အျဖစ္ကမနွစ္ကနဲ႕မတူ အိမ္ျခံေျမဝယ္နည္းအဆန္းပါေနာ္

အျဖစ္ကမနွစ္ကနဲ႕မတူ အိမ္ျခံေျမဝယ္နည္းအဆန္းပါေနာ္ - Property Knowledge in Myanmar from iMyanmarHouse.com
27 Nov 2019 1:52 pm တွင် တင်ခဲ့သည်
1707 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

### Zawgyi Version ###

ညပိုင္းထမင္းစားျပီးလို႕အနားယူခ်ိန္မွာ ဖုန္းေခၚသံၾကားလို႕ ဖြင့္ၾကည့္လိုက္တဲ့အခါ နံပါတ္အသစ္နဲ႕မို႕ “ ဟယ္လို…… မဂၤလာပါ ” လို႕ ႏႈတ္ခြန္းဆက္လုိက္ပါတယ္။ ဒီလိုႏႈတ္ဆက္လိုက္တာနဲ႕ ဟုတ္ကဲ့ …

“မဂၤလာပါဆရာ ဦးေကာင္းေဖ ဟုတ္ပါသလားရွင္ ”

“ ဟုတ္ပါတယ္သမီး ”

“ ကၽြန္မက ‘ ခ်ယ္ရီသင္းပါ ’ Property အိမ္ျခံေျမကုမၸဏီက ‘ ကိုေအာင္ ’ ရဲ႕ အသိမိတ္ေဆြပါ။ ေအာ္ … ဟုတ္လား ဘာအကူအညီေပးရမလဲေျပာပါဦး ”

“ ကၽြန္မတို႕က ေျမာက္ဒဂံု ၄၀ ရပ္ကြက္မွာ ေျမနဲ႕အိမ္ဝယ္ခ်င္လို႕ပါ။ အဲဒါစရန္ေပးစာခ်ဳပ္ေပးဖို႕ ေရွ႕ေနၾကီးကိုေခၚခ်င္လို႔ပါ မနက္ျဖန္ညေန (၃) နာရီမွာစာခ်ဳပ္မွာပါ ”

“ ရပါတယ္ …လာေပးႏိုင္ပါတယ္ ”

“ ဒါေပမဲ့ စာခ်ဳပ္က ရုိးရုိးစာခ်ဳပ္နဲ႕မတူပါဘူး၊ ဘဏ္က Home Lone ေခ်းေငြနဲ႔ဝယ္ယူမွာျဖစ္လို႕လံုေလာက္တဲ့ေခ်းေငြအရင္ေလွ်ာက္ယူရပါ့မယ္။ဘဏ္ကေခ်းေငြရရွိျပီးမွ က်န္ေငြေခ်းမွာပါ ”

“ ဟင္…. ဟုတ္လား ” ေမာင္ေကာင္းေဖစဥ္းစားၾကည့္တာကေတာ့ နည္းနည္းေတာ့ထူးဆန္ေနသလိုပါဘဲ ” ဒါေၾကာင့္ “ ခ်ယ္ရီတို႕က စရန္ေငြအရင္ခ်မယ္ ကန္႕ကြက္ရန္ရွိမရွိသတင္းစာေၾကာ္ျငာျပီးေစာင့္မယ္ ။ကန္႕ကြက္သူမရွိရင္ ေနာက္ဆံုးက်န္ေငြေခ်ျပီး ေျမနဲ႕အိမ္လက္ေရာက္ယူမွာမဟုတ္လား ”

“ အဲဒီလိုမဟုတ္ဘူးရွင့္ ကၽြန္မတို႕က စရန္ေငြ သိန္း (၂၀၀) ေပးမယ္။ ေရာင္းသူက ျမိဳ႕ေတာ္စည္ပင္မွာ အေရာင္းေျမပံုကူးေပးရမယ္။ အေရာင္းေျမပံုရတာနဲ႕ ေရာင္းသူပိုင္ဆိုင္တဲ့ ေျမနဲ႕အိမ္ကို ပုဂၢလိကဘဏ္တစ္ခုမွာ ေပါင္နွံမယ္ဒါကိုေရာင္းသူကလည္း သေဘာတူရမယ္ ”

“ ေပါင္နွံတဲ့အခါ ေရာင္းသူအမည္ေပါက္ ေျမဂရန္ကိုဘဏ္မွာ အပ္နွံထားရမယ္၊ ေရာင္းသူနဲ႕ဝယ္သူတို႕ခ်ဳပ္ဆိုမွာ နွစ္ဦးသေဘာတူေျမနဲ႕အိမ္အေရာင္းအဝယ္စာခ်ဳပ္ကိုလည္း ဘဏ္မွာအပ္နွံထားရမယ္ေပါ့ ၊ ဒါ့အျပင္ ေျမဂရန္အမည္ေပါက္ေရာင္းသူက ဘဏ္ကို အထူးကိုယ္စာလွယ္လႊဲစာလႊဲေပးရမယ္ ။ ဘဏ္က ကၽြန္မတို႕ေပးေခ်းရမယ့္ ေငြအားလံုးကို ထုတ္ေပးတာနဲ႕ေရာင္းသူကိုေပးဖို႕ က်န္တဲ့ေငြအားလံုးကိုေပးေခ်လိုက္မယ္ေလ” ဘဏ္ကထုတ္ေပးလိုက္တဲ့ ေငြအရင္းေတြနဲ႕ လစဥ္အတိုးေငြေတြကိုေတာ့ ကၽြန္မတို႕ကလစဥ္ရတဲ့ ဝင္ေငြထဲက အရစ္က်ေပးဆပ္သြားမွာျဖစ္ပါတယ္။ ဘဏ္ကေခ်းယူထားတဲ့အေၾကြးေငြအားလံုးေက်တာနဲ႕ ေျမနဲ႕အိမ္ဖိုးကို အခြန္ဦးစီးဌာနမွာ အခြန္ေဆာင္မယ္ ၊ အခြန္ေဆာင္ျပီးရင္ မွတ္ပံုတင္အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္မယ္။ေရာင္းသူထံက ပါဝါယူထားတဲ့ “ ဘဏ္ကိုယ္စာလွယ္ ” က ေရာင္းသူအျဖစ္လိုက္ပါျပီးလက္မွတ္ထိုးေပးမယ္။

“ စာခ်ဳပ္ရုံးကမွတ္ပံုတင္အေရာင္းအဝယ္စာခ်ဳပ္ထုတ္ယူလို႕ရရင္ ျမိဳ႕ေတာ္ခန္းမမွာ ကၽြန္မတို႕နာမည္သြားျပီး အမည္ေျပာင္းလိုက္ရင္ ကၽြန္မတို႔နာမည္ေပါက္ရျပီေပါ့။ မဟုတ္ဘူးလားဆရာ ”

“ ဟုတ္ပါျပီ ဟုတ္ပါျပီ မခ်ယ္ရီရယ္ “ ok ” ဒါဆိုရင္ မနက္ျဖန္ (၃) နာရီမွာေရာင္းမယ္ ၊ ဝယ္သူနဲ႕ ေရွ႕ေနေရာသံုးပြင့္ဆိုင္ ဆံုၾကမယ္ေလ ” ေကာင္းပါျပီခင္ဗ်ာ …

“ ခ်ယ္ရီသင္းက ညပိုင္းမွာ Viber ကတဆင့္ ေရာင္းသူ/ဝယ္သူ ရဲ႕ မွတ္ပံုတင္မိတၱဴေတြနဲ႕ ေျမငွါးဂရန္မိတၱဴေတြကို ပို႕ေပးပါတယ္။ ကၽြန္လည္း စရန္ေပးစာခ်ဳပ္ကို ညပိုင္မွားအျပီးျပင္ဆင္ထားရတယ္ ။မနက္ေရာက္တာနဲ႕ကြန္ပ်ဴတာဆိုင္မွာ အေခ်ာထုတ္လိုက္ပါတယ္။ ခ်ိန္ထားတဲ့အခ်ိန္မွာ ခ်ယ္ရီတို႕က ကားနဲ႕လာေခၚပါတယ္။ ေရာင္းမယ့္အိမ္ကိုအေရာက္သြားခဲ့ပါတယ္။ ေရာင္းသူနဲ႕ပြဲစား (၃) ဦးကလည္း ေရာင္းမယ့္အိမ္က အဆင္သင့္ေစာင့္ေနပါတယ္။

“ ေရာက္တာနဲ႕ နွစ္ဘက္စလံုးကအေရာင္းအဝယ္စရန္ေပးစာခ်ဳပ္ကိုဖတ္ၾကည့္ၾကပါတယ္။စရန္ေပးစာခ်ဳပ္မွာက အကယ္၍ အခ်ိန္မီ ဘဏ္ကေငြေခ်းမရရင္ဝယ္သူေပးထားတဲ့ သိန္း ၂၀၀ ျပန္ေပးဖုိ႕နဲ႕ ဝယ္သူက ဘဏ္ေငြထုတ္ေခ်းလို႕ရရဲ႕သားနဲ႕ မဝယ္ဘဲ ပ်က္ကြက္ခဲ့ရင္စရန္ေငြအဆံုးခံရမယ္။ ထိုအတူဘဲ ေရာင္းသူဘက္က အျပီးအပိုင္ေရာင္းမယ့္အခ်ိန္မွာ စိတ္ေျပာင္းသြားျပီး ေရာင္းဖို႕ျငင္းဆန္ခဲ့ရင္ စရန္ေငြ (၂) ဆ ေလ်ာ္ရမယ္ဆုိတဲ့ စည္းကမ္းခ်က္ေတြပါေနေတာ့ နွစ္ဘက္သေဘာတူဖို႕လိုတယ္ေလ။ ”

ေရာင္းသူကိုေလ့လာၾကည့္ရတာ တစ္ဖက္မွာေပးရမယ့္ ေငြအခက္အခဲရွိေနပံုေပၚတယ္။ ဒီစရန္ေငြ သိန္း (၂၀၀) မရရင္သူ႔အတြက္ ဆံုးရႈံမႈတစ္ခုခုၾကီးမားႏိုင္တယ္။ ဒါေၾကာင့္ ကိုယ္ေျမနဲ႕အိမ္ကို သိန္း (၂၀၀) ရရုံနဲ႕ ဘဏ္မွာေပါင္နွံတာကိုလက္ခံတာမ်ိဳးေတြ႕ရတယ္။ လူတိုင္းလူတိုင္းမွာေတာ့ ကိုယ့္အပူနဲ႕ကိုယ္ရွိတတ္ၾကတာ ဓမၼတာပါဘဲေလ။ဒါနဲ႕ စရန္ေပးစာခ်ဳပ္ျပီးတဲ့အခါမွာ ဝယ္သူဘက္က ေျမငွါးဂရန္လက္ဝယ္ေပးပါလို႕ေတာင္းတယ္။ သိန္း ၁၀၀၀ ေက်ာ္တန္ကို သိန္း ၂၀၀ စရန္ေပးရုံနဲ႕ေရာင္းသူဘက္ကဂရန္မေပးႏိုင္တာကေတာ့အမွန္ပါ။

ေနာက္ဆံုးအျပန္ျပန္အလွန္လွန္ညွိႏိႈင္းၾကရင္းဝယ္သူလည္း ဂရန္မကိုင္နဲ႕ေရာင္းသူလည္းကိုင္မထားနဲ႕ ေခ်းေငြထုတ္ေပးမယ့္ ဘဏ္မွာဘဲ ေစာေစာစီးစီး အပ္နွံထားၾကဖို႕နွစ္ဘက္သေဘာတူမွအဆင္ေျပသြားေတာ့တယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ဘဏ္မွာ ေခ်းေငြေလွ်ာက္ထားတာက တစ္လၾကာရင္ရမွာဆိုေတာ့ အခုလို ဂရန္အပ္နွံထားတာက နွစ္ဘက္စလံုးစိတ္ေအးရတာေပါ့။ အဲဒီလိုသဘာတူညီခ်က္ရမွေမာင္ေကာင္းေဖလည္း စိတ္ေအးသြားေတာ့တယ္။

အားလံုးအဆင္ေျပတယ္ဆိုေပမယ့္ ေျမငွါးဂရန္နဲ႕စာခ်ဳပ္အဆက္အစပ္ေတြက ေရာင္းသူရဲ႕ အသိမိတ္ေဆြထံမ်ာ အပ္နွံထားတယ္ဆိုလို႕ အဲဒီမိတ္ေဆြရွိရာ ဗဟန္းျမိဳ႕နယ္ ကိုသြားျပီး ေျမငွါးဂရန္နဲ႕ အခြန္ေျပစာေတြသြားၾကည့္ခဲ့ရေသးတယ္။ အဲဒီအိမ္မွာဘဲ သိန္း ၂၀၀ ေပးေခ်ခဲ့ျပီးေနာက္ေန႕မွာဘဏ္မွာ အပ္နွံထားဖို႕ ေျမဂရန္နဲ႕ မွတ္ပံုတင္စာခ်ဳပ္မူရင္းေတြယူေဆာင္ျပီျပန္ခ့ဲၾကပါတယ္။

“ အျဖစ္ကေတာ့ မနွစ္ကနဲ႕မတူ ” ေတာ့ဘူးလို႕ေတာင္ေျပာရမလိုျဖစ္ေနျပီ အေရာင္းအဝယ္ စရန္ေပးစာခ်ဳပ္ခ်ဳပ္တယ္ သိန္း ၂၀၀ စရန္ေပးတယ္ေရာက္းသူက စရန္ေပးစာခ်ဳပ္ခ်ဳပ္တယ္ သိန္း ၂၀၀ စရန္ေပးတယ္ေရာင္းသူက အေရာင္းေျမပံုကူးေပးရတယ္။ျပီးေတာ့ ေရာင္းသူက မိမိအမည္ေပါက္ေျမဂရန္ကို ဘဏ္မွာလိုက္ျပီးေပါင္နံေပးရတယ္။ ရလာတဲ့ေခ်းေငြေတြကုိ ေရာင္းသူကိုေပးတယ္။ေရာင္းသူက ဘဏ္ကိုအထူးကိုယ္စားလွယ္လႊဲေပးခဲ့တယ္။ ျပီးေတာ့မွ မွတ္ပံုတင္အေရာင္းအဝယ္စာခ်ဳပ္မွာေရာင္းသူအျဖစ္ ဘဏ္ ကိုယ္စားလွယ္လိုက္လာကာ စာခ်ဳပ္မွာ လက္မွတ္ေရးထိုးေပးတယ္။ဒီလိုနည္းနဲ႕ ဝယ္သူက ေျမနဲ႕အိမ္ကိုပိုင္ဆိုင္သြားတယ္ဆိုေတာ့ ေတာ္ေတာ္ေကာင္းတဲ့ဝယ္နည္းတစ္မ်ိဳးေပါ့ေနာ္ နွစ္ဘက္စလံုးအဆင္ေျပလို႕ဝမ္းသားတာက ေမာင္ေကာင္းေဖပါ ။

ေရာင္းပန္းသာလို႕ဝယ္ပန္းေတြလည္းပြင့္ၾကပါေစ

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ညပိုင်းထမင်းစားပြီးလို့အနားယူချိန်မှာ ဖုန်းခေါ်သံကြားလို့ ဖွင့်ကြည့်လိုက်တဲ့အခါ နံပါတ်အသစ်နဲ့မို့ “ ဟယ်လို…… မင်္ဂလာပါ ” လို့ နှုတ်ခွန်းဆက်လိုက်ပါတယ်။ ဒီလိုနှုတ်ဆက်လိုက်တာနဲ့ ဟုတ်ကဲ့ …

“မင်္ဂလာပါဆရာ ဦးကောင်းဖေ ဟုတ်ပါသလားရှင် ”

“ ဟုတ်ပါတယ်သမီး ”

“ ကျွန်မက ‘ ချယ်ရီသင်းပါ ’ Property အိမ်ခြံမြေကုမ္ပဏီက ‘ ကိုအောင် ’ ရဲ့ အသိမိတ်ဆွေပါ။ အော် … ဟုတ်လား ဘာအကူအညီပေးရမလဲပြောပါဦး ”

“ ကျွန်မတို့က မြောက်ဒဂုံ ၄၀ ရပ်ကွက်မှာ မြေနဲ့အိမ်ဝယ်ချင်လို့ပါ။ အဲဒါစရန်ပေးစာချုပ်ပေးဖို့ ရှေ့နေကြီးကိုခေါ်ချင်လို့ပါ မနက်ဖြန်ညနေ (၃) နာရီမှာစာချုပ်မှာပါ ”

“ ရပါတယ် …လာပေးနိုင်ပါတယ် ”

“ ဒါပေမဲ့ စာချုပ်က ရိုးရိုးစာချုပ်နဲ့မတူပါဘူး၊ ဘဏ်က Home Lone ချေးငွေနဲ့ဝယ်ယူမှာဖြစ်လို့လုံလောက်တဲ့ချေးငွေအရင်လျှောက်ယူရပါ့မယ်။ဘဏ်ကချေးငွေရရှိပြီးမှ ကျန်ငွေချေးမှာပါ ”

“ ဟင်…. ဟုတ်လား ” မောင်ကောင်းဖေစဉ်းစားကြည့်တာကတော့ နည်းနည်းတော့ထူးဆန်နေသလိုပါဘဲ ” ဒါကြောင့် “ ချယ်ရီတို့က စရန်ငွေအရင်ချမယ် ကန့်ကွက်ရန်ရှိမရှိသတင်းစာကြော်ငြာပြီးစောင့်မယ် ။ကန့်ကွက်သူမရှိရင် နောက်ဆုံးကျန်ငွေချေပြီး မြေနဲ့အိမ်လက်ရောက်ယူမှာမဟုတ်လား ”

“ အဲဒီလိုမဟုတ်ဘူးရှင့် ကျွန်မတို့က စရန်ငွေ သိန်း (၂၀၀) ပေးမယ်။ ရောင်းသူက မြို့တော်စည်ပင်မှာ အရောင်းမြေပုံကူးပေးရမယ်။ အရောင်းမြေပုံရတာနဲ့ ရောင်းသူပိုင်ဆိုင်တဲ့ မြေနဲ့အိမ်ကို ပုဂ္ဂလိကဘဏ်တစ်ခုမှာ ပေါင်နှံမယ်ဒါကိုရောင်းသူကလည်း သဘောတူရမယ် ”

“ ပေါင်နှံတဲ့အခါ ရောင်းသူအမည်ပေါက် မြေဂရန်ကိုဘဏ်မှာ အပ်နှံထားရမယ်၊ ရောင်းသူနဲ့ဝယ်သူတို့ချုပ်ဆိုမှာ နှစ်ဦးသဘောတူမြေနဲ့အိမ်အရောင်းအဝယ်စာချုပ်ကိုလည်း ဘဏ်မှာအပ်နှံထားရမယ်ပေါ့ ၊ ဒါ့အပြင် မြေဂရန်အမည်ပေါက်ရောင်းသူက ဘဏ်ကို အထူးကိုယ်စာလှယ်လွှဲစာလွှဲပေးရမယ် ။ ဘဏ်က ကျွန်မတို့ပေးချေးရမယ့် ငွေအားလုံးကို ထုတ်ပေးတာနဲ့ရောင်းသူကိုပေးဖို့ ကျန်တဲ့ငွေအားလုံးကိုပေးချေလိုက်မယ်လေ” ဘဏ်ကထုတ်ပေးလိုက်တဲ့ ငွေအရင်းတွေနဲ့ လစဉ်အတိုးငွေတွေကိုတော့ ကျွန်မတို့ကလစဉ်ရတဲ့ ဝင်ငွေထဲက အရစ်ကျပေးဆပ်သွားမှာဖြစ်ပါတယ်။ ဘဏ်ကချေးယူထားတဲ့အကြွေးငွေအားလုံးကျေတာနဲ့ မြေနဲ့အိမ်ဖိုးကို အခွန်ဦးစီးဌာနမှာ အခွန်ဆောင်မယ် ၊ အခွန်ဆောင်ပြီးရင် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်မယ်။ရောင်းသူထံက ပါဝါယူထားတဲ့ “ ဘဏ်ကိုယ်စာလှယ် ” က ရောင်းသူအဖြစ်လိုက်ပါပြီးလက်မှတ်ထိုးပေးမယ်။

“ စာချုပ်ရုံးကမှတ်ပုံတင်အရောင်းအဝယ်စာချုပ်ထုတ်ယူလို့ရရင် မြို့တော်ခန်းမမှာ ကျွန်မတို့နာမည်သွားပြီး အမည်ပြောင်းလိုက်ရင် ကျွန်မတို့နာမည်ပေါက်ရပြီပေါ့။ မဟုတ်ဘူးလားဆရာ ”

“ ဟုတ်ပါပြီ ဟုတ်ပါပြီ မချယ်ရီရယ် “ ok ” ဒါဆိုရင် မနက်ဖြန် (၃) နာရီမှာရောင်းမယ် ၊ ဝယ်သူနဲ့ ရှေ့နေရောသုံးပွင့်ဆိုင် ဆုံကြမယ်လေ ” ကောင်းပါပြီခင်ဗျာ …

“ ချယ်ရီသင်းက ညပိုင်းမှာ Viber ကတဆင့် ရောင်းသူ/ဝယ်သူ ရဲ့ မှတ်ပုံတင်မိတ္တူတွေနဲ့ မြေငှါးဂရန်မိတ္တူတွေကို ပို့ပေးပါတယ်။ ကျွန်လည်း စရန်ပေးစာချုပ်ကို ညပိုင်မှားအပြီးပြင်ဆင်ထားရတယ် ။မနက်ရောက်တာနဲ့ကွန်ပျူတာဆိုင်မှာ အချောထုတ်လိုက်ပါတယ်။ ချိန်ထားတဲ့အချိန်မှာ ချယ်ရီတို့က ကားနဲ့လာခေါ်ပါတယ်။ ရောင်းမယ့်အိမ်ကိုအရောက်သွားခဲ့ပါတယ်။ ရောင်းသူနဲ့ပွဲစား (၃) ဦးကလည်း ရောင်းမယ့်အိမ်က အဆင်သင့်စောင့်နေပါတယ်။

“ ရောက်တာနဲ့ နှစ်ဘက်စလုံးကအရောင်းအဝယ်စရန်ပေးစာချုပ်ကိုဖတ်ကြည့်ကြပါတယ်။စရန်ပေးစာချုပ်မှာက အကယ်၍ အချိန်မီ ဘဏ်ကငွေချေးမရရင်ဝယ်သူပေးထားတဲ့ သိန်း ၂၀၀ ပြန်ပေးဖို့နဲ့ ဝယ်သူက ဘဏ်ငွေထုတ်ချေးလို့ရရဲ့သားနဲ့ မဝယ်ဘဲ ပျက်ကွက်ခဲ့ရင်စရန်ငွေအဆုံးခံရမယ်။ ထိုအတူဘဲ ရောင်းသူဘက်က အပြီးအပိုင်ရောင်းမယ့်အချိန်မှာ စိတ်ပြောင်းသွားပြီး ရောင်းဖို့ငြင်းဆန်ခဲ့ရင် စရန်ငွေ (၂) ဆ လျော်ရမယ်ဆိုတဲ့ စည်းကမ်းချက်တွေပါနေတော့ နှစ်ဘက်သဘောတူဖို့လိုတယ်လေ။ ”

ရောင်းသူကိုလေ့လာကြည့်ရတာ တစ်ဖက်မှာပေးရမယ့် ငွေအခက်အခဲရှိနေပုံပေါ်တယ်။ ဒီစရန်ငွေ သိန်း (၂၀၀) မရရင် သူ့အတွက် ဆုံးရှုံမှုတစ်ခုခုကြီးမားနိုင်တယ်။ ဒါကြောင့် ကိုယ်မြေနဲ့အိမ်ကို သိန်း (၂၀၀) ရရုံနဲ့ ဘဏ်မှာပေါင်နှံတာကိုလက်ခံတာမျိုးတွေ့ရတယ်။ လူတိုင်းလူတိုင်းမှာတော့ ကိုယ့်အပူနဲ့ကိုယ်ရှိတတ်ကြတာ ဓမ္မတာပါဘဲလေ။ဒါနဲ့ စရန်ပေးစာချုပ်ပြီးတဲ့အခါမှာ ဝယ်သူဘက်က မြေငှါးဂရန်လက်ဝယ်ပေးပါလို့တောင်းတယ်။ သိန်း ၁၀၀၀ ကျော်တန်ကို သိန်း ၂၀၀ စရန်ပေးရုံနဲ့ရောင်းသူဘက်ကဂရန်မပေးနိုင်တာကတော့အမှန်ပါ။

နောက်ဆုံးအပြန်ပြန်အလှန်လှန်ညှိနှိုင်းကြရင်းဝယ်သူလည်း ဂရန်မကိုင်နဲ့ရောင်းသူလည်းကိုင်မထားနဲ့ ချေးငွေထုတ်ပေးမယ့် ဘဏ်မှာဘဲ စောစောစီးစီး အပ်နှံထားကြဖို့နှစ်ဘက်သဘောတူမှအဆင်ပြေသွားတော့တယ်။ ဘာကြောင့်လည်းဆိုတော့ ဘဏ်မှာ ချေးငွေလျှောက်ထားတာက တစ်လကြာရင်ရမှာဆိုတော့ အခုလို ဂရန်အပ်နှံထားတာက နှစ်ဘက်စလုံးစိတ်အေးရတာပေါ့။ အဲဒီလိုသဘာတူညီချက်ရမှမောင်ကောင်းဖေလည်း စိတ်အေးသွားတော့တယ်။

အားလုံးအဆင်ပြေတယ်ဆိုပေမယ့် မြေငှါးဂရန်နဲ့စာချုပ်အဆက်အစပ်တွေက ရောင်းသူရဲ့ အသိမိတ်ဆွေထံမျာ အပ်နှံထားတယ်ဆိုလို့ အဲဒီမိတ်ဆွေရှိရာ ဗဟန်းမြို့နယ် ကိုသွားပြီး မြေငှါးဂရန်နဲ့ အခွန်ပြေစာတွေသွားကြည့်ခဲ့ရသေးတယ်။ အဲဒီအိမ်မှာဘဲ သိန်း ၂၀၀ ပေးချေခဲ့ပြီးနောက်နေ့မှာဘဏ်မှာ အပ်နှံထားဖို့ မြေဂရန်နဲ့ မှတ်ပုံတင်စာချုပ်မူရင်းတွေယူဆောင်ပြီပြန်ခဲ့ကြပါတယ်။

“ အဖြစ်ကတော့ မနှစ်ကနဲ့မတူ ” တော့ဘူးလို့တောင်ပြောရမလိုဖြစ်နေပြီ အရောင်းအဝယ် စရန်ပေးစာချုပ်ချုပ်တယ် သိန်း ၂၀၀ စရန်ပေးတယ်ရောက်းသူက စရန်ပေးစာချုပ်ချုပ်တယ် သိန်း ၂၀၀ စရန်ပေးတယ်ရောင်းသူက အရောင်းမြေပုံကူးပေးရတယ်။ပြီးတော့ ရောင်းသူက မိမိအမည်ပေါက်မြေဂရန်ကို ဘဏ်မှာလိုက်ပြီးပေါင်နံပေးရတယ်။ ရလာတဲ့ချေးငွေတွေကို ရောင်းသူကိုပေးတယ်။ရောင်းသူက ဘဏ်ကိုအထူးကိုယ်စားလှယ်လွှဲပေးခဲ့တယ်။ ပြီးတော့မှ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်မှာရောင်းသူအဖြစ် ဘဏ် ကိုယ်စားလှယ်လိုက်လာကာ စာချုပ်မှာ လက်မှတ်ရေးထိုးပေးတယ်။ဒီလိုနည်းနဲ့ ဝယ်သူက မြေနဲ့အိမ်ကိုပိုင်ဆိုင်သွားတယ်ဆိုတော့ တော်တော်ကောင်းတဲ့ဝယ်နည်းတစ်မျိုးပေါ့နော် နှစ်ဘက်စလုံးအဆင်ပြေလို့ဝမ်းသားတာက မောင်ကောင်းဖေပါ ။

ရောင်းပန်းသာလို့ဝယ်ပန်းတွေလည်းပွင့်ကြပါစေ

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service