ဂရမ္မီဆုေပါင္း ၂၀ ႏွင့္ ေအာ္စကာဆုမ်ား ရရွိထားသူ ကမၻာေက်ာ္ေတးသံရွင္ Bruce Springteen ၏ နယူးဂ်ာစီျပည္နယ္ စံအိမ္ ကန္ေဒၚလာ ၃ ဒသမ ၂ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ    

ဂရမ္မီဆုေပါင္း ၂၀ ႏွင့္ ေအာ္စကာဆုမ်ား ရရွိထားသူ ကမၻာေက်ာ္ေတးသံရွင္ Bruce Springteen ၏ နယူးဂ်ာစီျပည္နယ္ စံအိမ္ ကန္ေဒၚလာ ၃ ဒသမ ၂ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ     - Property News in Myanmar from iMyanmarHouse.com
13 Dec 2019 12:20 pm တွင် တင်ခဲ့သည်
1043 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

Bruce Springteen ၏ အမည္ရင္းမွာ ဘရုစ္ ဖရက္ဒရစ္ ဂ်ဳိးဆက္ဖ္ စပရင္တင္းျဖစ္ျပီး ၁၉၄၉ ခုႏွစ္၊ စက္တင္ဘာ ၂၃ ရက္တြင္ ေမြးဖြားကာ အေမရိကန္ အဆိုေတာ္၊ ေတးေရးတစ္ဦးျဖစ္ကာ E Street Band တီးဝိုင္း၏ ေခါင္းေဆာင္တစ္ဦးလည္း ျဖစ္သည္။

၁၉၇၅ ခုႏွစ္တြင္ ထုတ္လုပ္ခဲ့ေသာ Born to run အယ္လ္ဘမ္ျဖင့္ ကမၻာေက်ာ္သည္။

သူ၏ ေတးသီခ်င္းစာသားမ်ားတြင္ အမ်ားအားျဖင့္ အေမရိကန္အလုပ္သမားလူတန္းစား၏ ေတြ႔ၾကံဳရမႈမ်ား၊ ရုန္းကန္ရမႈမ်ားကို လွစ္ဟ ျပသေလ့ရွိသည္။

စပရင္တင္းသည္ အေမရိကန္ျပည္တြင္ ယေန႔အခ်ိန္ထိ ေတးအယ္လ္ဘမ္ေပါင္း ၆၄ သန္းေက်ာ္ ေရာင္းခ်ထားရျပီး ကမၻာတစ္ဝန္းတြင္ ၁၃၅ သန္းေက်ာ္ ေရာင္းခ်ထားရျပီးျဖစ္ကာ ကမၻာ့အေရာင္းရဆံုးဂီတအႏုပညာရွင္မ်ားတြင္ တစ္ဦးအပါအဝင္ ျဖစ္သည္။

ဂီတသက္တမ္းတစ္ေလွ်ာက္ ဆုေပါင္းမ်ားစြာရရွိခဲ့ရာ ဂရမ္မီဆု ၂၀၊ ေရႊကမၻာလံုးဆု ၂ ခု၊ ေအာ္စကာဆု ၁ ခုႏွင့္ Tony Award ဆု ၁ ခုတို႔လည္း ပါဝင္သည္။

၂၀၁၆ ခုႏွစ္တြင္ အေမရိကန္သမၼတ ဘားရက္အုိဘားမားက Bruce Springteen ကို Presidential Medal of Freedom ဆု ခ်ီးျမွင့္ခဲ့သည္။

ယခုအခါ Bruce Springteen က အေမရိကန္ျပည္ေထာင္စု၊ နယူးဂ်ာစီျပည္နယ္ရွိ စံအိမ္ကို ကန္ေဒၚလာ ၃ ဒသမ ၂ သန္းျဖင့္ ေစ်းကြက္တင္လာသည္။

စံအိမ္တည္ေနရာမွာ နယူးဂ်ာစီျပည္နယ္၊ ရမ္ဆန္ျမိဳ႕၊ Bellevue Ave လမ္း၊ အမွတ္ ၃၆ တြင္ တည္ရွိသည္။

ဘရုစ္ စပရင္တင္းကို the Boss ဟုလည္း ေခၚၾကသည္။

အဆိုပါစံအိမ္ကို အေရာင္းေစ်းကြက္တြင္ ေစ်းကြက္တင္ကာ ေရာင္းခ်ခဲ့ျခင္းမဟုတ္ေခ်။ စပရင္တင္းႏွင့္ ဇနီးျဖစ္သူ ပက္တီ စီယယ္လ္ဖာတို႔က အဆိုပါေနအိမ္တြင္ ရင္ေသြး ၃ ဦးကို ျပဳစုပ်ဳိးေထာင္ခဲ့ၾကသည္။

“Born in the USA လို႔ အမည္ေပးထားတဲ့ ဂီတေဖ်ာ္ေျဖပြဲၾကီးမတိုင္ခင္ေလး (၁၉၈၃ ခုႏွစ္) မွာ ရီပတ္ဘလီကန္ပါတီရဲ႕ အမာခံနယ္ေျမျဖစ္တဲ့ နယူးဂ်ာစီျပည္နယ္၊ ရမ္ဆန္ျမိဳ႕ေလးမွာ ကၽြန္ေတာ္ေနအိမ္တစ္လံုးဝယ္ခဲ့ပါတယ္။ ”ဟု စပရင္တင္းက သူ၏ ကိုယ္တိုင္ေရးအတၳဳပၸတၱိစာအုပ္ျဖစ္ေသာ Born to run စာအုပ္တြင္ စံအိမ္အေၾကာင္း ထည့္သြင္းေရးသားခဲ့ဖူးသည္။

ဘရုစ္ စပရင္တင္း၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ သန္း ၃၀၀ ခန္႔ျဖစ္ျပီး ႏွစ္စဥ္ဝင္ေငြမွာ ကန္ေဒၚလာ သန္း ၈၀ ခန္႔ရွိသည္ဟု ခန္႔မွန္းၾကသည္။

စပရင္တင္း၏ ဂီတခရီးတြင္ အမ်ားစုမွာ E Street Band တီးဝိုင္းျဖင့္ ျဖတ္သန္းခဲ့ျခင္းျဖစ္ျပီး ဇနီးျဖစ္သူ ပက္တီ စီယယ္လ္ဖာသည္လည္း အဆိုပါတီးဝိုင္းတြင္ ပါဝင္ခဲ့ဖူးသည္။

၎တို႔ႏွစ္ဦးသည္ ၁၉၉၁ ခုႏွစ္တြင္ လက္ထပ္ခဲ့ၾကျပီး အီဗန္ ဂ်ိမ္းစ္ စပရင္တင္း၊ ဂ်က္ဆီကာ ေရ႕ စပရင္တင္းႏွင့္ ဆင္ျမဴရယ္ ရိုင္ယန္ စပရင္တင္းဟူေသာ ရင္ေသြး ၃ ဦး ထြန္းကားသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

Bruce Springteen ၏ အမည်ရင်းမှာ ဘရုစ် ဖရက်ဒရစ် ဂျိုးဆက်ဖ် စပရင်တင်းဖြစ်ပြီး ၁၉၄၉ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်တွင် မွေးဖွားကာ အမေရိကန် အဆိုတော်၊ တေးရေးတစ်ဦးဖြစ်ကာ E Street Band တီးဝိုင်း၏ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။

၁၉၇၅ ခုနှစ်တွင် ထုတ်လုပ်ခဲ့သော Born to run အယ်လ်ဘမ်ဖြင့် ကမ္ဘာကျော်သည်။

သူ၏ တေးသီချင်းစာသားများတွင် အများအားဖြင့် အမေရိကန်အလုပ်သမားလူတန်းစား၏ တွေ့ကြုံရမှုများ၊ ရုန်းကန်ရမှုများကို လှစ်ဟ ပြသလေ့ရှိသည်။

စပရင်တင်းသည် အမေရိကန်ပြည်တွင် ယနေ့အချိန်ထိ တေးအယ်လ်ဘမ်ပေါင်း ၆၄ သန်းကျော် ရောင်းချထားရပြီး ကမ္ဘာတစ်ဝန်းတွင် ၁၃၅ သန်းကျော် ရောင်းချထားရပြီးဖြစ်ကာ ကမ္ဘာ့အရောင်းရဆုံးဂီတအနုပညာရှင်များတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

ဂီတသက်တမ်းတစ်လျှောက် ဆုပေါင်းများစွာရရှိခဲ့ရာ ဂရမ်မီဆု ၂၀၊ ရွှေကမ္ဘာလုံးဆု ၂ ခု၊ အော်စကာဆု ၁ ခုနှင့် Tony Award ဆု ၁ ခုတို့လည်း ပါဝင်သည်။

၂၀၁၆ ခုနှစ်တွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက Bruce Springteen ကို Presidential Medal of Freedom ဆု ချီးမြှင့်ခဲ့သည်။

ယခုအခါ Bruce Springteen က အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်ရှိ စံအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၂ သန်းဖြင့် ဈေးကွက်တင်လာသည်။

စံအိမ်တည်နေရာမှာ နယူးဂျာစီပြည်နယ်၊ ရမ်ဆန်မြို့၊ Bellevue Ave လမ်း၊ အမှတ် ၃၆ တွင် တည်ရှိသည်။ ဘရုစ် စပရင်တင်းကို the Boss ဟုလည်း ခေါ်ကြသည်။

အဆိုပါစံအိမ်ကို အရောင်းဈေးကွက်တွင် ဈေးကွက်တင်ကာ ရောင်းချခဲ့ခြင်းမဟုတ်ချေ။ စပရင်တင်းနှင့် ဇနီးဖြစ်သူ ပက်တီ စီယယ်လ်ဖာတို့က အဆိုပါနေအိမ်တွင် ရင်သွေး ၃ ဦးကို ပြုစုပျိုးထောင်ခဲ့ကြသည်။

“Born in the USA လို့ အမည်ပေးထားတဲ့ ဂီတဖျော်ဖြေပွဲကြီးမတိုင်ခင်လေး (၁၉၈၃ ခုနှစ်) မှာ ရီပတ်ဘလီကန်ပါတီရဲ့ အမာခံနယ်မြေဖြစ်တဲ့ နယူးဂျာစီပြည်နယ်၊ ရမ်ဆန်မြို့လေးမှာ ကျွန်တော်နေအိမ်တစ်လုံးဝယ်ခဲ့ပါတယ်။ ”ဟု စပရင်တင်းက သူ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်ဖြစ်သော Born to run စာအုပ်တွင် စံအိမ်အကြောင်း ထည့်သွင်းရေးသားခဲ့ဖူးသည်။

ဘရုစ် စပရင်တင်း၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၃၀၀ ခန့်ဖြစ်ပြီး နှစ်စဉ်ဝင်ငွေမှာ ကန်ဒေါ်လာ သန်း ၈၀ ခန့်ရှိသည်ဟု ခန့်မှန်းကြသည်။

စပရင်တင်း၏ ဂီတခရီးတွင် အများစုမှာ E Street Band တီးဝိုင်းဖြင့် ဖြတ်သန်းခဲ့ခြင်းဖြစ်ပြီး ဇနီးဖြစ်သူ ပက်တီ စီယယ်လ်ဖာသည်လည်း အဆိုပါတီးဝိုင်းတွင် ပါဝင်ခဲ့ဖူးသည်။

၎င်းတို့နှစ်ဦးသည် ၁၉၉၁ ခုနှစ်တွင် လက်ထပ်ခဲ့ကြပြီး အီဗန် ဂျိမ်းစ် စပရင်တင်း၊ ဂျက်ဆီကာ ရေ့ စပရင်တင်းနှင့် ဆင်မြူရယ် ရိုင်ယန် စပရင်တင်းဟူသော ရင်သွေး ၃ ဦး ထွန်းကားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service