ေအာင္ျမင္သူေတြရဲ႕ တနလၤာနံနက္ခင္း

ေအာင္ျမင္သူေတြရဲ႕ တနလၤာနံနက္ခင္း - Property Knowledge in Myanmar from iMyanmarHouse.com
7 Oct 2019 11:01 am တွင် တင်ခဲ့သည်
1367 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

### Zawgyi Version ###

တနလၤာေန႔နံနက္ခင္းဟာ တစ္ပတ္လံုးအတြက္ အေရးအႀကီးဆံုးအခ်ိန္ျဖစ္ပါတယ္။ ဘာျဖစ္လို႔ပါလဲ။ တနလၤာေန႔နံနက္ခန္းဟာ ေနာက္ထပ္ျဖတ္သန္းရမယ့္ နာရီေပါင္း (၁၆၈) နာရီကို အဆင္ေျပေခ်ာေမြ႕စြာ ျဖတ္သန္းႏိုင္ဖို႔ လမ္းေၾကာင္းခ်ေပးႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။

တနလၤာေန႔နံနက္ခင္းကို ေအာင္ျမင္စြာ စတင္ႏိုင္မယ္ဆိုရင္ လက္က်န္သီတင္းတစ္ပတ္လံုးကို အေကာင္းဆံုးျဖတ္ေက်ာ္ႏိုင္မွာ ျဖစ္ပါတယ္။ အဆင္မေျပတဲ့တနလၤာနံနက္ခင္းျဖစ္ခဲ့ရင္ေတာ့ တစ္ပတ္လံုး တလြဲတေခ်ာ္ျဖစ္ႏိုင္ေခ်ရွိပါတယ္။ ဒါ့ေၾကာင့္ သင့္ရဲ႕ တနလၤာေန႔နံနက္ခင္းေတြကို ေအာင္ျမင္စြာ စတင္ႏိုင္ဖို႔အတြက္ တနလၤာနံနက္ခင္းမွာ ေအာင္ျမင္သူေတြ ဘာလုပ္ၾကလဲဆိုတာကို ေလ့လာၾကည့္သင့္ပါတယ္။

၁။ တနလၤာနံနက္ခင္းအတြက္ တနဂၤေႏြညကတည္းက စတင္စီစဥ္တယ္။

တနလၤာနံနက္ခင္းေတြဟာ သီတင္းတစ္ပတ္လံုးအတြက္ အေရးအႀကီးဆံုးျဖစ္တဲ့အတြက္ အလုပ္အ႐ႈပ္ဆံုးအခ်ိန္လည္း ျဖစ္ပါတယ္။ ေသာၾကာေန႔မွာ ပစ္ခ်ထားခဲ့တဲ့ အလုပ္ကိစၥေတြအားလံုးကို ျပန္လည္ေကာက္ယူလုပ္ေဆာင္ရမွာ ျဖစ္သလို ႐ုံးပိတ္ရက္အတြင္း ေပၚေပါက္လာတဲ့ အလုပ္ေတြကိုလည္း ကိုင္တြယ္ရဦးမွာ ျဖစ္ပါတယ္။ အလုပ္အမ်ားဆံုးအခ်ိန္ျဖစ္တဲ့ တနလၤာနံနက္ခင္းကို အေကာင္းဆံုးစီစဥ္လုပ္ေဆာင္ႏိုင္ဖို႔အတြက္ တနဂၤေႏြေန႔ညပိုင္းမွာ အခ်ိန္တစ္နာရီ ႏွစ္နာရီေလာက္ေပးၿပီး ႀကိဳတင္ျပင္ဆင္ထားရမွာ ျဖစ္ပါတယ္။ တနဂၤေႏြညပိုင္းမွာ တီဗီြၾကည့္ေနမယ့္အစား တနလၤာနံနက္ခင္းအတြက္ ႏွစ္နာရီေလာက္အလုပ္လုပ္လိုက္တာက ေအာင္ျမင္တဲ့သီတင္းပတ္ကိုရရွိႏိုင္မွာ ျဖစ္ပါတယ္။

၂။ မနက္ေစာေစာထၾကတယ္။

ေအာင္ျမင္သူအမ်ားစုဟာ သူတို႔ရဲ႕တနလၤာနံနက္ခင္းကို တနဂၤေႏြညကတည္းက ႀကိဳတင္ျပင္ဆင္ထားတတ္ၾကသလို တနဂၤေႏြညမွာလည္း အိပ္ရာေစာေစာ၀င္ေလ့ရွိၾကပါတယ္။ ဒါမွသာ အိပ္ေရး၀၀အိပ္ရၿပီး တနလၤာေန႔နံနက္ခင္းမွာ အိပ္ရာေစာေစာထႏိုင္ၾကမွာ ျဖစ္ပါတယ္။ တနလၤာနံနက္ခင္းမွာ အိပ္ရာေစာေစာထလိုက္ျခင္းအားျဖင့္ လုပ္စရာရွိတာေတြကို ပိုၿပီးေတာ့လုပ္ေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။

၃။ ေလ့က်င့္ခန္းလုပ္ၾကတယ္။

တနလၤာေန႔ကစၿပီး က်န္တဲ့သီတင္းတစ္ပတ္လံုးကို ခြန္အားအျပည့္နဲ႔ ေအာင္ျမင္စြာျဖတ္ေက်ာ္ခ်င္တယ္ဆိုရင္ မနက္ခင္းမွာ ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းတစ္ခုခု လုပ္ေဆာင္ရမွာျဖစ္ပါတယ္။ အေျပးေလ့က်င့္တာ၊ အေလးမတာ၊ ေယာဂက်င့္တာဘာပဲျဖစ္ျဖစ္ ကိုယ္လက္လႈပ္ရွားမႈတစ္ခုခုျဖစ္ရင္ ရပါၿပီ။ မနက္ခင္းမွာ ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းလုပ္ျခင္းအားျဖင့္ ႏွလံုးခုန္ႏႈန္းနဲ႔ ေသြးလည္ပတ္မႈကို ပိုမိုေကာင္းမြန္ေစတာေၾကာင့္ တစ္ေန႔တာလံုးအတြက္ ခြန္အားအျပည့္၊ စြမ္းေဆာင္ရည္အျပည့္နဲ႔ လန္းဆန္တက္ၾကြစြာ အလုပ္လုပ္ႏိုင္ေစမွာ ျဖစ္ပါတယ္။

၄။ လုပ္ငန္းအစီအစဥ္ေရးဆြဲၾကတယ္။

တစ္ေန႔တာရဲ႕ မနက္ခင္းတိုင္းမွာ အခ်ိန္(၅)မိနစ္၊ (၁၀)မိနစ္ေလာက္ေပးၿပီး လုပ္ေဆာင္စရာရွိတဲ့ လုပ္ငန္းအစီအစဥ္ကို ေရးဆြဲဖို႔ အေရးႀကီးပါတယ္။ တနလၤာေန႔နံနက္ခင္းမွာဆိုရင္ အခ်ိန္ပိုေပးၿပီး တစ္ပတ္လံုးမွာ လုပ္ေဆာင္ရမယ့္ အေရးကိစၥေတြကို ေရးခ်ထားရမွာ ျဖစ္ပါတယ္။ တပတ္အတြင္း ကိုင္တြယ္ေျဖရွင္းရမယ့္ အေရးႀကီးဆံုးကိစၥေတြကိုစဥ္းစားပါ။ ေသေသခ်ာခ်ာခ်ေရးထားပါ။

၅။ အေရးအႀကီးဆံုးအလုပ္ကို အရင္လုပ္ၾကတယ္။

အိပ္ရာႏိုးထကာစအခ်ိန္မွာ လူသားေတြရဲ႕တီထြင္ဖန္တီးႏိုင္မႈက အျမင့္မားဆံုးအေျခအေနမွာ ရွိပါတယ္။ ဒါ့ေၾကာင့္ တစ္ပတ္အတြင္းမွာ အေရးအႀကီးဆံုးကိစၥေတြကို တနလၤာနံနက္ခင္းမွာ လုပ္ေဆာင္ဖို႔ကအေရးႀကီးပါတယ္။ အဆိုတင္သြင္းမႈေတြလုပ္ဖို႔၊ စာေရးသားေပးပို႔ဖို႔၊ တစ္ခုခုကိုဒီဇိုင္းဆြဲဖို႔ စတဲ့ကိစၥေတြကို တနလၤာနံနက္ခင္းမွာ လုပ္ေဆာင္ပါ။

၆။ ျပကၡဒိန္ကို ၾကည့္ၾကတယ္။

အလုပ္မ်ားလာတာနဲ႔အမွ် တစ္ေန႔ၿပီးတစ္ေန႔အလုပ္ေတြ လုပ္ေဆာင္ႏိုင္ဖို႔ ျပကၡဒိန္ကအေရးႀကီးလာပါတယ္။ ေအာင္ျမင္သူေတြအတြက္ေတာ့ ျပကၡဒိန္က အသက္ေသြးေၾကာတစ္ခုလိုပါပဲ။ ေအာင္ျမင္သူေတြအမ်ားစုဟာ လက္ေထာက္ရွိသည္ျဖစ္ေစ မရွိဘူးျဖစ္ေစ တနလၤာေန႔နံနက္တိုင္းမွာ သူတို႔ရဲ႕ျပကၡဒိန္ကို အျမဲတမ္း အေသအခ်ာ ဆန္းစစ္ေလ့ရွိပါတယ္။ တနလၤာေန႔နံနက္ခင္းမွာ ျပကၡဒိန္ကိုၾကည့္ၿပီး တစ္ပတ္လံုးစာအတြက္ လုပ္ငန္းအစီအစဥ္ကို ေရးဆြဲခ်မွတ္ေလ့ရွိၾကပါတယ္။

Credit: Gentleman Magazine

 

### Unicode Version ###

တနင်္လာနေ့နံနက်ခင်းဟာ တစ်ပတ်လုံးအတွက် အရေးအကြီးဆုံးအချိန်ဖြစ်ပါတယ်။ ဘာဖြစ်လို့ပါလဲ။ တနင်္လာနေ့နံနက်ခန်းဟာ နောက်ထပ်ဖြတ်သန်းရမယ့် နာရီပေါင်း (၁၆၈) နာရီကို အဆင်ပြေချောမွေ့စွာ ဖြတ်သန်းနိုင်ဖို့ လမ်းကြောင်းချပေးနိုင်တာကြောင့် ဖြစ်ပါတယ်။

တနင်္လာနေ့နံနက်ခင်းကို အောင်မြင်စွာ စတင်နိုင်မယ်ဆိုရင် လက်ကျန်သီတင်းတစ်ပတ်လုံးကို အကောင်းဆုံးဖြတ်ကျော်နိုင်မှာ ဖြစ်ပါတယ်။ အဆင်မပြေတဲ့တနင်္လာနံနက်ခင်းဖြစ်ခဲ့ရင်တော့ တစ်ပတ်လုံး တလွဲတချော်ဖြစ်နိုင်ချေရှိပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ တနင်္လာနေ့နံနက်ခင်းတွေကို အောင်မြင်စွာ စတင်နိုင်ဖို့အတွက် တနင်္လာနံနက်ခင်းမှာ အောင်မြင်သူတွေ ဘာလုပ်ကြလဲဆိုတာကို လေ့လာကြည့်သင့်ပါတယ်။

၁။ တနင်္လာနံနက်ခင်းအတွက် တနင်္ဂနွေညကတည်းက စတင်စီစဉ်တယ်။

တနင်္လာနံနက်ခင်းတွေဟာ သီတင်းတစ်ပတ်လုံးအတွက် အရေးအကြီးဆုံးဖြစ်တဲ့အတွက် အလုပ်အရှုပ်ဆုံးအချိန်လည်း ဖြစ်ပါတယ်။ သောကြာနေ့မှာ ပစ်ချထားခဲ့တဲ့ အလုပ်ကိစ္စတွေအားလုံးကို ပြန်လည်ကောက်ယူလုပ်ဆောင်ရမှာ ဖြစ်သလို ရုံးပိတ်ရက်အတွင်း ပေါ်ပေါက်လာတဲ့ အလုပ်တွေကိုလည်း ကိုင်တွယ်ရဦးမှာ ဖြစ်ပါတယ်။ အလုပ်အများဆုံးအချိန်ဖြစ်တဲ့ တနင်္လာနံနက်ခင်းကို အကောင်းဆုံးစီစဉ်လုပ်ဆောင်နိုင်ဖို့အတွက် တနင်္ဂနွေနေ့ညပိုင်းမှာ အချိန်တစ်နာရီ နှစ်နာရီလောက်ပေးပြီး ကြိုတင်ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ တနင်္ဂနွေညပိုင်းမှာ တီဗွီကြည့်နေမယ့်အစား တနင်္လာနံနက်ခင်းအတွက် နှစ်နာရီလောက်အလုပ်လုပ်လိုက်တာက အောင်မြင်တဲ့သီတင်းပတ်ကိုရရှိနိုင်မှာ ဖြစ်ပါတယ်။

၂။ မနက်စောစောထကြတယ်။

အောင်မြင်သူအများစုဟာ သူတို့ရဲ့တနင်္လာနံနက်ခင်းကို တနင်္ဂနွေညကတည်းက ကြိုတင်ပြင်ဆင်ထားတတ်ကြသလို တနင်္ဂနွေညမှာလည်း အိပ်ရာစောစောဝင်လေ့ရှိကြပါတယ်။ ဒါမှသာ အိပ်ရေး၀၀အိပ်ရပြီး တနင်္လာနေ့နံနက်ခင်းမှာ အိပ်ရာစောစောထနိုင်ကြမှာ ဖြစ်ပါတယ်။ တနင်္လာနံနက်ခင်းမှာ အိပ်ရာစောစောထလိုက်ခြင်းအားဖြင့် လုပ်စရာရှိတာတွေကို ပိုပြီးတော့လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

၃။ လေ့ကျင့်ခန်းလုပ်ကြတယ်။

တနင်္လာနေ့ကစပြီး ကျန်တဲ့သီတင်းတစ်ပတ်လုံးကို ခွန်အားအပြည့်နဲ့ အောင်မြင်စွာဖြတ်ကျော်ချင်တယ်ဆိုရင် မနက်ခင်းမှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတစ်ခုခု လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အပြေးလေ့ကျင့်တာ၊ အလေးမတာ၊ ယောဂကျင့်တာဘာပဲဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုဖြစ်ရင် ရပါပြီ။ မနက်ခင်းမှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် နှလုံးခုန်နှုန်းနဲ့ သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေတာကြောင့် တစ်နေ့တာလုံးအတွက် ခွန်အားအပြည့်၊ စွမ်းဆောင်ရည်အပြည့်နဲ့ လန်းဆန်တက်ကြွစွာ အလုပ်လုပ်နိုင်စေမှာ ဖြစ်ပါတယ်။

၄။ လုပ်ငန်းအစီအစဉ်ရေးဆွဲကြတယ်။

တစ်နေ့တာရဲ့ မနက်ခင်းတိုင်းမှာ အချိန်(၅)မိနစ်၊ (၁၀)မိနစ်လောက်ပေးပြီး လုပ်ဆောင်စရာရှိတဲ့ လုပ်ငန်းအစီအစဉ်ကို ရေးဆွဲဖို့ အရေးကြီးပါတယ်။ တနင်္လာနေ့နံနက်ခင်းမှာဆိုရင် အချိန်ပိုပေးပြီး တစ်ပတ်လုံးမှာ လုပ်ဆောင်ရမယ့် အရေးကိစ္စတွေကို ရေးချထားရမှာ ဖြစ်ပါတယ်။ တပတ်အတွင်း ကိုင်တွယ်ဖြေရှင်းရမယ့် အရေးကြီးဆုံးကိစ္စတွေကိုစဉ်းစားပါ။ သေသေချာချာချရေးထားပါ။

၅။ အရေးအကြီးဆုံးအလုပ်ကို အရင်လုပ်ကြတယ်။

အိပ်ရာနိုးထကာစအချိန်မှာ လူသားတွေရဲ့တီထွင်ဖန်တီးနိုင်မှုက အမြင့်မားဆုံးအခြေအနေမှာ ရှိပါတယ်။ ဒါ့ကြောင့် တစ်ပတ်အတွင်းမှာ အရေးအကြီးဆုံးကိစ္စတွေကို တနင်္လာနံနက်ခင်းမှာ လုပ်ဆောင်ဖို့ကအရေးကြီးပါတယ်။ အဆိုတင်သွင်းမှုတွေလုပ်ဖို့၊ စာရေးသားပေးပို့ဖို့၊ တစ်ခုခုကိုဒီဇိုင်းဆွဲဖို့ စတဲ့ကိစ္စတွေကို တနင်္လာနံနက်ခင်းမှာ လုပ်ဆောင်ပါ။

၆။ ပြက္ခဒိန်ကို ကြည့်ကြတယ်။

အလုပ်များလာတာနဲ့အမျှ တစ်နေ့ပြီးတစ်နေ့အလုပ်တွေ လုပ်ဆောင်နိုင်ဖို့ ပြက္ခဒိန်ကအရေးကြီးလာပါတယ်။ အောင်မြင်သူတွေအတွက်တော့ ပြက္ခဒိန်က အသက်သွေးကြောတစ်ခုလိုပါပဲ။ အောင်မြင်သူတွေအများစုဟာ လက်ထောက်ရှိသည်ဖြစ်စေ မရှိဘူးဖြစ်စေ တနင်္လာနေ့နံနက်တိုင်းမှာ သူတို့ရဲ့ပြက္ခဒိန်ကို အမြဲတမ်း အသေအချာ ဆန်းစစ်လေ့ရှိပါတယ်။ တနင်္လာနေ့နံနက်ခင်းမှာ ပြက္ခဒိန်ကိုကြည့်ပြီး တစ်ပတ်လုံးစာအတွက် လုပ်ငန်းအစီအစဉ်ကို ရေးဆွဲချမှတ်လေ့ရှိကြပါတယ်။

Credit: Gentleman Magazine

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service