အေမရိကန္ျပည္၊ နယူးဂ်ာစီျပည္နယ္တြင္ သံုးထပ္ေနအိမ္တစ္လံုးကို အခမဲ့ေပးသည့္တိုင္ ယူမည့္သူမရွိျဖစ္ေန

အေမရိကန္ျပည္၊ နယူးဂ်ာစီျပည္နယ္တြင္ သံုးထပ္ေနအိမ္တစ္လံုးကို အခမဲ့ေပးသည့္တိုင္ ယူမည့္သူမရွိျဖစ္ေန - Property News in Myanmar from iMyanmarHouse.com
20 Nov 2019 11:34 am တွင် တင်ခဲ့သည်
2506 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အေမရိကန္ျပည္ေထာင္စု၊ နယူးဂ်ာစီျပည္နယ္ရွိ ေမာင့္ကလဲရ္ျမိဳ႕ကေလးသည္ ႏွစ္သက္ဖြယ္ရာ ဆြဲေဆာင္မႈေကာင္းေသာ ျမိဳ႕လယ္ေနရာ၊ ထိပ္တန္းအဆင့္ အစိုးရေက်ာင္းမ်ား၊ သက္ဝင္လႈပ္ရွားမႈ အားေကာင္းေသာ အႏုပညာယဥ္ေက်းမႈတို႔ျဖင့္ နာမည္ေက်ာ္သည္။

ေမာင့္ကလဲရ္သည္ အိမ္ျခံေျမက႑ႏွင့္ စပ္လ်ဥ္း၍မူ ၾကမ္းတမ္းေသာ ေနရာတစ္ခု ျဖစ္ေနသည္။

ေမာင့္ကလဲရ္ျမိဳ႕ကေလးတြင္ ဝိတိုရိယဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာ ၃ ထပ္အေဆာက္အအံုတစ္လံုးမွာ အခမဲ့ေပးသည့္တိုင္ ယူမည့္သူ မရွိျဖစ္ေနသည္။

ေမာင့္ကလဲရ္ျမိဳ႕၊ ေျမာက္-ဝီလိုလမ္း၊ အမွတ္ ၂၃ တြင္ တည္ရွိျပီး စတုရန္းေပ ၃၃၃၀ က်ယ္ဝန္းေသာ အေဆာက္အအံုကို ကပ္လ်က္တြင္ တည္ရွိေသာ Redeemer Montclair ဘုရားေက်ာင္းက ပိုင္ဆိုင္ထားျခင္းျဖစ္သည္။

လက္ရွိအားျဖင့္ အဆိုပါ ၃ ထပ္အေဆာက္အအံုကို ရံုးခန္းေနရာႏွင့္ သင္းအုပ္ဆရာကြပ္ကဲေသာ ကေလးမ်ားအတြက္ အက်ဳိးေဆာင္ဌာန ဖြင့္လွစ္အသံုးျပဳထားသည္။

ဘုရားေက်ာင္းက ယခုအေဆာက္အအံုေနရာတြင္ အေဆာက္အအံုသစ္ ေဆာက္လုပ္လိုေနရာ ၁၉၁၀ ျပည့္ႏွစ္က ေဆာက္လုပ္ခဲ့ေသာ အိပ္ခန္း ၆ ခန္း၊ ေရခ်ဳိးခန္း ၂ ခန္းခြဲပါ အိမ္ကို ဖ်က္သိမ္းလိုေနသည္။

သို႔ရာတြင္ သမိုင္းတန္ဖုိးႏွင့္ ေရွးေဟာင္းဗိသုကာလက္ရာတို႔ ရွိေနမႈေၾကာင့္ သမိုင္းအေမြအႏွစ္မ်ား ထိန္းသိမ္းေရး ေကာ္မတီက ေတာင္းဆိုခဲ့သည္မွာ ေနအိမ္ကို မဖ်က္သိမ္းဘဲ လိုခ်င္သူတစ္ဦးဦးထံ အခမဲ့ေပးလိုက္ရန္ ေတာင္းဆိုထားသည္ဟု ဆိုသည္။

ထို႔ေၾကာင့္ အဆိုပါသံုးထပ္ေနအိမ္ကို အခမဲ့ရယူလိုသူတို႔သည္ ေနအိမ္ေရႊ႕ေျပာင္းစရိတ္ကုန္က်မည္ ျဖစ္၏။

သမိုင္းဝင္အေမြအႏွစ္မ်ား ထိန္းသိမ္းေရးေကာ္မတီမွ ဥကၠဌအမ်ဳိးသမီး ကက္သလင္း ဘန္းနက္ထ္က ေျပာၾကားရာတြင္ ယခုအေဆာက္အအံုကို မျဖိဳဖ်က္ဘဲ ေရႊ႕ေျပာင္းမည္ဆိုပါက ေနာက္မ်ဳိးဆက္တစ္ခုအတြက္ ျမတ္ႏိုးဖြယ္ရာတစ္ခုျဖစ္လာမည္ ျဖစ္ေၾကာင္း ေျပာၾကားသည္။ ျပႆနာမွာ ကုန္က်စရိတ္ျဖစ္သည္။

အဆိုပါေနအိမ္ကို ေရႊ႕ေျပာင္းရာတြင္ မည္မွ်ကုန္က်မည္ကို အတိအက်မသိရေသာ္လည္း Realtor ဝက္ဘ္ဆိုက္က ခန္႔မွန္းရာတြင္မူ ကန္ေဒၚလာ ၁၅၀၀၀၀ မွ ၂၀၀၀၀၀ အၾကား ကုန္က်ဖြယ္ရွိေၾကာင္း ခန္႔မွန္းထားသည္။

ေနအိမ္ကို ရယူလိုသူအေနျဖင့္ လွ်ပ္စစ္ဓာတ္အားလိုင္းမ်ားကို ယာယီျဖတ္ေတာက္ကာ ေနအိမ္ကို ေရႊ႕ေျပာင္းရမည္ ျဖစ္သည္။

“ေနအိမ္ေရႊ႕ေျပာင္းစရိတ္ဟာ ၾကီးမားတဲ့ အခက္အခဲတစ္ခု ျဖစ္ပါတယ္” ဟု သင္းအုပ္ဆရာ အၾကီးအကဲ ဒင္နီယယ္ ယင္က ေျပာၾကားသည္။

အဆိုပါေဒသတြင္ အလယ္အလတ္တန္းေနအိမ္တစ္လံုး၏ ေစ်းႏႈန္းမွာ ကန္ေဒၚလာ ၆၉၉၀၀၀ သာျဖစ္ေသာေၾကာင့္ ေရႊ႕ေျပာင္းစရိတ္မွာ ေနအိမ္တန္ဖိုး သံုးပံု တစ္ပံုခန္႕ျဖစ္ေနေၾကာင္း Realtor ဝက္ဘ္ဆိုက္က သံုးသပ္သည္။

သင္းအုပ္အၾကီးအကဲ ဒင္နီယယ္က ေျပာၾကားရာတြင္ ေနအိမ္ႏွင့္ ပတ္သက္ျပီး စံုစမ္းေမးျမန္းသူ အခ်ဳိ႕ရွိေသာ္လည္း ရယူရန္ စိတ္ဝင္စားသူ မရွိေၾကာင္း ေျပာၾကားသည္။

အကယ္၍ သင့္အေနျဖင့္ အဆိုပါ ၃ ထပ္ေနအိမ္ကို ရယူလိုသည္ဆိုပါက ေနာက္မက်ေသးေခ်။ ဘုရားေက်ာင္းက လာမည့္ ဇန္နဝါရီလအထိ အဆိုပါအေဆာက္အအံုကို ျဖိဳဖ်က္ဦးမည္ မဟုတ္ဟု သိရသည္။

သို႔ရာတြင္ ရယူလိုသူမ်ားအေနျဖင့္ လာမည့္ ရက္သတၱပတ္အနည္းငယ္အတြင္း ဆံုးျဖတ္ရမည္ ျဖစ္သည္။ အဘယ္ေၾကာင့္ဆိုလွ်င္ ေနအိမ္ကို ေျပာင္းေရႊ႕ရန္အတြက္လည္း အခ်ိန္ယူရဦးမည္ ျဖစ္ေသာေၾကာင့္ ျဖစ္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်ရှိ မောင့်ကလဲရ်မြို့ကလေးသည် နှစ်သက်ဖွယ်ရာ ဆွဲဆောင်မှုကောင်းသော မြို့လယ်နေရာ၊ ထိပ်တန်းအဆင့် အစိုးရကျောင်းများ၊ သက်ဝင်လှုပ်ရှားမှု အားကောင်းသော အနုပညာယဉ်ကျေးမှုတို့ဖြင့် နာမည်ကျော်သည်။

မောင့်ကလဲရ်သည် အိမ်ခြံမြေကဏ္ဍနှင့် စပ်လျဉ်း၍မူ ကြမ်းတမ်းသော နေရာတစ်ခု ဖြစ်နေသည်။

မောင့်ကလဲရ်မြို့ကလေးတွင် ဝိတိုရိယဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော ၃ ထပ်အဆောက်အအုံတစ်လုံးမှာ အခမဲ့ပေးသည့်တိုင် ယူမည့်သူ မရှိဖြစ်နေသည်။

မောင့်ကလဲရ်မြို့၊ မြောက်-ဝီလိုလမ်း၊ အမှတ် ၂၃ တွင် တည်ရှိပြီး စတုရန်းပေ ၃၃၃၀ ကျယ်ဝန်းသော အဆောက်အအုံကို ကပ်လျက်တွင် တည်ရှိသော Redeemer Montclair ဘုရားကျောင်းက ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

လက်ရှိအားဖြင့် အဆိုပါ ၃ ထပ်အဆောက်အအုံကို ရုံးခန်းနေရာနှင့် သင်းအုပ်ဆရာကွပ်ကဲသော ကလေးများအတွက် အကျိုးဆောင်ဌာန ဖွင့်လှစ်အသုံးပြုထားသည်။

ဘုရားကျောင်းက ယခုအဆောက်အအုံနေရာတွင် အဆောက်အအုံသစ် ဆောက်လုပ်လိုနေရာ ၁၉၁၀ ပြည့်နှစ်က ဆောက်လုပ်ခဲ့သော အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၂ ခန်းခွဲပါ အိမ်ကို ဖျက်သိမ်းလိုနေသည်။

သို့ရာတွင် သမိုင်းတန်ဖိုးနှင့် ရှေးဟောင်းဗိသုကာလက်ရာတို့ ရှိနေမှုကြောင့် သမိုင်းအမွေအနှစ်များ ထိန်းသိမ်းရေး ကော်မတီက တောင်းဆိုခဲ့သည်မှာ နေအိမ်ကို မဖျက်သိမ်းဘဲ လိုချင်သူတစ်ဦးဦးထံ အခမဲ့ပေးလိုက်ရန် တောင်းဆိုထားသည်ဟု ဆိုသည်။

ထို့ကြောင့် အဆိုပါသုံးထပ်နေအိမ်ကို အခမဲ့ရယူလိုသူတို့သည် နေအိမ်ရွှေ့ပြောင်းစရိတ်ကုန်ကျမည် ဖြစ်၏။

သမိုင်းဝင်အမွေအနှစ်များ ထိန်းသိမ်းရေးကော်မတီမှ ဥက္ကဌအမျိုးသမီး ကက်သလင်း ဘန်းနက်ထ်က ပြောကြားရာတွင် ယခုအဆောက်အအုံကို မဖြိုဖျက်ဘဲ ရွှေ့ပြောင်းမည်ဆိုပါက နောက်မျိုးဆက်တစ်ခုအတွက် မြတ်နိုးဖွယ်ရာတစ်ခုဖြစ်လာမည် ဖြစ်ကြောင်း ပြောကြားသည်။ ပြဿနာမှာ ကုန်ကျစရိတ်ဖြစ်သည်။

အဆိုပါနေအိမ်ကို ရွှေ့ပြောင်းရာတွင် မည်မျှကုန်ကျမည်ကို အတိအကျမသိရသော်လည်း Realtor ဝက်ဘ်ဆိုက်က ခန့်မှန်းရာတွင်မူ ကန်ဒေါ်လာ ၁၅၀၀၀၀ မှ ၂၀၀၀၀၀ အကြား ကုန်ကျဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။

နေအိမ်ကို ရယူလိုသူအနေဖြင့် လျှပ်စစ်ဓာတ်အားလိုင်းများကို ယာယီဖြတ်တောက်ကာ နေအိမ်ကို ရွှေ့ပြောင်းရမည် ဖြစ်သည်။

“နေအိမ်ရွှေ့ပြောင်းစရိတ်ဟာ ကြီးမားတဲ့ အခက်အခဲတစ်ခု ဖြစ်ပါတယ်” ဟု သင်းအုပ်ဆရာ အကြီးအကဲ ဒင်နီယယ် ယင်က ပြောကြားသည်။

အဆိုပါဒေသတွင် အလယ်အလတ်တန်းနေအိမ်တစ်လုံး၏ ဈေးနှုန်းမှာ ကန်ဒေါ်လာ ၆၉၉၀၀၀ သာဖြစ်သောကြောင့် ရွှေ့ပြောင်းစရိတ်မှာ နေအိမ်တန်ဖိုး သုံးပုံ တစ်ပုံခန့်ဖြစ်နေကြောင်း Realtor ဝက်ဘ်ဆိုက်က သုံးသပ်သည်။

သင်းအုပ်အကြီးအကဲ ဒင်နီယယ်က ပြောကြားရာတွင် နေအိမ်နှင့် ပတ်သက်ပြီး စုံစမ်းမေးမြန်းသူ အချို့ရှိသော်လည်း ရယူရန် စိတ်ဝင်စားသူ မရှိကြောင်း ပြောကြားသည်။

အကယ်၍ သင့်အနေဖြင့် အဆိုပါ ၃ ထပ်နေအိမ်ကို ရယူလိုသည်ဆိုပါက နောက်မကျသေးချေ။ ဘုရားကျောင်းက လာမည့် ဇန်နဝါရီလအထိ အဆိုပါအဆောက်အအုံကို ဖြိုဖျက်ဦးမည် မဟုတ်ဟု သိရသည်။

သို့ရာတွင် ရယူလိုသူများအနေဖြင့် လာမည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ဆုံးဖြတ်ရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုလျှင် နေအိမ်ကို ပြောင်းရွှေ့ရန်အတွက်လည်း အချိန်ယူရဦးမည် ဖြစ်သောကြောင့် ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်တွင် စမတ်ဖုန်းနှင့် ဝိုင်ဖိုုင်အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားသော မြို့ငယ်လေးအကြောင်း...
အမေရိကန်ပြည်တွင် စမတ်ဖုန်းနှင့် ဝိုင်ဖိုုင်အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားသော မြို့ငယ်လေးအကြောင်း...
စာဆိုတော်ကျူးယွမ်၊ ဝက်သားကောက်ညှင်းထုပ်နှင့် နဂါးလှေပွဲတော်တို့၏ ဒဏ္ဍာရီ (သို့မဟုတ်) မေလ ၃၁ ရက်တွင် ကျင်းပမည့် တရုတ်ရိုးရာ နဂါးလှေပွဲတော်အကြောင်း...
စာဆိုတော်ကျူးယွမ်၊ ဝက်သားကောက်ညှင်းထုပ်နှင့် နဂါးလှေပွဲတော်တို့၏ ဒဏ္ဍာရီ (သို့မဟုတ်) မေလ ၃၁ ရက်တွင် ကျင်းပမည့် တရုတ်ရိုးရာ နဂါးလှေပွဲတော်အကြောင်း...
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဝေဖန်မှု မြင့်တက်လျက်ရှိ၊ သို့သော် လျှောက်ထားသူ ၁၉၀၀ ကျော်ရှိနေ...

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
သြစတေးလျမှ Virgin လေကြောင်းလိုင်း၏ စီအီးအိုဖြစ် ဆောင်ရွက်ခဲ့သော အမျိုးသမီးက ဒေါ်လာ ၁၇ သန်းဖြင့် ဝယ်ယူထားသည်မှာ လပိုင်းသာရှိသေးသည့် စံအိမ်ကြီးကို ဖြိုချရန် စီစဉ်...
သြစတေးလျမှ Virgin လေကြောင်းလိုင်း၏ စီအီးအိုဖြစ် ဆောင်ရွက်ခဲ့သော အမျိုးသမီးက ဒေါ်လာ ၁၇ သန်းဖြင့် ဝယ်ယူထားသည်မှာ လပိုင်းသာရှိသေးသည့် စံအိမ်ကြီးကို ဖြိုချရန် စီစဉ်...
စီရော်နယ်ဒိုအတွက် စံအိမ်သစ်ကြီးကို Veliz Arquitecto ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးထားပုံ
စီရော်နယ်ဒိုအတွက် စံအိမ်သစ်ကြီးကို Veliz Arquitecto ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးထားပုံ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင် ပြန်လည်သတိလည်လာသည့်ဖြစ်ရပ် ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင် ပြန်လည်သတိလည်လာသည့်ဖြစ်ရပ် ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ပြင်သစ်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ဂရက်ဖိုက်သိုက်ကြီး ရှာဖွေတွေ့ရှိခဲ့သော ဆောက်လုပ်ရေးလုပ်သားများ ဆုကြေးငွေ ဒေါ်လာ သောင်းချီ ရရှိကြ...
ပြင်သစ်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ဂရက်ဖိုက်သိုက်ကြီး ရှာဖွေတွေ့ရှိခဲ့သော ဆောက်လုပ်ရေးလုပ်သားများ ဆုကြေးငွေ ဒေါ်လာ သောင်းချီ ရရှိကြ...
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက် ပြင်ဆင်ပေးရန် ရောက်ရှိချိန်တွင် အလောင်းများအားလုံးထံမှ ရယ်သံကြီး ထွက်လာသည့်ဖြစ်ရပ် လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း...
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
The Rich Villa
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service