လက်ထပ်ပြီးစ ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် ဂျနီဖာလောရင့်စ်က ၎င်းလျှို့ဝှက်နေထိုင်သော နယူးယောက်မြို့ရှိ duplex penthouse ခန်းကို ရောင်းချရန် စီစဉ်
လက်ထပ်ပြီးစ ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် ဂျနီဖာလောရင့်စ်က ၎င်းလျှို့ဝှက်နေထိုင်သော နယူးယောက်မြို့ရှိ duplex penthouse ခန်းကို ရောင်းချရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
8 Nov 2019 11:48 am တွင် တင်ခဲ့သည်
941 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
မစ္စ လောရင့်စ်သည် ဂရင်းဝစ်ခ်ျလမ်း၊ အမှတ် ၄၄၃ တွင် တည်ရှိပြီး နာမည်ကျော် အများအပြား အခြေချနေထိုင်ရာ နေရာဖြစ်ကာ ယခင်က စာအုပ်ချုပ်စက်ရုံဟောင်းနေရာဖြစ်ခဲ့သော အဆောက်အအုံတွင်လည်း ကွန်ဒိုတစ်ခန်းပိုင်ဆိုင်ထားပြီး အငှားချထားသည်ဟု သိရသည်။
### Unicode Version ###
အော်စကာဆုရှင် ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး ဂျနီဖာလောရင့်စ်သည် အနုပညာလက်ရာများ ရောင်းဝယ်ရေးသမား ကွတ်ခ် မရိုးနီနှင့် ယခုလ အစောပိုင်းတွင် အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်း ရိုဒီအိုင်းလန်းရှိ နယူးပို့ထ်မြို့ကလေးတွင် လက်ထပ်ခဲ့ကြသည်။
ယခုအခါ ဂျနီဖာလောရင့်စ်က နယူးယောက်မြို့ Upper East Side အရပ်ရှိ penthouse ခန်းကို ရောင်းချရန် စီစဉ်လာသည်။
ဂျနီဖာလောရင့်စ်က အဆိုပါအခန်းကို ၂၀၁၆ ခုနှစ်အတွင်း ဝယ်ယူထားခဲ့ခြင်း ဖြစ်သည်။
မစ္စ လောရင့်စ်သည် ဂရင်းဝစ်ချ်လမ်း၊ အမှတ် ၄၄၃ တွင် တည်ရှိပြီး နာမည်ကျော် အများအပြား အခြေချနေထိုင်ရာ နေရာဖြစ်ကာ ယခင်က စာအုပ်ချုပ်စက်ရုံဟောင်းနေရာဖြစ်ခဲ့သော အဆောက်အအုံတွင်လည်း ကွန်ဒိုတစ်ခန်းပိုင်ဆိုင်ထားပြီး အငှားချထားသည်ဟု သိရသည်။
ဈေးကွက်တင်လာသည့် အခန်းမှာ အရှေ့ ၆၇ လမ်း၊ အမှတ် ၄၀၀ တွင် တည်ရှိကာ ကန်ဒေါ်လာ ၁၄ ဒသမ ၂၅ သန်းဖြင့် ဈေးကွက်တင်လာခြင်း ဖြစ်သည်။
အဆိုပါဈေးနှုန်းမှာ ဇူလိုင်လအတွင်း ဈေးကွက်တင်ခဲ့စဉ်က ဈေးနှုန်းဖြစ်သော ကန်ဒေါ်လာ ၁၅ ဒသမ ၄၅ သန်းမှ ကျဆင်းသွားခြင်း လည်း ဖြစ်သည်။
ဂျနီဖာလောရင့်စ်က အဆိုပါအခန်းကို လွန်ခဲ့သော ၃ နှစ်က ဝယ်ယူခဲ့ရာတွင် ကန်ဒေါ်လာ ၁၅ ဒသမ ၆ သန်းပေးခဲ့ရကြောင်း အိမ်ခြံမြေ မှတ်တမ်းများတွင် ဖော်ပြရာ ယခုဈေးနှုန်းမှာ အရှုံးခံ ရောင်းချခြင်းလည်း ဖြစ်သည်။
မစ္စ လောရင့်စ်၏ penthouse ခန်းတွင် နေအိမ်ပြင်ပနေရာ စတုရန်းပေ ၃၀၀၀ ခန့် အထိ ပါဝင်သည်။
နေအိမ်ခန်းအတွင်း အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၄ ခန်းခွဲတို့ ပါဝင်ကာ ၁၂ ပေခန့်အထိ မြင့်မားသော မျက်နှာကြက်များလည်း တွေ့ရသည်။
နှစ်ထပ်တွဲ လူနေခန်း၏ ပြင်ပနေရာတွင် ဟင်းလင်းပြင် မီးဖိုဆောင်တစ်ခု ပါဝင်ပြီး စားပွဲတင်တင်းနစ်စားပွဲတစ်ခုအပြင် ဖျော်ဖြေရေးဆိုင်ရာ နေရာများစွာ ပါဝင်သည်။
မျက်နှာစာနှစ်ဖက် ပြုလုပ်ထားသော ထုံးကျောက် ဓာတ်ငွေ့မီးလင်းဖိုနေရာဖြင့် ညစာစားခန်းနှင့် ဧည့်ခန်းတို့ကို ပိုင်းခြားထားသည်။
penthouse ခန်း တည်ရှိရာ အဆောက်အအုံကြီးတွင် ပါပါရာဇီ သတင်းသမားများ၏ အန္တရာယ်မှ ကင်းလွတ်သည့် ကားရပ်နားရန် နေရာ၊ တံခါးစောင့်ဝန်ထမ်း၊ ပွဲလမ်းများနှင့် စားသောက်ဆိုင်အစရှိသည်တို့အတွက် လက်မှတ်ကြိုတင်ရယူ အမှာစာပေးပို့ရန်အတွက် အကူအညီပေးမည့် ဝန်ထမ်းတစ်ဦး၊ ကျန်းမာရေးအတွက် ရည်ရွယ်ဆောက်လုပ်ထားသော ရေကန်ငယ်၊ ရေပူကန်၊ ရေနွေးငွေ့ခန်းမ၊ စက်ဘီးထားသိုခန်းနှင့် သီးသန့်သိုလှောင်နေရာတစ်ခုတို့ ပါဝင်သည်။
ဈေးကွက်တင်ပေးသူမှာ Compass ကုမ္ပဏီမှ အကျိုးဆောင် ပန်မလာ ဒီ အာ့ခ်ဖြစ်သည်။
(ဆက်စပ်သတင်းများ)
(၁) ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး ဂျနီဖာလောရင့်စ်က ကွတ်ကီ မာရိုနေးနှင့် စေ့စပ်ပြီးနောက် မန်ဟက်တန်တွင် တိုက်ခန်းလိုက်လံရှာဖွေလျက်ရှိ
https://www.imyanmarhouse.com/news/read/828105
(၂) ဂျနီဖာလောရင့်စ်၏ ကွန်ဒိုခန်း တစ်လလျှင် ကန်ဒေါ်လာ ၃ သောင်းနီးပါးဖြင့် ငှားရမ်းမည်
https://www.imyanmarhouse.com/news/read/606955
(၃) အမေရိကန်သရုပ်ဆောင် ဂျနီဖာလောရင့်စ်က မအောင်မြင်မီနေထိုင်ခဲ့သည့် နေအိမ်ကို ကန်ဒေါ်လာ တစ်သန်းကျော်ဖြင့် ရောင်းချမည်
https://www.imyanmarhouse.com/news/read/505395
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
18th Property and Car Expo
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service