စရန္ေငြေပးၿပီးမွ ေရာင္းသူ အိမ္ေျမပုိင္ ကြယ္လြန္သြားလွ်င္

စရန္ေငြေပးၿပီးမွ ေရာင္းသူ အိမ္ေျမပုိင္ ကြယ္လြန္သြားလွ်င္ - Property Knowledge in Myanmar from iMyanmarHouse.com
14 Jan 2020 1:48 pm တွင် တင်ခဲ့သည်
1429 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

### Zawgyi Version ###

“တုိက္ခန္းတစ္ခန္းကုိ ႀကိဳပြိဳင့္၀ယ္ထားမိတယ္ ဆရာ”ဟု မိတ္ေဆြ တစ္ဦး၏ သားက စာေရးသူထံ လာ ေရာက္တုိင္ပင္ေဆြးေႏြးျခင္းျဖစ္သည္။

“ကန္ထ႐ုိက္ထြက္ေျပးသြားလုိ႔လား” ဟု စာေရးသူက သူ၏ စကားကုိ ျဖတ္၍ ေမးလုိက္မိသည္။

“ေျမပုိင္ရွင္က ကြယ္လြန္သြားလုိ႔ ေဆာက္လုပ္ေရးလုပ္ငန္း ေခတၱရပ္ေနတယ္”

“ေမာင္ရင္တုိ႔ ၀ယ္ထားတယ္ဆုိတဲ့ တုိက္ခန္းက ေျမပိုင္ရွင္အခ်ဳိးက်ရတဲ့ တုိက္ခန္းကုိ ၀ယ္ထားတာလား”

“မဟုတ္ဘူး ဆရာ။ ကၽြန္ေတာ္ ၀ယ္လုိက္တာက ကန္ထ႐ုိက္ရမယ့္ တုိက္ခန္းကုိ ၀ယ္လုိက္တာ ဆရာ”

“အေဆာက္အအုံ တုိက္တစ္တုိက္လုံးအေနနဲ႔ ဘယ္အတုိင္းအတာ ထိၿပီးသြားၿပီလဲ”

“ေျခာက္ထပ္ ေဆာက္မွာ ဆရာ၊ သုံးထပ္ကို အၾကမ္းထည္ပဲၿပီးေသးတယ္”

“အမွန္ကေတာ့ ေဆာက္လုပ္ေရး လုပ္ငန္းရပ္ဖုိ႔ မရွိဘူး။ ေျမပုိင္ရွင္နဲ႔ ဆုိင္တဲ့ ကိစၥေလ။ တစ္ခုေတာ့ရွိတယ္။ အေမြကိစၥေတြမ်ား ရွိလာလို႔လား”

“ကန္ထ႐ုိက္တာကို သြားေမးၾကည့္ေတာ့ ေျမအမည္ေပါက္ေျပာင္းရမယ့္ ကိစၥေလးေတြရွိလုိ႔ ေခတၱရပ္ထားတာ လုိ႔ ေျပာပါတယ္။ ဒါက ျဖစ္ ႏုိင္ပါသလား ဆရာ”

“ေျမအမည္ေပါက္ေျပာင္းတဲ့ ကိစၥက သီးျခားကိစ္ၥျဖစ္တယ္။ ေျမအမည္ေပါက္ ေျပာင္းဖုိ႔ ေဆာင္ရြက္ ေနစဥ္ ကာလမွာ ေဆာက္လုပ္ေရး လုပ္ငန္းရပ္ဆုိင္းထားရမယ္လုိ႔ေတာ့ ျပ႒ာန္းထားတာ မေတြ႕မိဘူး”

“သမီးႀကီးျဖစ္သူက ေျမရွင္ မိခင္ရဲ႕ ကိုယ္စားလွယ္လႊဲစာရယူထား သူဆုိေတာ့ သူက ဆက္လုပ္လုိ႔ရတယ္ မဟုတ္လား”

“ကုိယ္စားလွယ္လႊဲစာဆုိတာက ေပးအပ္သူ ဒါမွမဟုတ္ လက္ခံသူ တစ္ဦးဦး ကြယ္လြန္ေသဆုံးသြားရင္ အဲဒီကုိယ္စားလွယ္လႊဲစာကလည္း ေသဆုံးသြားၿပီ ျဖစ္တယ္။ တစ္နည္းအားျဖင့္ ကုိယ္စားလွယ္လႊဲစာရသူအေန နဲ႔ လုပ္ငန္းဆက္လက္ ေဆာင္ရြက္ခြင့္ မရွိေတာ့ပါဘူး။ အခုကိစၥမွာ ကိုယ္စားလွယ္လႊဲသူ ေျမပုိင္ ရွင္မိခင္ ကြယ္လြန္သြားတဲ့အတြက္ သူ႔ကုိယ္စားသမီးျဖစ္သူက ေဆာင္ ရြက္ခြင့္ မရွိေတာ့ပါဘူး”

“ဒါဆုိရင္ ဘယ္လိုဆက္လက္ ေဆာင္ရြက္ရမလဲ ဆရာ။ ဥပေဒက ဘယ္လုိရွိပါသလဲ”

“ကြယ္လြန္သြားတဲ့ ေျမပုိင္ရွင္ မိခင္ႀကီးမွာ လင္ေယာက်္ားခင္ပြန္း ရွိပါေသးလား”

“ဖခင္ႀကီးက မိခင္ထက္ေစာၿပီး ကြယ္လြန္သြားတာၾကာၿပီလုိ႔ ေျပာပါတယ္”

“ဒါဆုိရင္ ေမာင္ႏွမသားခ်င္း ေတြရွိမွာေပါ့”

“ဟုတ္ကဲ့ ဆရာ၊ ကၽြန္ေတာ္ စုံစမ္းေမးျမန္းၾကည့္ေတာ့ ေမာင္ႏွမ ငါးဦးရွိတယ္ ေျပာတယ္”

“အုိး အေတာ္မ်ားတယ္ ေျပာရမယ္။ အခုကိစ္ၥက ေမာင္ႏွမ ငါးဦး အေမြကိစၥေပၚလာၿပီ ထင္တယ္”

“ေမာင္ျဖစ္သူတစ္ေယာက္က ကန္႔ကြက္ထားသလုိေတာ့ ၾကားတယ္”

“ျဖစ္ႏုိင္ပါတယ္။ ေဆာက္လုပ္ေရး လုပ္ငန္းခြင္ပါ ရပ္ဆုိင္းသြားတယ္ ဆုိေတာ့ တစ္ဦးတစ္ေယာက္က ၿမိဳ႕ ေတာ္ စည္ပင္သာယာေရး ေကာ္မတီ အင္ဂ်င္နီယာဌာနကို ကန္႔ကြက္စာ တင္လုိက္လုိ႔ျဖစ္မယ္”

“သူတုိ႔ ပုိင္ရွင္ကေတာ့ ကိစၥမရွိဘူး။ ကၽြန္ေတာ္တုိ႔က ထုိင္ေစာင့္ေန ရမွာလား ဆရာ”

“အခု အေျခအေနကေတာ့ အဲဒီလုိျဖစ္ေနတာေပါ့။ ေတာ္ေသးတာက ေငြအေၾကမေခ်ရေသးတာပဲ”

“ကၽြန္ေတာ္က သုံးလႊာမွာ ၀ယ္ထားတာဆုိေတာ့ ကန္ထ႐ုိက္တာက တတိယအရစ္ေပးဖုိ႔ ေတာင္းေနတာ ဆရာ”

“ဘာပဲျဖစ္ျဖစ္ တုိက္ခန္း၀ယ္ထားသူအေနနဲ႔ေတာ့ အနည္းနဲ႔အမ်ား နစ္နာမႈေတာ့ ျဖစ္သြားၿပီေပါ့။ ေမာင္ႏွမ ငါးဦး အညီအမွ်ေျပလည္သြားဖုိ႔ လုိပါတယ္။ အဲဒါကုိ အျမန္ဆုံး တုိက္တြန္းၾကည့္ၾကရမွာျဖစ္တယ္။ ေျမပုိင္ ဆုိင္မႈ ကိစၥမွာ ဥပေဒသေဘာအရေတာ့ ေျမပုိင္ရွင္အျဖစ္ အေမြစား အေမြခံငါးဦးက ဆက္ခံေၾကာင္း က်မ္းက်ိန္ လႊာနဲ႔အတူ ေျမပုံကူးရမယ္။ အေမြဆက္ခံပုိင္ဆုိင္ေၾကာင္း မွတ္ပုံတင္စာခ်ဳပ္ျပဳလုပ္ကာ ေျမအမည္ေျပာင္း ေဆာင္ရြက္ရမွာ ျဖစ္တယ္”

“ဒါေတြကုိ ကန္ထ႐ုိက္က လုပ္ေပးရမွာေပါ့ ဆရာ”

“ထုံးစံကေတာ့ ကန္ထ႐ုိက္တာက ဆက္လက္ေဆာင္ရြက္ေပးတာမ်ဳိး ရွိပါတယ္။

“ကၽြန္ေတာ့္ သူငယ္ခ်င္းတစ္ဦးက ေျမရွင္ရပုိင္ခြင့္ရွိတဲ့ တုိက္ခန္းေလးလႊာကုိ ၀ယ္လုိက္တာ ဆရာ။ သူက ေျမရွင္ကို ေငြေခ်ရတာဆုိေတာ့ အခု မိခင္ႀကီးကြယ္လြန္သြားၿပီ။ ဘယ္သူ႔ကုိ ဆက္ေပးရမွာလဲ ဆရာ”

“လက္ရွိ အေျခအေနအရေတာ့ ေခတၱၿငိမ္ေနတာ ေကာင္းပါတယ္”

“ဒါေပမယ့္ ဆရာ၊ ၿပီးခဲ့တာ သုံးရက္ခန္႔က အစ္မႀကီးျဖစ္သူက ကၽြန္ေတာ္သူငယ္ခ်င္းထံကို ဖုန္းဆက္ၿပီး က်န္ေငြထဲက တစ္စိတ္တစ္ပိုင္းေပးဖုိ႔ ေတာင္းဆုိေနလုိ႔ပါ ဆရာ”

“ေပးလုိက္ၿပီလား”

“မေပးျဖစ္ဘူး ဆရာ။ အေမြ ကိစၥျဖစ္လာႏုိင္တယ္ဆုိၿပီး မေပးလုိက္ဘူး ဆရာ။ ဥပေဒအရ ဘယ္သူ႔မွာ တာ၀န္ရွိပါသလဲ”

ဥပေဒအရ ေျပာရမယ္ဆုိရင္ ပဋိညာဥ္အက္ဥပေဒပုဒ္မ - ၄၀ မွာ ပဋိညာဥ္တြင္ ကတိျပဳသူကုိယ္တုိင္ျဖစ္ေစ ၎က အျခားသူအား ေဆာင္ရြက္ေစျခင္းျဖင့္ျဖစ္ေစ ကတိအတုိင္း ေဆာင္ရြက္ႏုိင္သည္။ ထုိကတိအတုိင္း ေဆာင္ရြက္ရမည့္အခ်ိန္မတုိင္မီကတိျပဳသူ ေသဆုံးသြားလွ်င္ ထုိသူ၏ အခြင့္အေရးကုိ ဆက္ခံသူမ်ားသည္ ကတိအတုိင္း ေဆာင္ရြက္ရ မည္လုိ႔ ျပ႒ာန္းထားတယ္။ ဒါေၾကာင့္ အခုကိစၥမွာလည္း မိခင္ျဖစ္သူေျမရွင္နဲ႔ ကတိစာခ်ဳပ္ခ်ဳပ္ဆုိထားတဲ့အခါ ကတိျပဳသူ ေျမရွင္ ဒါမွမဟုတ္ ကတိျပဳသူက ၎ကုိယ္စား ေဆာင္ရြက္ ခြင့္ျပဳထားတဲ့ သမီးႀကီးတုိ႔က ေျမရွင္ ကြယ္လြန္သြားတဲ့အတြက္ ကတိအတုိင္း ဆက္လက္ေဆာင္ရြက္ႏုိင္ျခင္း မရွိျဖစ္သြားတယ္။ လုပ္ငန္းေဆာင္ ရြက္မၿပီးမီ ကတိျပဳသူ ေျမရွင္ ကြယ္လြန္တာေၾကာင့္ က်န္ရွိတဲ့ လုပ္ငန္း ကုိ အေမြဆက္ခံတဲ့ သားသမီး ငါးဦးက ဆက္လက္ေဆာင္ရြက္သြားရမွာ ျဖစ္ပါတယ္”

“ဒါဆုိရင္ ေငြေပးရင္လည္း အေမြဆက္ခံတဲ့ သားသမီး ငါးဦးလုံး လက္မွတ္ပါမွ ေပးရမွာေပါ့ ဆရာ”

“ဟုတ္ပါတယ္။ ဒါမွ ၀ယ္သူအေနနဲ႔ တရား၀င္ပုိင္ဆုိင္ႏုိင္မွာ ျဖစ္တယ္။ ရွင္းေအာင္ေျပာရရင္ ဦးေအာင္ခင္ (ကြယ္လြန္သူ ေဒၚမမခင္၏ တရား၀င္ကုိယ္စားလွယ္) ႏွင့္ ေဒၚၿမိဳင္ပါ (၂)၊ ၁၉၉၃ ခုႏွစ္ ျမန္မာႏုိင္ငံ တရား စီရင္ထုံး စာမ်က္ႏွာ ၈၉ အမႈမွာ အိမ္ေျမေရာင္းသူက စရန္ေငြ လက္ခံၿပီး ကြယ္လြန္ခဲ့လွ်င္ ေရာင္းသူ၏ အေမြဆက္ခံသူ တရား၀င္ ကုိယ္စားလွယ္အေပၚ တရားစြဲဆုိ၍ ပဋိညာဥ္အတုိင္း ဆက္လက္ေရာင္းခ်ရန္ ေတာင္းဆုိႏုိင္ေၾကာင္း ဆုံးျဖတ္ထားပါတယ္။ ဒါေၾကာင့္ ယခုကိစၥမွာလည္း ေျမရွင္ရဲ႕ အေမြဆက္ခံသူသား သမီး ငါးဦးအေပၚ အေဆာက္အအုံ ဆက္လက္ေဆာက္ရန္ ေတာင္းဆုိခြင့္ ရွိမွာျဖစ္ပါတယ္”လုိ႔ ရွင္းျပေဆြးေႏြး လုိက္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

### Unicode Version ###

“တိုက်ခန်းတစ်ခန်းကို ကြိုပွိုင့်ဝယ်ထားမိတယ် ဆရာ”ဟု မိတ်ဆွေ တစ်ဦး၏ သားက စာရေးသူထံ လာ ရောက်တိုင်ပင်ဆွေးနွေးခြင်းဖြစ်သည်။

“ကန်ထရိုက်ထွက်ပြေးသွားလို့လား” ဟု စာရေးသူက သူ၏ စကားကို ဖြတ်၍ မေးလိုက်မိသည်။

“မြေပိုင်ရှင်က ကွယ်လွန်သွားလို့ ဆောက်လုပ်ရေးလုပ်ငန်း ခေတ္တရပ်နေတယ်”

“မောင်ရင်တို့ ဝယ်ထားတယ်ဆိုတဲ့ တိုက်ခန်းက မြေပိုင်ရှင်အချိုးကျရတဲ့ တိုက်ခန်းကို ဝယ်ထားတာလား”

“မဟုတ်ဘူး ဆရာ။ ကျွန်တော် ဝယ်လိုက်တာက ကန်ထရိုက်ရမယ့် တိုက်ခန်းကို ဝယ်လိုက်တာ ဆရာ”

“အဆောက်အအုံ တိုက်တစ်တိုက်လုံးအနေနဲ့ ဘယ်အတိုင်းအတာ ထိပြီးသွားပြီလဲ”

“ခြောက်ထပ် ဆောက်မှာ ဆရာ၊ သုံးထပ်ကို အကြမ်းထည်ပဲပြီးသေးတယ်”

“အမှန်ကတော့ ဆောက်လုပ်ရေး လုပ်ငန်းရပ်ဖို့ မရှိဘူး။ မြေပိုင်ရှင်နဲ့ ဆိုင်တဲ့ ကိစ္စလေ။ တစ်ခုတော့ရှိတယ်။ အမွေကိစ္စတွေများ ရှိလာလို့လား”

“ကန်ထရိုက်တာကို သွားမေးကြည့်တော့ မြေအမည်ပေါက်ပြောင်းရမယ့် ကိစ္စလေးတွေရှိလို့ ခေတ္တရပ်ထားတာ လို့ ပြောပါတယ်။ ဒါက ဖြစ် နိုင်ပါသလား ဆရာ”

“မြေအမည်ပေါက်ပြောင်းတဲ့ ကိစ္စက သီးခြားကိစ်္စဖြစ်တယ်။ မြေအမည်ပေါက် ပြောင်းဖို့ ဆောင်ရွက် နေစဉ် ကာလမှာ ဆောက်လုပ်ရေး လုပ်ငန်းရပ်ဆိုင်းထားရမယ်လို့တော့ ပြဋ္ဌာန်းထားတာ မတွေ့မိဘူး”

“သမီးကြီးဖြစ်သူက မြေရှင် မိခင်ရဲ့ ကိုယ်စားလှယ်လွှဲစာရယူထား သူဆိုတော့ သူက ဆက်လုပ်လို့ရတယ် မဟုတ်လား”

“ကိုယ်စားလှယ်လွှဲစာဆိုတာက ပေးအပ်သူ ဒါမှမဟုတ် လက်ခံသူ တစ်ဦးဦး ကွယ်လွန်သေဆုံးသွားရင် အဲဒီကိုယ်စားလှယ်လွှဲစာကလည်း သေဆုံးသွားပြီ ဖြစ်တယ်။ တစ်နည်းအားဖြင့် ကိုယ်စားလှယ်လွှဲစာရသူအနေ နဲ့ လုပ်ငန်းဆက်လက် ဆောင်ရွက်ခွင့် မရှိတော့ပါဘူး။ အခုကိစ္စမှာ ကိုယ်စားလှယ်လွှဲသူ မြေပိုင် ရှင်မိခင် ကွယ်လွန်သွားတဲ့အတွက် သူ့ကိုယ်စားသမီးဖြစ်သူက ဆောင် ရွက်ခွင့် မရှိတော့ပါဘူး”

“ဒါဆိုရင် ဘယ်လိုဆက်လက် ဆောင်ရွက်ရမလဲ ဆရာ။ ဥပဒေက ဘယ်လိုရှိပါသလဲ”

“ကွယ်လွန်သွားတဲ့ မြေပိုင်ရှင် မိခင်ကြီးမှာ လင်ယောကျ်ားခင်ပွန်း ရှိပါသေးလား”

“ဖခင်ကြီးက မိခင်ထက်စောပြီး ကွယ်လွန်သွားတာကြာပြီလို့ ပြောပါတယ်”

“ဒါဆိုရင် မောင်နှမသားချင်း တွေရှိမှာပေါ့”

“ဟုတ်ကဲ့ ဆရာ၊ ကျွန်တော် စုံစမ်းမေးမြန်းကြည့်တော့ မောင်နှမ ငါးဦးရှိတယ် ပြောတယ်”

“အိုး အတော်များတယ် ပြောရမယ်။ အခုကိစ်္စက မောင်နှမ ငါးဦး အမွေကိစ္စပေါ်လာပြီ ထင်တယ်”

“မောင်ဖြစ်သူတစ်ယောက်က ကန့်ကွက်ထားသလိုတော့ ကြားတယ်”

“ဖြစ်နိုင်ပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်ပါ ရပ်ဆိုင်းသွားတယ် ဆိုတော့ တစ်ဦးတစ်ယောက်က မြို့ တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာနကို ကန့်ကွက်စာ တင်လိုက်လို့ဖြစ်မယ်”

“သူတို့ ပိုင်ရှင်ကတော့ ကိစ္စမရှိဘူး။ ကျွန်တော်တို့က ထိုင်စောင့်နေ ရမှာလား ဆရာ”

“အခု အခြေအနေကတော့ အဲဒီလိုဖြစ်နေတာပေါ့။ တော်သေးတာက ငွေအကြေမချေရသေးတာပဲ”

“ကျွန်တော်က သုံးလွှာမှာ ဝယ်ထားတာဆိုတော့ ကန်ထရိုက်တာက တတိယအရစ်ပေးဖို့ တောင်းနေတာ ဆရာ”

“ဘာပဲဖြစ်ဖြစ် တိုက်ခန်းဝယ်ထားသူအနေနဲ့တော့ အနည်းနဲ့အများ နစ်နာမှုတော့ ဖြစ်သွားပြီပေါ့။ မောင်နှမ ငါးဦး အညီအမျှပြေလည်သွားဖို့ လိုပါတယ်။ အဲဒါကို အမြန်ဆုံး တိုက်တွန်းကြည့်ကြရမှာဖြစ်တယ်။ မြေပိုင် ဆိုင်မှု ကိစ္စမှာ ဥပဒေသဘောအရတော့ မြေပိုင်ရှင်အဖြစ် အမွေစား အမွေခံငါးဦးက ဆက်ခံကြောင်း ကျမ်းကျိန် လွှာနဲ့အတူ မြေပုံကူးရမယ်။ အမွေဆက်ခံပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ်ပြုလုပ်ကာ မြေအမည်ပြောင်း ဆောင်ရွက်ရမှာ ဖြစ်တယ်”

“ဒါတွေကို ကန်ထရိုက်က လုပ်ပေးရမှာပေါ့ ဆရာ”

“ထုံးစံကတော့ ကန်ထရိုက်တာက ဆက်လက်ဆောင်ရွက်ပေးတာမျိုး ရှိပါတယ်။

“ကျွန်တော့် သူငယ်ချင်းတစ်ဦးက မြေရှင်ရပိုင်ခွင့်ရှိတဲ့ တိုက်ခန်းလေးလွှာကို ဝယ်လိုက်တာ ဆရာ။ သူက မြေရှင်ကို ငွေချေရတာဆိုတော့ အခု မိခင်ကြီးကွယ်လွန်သွားပြီ။ ဘယ်သူ့ကို ဆက်ပေးရမှာလဲ ဆရာ”

“လက်ရှိ အခြေအနေအရတော့ ခေတ္တငြိမ်နေတာ ကောင်းပါတယ်”

“ဒါပေမယ့် ဆရာ၊ ပြီးခဲ့တာ သုံးရက်ခန့်က အစ်မကြီးဖြစ်သူက ကျွန်တော်သူငယ်ချင်းထံကို ဖုန်းဆက်ပြီး ကျန်ငွေထဲက တစ်စိတ်တစ်ပိုင်းပေးဖို့ တောင်းဆိုနေလို့ပါ ဆရာ”

“ပေးလိုက်ပြီလား”

“မပေးဖြစ်ဘူး ဆရာ။ အမွေ ကိစ္စဖြစ်လာနိုင်တယ်ဆိုပြီး မပေးလိုက်ဘူး ဆရာ။ ဥပဒေအရ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ”

ဥပဒေအရ ပြောရမယ်ဆိုရင် ပဋိညာဉ်အက်ဥပဒေပုဒ်မ - ၄၀ မှာ ပဋိညာဉ်တွင် ကတိပြုသူကိုယ်တိုင်ဖြစ်စေ ၎င်းက အခြားသူအား ဆောင်ရွက်စေခြင်းဖြင့်ဖြစ်စေ ကတိအတိုင်း ဆောင်ရွက်နိုင်သည်။ ထိုကတိအတိုင်း ဆောင်ရွက်ရမည့်အချိန်မတိုင်မီကတိပြုသူ သေဆုံးသွားလျှင် ထိုသူ၏ အခွင့်အရေးကို ဆက်ခံသူများသည် ကတိအတိုင်း ဆောင်ရွက်ရ မည်လို့ ပြဋ္ဌာန်းထားတယ်။ ဒါကြောင့် အခုကိစ္စမှာလည်း မိခင်ဖြစ်သူမြေရှင်နဲ့ ကတိစာချုပ်ချုပ်ဆိုထားတဲ့အခါ ကတိပြုသူ မြေရှင် ဒါမှမဟုတ် ကတိပြုသူက ၎င်းကိုယ်စား ဆောင်ရွက် ခွင့်ပြုထားတဲ့ သမီးကြီးတို့က မြေရှင် ကွယ်လွန်သွားတဲ့အတွက် ကတိအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိဖြစ်သွားတယ်။ လုပ်ငန်းဆောင် ရွက်မပြီးမီ ကတိပြုသူ မြေရှင် ကွယ်လွန်တာကြောင့် ကျန်ရှိတဲ့ လုပ်ငန်း ကို အမွေဆက်ခံတဲ့ သားသမီး ငါးဦးက ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်”

“ဒါဆိုရင် ငွေပေးရင်လည်း အမွေဆက်ခံတဲ့ သားသမီး ငါးဦးလုံး လက်မှတ်ပါမှ ပေးရမှာပေါ့ ဆရာ”

“ဟုတ်ပါတယ်။ ဒါမှ ဝယ်သူအနေနဲ့ တရားဝင်ပိုင်ဆိုင်နိုင်မှာ ဖြစ်တယ်။ ရှင်းအောင်ပြောရရင် ဦးအောင်ခင် (ကွယ်လွန်သူ ဒေါ်မမခင်၏ တရားဝင်ကိုယ်စားလှယ်) နှင့် ဒေါ်မြိုင်ပါ (၂)၊ ၁၉၉၃ ခုနှစ် မြန်မာနိုင်ငံ တရား စီရင်ထုံး စာမျက်နှာ ၈၉ အမှုမှာ အိမ်မြေရောင်းသူက စရန်ငွေ လက်ခံပြီး ကွယ်လွန်ခဲ့လျှင် ရောင်းသူ၏ အမွေဆက်ခံသူ တရားဝင် ကိုယ်စားလှယ်အပေါ် တရားစွဲဆို၍ ပဋိညာဉ်အတိုင်း ဆက်လက်ရောင်းချရန် တောင်းဆိုနိုင်ကြောင်း ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် ယခုကိစ္စမှာလည်း မြေရှင်ရဲ့ အမွေဆက်ခံသူသား သမီး ငါးဦးအပေါ် အဆောက်အအုံ ဆက်လက်ဆောက်ရန် တောင်းဆိုခွင့် ရှိမှာဖြစ်ပါတယ်”လို့ ရှင်းပြဆွေးနွေး လိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
area-one-business-complex
shwe-hninsi

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service