ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
အမေရိကန်ပြည် မိုင်အမ်မီအခြေစိုက် ကမ္ဘာကျော် ဗိသုကာပညာရှင်ဖြစ်သော Jorge Luis Veliz Quintana Cuban တည်ထောင်ထားသော Veliz Arquitecto ဗိသုကာအဖွဲ့သည် ဗိသုကာဒီဇိုင်း၊ interior ဒီဇိုင်းနှင့် 3D Visualization များဖြင့် နာမည်ကြီးသည်။
Jorge သည် အလွန်တော်သော ဗိသုကာပညာရှင်အဖြစ် ကမ္ဘာတဝန်း လူသိများပြီး ဗိသုကာနှင့် ဒီဇိုင်းနယ်ပယ်တွင် ချီးမြှင့်သည့်ဆုဖြစ်သော Golden Trezzini ဆုအတွက် ၉ ကြိမ်တိုင် အမည်စာရင်း တင်သွင်းခံရသူ ဖြစ်သည်။
● Project အမည်= ခရစ္စတီယာနို ရော်နယ်ဒို စံအိမ် ● ဗိသုကာအဖွဲ့= Veliz Arquitecto ● တည်နေရာ= အမေရိကန်ပြည်၊ ဖလော်ရီဒါပြည်နယ်၊ မိုင်အမ်မီ ● အသုံးပြုထားသော tools များ= SketchUp, Lumion, Adebe Photoshop ● ဗိသုကာပညာရှင်= Jorge Luis Veliz Quintana Cuban ● ဆောက်လုပ်မှု ဧရိယာ= ၁၆၀၀ စတုရန်းမီတာ ● Site ဧရိယာ= ၂၀၀၀ စတုရန်းမီတာ ● ဒီဇိုင်းရေးဆွဲသောခုနှစ်- ၂၀၂၃
ခရစ္စတီယာနို ရော်နယ်ဒိုအတွက် ဒီဇိုင်းဆွဲပေးထားသော စံအိမ်မှာ ကြီးမားသော ကျောက်ဆောင်တုကြီး တစ်ခုအပေါ်တွင် တည်ရှိပြီး ကောင်းကင်မှ ကြည့်ပါက အင်္ဂလိပ်အက္ခရာ C ပုံသဏ္ဍာန် ရှိသည်။
စီရော်နယ်ဒို၏ အမည် အစစာလုံးကို ရည်ညွှန်းသောအားဖြင့် C ပုံသဏ္ဍာန် ပုံဖော်ထားခြင်း ဖြစ်သည်။
စီရော်နယ်ဒိုစံအိမ်တွင် ရဟတ်ယာဉ်ကွင်းတစ်ခုလည်း ပါဝင်သည်။
မကိုဋ်ထိပ်မှ ရတနာသဖွယ်ရှိသည်မှာ စက်ဝန်းအသွင် ရေကူးကန်များ ဖြစ်ပြီး စီရော်နယ်ဒိုအတွက် အိုအေစစ်နေရာ ဖြစ်သည်။
၃ ထပ်အဆောက်အအုံဖြစ်ပြီး အိပ်ခန်း ၅ ခန်း ပါဝင်ကာ အိပ်ခန်းတိုင်းတွင် သီးသန့်ရေချိုးခန်းများ ပါဝင်သည်။
Interior ဒီဇိုင်းတွင် မျဉ်းကွေးများကိုသာ သုံးထားပြီး မျဉ်းဖြောင့်တစ်ကြောင်းမျှပင် ပါဝင်ခြင်း မရှိချေ။
ကျန်းမာရေးကောင်းလိုသူများအတွက်လည်း ပစ္စည်းကိရိယာ စုံလင်စွာ ထည့်သွင်းပေးထားသော အားကစား လေ့ကျင့်ရေးခန်းမတစ်ခုရှိသည်။
ရုပ်ရှင်ချစ်သူများအတွက် luxury environment ရှိသော အဆင့်မြင့်ရုပ်ရှင်ရုံတစ်ခု ထည့်သွင်းပေးထားသည်။
အထင်ရှားဆုံး feature တစ်ခုမှာ ရေတံခွန်ဖြစ်သည်။
ဒုတိယထပ်မှတဆင့် ရေကူးကန်ထဲသို့ စီးကျနေရာ စိတ်အပန်းပြေစေခြင်းနှင့် ပဉ္စလက်ဆန်သော အငွေ့အသက်မျိုး ရရှိစေသည်။
ထို့အပြင် စံအိမ်ကြီး၏ မျက်နှာစာနှင့် အမိုးများ၌ ဆိုလာပြားစနစ် တပ်ဆင်ထားသည်။ ထို့ကြောင့် အခြားအကျိုးကျေးဇူးများအပြင် ဂေဟဗေဒနှင့် သဟဇာတဖြစ်သော စံအိမ်တစ်ခုလည်း ဖြစ်လာစေသည်။
စီရော်နယ်ဒို စံအိမ်သည် လှပခမ်းနားထည်ဝါမှုနှင့် သက်သောင့်သက်သာဖြစ်မှုတို့ စုဝေးရာနေရာတစ်ခုဖြစ်ပြီး ဗိသုကာတီထွင်မှုများကို သဘာဝအလှနှင့် ပေါင်းစပ်ထားကာ အနားယူ အပန်းဖြေရန်အတွက် ပြီးပြည့်စုံသော နေရာတစ်ခုအဖြစ် ဖန်တီးပေးထားသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Cristiano Ronaldo Mansion, Miami (USA) concept design by Veliz Arquitecto