ေနအိမ္ဝယ္ယူၿပီးေနာက္ ျဖစ္တတ္တဲ့ အမွားနဲ႔ ဆင္ျခင္စရာမ်ား

ေနအိမ္ဝယ္ယူၿပီးေနာက္ ျဖစ္တတ္တဲ့ အမွားနဲ႔ ဆင္ျခင္စရာမ်ား - Property Knowledge in Myanmar from iMyanmarHouse.com
3 Oct 2019 12:56 pm တွင် တင်ခဲ့သည်
9970 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

### Zawgyi Version ###

ေနအိမ္တစ္လံုး ဝယ္ယူၿပီးတဲ့ေနာက္မွာ အေရာင္းအဝယ္မွားလုိ႔ ေနာင္တရစိတ္ပ်က္ေနရတဲ့ အိမ္ပုိင္ရွင္ေတြမ်ားစြာရွိပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ျဖစ္ေစ အဝယ္မွားတတ္လုိ႔ မိမိေနအိမ္သစ္မွာေနထုိင္ရတာ သက္ေတာင့္သက္သာမျဖစ္ဘူး၊ မေပ်ာ္ရႊင္ရဘူးဆုိရင္ေတာ့ ဒီအေၾကာင္းက ေပါ့ေပါ့ေလးထားလုိက္လုိ႔ မရပါဘူး။

အိမ္ဝယ္ယူခဲ့စဥ္အခ်ိန္က အိမ္ၿခံေျမေစ်းႏႈန္း မေကာင္းလုိ႔ျဖစ္ေစ၊ အက်ိဳးေဆာင္ေတြရဲ႕ဖိအားေပးတုိက္တြန္းမႈေၾကာင့္ျဖစ္ေစ၊ ဒါမွမဟုတ္ မိမိတုိ႔မိသားစုေတြရဲ႕ အေၾကာင္းတစ္စံုတစ္ရာ အေရးႀကီး ကိစၥေၾကာင့္ျဖစ္ေစ ေနအိမ္သစ္တစ္လံုးကုိ အေသအခ်ာစီစစ္ၾကည့္ရႈေရြးခ်ယ္လုိက္ရျခင္းမရွိပါပဲ ဝယ္ယူလုိက္ရတဲ့အခါမ်ိဳးမွာဆုိရင္ ဒီလုိေနာင္တရစရာ၊ စိတ္ပ်က္စရာ အေၾကာင္းအရာေတြနဲ႔ ႀကံဳေတြ႔လာရႏုိင္ပါတယ္။ ဒါ့ေၾကာင့္မုိ႔လုိ႔ ေနအိမ္တစ္လံုးဝယ္ယူၿပီး ေနာက္ျဖစ္လာမယ့္ ေနာင္တရျခင္းနဲ႔ စိတ္မသက္သာစရာေတြနဲ႔ ႀကံဳေတြ႔လာႏုိင္မယ့္ အေၾကာင္းေတြကုိ ေဖာ္ျပေပးလုိက္ပါတယ္….

၁။ ပထမဆံုး အေရးႀကီးတဲ့အခ်က္ကေတာ့ မိမိေနအိမ္သစ္ရဲ႕ ေဘးပတ္ဝန္းက်င္က အိမ္နီးနားခ်င္းေတြပဲ ျဖစ္ပါတယ္။ အိမ္ကုိသာဝယ္ျဖစ္ရင္ ၿပီးေရာနဲ႔ ဝယ္ယူလုိက္တာက ေဘးပတ္ဝန္းက်င္က ဘယ္လုိလူေတြ၊ ဘယ္လုိအိမ္နီးနားခ်င္းပတ္ဝန္းက်င္ေတြျဖစ္သလဲဆုိတာ မေလ့လာမိလုိက္တဲ့ အခါမ်ိဳးက် ဒီျပႆနာမ်ိဳးနဲ႔ ႀကံဳေတြ႕လာရႏုိင္ပါတယ္။ ပတ္ဝန္းက်င္က လူေတြက စရုိက္ဆိုး၊ ခပ္ဆိုးဆိုး အိမ္နီးခ်င္းေတြ ဒါမွမဟုတ္ သေဘာမေကာင္း၊ စိတ္ထားမျပည့္ဝတဲ့ အိမ္နီးခ်င္းေတြ၊ ပတ္ဝန္းက်င္နဲ႔ လံုးဝထိေတြ႔မႈမရွိ၊ လူမႈေရးမရွိတဲ့ အိမ္နီးခ်င္းေတြ၊ ဆူဆူညံညံလုပ္တတ္တဲ့ အိမ္နီးခ်င္းေတြ၊ စာရိတၱ မေကာင္းတဲ့ အိမ္နီးခ်င္းေတြ အစရွိသျဖင့္ ခပ္ဆိုးဆိုး သတိထားရမယ့္ အိမ္နီးခ်င္းမ်ိဳးနဲ႔ဆုိရင္ေတာ့ သင့္မိသားစုအေနနဲ႔ သတိထားေပါင္းသင္းေနထုိင္သင့္ပါတယ္။

၂။ ေက်ာင္း၊ ေစ်း၊ ေရွာ့ပင္းစင္တာ၊ ငွာနဆုိင္ရာ၊ ရံုး အစရွိသျဖင့္ အဓိကအေရးႀကီးတဲ့ လုိအပ္ခ်က္ေနရာေတြကုိနဲ႔ နီးစပ္တဲ့ေနရာေတြ မွာ မေရြးခ်ယ္မိလုိ႔ သြားလာေရးခက္ခဲေနရတာမ်ိဳးေတြ ႀကံဳေတြ႔လာ ရႏုိင္ပါတယ္။ ဥပမာ - ကေလးငယ္ေလးေတြ၊ ေက်ာင္းတက္ကေလးငယ္ရွိတဲ့ မိသားစုမ်ိဳးဆုိရင္ ေက်ာင္းနဲ႔နီးသလား၊ ေဝးသလား ဆုိတာကုိ ထည့္စဥ္းစားၿပီးမွ ဝယ္ယူသင့္ပါတယ္။ ေက်ာင္း၊ ေဆးရံု၊ ကစားကြင္းတုိ႔နဲ႔ ေဝးကြာလုိ႔ ကေလးငယ္ေလးေတြအတြက္ သြားလာေရး ဒုကၡေရာက္ရပါတယ္။ ေစ်းတုိ႔၊ ငွာနဆုိင္ရာ ရံုးတုိ႔နဲ႔ ေဝးကြာလြန္းလုိ႔လည္း အခက္အခဲေတြ ျဖစ္ေပၚလာရႏုိင္ပါတယ္။ ဒါ့ေၾကာင့္မုိ႔လုိ႔ ေနအိမ္ရဲ႕ပတ္ဝန္းက်င္နဲ႔ သြားလာရလြယ္ကူတဲ့ ေနရာမ်ိဳးမွာ ဝယ္ယူေနထုိင္သင့္ပါတယ္။

၃။ အိမ္ရဲ႕ပံုစံအေျခအေနနဲ႔ မိသားစုနဲ႔ သင့္ေတာ္မႈ ရွိမရွိကုိလည္း ခ်ိန္ဆၿပီး ဝယ္ယူသင့္ပါတယ္။ အဘယ့္ေၾကာင့္ဆုိေသာ္ တခ်ိဳ႕ေန အိမ္ေတြက မိသားစုဝင္ေတြနည္းၿပီးေတာ့ အိမ္ကႀကီးလြန္းျခင္း၊မိသားစုဝင္မ်ားတဲ့ မိသားစုေတြမွာလည္း ဝယ္ယူတဲ့အိမ္ကက်ဥ္း လြန္းျခင္းတုိ႔လုိ လိုက္ဖက္ညီမႈမရွိလုိ႔ ေနထုိင္ရအဆင္မေျပတာမ်ိဳးေတြ ျဖစ္လာႏုိင္ပါတယ္။ အခန္းဖြဲ႕ေတြနည္းလုိ႔၊ က်ဥ္းေျမာင္းလုိ႔ လြတ္လြတ္လပ္လပ္နဲ႔ သက္ေတာင့္သက္သာ ေနထုိင္ရမွမဟုတ္လုိ႔ မိသားစုေတြ ေပ်ာ္ႏုိင္မွာမဟုတ္ပါဘူး။

၄။ ေနအိမ္တစ္လံုးကုိ အေပၚယံပဲၾကည့္လုိ႔ ဝယ္ယူလုိက္ျခင္းက တကယ့္ကုိအမွားႀကီးမွာပါပဲ။ အေပၚယံေလးမွာပဲလွပၿပီးေတာ့ အထင္ႀကီးစရာေကာင္းသေလာက္ အိမ္ရဲ႕အတြင္းခန္းမွာေတာ့ ထင္မထားေလာက္ေအာင္ကုိ ျဖစ္ေနမယ္ဆုိရင္ သင့္အတြက္ စိတ္သက္ေတာင့္သက္သာ ျဖစ္မွမဟုတ္ပါဘူး။ အျပင္ပန္းနဲ႔ ပန္းၿခံ၊ ၿခံဝင္းေလးပဲလွၿပီး အတြင္းခန္းမွာ ျပင္ဆင္ရမယ့္အစိတ္အပုိင္းေတြ၊ အခန္းဖြဲ႔၊ ၾကမ္းျပင္၊ အမုိး အစရွိသျဖင့္ေတြမွာလည္း တာရွည္ခံဖုိ႔အတြက္ ျပင္ဆင္ရမယ္။ ေနာက္ၿပီး လွ်ပ္စစ္မီး၊ ေရရရွိမႈ၊ လံုၿခံဳေရး၊ ေရႏုတ္ေျမာင္း အစရွိသျဖင့္ေတြလည္း ျပင္ဆင္ရမယ္ဆုိရင္ေတာ့ သင့္အတြက္ အိမ္အေရြးမွား ျဖစ္သြားၿပီလုိ႔ ဆုိႏုိင္ပါတယ္။

၅။ ေနာက္ဆံုးတစ္ခ်က္ကေတာ့ အိမ္ေစ်းႏႈန္းနဲ႔ အိမ္ၿခံေျမေစ်းကြက္ အေျခအေနပဲ ျဖစ္ပါတယ္။ မျဖစ္မေနျဖစ္လုိ႔ အေရးတႀကီး ဝယ္ယူလုိက္တဲ့ အိမ္က ေစ်းႀကီးႀကီးနဲ႔ရသြားလုိ႔ သင့္အတြက္ေငြေၾကးဆံုးရံႈးမႈ ႏွေျမာစရာေကာင္းပါတယ္။ သင္ဝယ္ယူေနခ်ိန္မွာ ျမင့္တက္ေနတဲ့ အိမ္ေစ်းႏႈန္းက ျပန္ေရာင္းလို႔ရမယ့္ ေစ်းႏႈန္းေတာင္မရႏုိင္ဘူးဆုိတဲ့ အေျခအေနမ်ိဳးပါ။ ဒါ့ေၾကာင့္မုိ႔လုိ႔ ျဖစ္ႏုိင္မယ္ဆုိရင္ေနအိမ္တစ္လံုးဝယ္ယူဖုိ႔ အေလာတႀကီးအလ်င္မလုိပါနဲ႔။ ေစ်းႏႈန္းက ကၽြမ္း က်င္တဲ့ ပြဲစား၊ အက်ိဳးေဆာင္ေတြနဲ႔ အေသအခ်ာညွိယူၿပီးမွ ဝယ္ယူသင့္ပါတယ္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

နေအိမ်တစ်လုံး ဝယ်ယူပြီးတဲ့နောက်မှာ အရောင်းအဝယ်မှားလို့ နောင်တရစိတ်ပျက်နေရတဲ့ အိမ်ပိုင်ရှင်တွေများစွာရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ အဝယ်မှားတတ်လို့ မိမိနေအိမ်သစ်မှာနေထိုင်ရတာ သက်တောင့်သက်သာမဖြစ်ဘူး၊ မပျော်ရွှင်ရဘူးဆိုရင်တော့ ဒီအကြောင်းက ပေါ့ပေါ့လေးထားလိုက်လို့ မရပါဘူး။

အိမ်ဝယ်ယူခဲ့စဉ်အချိန်က အိမ်ခြံမြေဈေးနှုန်း မကောင်းလို့ဖြစ်စေ၊ အကျိုးဆောင်တွေရဲ့ဖိအားပေးတိုက်တွန်းမှုကြောင့်ဖြစ်စေ၊ ဒါမှမဟုတ် မိမိတို့မိသားစုတွေရဲ့ အကြောင်းတစ်စုံတစ်ရာ အရေးကြီး ကိစ္စကြောင့်ဖြစ်စေ နေအိမ်သစ်တစ်လုံးကို အသေအချာ စီစစ်ကြည့်ရှုရွေးချယ်လိုက်ရခြင်း မရှိပါပဲ ဝယ်ယူလိုက်ရတဲ့အခါမျိုးမှာဆို ရင် ဒီလိုနောင်တရစရာ၊ စိတ်ပျက်စရာ အကြောင်းအရာတွေနဲ့ ကြုံတွေ့လာရနိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ နေအိမ်တစ်လုံးဝယ်ယူပြီး နောက်ဖြစ်လာမယ့် နောင်တရခြင်းနဲ့ စိတ်မသက်သာစရာတွေနဲ့ ကြုံတွေ့လာနိုင်မယ့် အကြောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်….

၁။ ပထမဆုံး အရေးကြီးတဲ့အချက်ကတော့ မိမိနေအိမ်သစ်ရဲ့ ဘေးပတ်ဝန်းကျင်က အိမ်နီးနားချင်းတွေပဲ ဖြစ်ပါတယ်။ အိမ်ကိုသာ ဝယ်ဖြစ်ရင် ပြီးရောနဲ့ ဝယ်ယူလိုက်တာက ဘေးပတ်ဝန်းကျင်က ဘယ်လိုလူတွေ၊ ဘယ်လိုအိမ်နီးနားချင်းပတ်ဝန်းကျင်တွေဖြစ်သလဲဆိုတာ မလေ့လာမိလိုက်တဲ့ အခါမျိုးကျ ဒီပြဿနာမျိုးနဲ့ ကြုံတွေ့လာရနိုင်ပါတယ်။ ပတ်ဝန်းကျင်က လူတွေက စရိုက်ဆိုး၊ ခပ်ဆိုးဆိုး အိမ်နီးချင်းတွေ ဒါမှမဟုတ် သဘောမကောင်း၊ စိတ်ထားမပြည့်ဝတဲ့ အိမ်နီးချင်းတွေ၊ ပတ်ဝန်းကျင်နဲ့ လုံးဝထိတွေ့မှုမရှိ၊ လူမှုရေးမရှိတဲ့ အိမ်နီးချင်းတွေ၊ ဆူဆူညံညံလုပ်တတ်တဲ့ အိမ်နီးချင်းတွေ၊ စာရိတ္တ မကောင်းတဲ့ အိမ်နီးချင်းတွေ အစရှိသဖြင့် ခပ်ဆိုးဆိုး သတိထားရမယ့် အိမ်နီးချင်းမျိုးနဲ့ဆိုရင်တော့ သင့်မိသားစုအနေနဲ့ သတိထားပေါင်းသင်းနေထိုင်သင့်ပါတယ်။

၂။ ကျောင်း၊ ဈေး၊ ရှော့ပင်းစင်တာ၊ ငှာနဆိုင်ရာ၊ ရုံး အစရှိသဖြင့် အဓိကအရေးကြီးတဲ့ လိုအပ်ချက်နေရာတွေကိုနဲ့ နီးစပ်တဲ့နေရာတွေ မှာ မရွေးချယ်မိလို့ သွားလာရေးခက်ခဲနေရတာမျိုးတွေ ကြုံတွေ့လာ ရနိုင်ပါတယ်။ ဥပမာ - ကလေးငယ်လေးတွေ၊ ကျောင်းတက်ကလေးငယ်ရှိတဲ့ မိသားစုမျိုးဆိုရင် ကျောင်းနဲ့နီးသလား၊ ဝေးသလား ဆိုတာကို ထည့်စဉ်းစားပြီးမှ ဝယ်ယူသင့်ပါတယ်။ ကျောင်း၊ ဆေးရုံ၊ ကစားကွင်းတို့နဲ့ ဝေးကွာလို့ ကလေးငယ်လေးတွေအတွက် သွားလာရေး ဒုက္ခရောက်ရပါတယ်။ ဈေးတို့၊ ငှာနဆိုင်ရာ ရုံးတို့နဲ့ ဝေးကွာလွန်းလို့လည်း အခက်အခဲတွေ ဖြစ်ပေါ်လာရနိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ နေအိမ်ရဲ့ပတ်ဝန်းကျင်နဲ့ သွားလာရလွယ်ကူတဲ့ နေရာမျိုးမှာ ဝယ်ယူနေထိုင်သင့်ပါတယ်။

၃။ အိမ်ရဲ့ပုံစံအခြေအနေနဲ့ မိသားစုနဲ့ သင့်တော်မှု ရှိမရှိကိုလည်း ချိန်ဆပြီး ဝယ်ယူသင့်ပါတယ်။ အဘယ့်ကြောင့်ဆိုသော် တချို့နေ အိမ်တွေက မိသားစုဝင်တွေနည်းပြီးတော့ အိမ်ကကြီးလွန်းခြင်း၊မိသားစုဝင်များတဲ့ မိသားစုတွေမှာလည်း ဝယ်ယူတဲ့အိမ်ကကျဉ်း လွန်းခြင်းတို့လို လိုက်ဖက်ညီမှုမရှိလို့ နေထိုင်ရအဆင်မပြေတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အခန်းဖွဲ့တွေနည်းလို့၊ ကျဉ်းမြောင်းလို့ လွတ်လွတ်လပ်လပ်နဲ့ သက်တောင့်သက်သာ နေထိုင်ရမှမဟုတ်လို့ မိသားစုတွေ ပျော်နိုင်မှာမဟုတ်ပါဘူး။

၄။ နေအိမ်တစ်လုံးကို အပေါ်ယံပဲကြည့်လို့ ဝယ်ယူလိုက်ခြင်းက တကယ့်ကိုအမှားကြီးမှာပါပဲ။ အပေါ်ယံလေးမှာပဲလှပပြီးတော့ အထင်ကြီးစရာကောင်းသလောက် အိမ်ရဲ့အတွင်းခန်းမှာတော့ ထင်မထားလောက်အောင်ကို ဖြစ်နေမယ်ဆိုရင် သင့်အတွက် စိတ်သက်တောင့်သက်သာ ဖြစ်မှမဟုတ်ပါဘူး။ အပြင်ပန်းနဲ့ ပန်းခြံ၊ ခြံဝင်းလေးပဲလှပြီး အတွင်းခန်းမှာ ပြင်ဆင်ရမယ့်အစိတ်အပိုင်းတွေ၊ အခန်းဖွဲ့၊ ကြမ်းပြင်၊ အမိုး အစရှိသဖြင့်တွေမှာလည်း တာရှည်ခံဖို့အတွက် ပြင်ဆင်ရမယ်။ နောက်ပြီး လျှပ်စစ်မီး၊ ရေရရှိမှု၊ လုံခြုံရေး၊ ရေနုတ်မြောင်း အစရှိသဖြင့်တွေလည်း ပြင်ဆင်ရမယ်ဆိုရင်တော့ သင့်အတွက် အိမ်အရွေးမှား ဖြစ်သွားပြီလို့ ဆိုနိုင်ပါတယ်။

၅။ နောက်ဆုံးတစ်ချက်ကတော့ အိမ်ဈေးနှုန်းနဲ့ အိမ်ခြံမြေဈေးကွက် အခြေအနေပဲ ဖြစ်ပါတယ်။ မဖြစ်မနေဖြစ်လို့ အရေးတကြီး ဝယ်ယူလိုက်တဲ့ အိမ်က ဈေးကြီးကြီးနဲ့ရသွားလို့ သင့်အတွက်ငွေကြေးဆုံးရှုံးမှု နှမြောစရာကောင်းပါတယ်။ သင်ဝယ်ယူနေချိန်မှာ မြင့်တက်နေတဲ့ အိမ်ဈေးနှုန်းက ပြန်ရောင်းလို့ရမယ့် ဈေးနှုန်းတောင်မရနိုင်ဘူးဆိုတဲ့ အခြေအနေမျိုးပါ။ ဒါ့ကြောင့်မို့လို့ ဖြစ်နိုင်မယ်ဆိုရင်နေအိမ်တစ်လုံးဝယ်ယူဖို့ အလောတကြီးအလျင်မလိုပါနဲ့။ ဈေးနှုန်းက ကျွမ်း ကျင်တဲ့ ပွဲစား၊ အကျိုးဆောင်တွေနဲ့ အသေအချာညှိယူပြီးမှ ဝယ်ယူသင့်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service