အေပ်ာက္တိုက္ခန္းမ်ား အေႀကာင္း

အေပ်ာက္တိုက္ခန္းမ်ား အေႀကာင္း - Property Knowledge in Myanmar from iMyanmarHouse.com
7 Oct 2019 1:10 pm တွင် တင်ခဲ့သည်
1845 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

### Zawgyi Version ###

၁။ အေပ်ာက္တိုက္ခန္း

အေပ်ာက္တိုက္ခန္းဆိုသည္မွာယင္းတိုက္ခန္းအား တန္ဖိုးတစ္ရပ္ျဖင့္ေပးဝယ္၍ေနထိုုင္ခြင့္ႏွင့္ ထပ္ဆင့္လဲႊေျပာင္း၊ ဌားရမ္းပိုင္ခြင့္႐ိွေသာအိမ္ဌား (Tenant) တစ္ဦးျဖစ္ပါသည္။၁၉၆၀ ျပည့္ႏွစ္၊ ၿမိဳ႕ျပဆိုင္ရာဌားရမ္းခ ႀကီးၾကပ္ေရးအက္ဥပေဒႏွင့္ အက်ံဳးဝင္သျဖင့္ဝယ္ယူသူသည္ ေျမ႐ွင္အား အိမ္လခေပးရန္ႏွင့္ ယင္းဥပေဒကိုလိုက္နာရပါမည္။

၂။ အေပ်ာက္တိုက္ခန္းအမ်ိဳးအစားမ်ား

(က) ပုုဂၢလိကတိုုက္ခန္း

- ပုုဂၢလိကပိုုင္ေျမကြက္ေပၚတြင္ ပုုဂၢလိကပိုင္ ေငြျဖင့္ျဖစ္ေစ၊ကန္ထ႐ိုုက္တာႏွင့္ အခန္းေပးအခန္းယူေဆာက္လုုပ္သည့္တိုုက္ခန္းမ်ားျဖစ္ၿပီး၊

- ေျမ႐ွင္အား အိမ္လခေပးေနရေသာအခန္းမ်ား ျဖစ္ပါသည္။

- အိုုးအိမ္မွ ပုုဂၢလိကသို႕အၿပီးအျပတ္ေရာင္းခ်ေသာအခန္းမ်ားလည္း ပါဝင္ပါသည္။

- ယင္းတိုုက္ခန္းမ်ားကိုုမူ အိမ္လခ ေတာင္းခံျခင္းမျပဳပါ။

(ခ) ျပည္သူပိုင္မွ ျပန္ေပးေသာတိုက္ခန္း

- ျပည္သူပိုုင္ သိမ္းယူေသာတိုက္ခန္းမ်ားအနက္ႏိုုင္ငံေတာ္မွ အသံုုးျပဳရန္ မလိုအပ္သည့္အခန္းမ်ားအားျပန္လည္စိစစ္၍ မူလပိုုင္႐ွင္မ်ားအား ျပန္လည္လဲႊေျပာင္းေပးအပ္လိုုက္သည့္ အခန္းအမ်ိဳးအစားျဖစ္ပါသည္။

(ဂ) စည္ပင္မွ ယာယီထိန္းသိမ္းထားသည့္ တိုက္ခန္း

- တိုုက္ခန္းေနထိုင္သူမွ ေၾကြးမဆပ္ႏိုုင္သျဖင့္စည္ပင္က ယာယီထိန္းသိမ္းထားသည့္ အခန္းျဖစ္ၿပီး၊ - စည္ပင္ေၾကြးကို အိမ္ဌား (တိုက္ခန္းအေပ်ာက္ဝယ္သူ)မွေပးဆပ္ရၿပီး - တိုက္ပိုင္႐ွင္သို႕အိမ္လခေပးရန္မလိုဘဲ - စည္ပင္ခြန္မ်ားကိုသာ ေပးေဆာင္ေနရသည့္အခန္းအမ်ိဳးအစားျဖစ္ပါသည္။

(ဃ) ဘာသာေရးပိုုင္အခန္းမ်ား

- ဗလီဝကဖ္အခန္းမ်ား၊ ဟိႏၵဴဘုရားေက်ာင္းပိုုင္အခန္းမ်ား၊တ႐ုုတ္ဘံုုေက်ာင္းပိုင္အခန္းမ်ားအားအေပ်ာက္စနစ္ျဖင့္ေရာင္းခ်ၿပီး - ရ႐ိွသည့္ေငြမ်ား၊ အိမ္လခမ်ားကို ဘာသာေရးရန္ပံုုေငြအျဖစ္အသံုုးျပဳသည့္အခန္းမ်ား ျဖစ္ပါသည္။ - အဆိုပါအခန္းမ်ား ေရာင္းခ်ျခင္း၊ ဝယ္ယူျခင္း၊ပိုင္ဆိုင္မႈအမည္ေျပာင္းျခင္းမ်ားကို သက္ဆိုင္ရာေဂါပကအဖဲြ႕လူႀကီးမ်ားက စီမံခန္႕ခဲြၾကပါသည္။

(င) ျပည္သူပိုုင္ (သို႕) အစိုးရပိုင္အခန္းမ်ား

1. အိုုးအိမ္ခန္း

- ႏိုု္င္ငံေတာ္ပိုင္ေျမေပၚတြင္ ႏိုုင္ငံေတာ္ပုိင္ေငြျဖင့္ေဆာက္လုုပ္ၿပီး - ဝန္ထမ္းမ်ားအား ေနထိုုင္ခြင့္အဌားခ်ထားေသာအခန္းမ်ိဳးျဖစ္သည္။ (ဥပမာ- ဦးဝိစာရအိမ္ရာ၊ ရန္ကင္းအိမ္ရာ၊ ဖဆပလအိမ္ရာ) - ၎အျပင္ ယခင္တိုုင္းျပည္သူ႕ေကာင္စီမွထိန္းသိမ္းထားေသာ ျပည္သူပိုင္အခန္းမ်ားအား အိုုးအိမ္သို႕လဲႊအပ္ေပးလိုု္က္ေသာအခန္းမ်ား ပါဝင္ပါသည္။

2. ဌာနဆိုုင္ရာအခန္းမ်ား

- အစိုးရဌာနဆိုင္ရာ အဖဲြ႕အစည္းအသီးသီးတို႕မွမိမိတို႕ဝန္ထမ္းမ်ား ေနထိုင္္ေရးအဆင္ေျပေစရန္အတြက္ ႏိုုင္ငံေတာ္မွ စီစဥ္ေဆာက္လုပ္ေပးေသာအေဆာက္အဦးတိုက္ခန္းမ်ား ျဖစ္ပါသည္။ - ျပည္သူပိုုင္အျဖစ္ ျပဳလုပ္ထားေသာအခန္းမ်ားပါဝင္ပါသည္။

3. တိုင္းခ်ခန္း

- ယခင္တိုင္းလံုုၿခံဳေရးႏွင့္ အုုပ္ခ်ဳပ္မႈေကာ္မတီ၊တစ္ဖန္ တိုင္းျပည္သူ႕ေကာင္စီသည္ တိုုင္းအဆင့္စီမံခန္႕ခြဲမႈ အုပ္ခ်ဳပ္မႈအဖဲြ႕အစည္းမွ ပုဂိၢဳလ္မ်ားအားခ်ေပးေသာအခန္း ျဖစ္ပါသည္။

4. ႏိုုင္ငံျခားျပန္အခန္း

- ႏိုုင္ငံျခားသားပိုင္အခန္းျဖစ္ၿပီး မိမိတို႕၏ႏိုုင္ငံသို႕အၿပီးအပိုင္ျပန္ၾကရာတြင္ ယင္းအခန္းမ်ားကိုႏိုင္ငံေတာ္သို႕ အပ္ႏံွျခင္း(သို႕) ႏိုုင္ငံေတာ္မွ သိမ္းယူထားေသာအခန္း ျဖစ္သည္။

5. စည္ပင္ယာယီထိန္းအခန္း

- စည္ပင္သာယာေရးေကာ္မတီ၏ စည္းကမ္းခ်က္မ်ား၊ဥပေဒျပဌာန္းခ်က္မ်ားႏွင့္ မကိုက္ညီျခင္း ညႊန္ၾကားခ်က္မ်ားအားမလိုုက္နာျခင္းတို႕ေၾကာင့္ စည္ပင္သာယာေရးေကာ္မတီမွယာယီထိန္းသိမ္းထားေသာအခန္း ျဖစ္ပါသည္။

(စ) အျခားအခန္းမ်ား

- ျပစ္မွုုဆိုုင္ရာဥပေဒတစ္ရပ္ရပ္အရ (မူးယစ္ေဆးဝါး၊ ခ်ဲထီစသည္) အေရးယူခံရၿပီး ႏိုုင္ငံဘ႑ာအျဖစ္သိမ္းျခင္းခံရသည့္

အခန္းမ်ား ျဖစ္ပါသည္။

(ဆ) DB တိုက္ခန္းမ်ား

အႏၱရယ္႐ိွ အေဆာက္အဦ DB(Dangerous Building) မွာအခ်ိန္မေ႐ြး ၿပိဳက်ႏိုုင္ၿပီး ေနထိုုင္သူႏွင့္အနီးအနား႐ိွသည့္လူမ်ား၏ အသက္အႏၱရာယ္ကိုထိခိုု္က္ေစႏိုုင္သည့္ အေဆာက္အဦကိုေခၚပါသည္။အႏၱရာယ္႐ိွအေဆာက္အဦကို အိမ္႐ွင္ျဖစ္ေစ၊ ေနထိုုင္သူျဖစ္ေစ၊ပတ္ဝန္းက်င္မွျဖစ္ေစ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီသို႕ ေလွ်ာက္ထားႏိုုင္ပါသည္။ေလွ်ာက္ထားမႈအေပၚ ေ႐ွးဦးစြာပမဏာမအဖဲြ႕ျဖင့္စစ္ေဆးၿပီး အေသးစားျပင္ဆင္ရန္ (သို႕)အႀကီးစားျပင္ဆင္ရန္ဆံုုးျဖတ္ပါသည္။

ထိုုသိုု.မဟုုတ္ဘဲ အႏၱရာယ္႐ိွ အေဆာက္အဦျဖစ္ကအဖဲြ႕ဝင္(၁၂)ဦး ပါဝင္သည့္ စစ္ေဆးေရးအဖဲြ.ႀကီးျဖင့္ထပ္မံစစ္ေဆး ေဆာက္႐ြက္ပါသည္။

ထိုအဖဲြ႕၏ စစ္ေဆးခ်က္ကို ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီသို႕ တင္ျပအတည္ျပဳခ်က္ ရယူၿပီးေနာက္ၿမိဳ႕ေတာ္သတင္းစာ(သို႕) အျခားနည္းျဖင့္ ေျမ႐ွင္မွလာေရာက္၍ပိုင္ဆိုင္မႈတင္ျပရန္ အေၾကာင္းၾကားပါသည္။

ပိုုင္ဆိုုင္မွုုမွန္က ေျမ႐ွင္မွ မိမိႀကိဳက္ရာစည္ပင္အသိအမွတ္ျပဳလိုင္စင္ရကန္ထ႐ိုုက္တာျဖင့္ အႏၱရာယ္႐ိွအေဆာက္အဦးကိုၿဖိဳဖ်က္၍ အသစ္ျပန္လည္တည္ေဆာက္ေရးႀကီးၾကပ္အဖဲြ႕မွေနထိုင္သူမ်ားအားေခၚ၍ ေနရာခ်ထားေပးၿပီးေဆာက္လုပ္ေစပါသည္။

အိမ္႐ွင္ေျမ႐ွင္ႏွင့္ ေနထိုုင္သူမ်ား စေပၚျဖင့္ေနသူ (သို႕) အျခားနည္းျဖင့္ေနသူမ်ား၏ အခြင့္အေရးမွာ-

1 - ေနထိုုင္သူမ်ားကိုု လက္႐ိွအခန္းမ်ား၏ အက်ယ္အဝန္းအတိုင္းျပန္လည္ေနရာခ်ထားေပးပါသည္။

2 - အခန္းရသူမ်ားမွ ကန္ထ႐ိုုက္တာကို (၃) ရစ္ခဲြ၍အလိုက္ေငြေပးရပါမည္။ ပ်က္ကြက္လွ်င္ အခန္းရယူသူစာရင္းမွပယ္ဖ်က္ပါသည္။

3 - စည္ပင္၏ သတ္မွတ္အခြင့္အေရးမွအပအျခားမည္သည့္အခြင့္အေရးမွ် မရ႐ိွပါ။အႏၱရာယ္႐ိွအေဆာက္အဦးမွ ဖယ္႐ွားမေပးသူကို တည္ဆဲဥပေဒအရ အေရးယူပါသည္။

၃။ ႏိုုင္ငံေတာ္ပိုင္ (ျပည္သူပိုင္/အစိုးရပိုင္္) အခန္းမ်ားကိုေရာင္းဝယ္လႊဲေျပာင္းပိုင္ခြင့္ မ႐ိွပါ။

၄။ ပုဂၢလိကပိုင္တိုက္ခန္းမ်ားႏွင့္အိုးအိမ္ႏွင့္ ေဆာက္လုုပ္ေရးကုုမၺဏီတို႕အက်ိဳးတူေဆာက္လုပ္ၿပီး ပုဂၢလိကမ်ားသို႕အၿပီးအပိုင္ ေရာင္းခ်သည့္တိုက္ခန္းမ်ားကိုပုဂၢလိကအခ်င္းခ်င္း ေရာင္းပိုင္၊ ဝယ္ပိုင္၊လဲႊေျပာင္းပိုင္ခြင့္႐ိွပါသည္။

Credit:  Winning Land Real Estate

 

### Unicode Version ###

၁။ အပျောက်တိုက်ခန်း

အပျောက်တိုက်ခန်းဆိုသည်မှာယင်းတိုက်ခန်းအား တန်ဖိုးတစ်ရပ်ဖြင့်ပေးဝယ်၍နေထိုင်ခွင့်နှင့် ထပ်ဆင့်လွဲှပြောင်း၊ ဌားရမ်းပိုင်ခွင့်ရှိသောအိမ်ဌား (Tenant) တစ်ဦးဖြစ်ပါသည်။၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာဌားရမ်းခ ကြီးကြပ်ရေးအက်ဥပဒေနှင့် အကျုံးဝင်သဖြင့်ဝယ်ယူသူသည် မြေရှင်အား အိမ်လခပေးရန်နှင့် ယင်းဥပဒေကိုလိုက်နာရပါမည်။

၂။ အပျောက်တိုက်ခန်းအမျိုးအစားများ

(က) ပုဂ္ဂလိကတိုက်ခန်း

- ပုဂ္ဂလိကပိုင်မြေကွက်ပေါ်တွင် ပုဂ္ဂလိကပိုင် ငွေဖြင့်ဖြစ်စေ၊ကန်ထရိုက်တာနှင့် အခန်းပေးအခန်းယူဆောက်လုပ်သည့်တိုက်ခန်းများဖြစ်ပြီး၊

- မြေရှင်အား အိမ်လခပေးနေရသောအခန်းများ ဖြစ်ပါသည်။

- အိုးအိမ်မှ ပုဂ္ဂလိကသို့အပြီးအပြတ်ရောင်းချသောအခန်းများလည်း ပါဝင်ပါသည်။

- ယင်းတိုက်ခန်းများကိုမူ အိမ်လခ တောင်းခံခြင်းမပြုပါ။

(ခ) ပြည်သူပိုင်မှ ပြန်ပေးသောတိုက်ခန်း

- ပြည်သူပိုင် သိမ်းယူသောတိုက်ခန်းများအနက်နိုင်ငံတော်မှ အသုံးပြုရန် မလိုအပ်သည့်အခန်းများအားပြန်လည်စိစစ်၍ မူလပိုင်ရှင်များအား ပြန်လည်လွဲှပြောင်းပေးအပ်လိုက်သည့် အခန်းအမျိုးအစားဖြစ်ပါသည်။

(ဂ) စည်ပင်မှ ယာယီထိန်းသိမ်းထားသည့် တိုက်ခန်း

- တိုက်ခန်းနေထိုင်သူမှ ကြွေးမဆပ်နိုင်သဖြင့်စည်ပင်က ယာယီထိန်းသိမ်းထားသည့် အခန်းဖြစ်ပြီး၊ - စည်ပင်ကြွေးကို အိမ်ဌား (တိုက်ခန်းအပျောက်ဝယ်သူ)မှပေးဆပ်ရပြီး - တိုက်ပိုင်ရှင်သို့အိမ်လခပေးရန်မလိုဘဲ - စည်ပင်ခွန်များကိုသာ ပေးဆောင်နေရသည့်အခန်းအမျိုးအစားဖြစ်ပါသည်။

(ဃ) ဘာသာရေးပိုင်အခန်းများ

- ဗလီဝကဖ်အခန်းများ၊ ဟိန္ဒူဘုရားကျောင်းပိုင်အခန်းများ၊တရုတ်ဘုံကျောင်းပိုင်အခန်းများအားအပျောက်စနစ်ဖြင့်ရောင်းချပြီး - ရရှိသည့်ငွေများ၊ အိမ်လခများကို ဘာသာရေးရန်ပုံငွေအဖြစ်အသုံးပြုသည့်အခန်းများ ဖြစ်ပါသည်။ - အဆိုပါအခန်းများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ပိုင်ဆိုင်မှုအမည်ပြောင်းခြင်းများကို သက်ဆိုင်ရာဂေါပကအဖွဲ့လူကြီးများက စီမံခန့်ခွဲကြပါသည်။

(င) ပြည်သူပိုင် (သို့) အစိုးရပိုင်အခန်းများ

1. အိုးအိမ်ခန်း

- နိုင်ငံတော်ပိုင်မြေပေါ်တွင် နိုင်ငံတော်ပိုင်ငွေဖြင့်ဆောက်လုပ်ပြီး - ဝန်ထမ်းများအား နေထိုင်ခွင့်အဌားချထားသောအခန်းမျိုးဖြစ်သည်။ (ဥပမာ- ဦးဝိစာရအိမ်ရာ၊ ရန်ကင်းအိမ်ရာ၊ ဖဆပလအိမ်ရာ) - ၎င်းအပြင် ယခင်တိုင်းပြည်သူ့ကောင်စီမှထိန်းသိမ်းထားသော ပြည်သူပိုင်အခန်းများအား အိုးအိမ်သို့လွဲှအပ်ပေးလိုက်သောအခန်းများ ပါဝင်ပါသည်။

2. ဌာနဆိုင်ရာအခန်းများ

- အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးတို့မှမိမိတို့ဝန်ထမ်းများ နေထိုင်ရေးအဆင်ပြေစေရန်အတွက် နိုင်ငံတော်မှ စီစဉ်ဆောက်လုပ်ပေးသောအဆောက်အဦးတိုက်ခန်းများ ဖြစ်ပါသည်။ - ပြည်သူပိုင်အဖြစ် ပြုလုပ်ထားသောအခန်းများပါဝင်ပါသည်။

3. တိုင်းချခန်း

- ယခင်တိုင်းလုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီ၊တစ်ဖန် တိုင်းပြည်သူ့ကောင်စီသည် တိုင်းအဆင့်စီမံခန့်ခွဲမှု အုပ်ချုပ်မှုအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များအားချပေးသောအခန်း ဖြစ်ပါသည်။

4. နိုင်ငံခြားပြန်အခန်း

- နိုင်ငံခြားသားပိုင်အခန်းဖြစ်ပြီး မိမိတို့၏နိုင်ငံသို့အပြီးအပိုင်ပြန်ကြရာတွင် ယင်းအခန်းများကိုနိုင်ငံတော်သို့ အပ်နံှခြင်း(သို့) နိုင်ငံတော်မှ သိမ်းယူထားသောအခန်း ဖြစ်သည်။

5. စည်ပင်ယာယီထိန်းအခန်း

- စည်ပင်သာယာရေးကော်မတီ၏ စည်းကမ်းချက်များ၊ဥပဒေပြဌာန်းချက်များနှင့် မကိုက်ညီခြင်း ညွှန်ကြားချက်များအား မလိုက်နာခြင်းတို့ကြောင့် စည်ပင်သာယာရေးကော်မတီမှယာယီထိန်းသိမ်းထားသောအခန်း ဖြစ်ပါသည်။

(စ) အခြားအခန်းများ

- ပြစ်မှုဆိုင်ရာဥပဒေတစ်ရပ်ရပ်အရ (မူးယစ်ဆေးဝါး၊ ချဲထီစသည်) အရေးယူခံရပြီး နိုင်ငံဘဏ္ဍာအဖြစ်သိမ်းခြင်းခံရသည့် အခန်းများ ဖြစ်ပါသည်။

(ဆ) DB တိုက်ခန်းများ

အန္တရယ်ရှိ အဆောက်အဦ DB(Dangerous Building) မှာအချိန်မရွေး ပြိုကျနိုင်ပြီး နေထိုင်သူနှင့် အနီးအနားရှိသည့်လူများ၏ အသက်အန္တရာယ်ကိုထိခိုက်စေနိုင်သည့် အဆောက်အဦကိုခေါ်ပါသည်။ အန္တရာယ်ရှိအဆောက်အဦကို အိမ်ရှင်ဖြစ်စေ၊ နေထိုင်သူဖြစ်စေ၊ပတ်ဝန်းကျင်မှဖြစ်စေ မြို့တော်စည်ပင်သာယာရေးကော်မတီသို့ လျှောက်ထားနိုင်ပါသည်။လျှောက်ထားမှုအပေါ် ရှေးဦးစွာပမဏာမအဖွဲ့ဖြင့်စစ်ဆေးပြီး အသေးစားပြင်ဆင်ရန် (သို့) အကြီးစားပြင်ဆင်ရန်ဆုံးဖြတ်ပါသည်။

ထိုသို.မဟုတ်ဘဲ အန္တရာယ်ရှိ အဆောက်အဦဖြစ်ကအဖွဲ့ဝင်(၁၂)ဦး ပါဝင်သည့် စစ်ဆေးရေးအဖွဲ.ကြီးဖြင့်ထပ်မံစစ်ဆေး ဆောက်ရွက်ပါသည်။

ထိုအဖွဲ့၏ စစ်ဆေးချက်ကို မြို့တော်စည်ပင်သာယာရေးကော်မတီသို့ တင်ပြအတည်ပြုချက် ရယူပြီးနောက် မြို့တော်သတင်းစာ(သို့) အခြားနည်းဖြင့် မြေရှင်မှလာရောက်၍ပိုင်ဆိုင်မှုတင်ပြရန် အကြောင်းကြားပါသည်။

ပိုင်ဆိုင်မှုမှန်က မြေရှင်မှ မိမိကြိုက်ရာစည်ပင်အသိအမှတ်ပြုလိုင်စင်ရကန်ထရိုက်တာဖြင့် အန္တရာယ်ရှိအဆောက်အဦးကို ဖြိုဖျက်၍ အသစ်ပြန်လည်တည်ဆောက်ရေးကြီးကြပ်အဖွဲ့မှနေထိုင်သူများအားခေါ်၍ နေရာချထားပေးပြီး ဆောက်လုပ်စေပါသည်။

အိမ်ရှင်မြေရှင်နှင့် နေထိုင်သူများ စပေါ်ဖြင့်နေသူ (သို့) အခြားနည်းဖြင့်နေသူများ၏ အခွင့်အရေးမှာ-

1 - နေထိုင်သူများကို လက်ရှိအခန်းများ၏ အကျယ်အဝန်းအတိုင်းပြန်လည်နေရာချထားပေးပါသည်။

2 - အခန်းရသူများမှ ကန်ထရိုက်တာကို (၃) ရစ်ခွဲ၍အလိုက်ငွေပေးရပါမည်။ ပျက်ကွက်လျှင် အခန်းရယူသူစာရင်းမှပယ်ဖျက်ပါသည်။

3 - စည်ပင်၏ သတ်မှတ်အခွင့်အရေးမှအပအခြားမည်သည့်အခွင့်အရေးမျှ မရရှိပါ။အန္တရာယ်ရှိအဆောက်အဦးမှ ဖယ်ရှားမပေးသူကို တည်ဆဲဥပဒေအရ အရေးယူပါသည်။

၃။ နိုင်ငံတော်ပိုင် (ပြည်သူပိုင်/အစိုးရပိုင်) အခန်းများကိုရောင်းဝယ်လွှဲပြောင်းပိုင်ခွင့် မရှိပါ။

၄။ ပုဂ္ဂလိကပိုင်တိုက်ခန်းများနှင့်အိုးအိမ်နှင့် ဆောက်လုပ်ရေးကုမ္ဗဏီတို့အကျိုးတူဆောက်လုပ်ပြီး ပုဂ္ဂလိကများသို့အပြီးအပိုင် ရောင်းချသည့်တိုက်ခန်းများကိုပုဂ္ဂလိကအချင်းချင်း ရောင်းပိုင်၊ ဝယ်ပိုင်၊လွဲှပြောင်းပိုင်ခွင့်ရှိပါသည်။

Credit: Winning Land Real Estate

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service