် လုပ်ငန်းရှင်က ဝယ်ယူရန် ချက်ချင်းဆုံးဖြတ်လိုက်သည်ဟု ဆိုသည်။

ပီရာမှာ အရောင်းပိုင်းနှင့် ပတ်သက်ပြီး ကုမ္ပဏီတွင် လေ့ကျင့်သင်ကြားမှု ရယူထားခြင်းမရှိဘဲ ဆိုင်ကယ်ကလေးတစ်စီးဖြင့် တစ်နာရီအတွင်း အရောင်းအဝယ်ဖြစ်အောင် လုပ်ဆောင်နိုင်မှုကို သူ၏ မန်နေဂျာ များစွာအံ့အားသင့်သွားသည်။ ပီရာ၏ ဘဝတွင် မိမိကိုယ်ကိုယ် ဂုဏ်ယူမိသည့် ပထမဆုံး အခိုက်အတန့် ကာလလေးလည်း ဖြစ်လေသည်။

ထိုနောက်တွင်ကား ပီရာသည် အရောင်းသမားတစ်ဦးအဖြစ် ရာထူးတိုးမြှင့်ပေးခြင်းခံရပြီး များမကြာမီတွင် အရောင်းဒါရိုက်တာတစ်ဦး ဖြစ်လာသည်။

အရောင်းဒါရိုက်တာဘဝဖြင့် အတန်ကြာဖြတ်သန်းပြီး ငွေအတော်စုမိချိန်တွင် ကိုယ်ပိုင်အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီတစ်ခု တည်ထောင်လိုက်တော့သည်။

သို့ရာတွင် လုပ်ငန်းတစ်ခုကို ဦးစီးလည်ပတ်ရန်အတွက်မူ ပီရာ့တွင် လေ့လာစရာများစွာ၊ လိုအပ်ချက်များစွာရှိနေသေးသည်။

အကျိုးဆောင်ကုမ္ပဏီတည်ထောင်ပြီး လအနည်းငယ်ကြာသောအခါ စတင်ရုန်းကန်လာရတော့သည်။

ကုမ္ပဏီတည်ထောင်ပြီးနောက်ပိုင်းတွင် ပီရာသည် မအောင်မြင်မီက အလေ့အထများဖြစ်သော စိတ်ကူးပုံဖော်ခြင်း၊ လေ့လာခြင်း၊ လက်တွေ့အကောင်အထည်ဖော်ခြင်း အစရှိသော “လျှို့ဝှက်ချက်” စာအုပ်ပါ လမ်းညွှန်ချက်များကို မလုပ်ဖြစ်တော့။ ကုမ္ပဏီ အောင်မြင်မှုကို တွေးတောနေရမည့်အစား ဆုံးရှုံးရမည်ကို စိုးရိမ်ကြောက်ရွံ့စိတ်များသာ အမြဲမွေးနေခဲ့သည်။

“လူ့စိတ်သည် သူ၏ အနာဂတ်ကို ပုံဖော်ပေးသည်” ဟု လျှို့ဝှက်ချက် စာအုပ်ပါ ရေးသားချက်ကား သွေးထွက်အောင် မှန်လှသည်။

ရောင်းအားမှာ ကျဆင်းလာပြီး အကြွေးများလည်း ပုံလာသည်။

အရောင်းဘက်တွင် အာရုံစိုက်ရမည့်အစား မြို့လယ်နှင့် အလှမ်းကွာသောနေရာတွင် ကြီးမားသည့် ရုံးခန်းကြီး ငှားရမ်းဖွင့်လှစ်ခြင်းမျိုး အပါအဝင် ဆုံးဖြတ်ချက် အမှားပေါင်း များစွာချမှတ်မိပြီးနောက် ပီရာမှာ ဒေဝါလီခံခဲ့ရတော့၏။ ကုမ္ပဏီ ဒေဝါလီခံပြီးနောက်ပိုင်း ပီရာက လျှို့ဝှက်ချက် စာအုပ်ပါ လမ်းညွန်ချက်များအတိုင်း မူလ အမူအကျင့်များကို ပြန်လည်ကျင့်သုံးတော့သည်။

ပီရာသည် အောင်မြင်မှုလမ်းပေါ် တဖန် ပြန်ရောက်လာ၏။

အရောင်းအဝယ်များ ပြန်ဖြစ်လာ၏။

ပီရာနှင့် အကျွမ်းဝင်သည့် ရင်းနှီးမြှုပ်နှံသူတိုှ့က ပီရာကို အိမ်ခြံမြေ developer အဖြစ် လုပ်ကိုင်ရန် တိုက်တွန်းကြသည်။

နောင်နှစ်အနည်းငယ်အကြာတွင် ပီရာသည် ဖူးခက်တွင် အောင်မြင်နေသည့် အိမ်ခြံမြေကုမ္ပဏီ များစွာကို တည်ထောင်နိုင်ခဲ့သည်။

ယနေ့တွင်ကား ပီရာသည် ကုမ္ပဏီပေါင်း ၁၉ ခုကို ပိုင်ဆိုင်ထားပြီး ဝန်ထမ်းပေါင်း ၂၅၀ ကျော်ဖြင့် လည်ပတ်နေသည်။

သူ၏ကြွယ်ဝမှုမှာ ထိုင်းဘတ်ငွေဖြင့်ဆိုလျှင် ဘီလျံနှင့်ချီ၍ ကြွယ်ဝသည်။

သူ၏ ရင်းနှီးမြှုပ်နှံမှုများတွင် အားကစားလေ့ကျင့်ရေးကလပ်၊ ဥပဒေအတိုင်ပင်ခံ၊ သဘာဝဓာတ်ငွေ့ဆိုင်နှင့် ကော်ဖီဆိုင်လုပ်ငန်းများလည်း အပါအဝင် ဖြစ်သည်။

ပီရာသည် ယခုနောက်ပိုင်းတွင် သူ၏ လုပ်ငန်းများကို တစ်ကမ္ဘာလုံးအတိုင်းအတာသို့ ချဲ့ထွင်လာရာ နယူးယောက်နှင့် လော့စ်အိန်ဂျလိမြို့ကြီးများတွင်လည်း ခြေလှမ်းသစ်များ အကောင်အထည်ဖော်လာသည်။

ပီရာသည် သူ၏ ဝန်ထမ်းများကို မြေအောက်ဂူများလေ့လာခြင်းကဲ့သို့ စွန့်စားသွားလာရသည့် ခရီးစဉ်များ မကြာခဏ ပို့ဆောင်ပေးလေ့ရှိ၏။

ကမ္ဘာ့ရေးရာများစွာတွင်လည်း ပီရာက အကူအညီပေးမှုများ များစွာ ပြုလုပ်လေ့ရှိသူ ဖြစ်သည်။

ဖူးခက်ဒေသခံ ကလေးငယ်များအတွက် အခွင့်အလမ်းကောင်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်တည်ထောင်ခဲ့သည့် Phuket Has Been Good to Us အမည်ရှိ ဖောင်ဒေးရှင်းအပေါ် ကူညီခြင်းများလည်း ပါဝင်သည်။ အဆိုပါဖောင်ဒေးရှင်းသည် ဒေသခံကလေးငယ်များ အင်္ဂလိပ်စာ ကျွမ်းကျင်စေရန် ကူညီပေးသည့်အဖွဲ့ဖြစ်သည်။

ထိုင်းလူမျိုးများသည် ၎င်းတို့၏ ရင်သွေးများကို အင်္ဂလိပ်စာ ထူးချွန်စေလိုပြီး အင်္ဂလိပ်စာသည် ကလေးများ အောင်မြင်ရေးအတွက် အဓိက သော့တစ်ခုဖြစ်ကြောင်း ခံယူထားကြသည်။

ပီရာသည် Cool Earth ဟူသော အဖွဲ့အတွက် ရန်ပုံငွေ ရှာဖွေပေးသည့်အနေဖြင့် အိန္ဒိယမြောက်ပိုင်းတွင် ဆိုက်ကားနင်းခဲ့ဖူးသည်။

Cool Earth အဖွဲ့သည် ရာသီဥတုပြောင်းလဲမှု ရပ်တန့်ရေးအတွက် မိုးသစ်တောများကို အကာအကွယ်ပေးနိုင်ရန် ကြိုးပမ်းနေသည့်အဖွဲ့ဖြစ်သည်။

ပီရာ နောက်ဆုံးတည်ထောင်ခဲ့သော ကုမ္ပဏီမှာ Success Events အမည်ရှိကုမ္ပဏီဖြစ်ပြီး ကမ္ဘာကျော်ပုဂ္ဂိုလ်များက ၎င်းတို့၏ အောင်မြင်မှု လျှို့ဝှက်ချက်များကို ဟောပြောသည့် ဟောပြောပွဲများစီစဉ်သည့် ကုမ္ပဏီ ဖြစ်သည်။ အဆိုပါ ဟောပြောပွဲများတွင် ပီရာ၏ စံပြပုဂ္ဂိုလ်၊ အမေရိက၏ နံပါတ် ၁ ရောင်းအားအကောင်းဆုံး စာရေးဆရာ ဂျက်ခ် ကန်ဖီးလ်၊ မိုက်တိုင်ဆန်၊ မယ်စင်္ကြာဝဠာ နာတာလီ ဂလီဗိုနာ အစရှိသူတို့ အပါအဝင် ကမ္ဘာကျော်များတက်ရောက်ကာ ၎င်းတို့၏ အောင်မြင်မှု လျှို့ဝှက်ချက်များကို လမ်းပြကြခြင်းဖြစ်သည်။

(မှတ်ချက်။ ဂျက်ခ် ကန်ဖီးလ်၏ စာအုပ်များကို စာရေးဆရာ ဖေမြင့် (ယခု ပြန်ကြားရေးဝန်ကြီး) က နှလုံးသားအာဟာရ ရသစာများဟု မြန်မာဘာသာသို့ ပြန်ဆိုထုတ်ဝေခဲ့ရာတွင်လည်း များစွာ အောင်မြင်ခဲ့သည်)

လူ့ဘဝတွင် လူတို့ ရရှိထားသည့် အကောင်းဆုံးဘဝလက်ဆောင်မွန်မှာ “မိမိကိုယ်ကိုယ် ယုံကြည်မှု” ဖြစ်သည်ဟု ပီရာက ဆိုသည်။

အဆိုပါ “မိမိကိုယ်ကိုယ် ယုံကြည်မှု” ရရှိလာစေရန် Success Events က အကောင်အထည်ဖော် ကြိုးပမ်းပေးခြင်း ဖြစ်၏။

ပီရာသည် ၎င်း၏ ဘဝကို ပြောင်းလဲစေခဲ့သော လျှို့ဝှက်ချက် စာအုပ်ကို documentary အဖြစ် ပြန်လည်ရိုက်ကူးထားသည့် “The Secret” ရုပ်ရှင်တွင် ပါဝင်ခဲ့သူ ဒေါက်တာ ဗိုက်တာလီနှင့် Success Events ၏ ပွဲများတွင် ဆုံစည်းခဲ့ချိန်တွင်ကား ဘဝကွင်းဆက် ပြည့်သွားသည်ဟု ဆိုရမည် ဖြစ်သည်။

ပီရာ၏ ဘဝဖြစ်သန်းရမှုမှာ အခြားသူတို့ကို စိတ်ဓာတ်ခွန်အားပေးနိုင်လိမ့်မည်ဟု ဒေါက်တာလီက ဆိုသည်။

သို့နှင့် ပီရာနှင့် ဒေါက်တာ ဗိုက်တာလီတို့ ၂ ဦး ပူးပေါင်းကာ “အိမ်ရာမဲ့ဘဝမှ ဘီလျံနာဘဝသို့- ဓနဆွဲငင်မှု ဥပဒေသ ၁၈ ချက်နှင့် အကန့်သတ်မရှိသော အခွင့်အလမ်းများ ဖန်တီးနည်း” ဟူသော စာအုပ်ကို ရေးသားခဲ့ကြပြီး ၂၀၁၉ ခုနှစ် နှစ်စပိုင်းတွင် ထုတ်ဝေခဲ့ရာ Amazon.com ၏ ရောင်းအားအကောင်းဆုံး စာအုပ်တစ်အုပ် ဖြစ်ခဲ့သည်။

ပီရာသည် လုပ်ငန်းအတွက် ခရီးသွားခြင်းနှင့် ဆွီဒင်ရှိ မိသားစုထံ သွားရောက်လည်ပတ်ခြင်းများမှတစ်ပါး အချိန်အများစုကို ထိုင်းနိုင်ငံတွင်သာ ဖြတ်သန်းကုန်ဆုံးနေသည်။

လေလွင့်ပျက်စီးနေသည့် အိမ်ရာမဲ့ဘဝတွင် နေထိုင်ခဲ့ရသော မိမိသည်ပင်လျှင် အနာဂတ်ကို ပြောင်းလဲနိုင်လျှင် အခြားသူများအားလုံးလည်း ပြောင်းလဲနိုင်ကြသည်သာဖြစ်ကြောင်း ပီရာက ဆိုသည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများအပြင် ထိုင်း၊ စင်ကာပူ၊ မလေးရှား အစရှိသော ပြည်ပနိုင်ငံများမှ အိမ်ခြံမြေစီမံကိန်းများကိုလည်း ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

  ### Zawgyi Version ###

ဆယ္တန္းမေအာင္ အရက္မူး ေပေတေလလြင့္ေနသည့္ ဆြီဒင္လူငယ္။ ေဒၚလာ ၁၀၀ ထဲျဖင့္ ထိုင္းသို႔ အၿပီးအပိုင္ ထြက္ခဲ့ကာ အဝတ္ထုပ္ကို ေခါင္းအုံးလုပ္ အိပ္ရေသာ အိမ္ရာမဲ့ျဖစ္ခဲ့ေသာ္လည္း စာအုပ္တစ္အုပ္ကို ဖတ္ရၿပီးေနာက္ ၁၀ ႏွစ္အတြင္း ထိုင္း၏ အခ်မ္းသာဆုံး အိမ္ၿခံေျမလုပ္ငန္းရွင္ ဘီလ်ံနာႀကီးျဖစ္လာပုံ

 

ညေနဆည္းဆာေအာက္တြင္ ရႈေမာဖြယ္ အလွတရားတို႔ျဖင့္ ျပည့္လွ်မ္းေနေသာ ကမာၻေက်ာ္ဖူးခက္ကမ္းေျခသည္ ကမာၻလွည့္ခရီးသည္တို႔၏ ရယ္ေမာသံမ်ားျဖင့္ ေဝစီေနသည္။

သို႔ေသာ္ ကမ္းေျခတေနရာတြင္ကား အမ်ားနည္းတူ မေပ်ာ္႐ႊင္ႏိုင္ေသာ အသက္ ၂၀ အ႐ြယ္ ဆြီဒင္ႏိုင္ငံသား လူငယ္တစ္ဦး ရွိေနသည္။သူအစာမစားရသည္မွာ ၂ ရက္ရွိၿပီ။

ဝမ္းမွာ ဆာေလာင္မြတ္သိပ္မႈေၾကာင့္ တက်ဳပ္က်ဳပ္ျမည္ေန၏။

သူသည္ အိမ္ရာမဲ့တစ္ဦးျဖစ္၏။ မ်က္ႏွာသုတ္ပုဝါမ်ားကို ေစာင္အျဖစ္လည္းေကာင္း၊ အဝတ္အစားမ်ားကို ေခါင္းအုံးအျဖစ္ လည္းေကာင္း အသုံးျပဳကာ ကမ္းေျခသဲေသာင္မ်ားေပၚတြင္ အိပ္စက္ရသည္။

ထိုင္းတြင္ သိကြၽမ္းသူလည္း တစ္ဦးမွ်မရွိ။ ထိုင္းစကားလည္း တစ္ခြန္းမွမတတ္။

ဆြီဒင္တြင္ က်န္ရစ္ခဲ့ေသာ သူ႔မိတ္ေဆြသူငယ္ခ်င္းမ်ားအားလုံးထံတြင္လည္း ပိုက္ဆံေခ်းၿပီးျဖစ္ကာ အေႂကြးတင္ေနသည္။

ဇာတိႏိုင္ငံ ဆြီဒင္တြင္ ေငြမေခ်းဖူးေသးေသာ ေနာက္ဆုံးက်န္ရွိသည့္ သူငယ္ခ်င္းထံ ဆက္သြယ္ကာ ေငြေၾကးကူညီပါရန္ ေတာင္းဆိုခဲ့၏။

သူ၏ သူငယ္ခ်င္းက ေငြမေပး။ စာအုပ္တစ္အုပ္သာ ပို႔ေပးလိုက္သည္။ အဆိုပါစာအုပ္သည္ ပီရာ၏ ဘဝကို အၿပီးတိုင္ ေျပာင္းလဲေပးမည့္ စာအုပ္တစ္အုပ္ျဖစ္ေနသည္။

ထိုစာအုပ္ကို ဗိုက္ဆာဆာႏွင့္ ဖတ္၏။

စာအုပ္ဖတ္ရင္း အစာငတ္၍ ေသရေတာ့မည္ထင္သည္။

သို႔ေသာ္……။

သူ…မေသပါ။

ထိုစာအုပ္သည္ သူ၏ဘဝကို အၿပီးတိုင္ေျပာင္းလဲေပးလိုက္သည့္ စာအုပ္ျဖစ္ၿပီး မေသသည့္အျပင္ ထိုင္းႏိုင္ငံ၏ အခ်မ္းသာဆုံးပုဂၢိဳလ္မ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္လာသည္အထိ ႂကြယ္ဝခ်မ္းသာသူျဖစ္လာသည္။

ယေန႔တြင္ အသက္ ၃၇ ႏွစ္သာရွိေသးကာ ကုမၸဏီေပါင္း ၂၀ ကို ပိုင္ဆိုင္သည့္ အိမ္ၿခံေျမလုပ္ငန္းရွင္ ဘီလ်ံနာႀကီးတစ္ဦး ျဖစ္ေနၿပီျဖစ္ၿပီး ကမာၻေပၚတြင္ အဆင့္အတန္းအျမင့္မားဆုံး အပန္းေျဖစခန္းမ်ားကို တည္ေထာင္သူျဖစ္လာသည္။ သူကား မည္သူနည္း။ ………… သူ၏ အမည္မွာ အန္းဒရက္စ္ ပီရာဟု ေခၚသည္။

ပီရာ၏ နာမည္မွာ သူေမြးဖြားရာ ကိုလံဘီယာမွ ကြၽန္းတစ္ကြၽန္းျဖစ္ေသာ ဆန္ အန္းဒရက္စ္ဟူေသာ အမည္ကို အစြဲျပဳကာ အမည္ေပးထားျခင္း ျဖစ္သည္။

သူ၏ ဖခင္မွာ ဆြီဒင္ႏိုင္ငံသားျဖစ္ၿပီး မိခင္မွာ ကိုလံဘီယာသူျဖစ္၏။ ၎တို႔ ၂ ဦးမွာ ဆန္ အန္းဒရက္စ္ကြၽန္းတြင္ ဆုံစည္းခဲ့ၾကျခင္းျဖစ္ၿပီး ပီရာ ေမြးဖြားၿပီး ၃ ႏွစ္သား အ႐ြယ္တြင္ ဆြီဒင္ႏိုင္ငံ၊ စေတာ့ဟုမ္းသို႔ မိသားစု ေျပာင္းေ႐ႊ႕ခဲ့ၾကသည္။

ဆြီဒင္သို႔ ေျပာင္းေ႐ႊ႕ၿပီး ၄ ႏွစ္အၾကာတြင္ မိဘႏွစ္ပါး ကြာရွင္းခဲ့ၾကရာ ပီရာမွာ ဖခင္ႏွင့္ မိခင္တို႔၏ ေနအိမ္မ်ားအၾကား တလွည့္စီ ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ရသည္။ မိဘမ်ား၏ ေနအိမ္မ်ားမွာ ဆြီဒင္၏ အဆင္းရဲဆုံးေနရာမ်ားတြင္ ရွိၾက၏။ ပီရာက သူ၏ ငယ္ဘဝအေျခအေနႏွင့္ ပတ္သက္ၿပီး ျပန္လည္ေျပာျပခဲ့ဖူးသည့္အခ်က္ရွိသည္။

“ဒီလို ပတ္ဝန္းက်င္မ်ိဳးမွာ ႀကီးျပင္းလာရတာျဖစ္တဲ့အတြက္ ေလာကဆိုတာ ရက္စက္ၾကမ္းၾကဳတ္တဲ့ ေနရာတစ္ခုပဲလို႔ ယူဆလာတယ္။ ကြၽန္ေတာ္တို႔လို လူငယ္ေတြမွာ အနာဂတ္ မရွိဘူး။ ကိုယ့္ဘဝကို ကိုယ္လိုရာ ပဲ့မကိုင္ႏိုင္ဘူးဆိုတဲ့စိတ္က အၿမဲလႊမ္းမိုးေနတယ္။ မိဘေတြအတြက္လည္း ဂုဏ္ယူရတဲ့ သားတစ္ေယာက္ျဖစ္လာမွာမဟုတ္ဘူးလို႔ အေသအခ်ာ မွတ္ယူေနခဲ့မိတယ္”

ပီရာသည္ ေက်ာင္းေနစဥ္ကာလအတြင္းတြင္လည္း စာသင္ခန္း၏ ေလႁပြန္ေပါက္ထဲတြင္ ငါးမ်ားကို ဖြက္ထားျခင္းမ်ိဳးကဲ့သို႔ ႀကံႀကံဖန္ဖန္ ကစားနည္းမ်ားျဖင့္ ေမ်ာက္ရႈံးေအာင္ ေဆာ့ခဲ့သူျဖစ္၏။

ရက္အနည္းငယ္ၾကာေသာအခါ စာသင္ခန္းအတြင္း အနံ႔အသက္ လြန္စြာဆိုး႐ြားလာေသာေၾကာင့္ စာသင္ခန္းကို ရက္ေပါင္းမ်ားစြာ ပိတ္ထားလိုက္ရသည္။

အသက္ ၁၅ ႏွစ္အ႐ြယ္သို႔ ေရာက္ေသာအခါ ေက်ာင္းမွ ထြက္လိုက္ၿပီး စေတာ့ဟုမ္းၿမိဳ႕၏ လမ္းမ်ားေပၚတြင္ အျခားေက်ာင္းထြက္လာသူ မ်ားႏွင့္အတူ ေသာက္စားမူးယစ္ကာ ေလလြင့္ေနခဲ့သည္။

ဘဝတြင္ မိမိဘာျဖစ္လိုသည္ကို မသိခဲ့ေသာေၾကာင့္ ေလလြင့္ပ်က္စီးကာေနမည့္လမ္းကို ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္ေၾကာင္း ပီရာက ဆိုသည္။

ထိုသို႔ လမ္းေပၚတြင္ ေလလြင့္ေနရင္း အသက္ ၁၈ ႏွစ္အ႐ြယ္သို႔ ေရာက္လာ၏။

တစ္ေန႔။ ထိုတစ္ေန႔သည္ ပီရာကို လမ္းေပၚဘဝမွ ႐ုန္းထြက္ေစမည့္ေန႔ျဖစ္သည္။

တစ္ေန႔တြင္ကား ပီရာသည္ လူမွန္းမသိေအာင္ ေသာက္စားမူးယစ္ခဲ့၏။

ညဘက္တြင္ မည္သည့္ျဖစ္ရပ္မ်ား ျဖစ္ခဲ့သည္ကို ျပန္လည္ မမွတ္မိေတာ့။

ႏိုးလာခ်ိန္တြင္ မိမိကိုယ္ကိုယ္ ၾကည့္လိုက္ေသာအခါ လူမေနေသာ အေဆာက္အအုံႀကီးတစ္ခု၏ ေလွကားထစ္မ်ားေပၚတြင္ လဲေလ်ာင္းေနျခင္းျဖစ္ျဖစ္သည္ကို ေတြ႕ရသည္။

တစ္ေခါင္းလုံးလည္း အရက္နာက်ကာ ကိုက္ခဲေန၏။ ေဘးတြင္ရွိေသာ ဖန္တစ္ခြက္တစ္လုံးမွာ ကြဲေန၏။

မည္သည့္ေနရာသို႔ ေရာက္ေနသည္ကို သူမသိ။ ေသသြားၿပီဟု မိမိကိုယ္မိမိ ထင္ေနမိသည္။

“ကြၽန္ေတာ္ အိမ္ျပန္ေရာက္သြားေတာ့ အေမ့မ်က္ႏွာမွာ ျဖစ္ေနတဲ့ပုံက ခုခ်ိန္ျပန္ေျပာဆို ျပန္ေတာင္မေျပာတတ္ေအာင္ပါပဲ။ ဒါက အထိုးခံရတာထက္ေတာင္ ပိုၿပီးနာက်င္ေစပါတယ္” ဟု ပီရာက ေျပာျပသည္။

ပီရာက သူ၏ အမူအက်င့္မ်ားကို ေျပာင္းလဲရန္ ဆုံးျဖတ္လိုက္ၿပီး လမ္းေပၚမွ သူငယ္ခ်င္းမ်ားႏွင့္ လမ္းခြဲလိုက္၏။

ထို႔ေနာက္ တယ္လီဖုန္းေဈးကြက္ျမႇင့္တင္ေရး (telemarketing) ႐ုံးတစ္ခုတြင္ အလုပ္ဝင္ခဲ့သည္။

သူ၏အလုပ္မွာ ေန႔တိုင္း ဖုန္းေခၚဆိုမႈေပါင္း ရာႏွင့္ခ်ီ၍ ျပဳလုပ္ရျခင္းျဖစ္၏။

ပီရာက ထိုအလုပ္ကို မႏွစ္သက္။ သူလုပ္ရန္ရွိေသာ အလုပ္မ်ားစြာကို ခ်န္လွပ္ထားခဲ့ရာ ေနာက္ဆုံးတြင္ အလုပ္ျဖဳတ္ခံရေတာ့သည္။

ဘြဲ႕မရွိ၊ ဦးတည္ခ်က္မရွိ၊ မိတ္ေဆြသူငယ္ခ်င္းေကာင္းမရွိေသာ ပီရာသည္ စိတ္ဓာတ္က်ျခင္း ဝဲကေတာ့တြင္းသို႔ ျပန္လည္သက္ဆင္းသြား ျပန္သည္။

ထိုအခ်ိန္တြင္ ပီရာ၏ဘဝကို တစ္ဆစ္ခ်ိဳးေျပာင္းလဲေစမည့္ အျဖစ္အပ်က္တစ္ခု ေပၚေပါက္လာသည္။

ပီရာခ်စ္ေသာ အဘိုးျဖစ္သူ ကြယ္လြန္သြားျခင္းျဖစ္ၿပီး အဘိုးက ပီရာအတြက္ ေဒၚလာ ၂၀၀၀ အေမြေပးခဲ့ျခင္း ျဖစ္၏။

ပီရာလည္း ဆြီဒင္ကို ေက်ာခိုင္းကာ ဘဝသစ္ကို ခ်ီတက္ရန္ ဆုံးျဖတ္လိုက္ေလသည္။

ခရီးသြား ကိုယ္စားလွယ္တစ္ဦးက ထိုင္းႏိုင္ငံသို႔ သြားေရာက္သင့္ေၾကာင္း အႀကံေပးရာ ပီရာလည္း ေလယာဥ္လက္မွတ္ ဝယ္ယူလိုက္ေတာ့သည္။

ပီရာသည္ ထိုင္းသို႔ ထြက္သြားျခင္းမွာ အလည္အပတ္ခရီးမဟုတ္ေၾကာင္း၊ ျပန္လာေတာ့မည္မဟုတ္ေၾကာင္းကို မိဘမ်ားအား ဖြင့္ေျပာရန္ နာက်င္ေနမိသည္။

သို႔ေသာ္ မိခင္ႀကီးကမူ ႏွလုံးသား၏ ဆႏၵေနာက္သို႔သာလိုက္ရန္ႏွင့္ မွန္သည္ထင္တာကို လုပ္ရန္သာ ေျပာလိုက္၏။

ေလယာဥ္လက္မွတ္ဝယ္ယူအၿပီး ၅ ရက္အၾကာတြင္ ဘန္ေကာက္သို႔ ပ်ံသန္းသည့္ ေလယာဥ္ေပၚ လိုက္ပါခဲ့ေလသည္။

ထိုအခ်ိန္တြင္ အဘိုးျဖစ္သူ ေပးခဲ့ေသာေငြမွာ ေဒၚလာ ၁၀၀ သာ က်န္ေတာ့သည္။

ထိုေဒၚလာ ၁၀၀ ႏွင့္ ထိုင္း၏ကမာၻေက်ာ္ ျဖဴလြလြ သဲေသာင္မ်ားကို အိပ္မက္မက္ရင္း လိုက္ပါလာခဲ့ၿပီးေနာက္ မိုးေမွ်ာ္တိုက္ႀကီးမ်ားျဖင့္ လူသူရႈပ္ေထြးလွေသာ ဘန္ေကာက္သို႔ ေရာက္လာခဲ့သည္။ အနီးဝန္းက်င္တြင္ သဲေသာင္မ်ားကိုကား မေတြ႕ရ။ ထိုမွတဆင့္ ပီရာက ဖူးခက္သို႔သြားမည့္ ဘတ္စ္ကားလက္မွတ္ကို ေဒၚလာ ၅၀ ျဖင့္ ဝယ္ယူလိုက္ျပန္သည္။

ဖူးခက္သို႔ ေရာက္ေသာအခါ ဟိုတယ္လက္ကမ္းေၾကာ္ျငာမ်ားကို ကမာၻလွည့္ခရီးသည္မ်ားထံ ေပးေဝရသည့္ အလုပ္တစ္ခုကို ရ၏။

လုပ္ခမွာ ရက္သတၱပတ္လွ်င္ ေဒၚလာ ၂၀ ႏွင့္ညီမွ်ေသာ ဘတ္ေငြရရွိသည္။

ထိုေငြမွာ အခန္းက်ဥ္းကေလးတစ္ခုငွားခႏွင့္ ေန႔စဥ္ေခါက္ဆြဲျပဳတ္စားရန္သာ လုံေလာက္ေသာ္လည္း ပီရာ ေပ်ာ္ပါသည္။

ထိုသို႔ လုပ္ကိုင္ေနထိုင္ရင္း ဖူးခက္၏ ေပ်ာ္႐ႊင္ဖြယ္ျမင္ကြင္းမ်ားအၾကားတြင္ ပီရာသည္ အက်င့္ေဟာင္းမ်ား ေပၚလာေတာ့သည္။

ဖူးခက္တြင္ ေသာက္စားမူးယစ္ေနခဲ့ေသာေၾကာင့္ အလုပ္ျပဳတ္သြားခဲ့ၿပီး ငွားရမ္းေနထိုင္သည့္အခန္းမွလည္း ႏွင္ထုတ္ခံခဲ့ရ၏။ သူ႔တြင္ သြားစရာေနရာလည္းမရွိ။

ထို႔ေၾကာင့္ အနီးဆုံးရွိ သဲေသာင္ျပင္တြင္သာ လွည့္လည္သြားလာေနထိုင္ရၿပီး ကမ္းေျခသည္ သူ၏အိမ္ျဖစ္လာသည္။

ပီရာသည္ နံနက္တြင္ ၅ နာရီခန႔္ အိပ္ယာထ၏။ သို႔ဆိုလွ်င္ မည္သူမွ် မျမင္ေသာေၾကာင့္ အိမ္ယာမဲ့ျဖစ္ေၾကာင္း မသိႏိုင္ေခ်။

ပီရာ အရက္စေသာက္သည္မွာ အသက္ ၁၅ ႏွစ္အ႐ြယ္တြင္ျဖစ္ၿပီး မၾကာမီတြင္ အရက္ျဖတ္လိုက္၏။ အသက္ ၂၀ အ႐ြယ္ စြန႔္စြန႔္စားစား ျဖင့္ ထိုင္းသို႔ ထြက္ခဲ့ေသာ္လည္း ဖူးခက္၏ ေပ်ာ္႐ႊင္ဖြယ္ဝန္းက်င္တြင္ နစ္ေျမာကာ အရက္သမားဘဝ ျပန္ေရာက္သြားျပန္သည္။ မိဘမ်ားထံမွလည္း အကူအညီေတာင္းရန္ ပီရာ ရွက္၏။ ထို႔ေၾကာင့္ ဆြီဒင္တြင္ က်န္ရစ္ခဲ့ေသာ သူငယ္ခ်င္းမ်ားထံ ေငြလွမ္းေခ်းသည္။

တစ္ေန႔တြင္ကား သူငယ္ခ်င္းမ်ားအနက္မွ ေငြမေခ်းရေသးသူ ေနာက္ဆုံးတစ္ဦးထံ ဆက္သြယ္အကူအညီေတာင္းခဲ့သည္။

ထိုသူငယ္ခ်င္းက ပီရာကို ေငြမေခ်း။ စာအုပ္တစ္အုပ္သာ ပို႔ေပးလိုက္သည္။

႐ြန္ဒါဘန္း ေရးသားေသာ “လွ်ိဳ႕ဝွက္ခ်က္” အမည္ရွိ စာအုပ္ျဖစ္၏။ ထိုစာအုပ္သည္ ပီရာ၏ ဘဝကို အၿပီးတိုင္ ေျပာင္းလဲေပးမည့္ စာအုပ္ျဖစ္ေလသည္။

အိမ္ရာမဲ့ျဖစ္ေနသူထံ စာအုပ္တစ္အုပ္သာ ပို႔ေပးျခင္းကို ပီရာက မယုံႏိုင္ေလာက္ေအာင္ အံ့ၾသစိတ္ပ်က္မိသည္။

(အဆိုပါစာအုပ္သည္ ၂၀၀၆ ခုႏွစ္တြင္ ထုတ္ေဝခဲ့သည့္စာအုပ္ျဖစ္သည္။ ကမာၻတစ္ဝန္းတြင္ အုပ္ေရ သန္း ၃၀ ေက်ာ္ ေရာင္းခ်ထားရၿပီးျဖစ္ကာ ဘာသာစကားေပါင္း ၅၀ သို႔ ျပန္ဆိုခဲ့ၾကၿပီးျဖစ္ၿပီး ျမန္မာဘာသာသို႔လည္း ျပန္ဆိုထားၿပီးျဖစ္သည္။ ထိုစာအုပ္ကို ႐ုပ္ရႈင္အျဖစ္ documentary အသြင္ ႐ိုက္ကူးရာတြင္လည္း ေအာင္ျမင္မႈမ်ား ရရွိခဲ့သည္။ ႐ုပ္ရွင္ ထုတ္လုပ္စရိတ္ ကန္ေဒၚလာ ၃ ဒသမ ၅ သန္းသာရွိၿပီး ဝင္ေငြ ကန္ေဒၚလာ ၆၅ ဒသမ ၆ သန္း ရရွိခဲ့သည္။) သို႔ေသာ္ ပီရာက ဗိုက္ေဟာင္းေလာင္းႏွင့္ပင္ ထိုစာအုပ္ကို အာ႐ုံစိုက္ဖတ္၏။

ထိုစာအုပ္ထဲတြင္ ေရးသားထားသည္မွာ “ဆြဲငင္အား၏ နိယာမ” အေၾကာင္း ျဖစ္သည္။ သင္၏ ဘဝတြင္ အလိုရွိသည့္အရာတိုင္းကို စိတ္ကူးပုံေဖာ္ျမင္ေယာင္ျခင္း၊ လက္ေတြ႕အေကာင္အထည္ေဖာ္ျခင္းနည္းလမ္းမ်ားျဖင့္ ဆြဲငင္ရယူႏိုင္သည္ဟူ၏။ မိမိလိုခ်င္သည့္အရာကို ေတြးေနျခင္းမွာ စိတ္ညႇိဳ႕နည္းတစ္မ်ိဳးျဖစ္ၿပီး ႀကိမ္ဖန္မ်ားစြာ အာ႐ုံျပဳေနပါက လိုလားသည့္အရာကို အမွန္တကယ္ ရရွိလာေစသည္ဟု ဆိုသည္။

ပီရာက အဆိုပါေရးသားခ်က္မ်ားမွာ ႐ူးႏွမ္းႏွမ္းႏိုင္လွကာ ရယ္ဖြယ္အတိျဖစ္သည္ဟု ယူဆခဲ့သည္။

သို႔ေသာ္ ပီရာက စာအုပ္ထဲက ေျပာသည့္နည္းအတိုင္း အေကာင္အထည္ေဖာ္ၾကည့္သည္။

ဦးစြာ စိတ္ကူးျမင္ေယာင္ၾကည့္ျခင္းမွာ ဗိုက္ဆာေနေသာေၾကာင့္ ေကာ္ဖီတစ္ခြက္ ေသာက္လိုသည္ဟု စိတ္ကူးၾကည့္ျခင္း ျဖစ္သည္။

ဆန္းၾကယ္သည္ဟုဆိုရမည္။ ကမ္းေျခတြင္ရွိေသာ ဝန္ထမ္းမ်ားမွ တစ္ဦးက ပီရာ့ထံေရာက္လာကာ “ခင္ဗ်ားၾကည့္ရတာ အေတာ္ႏြမ္းနယ္ေနပုံရတယ္။ ေကာ္ဖီတစ္ခြက္ေလာက္ ေသာက္လိုက္ပါလား” ဟုဆိုကာ ေကာ္ဖီတစ္ခြက္ေပးသြားသည္။ ပီရာကား မယုံႏိုင္ေအာင္ အံ့ၾသမိသည္။

ဆြဲငင္အားနိယာမစာအုပ္တြင္ ေရးသားထားသည့္အဓိက အခ်က္မွာ စၾကာဝဠာႀကီးထဲတြင္ လွ်ပ္စစ္သံလိုက္လႈိင္းမ်ား ျပန႔္ႏွံ႔ေနၿပီး တစ္ေနရာမွ ဖုန္းေခၚလိုက္လွ်င္ အျခားတစ္ေနရာတြင္ သြားျမည္သကဲ့သို႔၊ ႐ုပ္သံဌာနမွ ထုတ္လႊင့္လိုက္ေသာ လႈိင္းမ်ားကို ဖမ္းယူကာ အ႐ုပ္၊ အသံမ်ား ဖမ္းယူႏိုင္သကဲ့သို႔ပင္ မျမင္ရေသာ စြမ္းအားမ်ား ျပန႔္ႏွံ႔ျဖာထြက္ေနသည္ဟုဆိုသည္။

အကယ္၍ လူတစ္ဦးသည္ ငါ...ဒုကၡေရာက္ေတာ့မယ္ဟု အၿမဲေတြးေနလွ်င္ ဆန္းၾကယ္စြာပင္ သူေတြးသည့္အတိုင္းသာ ျဖစ္လာေလ့ရွိသည္ဟု ဆိုသည္။

စၾကာဝဠာထဲတြင္ ပ်ံ႕ႏွံ႔ေနေသာ စြမ္းအင္ဓာတ္တို႔တြင္ အေကာင္း၊ အဆိုးဓာတ္မ်ား ေရာယွက္ေနၿပီး မိမိအလိုရွိရာကို ေရဒီယိုလႈိင္းမ်ား ဖမ္းသည့္သဖြယ္ ဆြဲငင္ညိဳွ႔ယူႏိုင္သည္။

စိတ္တန္ခိုး၏ ဆန္းၾကယ္မႈဟုလည္း ဆိုႏိုင္သည္။

တခါတရံတြင္ လူအခ်ိဳ႕သည္ ေရာဂါအမွန္တကယ္မရွိဘဲ ေဆးထိုးလိုက္မွ သက္သာမည္ဟု ယုံၾကည္ေနသည့္အခါမ်ိဳးတြင္ ဆရာဝန္ တို႔သည္ မိုးေရပုလင္းမ်ားကို ေဖာက္ကာ ထိုးေပးလိုက္သည့္အခါ ထူးဆန္းစြာပင္ ေနေကာင္းသြားၾကသည္။ ထိုအေျခအေနကို ေဆးေလာကတြင္ Placebo effect ဟု ေခၚၾကသည္။

အမွန္စစ္စစ္အားျဖင့္ ဆရာဝန္သည္ ဓာတုေဗဒနည္းအရ လူနာ၏ ခႏၶာကို အေျပာင္းအလဲ မည္သို႔မွ် လုပ္မေပးလိုက္။ မိုးေရသာ ထိုးေပး လိုက္ျခင္း မဟုတ္ပါေလာ။ သို႔ဆိုလွ်င္ အဘယ့္ေၾကာင့္ လူနာမွာ သက္သာသြားပါသနည္း။ စိတ္ေၾကာင့္ ျဖစ္ပါသည္။ စိတ္၏ တန္ခိုးသည္ အလြန္တရာ ခြန္အားႀကီးမားလွသည္။

တခါကလည္း အေနာက္ႏိုင္ငံတစ္ခုတြင္ ေသဒဏ္က်ခံရၿပီး အက်ဥ္းသားကို ေသဒဏ္စီရင္မည့္ေန႔တြင္ စိတ္တန္ခိုး၏ စြမ္းအားကို ဆရာဝန္တို႔က စမ္းသပ္ၾက၏။

အက်ဥ္းသား၏ မ်က္လုံးမ်ားကို အဝတ္ျဖင့္စည္းလိုက္ၿပီး “ကဲ..မင္းလည္ပင္းက ေသြးေၾကာကို ျဖတ္ၿပီး ေသဒဏ္စီရင္ၿပီ” ဟု ေျပာကာ လည္ပင္းတြင္ ဘလိတ္ဓားျဖင့္ ေသြးထြက္႐ုံ ျခစ္လိုက္ကာ ေရခပ္ေႏြးေႏြးမ်ားကို ပိုက္ငယ္တစ္ခုျဖင့္ လည္ပင္းေပၚ စီးက်ေစသည္။ မ်ားမၾကာမီတြင္ လည္ပင္းတြင္ ဓားျခစ္ရာသာရွိေသာ အဆိုပါအက်ဥ္းသားမွာ ေသဆုံးသြားသည္ဟု ဆိုသည္။

စိတ္တန္ခိုးကား လူတစ္ေယာက္ကို မိမိကိုယ္ကို ေသေစႏိုင္သည္အထိ စြမ္းအားႀကီးလွသည္။

ထိုသို႔စြမ္းအားႀကီးေသာ စိတ္တြင္ ေတြးေနသည့္ အေတြးမ်ားသည္ လူတစ္ေယာက္၏ အနာဂတ္ကို ပုံေဖာ္ေပးၿပီး ေတြးေနသည့္ အတိုင္းသာ အနာဂတ္တြင္ ျဖစ္လာေလ့ရွိသည္ဟု ဆြဲငင္အားနိယာမစာအုပ္တြင္ ေဖာ္ျပသည္။ သို႔ႏွင့္ ပီရာလည္း အလုပ္တစ္ခုရသည္ဟု စိတ္ကူးပုံေဖာ္ ျမင္ေယာင္ၾကည့္၏။

စာအုပ္ထဲတြင္ ၫႊန္ျပသည့္ နည္းလမ္းအရ ပထမဆင့္မွာ စိတ္ကူးပုံေဖာ္ ျမင္ေယာင္ရန္ျဖစ္ၿပီး ဒုတိယဆင့္မွာ လက္ေတြ႕ျဖစ္လာေအာင္ အေကာင္အထည္ ေဖာ္ၾကည့္ရျခင္း ျဖစ္သည္။

(ပီရာ ဖတ္ရႈခဲ့ေသာ စာအုပ္ကို အဂၤလိပ္ဘာသာျဖင့္ ဖတ္ရႈလိုပါက https://bit.ly/2OxsPnu  အင္တာနက္လင့္ခ္တြင္ pdf ဖိုင္ ရယူကာ ဖတ္ရႈႏိုင္ပါသည္)

ပီရာလည္း အလုပ္ရသည္ဟု စိတ္ကူးပုံေဖာ္ကာ စိတ္ႏွလုံးသားတြင္ စြဲၿမဲေအာင္လုပ္ၾကည့္ၿပီးေနာက္ ဖူးခက္ဝန္းက်င္ အလုပ္လိုက္ ေလွ်ာက္ရာ အိမ္ၿခံေျမ႐ုံးတစ္ခုအတြက္ လက္ကမ္းစာေစာင္မ်ား ေဝရသည့္အလုပ္တစ္ခု ရသြားသည္။ မ်ားမၾကာမီတြင္ ပီရာသည္ ပန္းၿခံကေလးတစ္ခုပါေသာ အိမ္ငယ္ကေလးတစ္လုံး ငွားႏိုင္သြား၏။

ေနာက္ပိုင္းတြင္ ပီရာသည္ “လွ်ိဳ႕ဝွက္ခ်က္”စာအုပ္ပါ လမ္းၫႊန္ခ်က္အတိုင္း သူ၏ေန႔စဥ္ဘဝ၌ ပန္းတိုင္မ်ားခ်မွတ္ျခင္း၊ စိတ္ကူးျမင္ေယာင္ျခင္း၊ လက္ေတြ႕အေကာင္အထည္ေဖာ္ျခင္း မ်ားကို ဆက္တိုက္ျပဳလုပ္ေတာ့သည္။ ပီရာက ဘဝတြင္ သူအလိုရွိသည့္အရာမ်ား၏ ဓာတ္ပုံကို ေရခဲေသတၱာႏွင့္ ေနအိမ္နံရံမ်ား၌ အႏွံ႔အျပား ကပ္ထားသည္။

ကိုယ္ရည္ကိုယ္ေသြး ျမႇင့္တင္ေရး ေဆြးေႏြးပြဲမ်ားစြာ တက္၏။ သူ၏ အရည္အေသြးျမႇင့္တင္ေပးမည့္ စာအုပ္စာတမ္းမ်ားလည္း အငမ္းမရ ဖတ္၏။

အိမ္ၿခံေျမကုမၸဏီတြင္ လက္ကမ္းစာေစာင္ေဝသည့္အလုပ္လုပ္ေနရင္း တစ္ေန႔တြင္ ပီရာက အိမ္ၿခံေျမၾကည့္ရန္ စိတ္ဝင္စားေနေသာ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးကို လက္ကမ္းစာေစာင္တစ္ခု ေပးလိုက္သည္။

အဆိုပါ လုပ္ငန္းရွင္က ထိုေန႔ မြန္းလြဲပိုင္းတြင္ ပီရာတို႔႐ုံးသို႔ ေရာက္လာသည္။ ထိုအခ်ိန္တြင္ အေရာင္းဝန္ထမ္းအားလုံးမွာ အလုပ္ျဖင့္ အျပင္ထြက္ေနခ်ိန္လည္း ျဖစ္၏။

သို႔ႏွင့္ ထိုစီးပြားေရးလုပ္ငန္းရွင္ကို ပီရာက သူ၏ စကူတာ ဆိုင္ကယ္ကေလးျဖင့္ တင္ေဆာင္ကာ အေရာင္းအဝယ္လုပ္မည့္ အိမ္သို႔ ေခၚေဆာင္သြားခဲ့သည္။

ပီရာက အိမ္အတြင္းလွည့္ပတ္ျပသၿပီးေနာက္ လုပ္ငန္းရွင္က ဝယ္ယူရန္ ခ်က္ခ်င္းဆုံးျဖတ္လိုက္သည္ဟု ဆိုသည္။

ပီရာမွာ အေရာင္းပိုင္းႏွင့္ ပတ္သက္ၿပီး ကုမၸဏီတြင္ ေလ့က်င့္သင္ၾကားမႈ ရယူထားျခင္းမရွိဘဲ ဆိုင္ကယ္ကေလးတစ္စီးျဖင့္ တစ္နာရီအတြင္း အေရာင္းအဝယ္ျဖစ္ေအာင္ လုပ္ေဆာင္ႏိုင္မႈကို သူ၏ မန္ေနဂ်ာ မ်ားစြာအံ့အားသင့္သြားသည္။ ပီရာ၏ ဘဝတြင္ မိမိကိုယ္ကိုယ္ ဂုဏ္ယူမိသည့္ ပထမဆုံး အခိုက္အတန႔္ ကာလေလးလည္း ျဖစ္ေလသည္။

ထိုေနာက္တြင္ကား ပီရာသည္ အေရာင္းသမားတစ္ဦးအျဖစ္ ရာထူးတိုးျမႇင့္ေပးျခင္းခံရၿပီး မ်ားမၾကာမီတြင္ အေရာင္းဒါ႐ိုက္တာတစ္ဦး ျဖစ္လာသည္။

အေရာင္းဒါ႐ိုက္တာဘဝျဖင့္ အတန္ၾကာျဖတ္သန္းၿပီး ေငြအေတာ္စုမိခ်ိန္တြင္ ကိုယ္ပိုင္အိမ္ၿခံေျမအက်ိဳးေဆာင္ကုမၸဏီတစ္ခု တည္ေထာင္လိုက္ေတာ့သည္။

သို႔ရာတြင္ လုပ္ငန္းတစ္ခုကို ဦးစီးလည္ပတ္ရန္အတြက္မူ ပီရာ့တြင္ ေလ့လာစရာမ်ားစြာ၊ လိုအပ္ခ်က္မ်ားစြာရွိေနေသးသည္။

အက်ိဳးေဆာင္ကုမၸဏီတည္ေထာင္ၿပီး လအနည္းငယ္ၾကာေသာအခါ စတင္႐ုန္းကန္လာရေတာ့သည္။

ကုမၸဏီတည္ေထာင္ၿပီးေနာက္ပိုင္းတြင္ ပီရာသည္ မေအာင္ျမင္မီက အေလ့အထမ်ားျဖစ္ေသာ စိတ္ကူးပုံေဖာ္ျခင္း၊ ေလ့လာျခင္း၊ လက္ေတြ႕အေကာင္အထည္ေဖာ္ျခင္း အစရွိေသာ “လွ်ိဳ႕ဝွက္ခ်က္” စာအုပ္ပါ လမ္းၫႊန္ခ်က္မ်ားကို မလုပ္ျဖစ္ေတာ့။ ကုမၸဏီ ေအာင္ျမင္မႈကို ေတြးေတာေနရမည့္အစား ဆုံးရႈံးရမည္ကို စိုးရိမ္ေၾကာက္႐ြံ႕စိတ္မ်ားသာ အၿမဲေမြးေနခဲ့သည္။

“လူ႔စိတ္သည္ သူ၏ အနာဂတ္ကို ပုံေဖာ္ေပးသည္” ဟု လွ်ိဳ႕ဝွက္ခ်က္ စာအုပ္ပါ ေရးသားခ်က္ကား ေသြးထြက္ေအာင္ မွန္လွသည္။

ေရာင္းအားမွာ က်ဆင္းလာၿပီး အေႂကြးမ်ားလည္း ပုံလာသည္။

အေရာင္းဘက္တြင္ အာ႐ုံစိုက္ရမည့္အစား ၿမိဳ႕လယ္ႏွင့္ အလွမ္းကြာေသာေနရာတြင္ ႀကီးမားသည့္ ႐ုံးခန္းႀကီး ငွားရမ္းဖြင့္လွစ္ျခင္းမ်ိဳး အပါအဝင္ ဆုံးျဖတ္ခ်က္ အမွားေပါင္း မ်ားစြာခ်မွတ္မိၿပီးေနာက္ ပီရာမွာ ေဒဝါလီခံခဲ့ရေတာ့၏။ ကုမၸဏီ ေဒဝါလီခံၿပီးေနာက္ပိုင္း ပီရာက လွ်ိဳ႕ဝွက္ခ်က္ စာအုပ္ပါ လမ္းၫြန္ခ်က္မ်ားအတိုင္း မူလ အမူအက်င့္မ်ားကို ျပန္လည္က်င့္သုံးေတာ့သည္။

ပီရာသည္ ေအာင္ျမင္မႈလမ္းေပၚ တဖန္ ျပန္ေရာက္လာ၏။

အေရာင္းအဝယ္မ်ား ျပန္ျဖစ္လာ၏။

ပီရာႏွင့္ အကြၽမ္းဝင္သည့္ ရင္းႏွီးျမႇဳပ္ႏွံသူတိုွ႔က ပီရာကို အိမ္ၿခံေျမ developer အျဖစ္ လုပ္ကိုင္ရန္ တိုက္တြန္းၾကသည္။

ေနာင္ႏွစ္အနည္းငယ္အၾကာတြင္ ပီရာသည္ ဖူးခက္တြင္ ေအာင္ျမင္ေနသည့္ အိမ္ၿခံေျမကုမၸဏီ မ်ားစြာကို တည္ေထာင္ႏိုင္ခဲ့သည္။

ယေန႔တြင္ကား ပီရာသည္ ကုမၸဏီေပါင္း ၁၉ ခုကို ပိုင္ဆိုင္ထားၿပီး ဝန္ထမ္းေပါင္း ၂၅၀ ေက်ာ္ျဖင့္ လည္ပတ္ေနသည္။

သူ၏ႂကြယ္ဝမႈမွာ ထိုင္းဘတ္ေငြျဖင့္ဆိုလွ်င္ ဘီလ်ံႏွင့္ခ်ီ၍ ႂကြယ္ဝသည္။

သူ၏ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားတြင္ အားကစားေလ့က်င့္ေရးကလပ္၊ ဥပေဒအတိုင္ပင္ခံ၊ သဘာဝဓာတ္ေငြ႕ဆိုင္ႏွင့္ ေကာ္ဖီဆိုင္လုပ္ငန္းမ်ားလည္း အပါအဝင္ ျဖစ္သည္။

ပီရာသည္ ယခုေနာက္ပိုင္းတြင္ သူ၏ လုပ္ငန္းမ်ားကို တစ္ကမာၻလုံးအတိုင္းအတာသို႔ ခ်ဲ႕ထြင္လာရာ နယူးေယာက္ႏွင့္ ေလာ့စ္အိန္ဂ်လိၿမိဳ႕ႀကီးမ်ားတြင္လည္း ေျခလွမ္းသစ္မ်ား အေကာင္အထည္ေဖာ္လာသည္။

ပီရာသည္ သူ၏ ဝန္ထမ္းမ်ားကို ေျမေအာက္ဂူမ်ားေလ့လာျခင္းကဲ့သို႔ စြန႔္စားသြားလာရသည့္ ခရီးစဥ္မ်ား မၾကာခဏ ပို႔ေဆာင္ေပးေလ့ရွိ၏။

ကမာၻ႔ေရးရာမ်ားစြာတြင္လည္း ပီရာက အကူအညီေပးမႈမ်ား မ်ားစြာ ျပဳလုပ္ေလ့ရွိသူ ျဖစ္သည္။

ဖူးခက္ေဒသခံ ကေလးငယ္မ်ားအတြက္ အခြင့္အလမ္းေကာင္းမ်ား ဖန္တီးေပးႏိုင္ရန္ ရည္႐ြယ္တည္ေထာင္ခဲ့သည့္ Phuket Has Been Good to Us အမည္ရွိ ေဖာင္ေဒးရွင္းအေပၚ ကူညီျခင္းမ်ားလည္း ပါဝင္သည္။ အဆိုပါေဖာင္ေဒးရွင္းသည္ ေဒသခံကေလးငယ္မ်ား အဂၤလိပ္စာ ကြၽမ္းက်င္ေစရန္ ကူညီေပးသည့္အဖြဲ႕ျဖစ္သည္။

ထိုင္းလူမ်ိဳးမ်ားသည္ ၎တို႔၏ ရင္ေသြးမ်ားကို အဂၤလိပ္စာ ထူးခြၽန္ေစလိုၿပီး အဂၤလိပ္စာသည္ ကေလးမ်ား ေအာင္ျမင္ေရးအတြက္ အဓိက ေသာ့တစ္ခုျဖစ္ေၾကာင္း ခံယူထားၾကသည္။

ပီရာသည္ Cool Earth ဟူေသာ အဖြဲ႕အတြက္ ရန္ပုံေငြ ရွာေဖြေပးသည့္အေနျဖင့္ အိႏၵိယေျမာက္ပိုင္းတြင္ ဆိုက္ကားနင္းခဲ့ဖူးသည္။

Cool Earth အဖြဲ႕သည္ ရာသီဥတုေျပာင္းလဲမႈ ရပ္တန႔္ေရးအတြက္ မိုးသစ္ေတာမ်ားကို အကာအကြယ္ေပးႏိုင္ရန္ ႀကိဳးပမ္းေနသည့္အဖြဲ႕ျဖစ္သည္။

ပီရာ ေနာက္ဆုံးတည္ေထာင္ခဲ့ေသာ ကုမၸဏီမွာ Success Events အမည္ရွိကုမၸဏီျဖစ္ၿပီး ကမာၻေက်ာ္ပုဂၢိဳလ္မ်ားက ၎တို႔၏ ေအာင္ျမင္မႈ လွ်ိဳ႕ဝွက္ခ်က္မ်ားကို ေဟာေျပာသည့္ ေဟာေျပာပြဲမ်ားစီစဥ္သည့္ ကုမၸဏီ ျဖစ္သည္။

အဆိုပါ ေဟာေျပာပြဲမ်ားတြင္ ပီရာ၏ စံျပပုဂၢိဳလ္၊ အေမရိက၏ နံပါတ္ ၁ ေရာင္းအားအေကာင္းဆုံး စာေရးဆရာ ဂ်က္ခ္ ကန္ဖီးလ္၊ မိုက္တိုင္ဆန္၊ မယ္စၾကၤာဝဠာ နာတာလီ ဂလီဗိုနာ အစရွိသူတို႔ အပါအဝင္ ကမာၻေက်ာ္မ်ားတက္ေရာက္ကာ ၎တို႔၏ ေအာင္ျမင္မႈ လွ်ိဳ႕ဝွက္ခ်က္မ်ားကို လမ္းျပၾကျခင္းျဖစ္သည္။

(မွတ္ခ်က္။ ဂ်က္ခ္ ကန္ဖီးလ္၏ စာအုပ္မ်ားကို စာေရးဆရာ ေဖျမင့္ (ယခု ျပန္ၾကားေရးဝန္ႀကီး) က ႏွလုံးသားအာဟာရ ရသစာမ်ားဟု ျမန္မာဘာသာသို႔ ျပန္ဆိုထုတ္ေဝခဲ့ရာတြင္လည္း မ်ားစြာ ေအာင္ျမင္ခဲ့သည္)

လူ႔ဘဝတြင္ လူတို႔ ရရွိထားသည့္ အေကာင္းဆုံးဘဝလက္ေဆာင္မြန္မွာ “မိမိကိုယ္ကိုယ္ ယုံၾကည္မႈ” ျဖစ္သည္ဟု ပီရာက ဆိုသည္။

အဆိုပါ “မိမိကိုယ္ကိုယ္ ယုံၾကည္မႈ” ရရွိလာေစရန္ Success Events က အေကာင္အထည္ေဖာ္ ႀကိဳးပမ္းေပးျခင္း ျဖစ္၏။

ပီရာသည္ ၎၏ ဘဝကို ေျပာင္းလဲေစခဲ့ေသာ လွ်ိဳ႕ဝွက္ခ်က္ စာအုပ္ကို documentary အျဖစ္ ျပန္လည္႐ိုက္ကူးထားသည့္ “The Secret” ႐ုပ္ရွင္တြင္ ပါဝင္ခဲ့သူ ေဒါက္တာ ဗိုက္တာလီႏွင့္ Success Events ၏ ပြဲမ်ားတြင္ ဆုံစည္းခဲ့ခ်ိန္တြင္ကား ဘဝကြင္းဆက္ ျပည့္သြားသည္ဟု ဆိုရမည္ ျဖစ္သည္။

ပီရာ၏ ဘဝျဖစ္သန္းရမႈမွာ အျခားသူတို႔ကို စိတ္ဓာတ္ခြန္အားေပးႏိုင္လိမ့္မည္ဟု ေဒါက္တာလီက ဆိုသည္။

သို႔ႏွင့္ ပီရာႏွင့္ ေဒါက္တာ ဗိုက္တာလီတို႔ ၂ ဦး ပူးေပါင္းကာ “အိမ္ရာမဲ့ဘဝမွ ဘီလ်ံနာဘဝသို႔- ဓနဆြဲငင္မႈ ဥပေဒသ ၁၈ ခ်က္ႏွင့္ အကန႔္သတ္မရွိေသာ အခြင့္အလမ္းမ်ား ဖန္တီးနည္း” ဟူေသာ စာအုပ္ကို ေရးသားခဲ့ၾကၿပီး ၂၀၁၉ ခုႏွစ္ ႏွစ္စပိုင္းတြင္ ထုတ္ေဝခဲ့ရာ Amazon.com ၏ ေရာင္းအားအေကာင္းဆုံး စာအုပ္တစ္အုပ္ ျဖစ္ခဲ့သည္။

ပီရာသည္ လုပ္ငန္းအတြက္ ခရီးသြားျခင္းႏွင့္ ဆြီဒင္ရွိ မိသားစုထံ သြားေရာက္လည္ပတ္ျခင္းမ်ားမွတစ္ပါး အခ်ိန္အမ်ားစုကို ထိုင္းႏိုင္ငံတြင္သာ ျဖတ္သန္းကုန္ဆုံးေနသည္။

ေလလြင့္ပ်က္စီးေနသည့္ အိမ္ရာမဲ့ဘဝတြင္ ေနထိုင္ခဲ့ရေသာ မိမိသည္ပင္လွ်င္ အနာဂတ္ကို ေျပာင္းလဲႏိုင္လွ်င္ အျခားသူမ်ားအားလုံးလည္း ေျပာင္းလဲႏိုင္ၾကသည္သာျဖစ္ေၾကာင္း ပီရာက ဆိုသည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႕) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးနိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္နွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ျပီး ျမန္မာႏိုင္ငံတဝွမ္းလံုးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ နွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္ရွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသံုးျပဳေနျပီး ျမန္မာတစ္ႏိုင္ငံလံုးတြင္ နံပါတ္(၁) လူသံုးအမ်ားဆံုး အိမ္ျခံေျမေရာင္း၀ယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၱေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစရွိေသာ ျမန္မာတစ္နိုင္ငံလံုးတြင္ရွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားအျပင္ ထိုင္း၊ စင္ကာပူ၊ မေလးရွား အစရွိေသာ ျပည္ပႏိုင္ငံမ်ားမွ အိမ္ျခံေျမစီမံကိန္းမ်ားကိုလည္း ေရာင္းခ်ေပးေနပါသည္။သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) နွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစံုစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်
စားသောက်နေစဉ်အချိန်အတွင်း ဖုန်းမသုံးသူများကို ဝိုင်တစ်ပုလင်း အခမဲ့တိုက်မည့် အီတလီက စားသောက်ဆိုင်...
စားသောက်နေစဉ်အချိန်အတွင်း ဖုန်းမသုံးသူများကို ဝိုင်တစ်ပုလင်း အခမဲ့တိုက်မည့် အီတလီက စားသောက်ဆိုင်...
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
thukha-garden-residence
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service