ဥပေဒနွင့္အညီတရားဝင္ဇနီးမဟုတ္လွ်င္ အေမြရခြင့္မရွိျခင္း

ဥပေဒနွင့္အညီတရားဝင္ဇနီးမဟုတ္လွ်င္ အေမြရခြင့္မရွိျခင္း - Property Knowledge in Myanmar from iMyanmarHouse.com
27 Sep 2019 12:32 pm တွင် တင်ခဲ့သည်
2057 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

### Zawgyi Version ###

“ ဥပေဒနွင့္အညီ တရားဝင္ဇနီးမဟုတ္ရင္ အေမြရခြင့္မရွိဘူးဆိုတာ ဟုတ္ပါသလား ” ဟု မိတ္ေဆြတစ္ဦး၏ သားျဖစ္သူက စာေရးသူထံလာေရာက္ေမးျမန္းေဆြးေႏြးျခင္းျဖစ္ပါသည္။

“ ဘယ္လိုကိစၥမ်ားရွိေနလို႕လဲ ”

“ ကၽြန္ေတာ္တို႕ အိမ္ေရာင္းမလားလို႕ စဥ္းစားမိလို႕ပါဆရာ ”

“ ဖခင္ကြယ္လြန္တာ (၆) လေလာက္ရွိျပီဆိုေတာ့လည္း စဥ္းစားရမွာေပါ့ေလ။ ဒါနဲ႕ အဲဒီအိမ္မွာ ဘယ္သူေနသလဲ ”

“ ေလာေလာဆယ္ေတာ့ ကၽြန္ေတာ္တစ္ေယာက္တည္းပဲ ဆရာ။ ကၽြန္ေတာ္လည္း ႏိုင္ငံျခားသြားျပီး အလုပ္အကိုင္လုပ္ဖို႕ အစီအစဥ္ရွိလို႕ပါ ”

“ အစ္မတစ္ေယာက္ရွိေသးတယ္မဟုတ္လား ”

“ ဟုတ္ကဲ့ သူကလည္း အိမ္ေထာင္သည္ဆိုေတာ့ သူ႔ခင္ပြန္းနဲ႕ လိုက္ေနတယ္။ သူ႕ခင္ပြန္းက အစိုးရဝန္ထမ္းဆိုေတာ့ ေနျပည္ေတာ္မွာ တာဝန္က်ေနတယ္ဆရာ ”

“ အားလံုးညိွႏိႈင္းေျပလည္ၾကရင္ေတာ့ ေကာင္းတာေပါ့ကြယ္ ” စာေရးသူက စကားစလိုက္သည္။

“ ဟုတ္တယ္ဆရာ။ ဆရာကေတာ့ အေဖ့ရဲ႕ သူငယ္ခ်င္းဆိုေတာ့ ပြင့္ပြင့္လင္းလင္း ေဆြးေႏြးခ်င္တာနဲ႕ လာခဲ့တာပါ”

“ ပထမဆံုးေမးတဲ့ ေမးခြန္းအရပဲ ဆရာသေဘာေပါက္မိပါတယ္ ”

“ အေဖနဲ႕အတူေနခဲ့တဲ့ မိန္းမက အေမြရခြင့္ရွိပါသလားလို႕ပါ ”

“ အင္း၊ အဲဒီအမ်ိဳးသမီးက အဲဒီၤမွာပဲ အတူေနသလား။ သူက ဘာေျပာလဲ ”

“ သူလည္း အိမ္မွာမေနေတာ့ဘူးဆရာ ”

“ ဟုတ္လား။ ဘယ္တုန္းက ဆင္းသြားတာလဲ ”

“အေဖဆံုးျပီး တစ္ပတ္ေလာက္ၾကေတာ့ မွတ္မိတာက ရက္လည္ျပီး ၂ ရက္ေလာက္ျဖစ္မယ္။ သူ႕အစ္မတုိ႕နဲ႕ သြားေနတယ္ ”

“ အစ္မက ရန္ကုန္ျပန္ေရာက္ခ်င္ ေရာက္မွာပဲေလ ။သူ႕ခင္ပြန္းက ဝန္ထမ္းဆိုေတာ့ ျပန္ေရာက္ႏိုင္တာပဲ။ ျပီးေတာ့ ေမာင္ျဖစ္တဲ့ သူကလည္း အိမ္ေထာင္ရွိတာမွ မဟုတ္ဘဲ။ အိမ္ကိုမေရာင္းဘဲ ထားလည္းျဖစ္တာပဲ မဟုတ္လား ”

“ ေရရွည္ၾကေတာ့ မျဖစ္ဘူးထင္တယ္။ ကၽြန္ေတာ္လည္း ႏိုင္ငံျခားသြားဖို႕က အရင္းအနွီးလိုတယ္။ အခုေတာ့ အေဖ့အမ်ိဳးသမီးက ဘာမွမေျပာဘူးဆိုေပမယ့္ ၾကာလာရင္ေတာ့ တစ္ခုခုေတာင္းဆိုလာႏိုင္တယ္မဟုတ္လား ”

“ အင္း ၊ ဒါလည္းျဖစ္ႏိုင္တာပဲေလ။ အိမ္ေရာင္းတယ္ဆိုတဲ့ အသံၾကားရင္ေတာ့ တစ္မ်ိဳးျဖစ္လာႏိုင္တယ္ ”

“ အိမ္က ဘယ္သူ႕အမည္နဲ႕ ဝယ္ထားတာလဲ”

“ အေမမဆံုးခင္က ဒီိအိမ္မဟုတ္ဘူးဆရာ၊ အဲဒီအိမ္ကို ေရာင္းျပီး ဝယ္တယ္ဆိုပါေတာ့ ”

“ အေဖ့ အမည္နဲ႕ ဝယ္လိုက္တာလား”

“ မဟုတ္ဘူးဆရာ။ကၽြန္ေတာ္တို႕ ေမာင္နွမနွစ္ေယာက္အမည္နဲ႕ ဝယ္ထားတာဆရာ ။အဲဒါေၾကာင့္ အေဖ့ အမ်ိဳးသမီးက ရပိုင္ခြင့္ရွိပါသလား ”

“ အေတာ္စိတ္ဝင္စားစရာျဖစ္သြားျပီး။ အေဖက ေနာက္အိမ္ေထာင္ျပဳတဲ့အခါ လက္ထပ္စာခ်ဳပ္ရွိပါသလား ”

“ ကၽြန္ေတာ္သိရသေလာက္ေတာ့ လက္ထပ္စာခ်ဳပ္မရွိဘူး။ အတူေနစဥ္ကလည္း အစက တိုက္ခန္းတစ္ခန္းမွာေနတာ ။ အေဖေနမေကာင္းတာနဲ႕ တိုက္ခန္းမွာ အဆင္မေျပလို႕ ဒီအိမ္မွာ ျပန္လာေနတာဆရာ ”

“ အင္းေပါ့ေလ။ ဒီအိမ္ကေတာ့ ျခံဝိုင္းနဲ႕နွစ္ထပ္တိုက္ဆိုေတာ့ ပိုအဆင္ေျပတာေပါ့”

“ ဟုတ္ကဲ့ဆရာ ။ အေဖက အဲဒၤိအမ်ိဳးသမီးနဲ႕အတူ ေနတာပဲရွိ္တာ။ ပြဲတက္တာေတြမွာ တစ္ခမွ မရွိဘူး။ အလွဴအတန္းမွာလည္း ကြယ္လြန္သြားတဲ့ အေမနဲ႕ သားသမီးအမည္ေတြပဲ သံုးတယ္ဆရာ ”

“ နားေရးေၾကာ္ျငာမွာ ဘယ္လိုေဖာ္ျပသလဲ ”

“ နားေရးေၾကာ္ျငာမွာလည္း အေမ့အမည္ပဲ ေဖာ္ျပထားတယ္ ”

“ သူ႕အေနနဲ႕ ထပ္ဆင့္ထည့္တာမ်ိဳးလည္း မရွိဘူးလား။ ဥပမာ ေဆြမ်ိဳးအမည္ေတြနဲ႕ တြဲဖက္ျပီး ဇနီးအျဖစ္ ေၾကာ္ျငာထည့္တာမ်ိဳးရွိလား ”

“ သူ႕ဘက္က ဘာမွမေျပာဘူးဆရာ။ နာေရးေၾကာ္ျငာလည္းမထည့္ဘူး။ ျပႆနာမရွိခဲ့ပါ။ဒါေၾကာင့္ ဥပေဒအရ ဘယ္လိုရွိသလဲဆိုတာ သိခ်င္လို႕ပါဆရာ ”

“ ပထမအခ်က္အေနနဲ႕ကေတာ့ တရားဝင္ဇနီးအျဖစ္ရွိခဲ့သလားဆိုတဲ့ အခ်က္ကို စဥ္းစားရမွာျဖစ္ပါတယ္။ ဒါနဲ႕ ပတ္သတ္လို႕ ဦးထြန္းစိန္နဲ႕ မစန္းျမင့္ ေအအိုင္အာ ၁၉၃၈ ခုနွစ္ ၊ ရန္ကုန္ စီရင္ထံုး စာမ်က္နွာ ၁၁၅ အမႈမွာ ျမန္မာ့ဓေလ့ထံုးထမ္းဥပေဒအရ ၊ လင္မယားလက္ထက္ျခင္း တရားဝင္ေစရန္ မည္သည့္အခမ္းအနားမွ မလို ၊ ရပ္ရြာမွ ဇနီးေမာင္နွံအျဖစ္ အသိအမွတ္ျပဳဆက္ဆံေၾကာင္း ထင္ရွားေစရမည္။ အခ်ိဳ႕ မိတ္ေဆြျဖစ္သည္ဟုလည္းေကာင္း၊ အခ်ိဳ႕က မိတ္ေဆြျဖစ္သည္ဟု လည္းေကာင္း ၊ အခ်ိဳ႕ကေမာင္နွမဝမ္းကြဲျဖစ္သည္ဟု လည္းေကာင္း ၊ အမ်ိဳးမ်ိဳးသတ္မွတ္ခံရျပီး ၊ တိတ္တိတ္ပုန္းေပါင္းသင္းဆက္ဆံျပဳမႈေနျခင္းကို လင္မယားအျဖစ္ ေပါင္းသင္းေနထိုင္မႈဟု မေခၚဆိုႏိုင္ပါေၾကာင္း ထိမ္းျမွားမႈမထင္ရွားေၾကာင္း ဆံုုးျဖတ္ပါတယ္ ”

“ တရားဝင္ေပါင္းသင္ေနထိုင္ျခင္းမဟုတ္ရင္ အေမြမရႏိုင္လို႕ ျပဌာန္းတဲ့သေဘာေပါ့”

“ မွန္ပါတယ္။ ေသဆံုးသူ၏ ဇနီးမယားျဖစ္ေၾကာင္း တရားဥပေဒနွင့္အညီ ယံုမွားသံသယကင္းေအာင္ သက္ေသျပႏို္င္မွ ထိုမိန္းမသည္ ေသဆံုးသူ၏ မယားအျဖစ္ အေမြရထိုက္ခြင့္ရွိေၾကာင္း မလွမင္းနွင့္ ေမာင္လွဦး ေအအိုင္အာ ၁၉၃၆ ခုနွစ္ ရန္ကုန္စီရင္ထံုး စာမ်က္နွာ ၄၆၄ အမႈမွာ ဆံုးျဖတ္ထားပါတယ္။ဒါေၾကာင့္ မယားျဖစ္ေၾကာင္း အတိအလင္း ပတ္ဝန္းက်င္က သိရွိဖို႕ လိုပါတယ္ ”

“ သားသမီးအမည္နဲ႕ အမည္ငွါးသေဘာမ်ိဳး အိမ္ေျမဝယ္ထားရင္ တရားမဝင္ဘူးဆိုတာ ဟုတ္ပါသလားဆရာ ”

“ အခုကိစၥမွာ အမည္ငွါးသေဘာမ်ိဳးမဟုတ္ဘဲ။ မိခင္ကြယ္လြန္ျပီးေနာက္ မိသားစုစီမံမႈမ်ိဳးအျဖစ္ သားသမီးကို ဖခင္ရဲ႕ ေဝစုကိုပါစြန္႕လြတ္ျပီး အျပီးအပိုင္ဝယ္ေပးတဲ့ သေဘာျဖစ္လို႕ အမည္ငွါးအျဖစ္ ဝယ္ေပးတာမ်ိဳးနဲ႕ အၾကံဳးမဝင္ပါဘူး။ ဒါေၾကာင့္ ဖခင္ေနာက္အိမ္ေထာင္ျပဳစဥ္အထက္ပါ ပစၥည္းမရွိဘူးလို႕ ဆိုရမွာျဖစ္ပါတယ္ ”

“ လက္ထက္ပြားဆိုတာက ဘယ္လိုလဲဆရာ ”

“ လက္ထက္ပြားဆိုတာက ေနာက္အိမ္ေထာက္ျပဳျပီးေနာက္တိုးပြားျဖစ္ထြန္းတဲ့ ပစၥည္းျဖစ္တယ္။ အခုကိစၥမွာ လက္ထက္ပြားပစၥည္းရွိမရွိ သားသမီးက မသိဘူး။ အေနွာင့္အယွက္မျပဳမိတဲ့အတြက္ ျပႆနာမရွိတာျဖစ္ႏိုင္တယ္။ ဒီေတာ့ အခုကိစၥမွာ ေအးေအးေဆးေဆးေရာင္းႏိုင္တယ္ ” လို႕ အၾကံျပဳေဆြးေႏြးလိုက္ပါသည္။

Credit: ထီယု(ဥပေဒအတိုင္ပင္ခံ)

### Unicode Version ###

“ ဥပဒေနှင့်အညီ တရားဝင်ဇနီးမဟုတ်ရင် အမွေရခွင့်မရှိဘူးဆိုတာ ဟုတ်ပါသလား ” ဟု မိတ်ဆွေတစ်ဦး၏ သားဖြစ်သူက စာရေးသူထံလာရောက်မေးမြန်းဆွေးနွေးခြင်းဖြစ်ပါသည်။

“ ဘယ်လိုကိစ္စများရှိနေလို့လဲ ”

“ ကျွန်တော်တို့ အိမ်ရောင်းမလားလို့ စဉ်းစားမိလို့ပါဆရာ ”

“ ဖခင်ကွယ်လွန်တာ (၆) လလောက်ရှိပြီဆိုတော့လည်း စဉ်းစားရမှာပေါ့လေ။ ဒါနဲ့ အဲဒီအိမ်မှာ ဘယ်သူနေသလဲ ”

“ လောလောဆယ်တော့ ကျွန်တော်တစ်ယောက်တည်းပဲ ဆရာ။ ကျွန်တော်လည်း နိုင်ငံခြားသွားပြီး အလုပ်အကိုင်လုပ်ဖို့ အစီအစဉ်ရှိလို့ပါ ”

“ အစ်မတစ်ယောက်ရှိသေးတယ်မဟုတ်လား ”

“ ဟုတ်ကဲ့ သူကလည်း အိမ်ထောင်သည်ဆိုတော့ သူ့ခင်ပွန်းနဲ့ လိုက်နေတယ်။ သူ့ခင်ပွန်းက အစိုးရဝန်ထမ်းဆိုတော့ နေပြည်တော်မှာ တာဝန်ကျနေတယ်ဆရာ ”

“ အားလုံးညှိနှိုင်းပြေလည်ကြရင်တော့ ကောင်းတာပေါ့ကွယ် ” စာရေးသူက စကားစလိုက်သည်။

“ ဟုတ်တယ်ဆရာ။ ဆရာကတော့ အဖေ့ရဲ့ သူငယ်ချင်းဆိုတော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးချင်တာနဲ့ လာခဲ့တာပါ”

“ ပထမဆုံးမေးတဲ့ မေးခွန်းအရပဲ ဆရာသဘောပေါက်မိပါတယ် ”

“ အဖေနဲ့အတူနေခဲ့တဲ့ မိန်းမက အမွေရခွင့်ရှိပါသလားလို့ပါ ”

“ အင်း၊ အဲဒီအမျိုးသမီးက အဲဒီၤမှာပဲ အတူနေသလား။ သူက ဘာပြောလဲ ”

“ သူလည်း အိမ်မှာမနေတော့ဘူးဆရာ ”

“ ဟုတ်လား။ ဘယ်တုန်းက ဆင်းသွားတာလဲ ”

“အဖေဆုံးပြီး တစ်ပတ်လောက်ကြတော့ မှတ်မိတာက ရက်လည်ပြီး ၂ ရက်လောက်ဖြစ်မယ်။ သူ့အစ်မတို့နဲ့ သွားနေတယ် ”

“ အစ်မက ရန်ကုန်ပြန်ရောက်ချင် ရောက်မှာပဲလေ ။သူ့ခင်ပွန်းက ဝန်ထမ်းဆိုတော့ ပြန်ရောက်နိုင်တာပဲ။ ပြီးတော့ မောင်ဖြစ်တဲ့ သူကလည်း အိမ်ထောင်ရှိတာမှ မဟုတ်ဘဲ။ အိမ်ကိုမရောင်းဘဲ ထားလည်းဖြစ်တာပဲ မဟုတ်လား ”

“ ရေရှည်ကြတော့ မဖြစ်ဘူးထင်တယ်။ ကျွန်တော်လည်း နိုင်ငံခြားသွားဖို့က အရင်းအနှီးလိုတယ်။ အခုတော့ အဖေ့အမျိုးသမီးက ဘာမှမပြောဘူးဆိုပေမယ့် ကြာလာရင်တော့ တစ်ခုခုတောင်းဆိုလာနိုင်တယ်မဟုတ်လား ”

“ အင်း ၊ ဒါလည်းဖြစ်နိုင်တာပဲလေ။ အိမ်ရောင်းတယ်ဆိုတဲ့ အသံကြားရင်တော့ တစ်မျိုးဖြစ်လာနိုင်တယ် ”

“ အိမ်က ဘယ်သူ့အမည်နဲ့ ဝယ်ထားတာလဲ”

“ အမေမဆုံးခင်က ဒီအိမ်မဟုတ်ဘူးဆရာ၊ အဲဒီအိမ်ကို ရောင်းပြီး ဝယ်တယ်ဆိုပါတော့ ”

“ အဖေ့ အမည်နဲ့ ဝယ်လိုက်တာလား”

“ မဟုတ်ဘူးဆရာ။ကျွန်တော်တို့ မောင်နှမနှစ်ယောက်အမည်နဲ့ ဝယ်ထားတာဆရာ ။အဲဒါကြောင့် အဖေ့ အမျိုးသမီးက ရပိုင်ခွင့်ရှိပါသလား ”

“ အတော်စိတ်ဝင်စားစရာဖြစ်သွားပြီး။ အဖေက နောက်အိမ်ထောင်ပြုတဲ့အခါ လက်ထပ်စာချုပ်ရှိပါသလား ”

“ ကျွန်တော်သိရသလောက်တော့ လက်ထပ်စာချုပ်မရှိဘူး။ အတူနေစဉ်ကလည်း အစက တိုက်ခန်းတစ်ခန်းမှာနေတာ ။ အဖေနေမကောင်းတာနဲ့ တိုက်ခန်းမှာ အဆင်မပြေလို့ ဒီအိမ်မှာ ပြန်လာနေတာဆရာ ”

“ အင်းပေါ့လေ။ ဒီအိမ်ကတော့ ခြံဝိုင်းနဲ့နှစ်ထပ်တိုက်ဆိုတော့ ပိုအဆင်ပြေတာပေါ့”

“ ဟုတ်ကဲ့ဆရာ ။ အဖေက အဲင်္ဒိအမျိုးသမီးနဲ့အတူ နေတာပဲရှိတာ။ ပွဲတက်တာတွေမှာ တစ်ခမှ မရှိဘူး။ အလှူအတန်းမှာလည်း ကွယ်လွန်သွားတဲ့ အမေနဲ့ သားသမီးအမည်တွေပဲ သုံးတယ်ဆရာ ”

“ နားရေးကြော်ငြာမှာ ဘယ်လိုဖော်ပြသလဲ ”

“ နားရေးကြော်ငြာမှာလည်း အမေ့အမည်ပဲ ဖော်ပြထားတယ် ”

“ သူ့အနေနဲ့ ထပ်ဆင့်ထည့်တာမျိုးလည်း မရှိဘူးလား။ ဥပမာ ဆွေမျိုးအမည်တွေနဲ့ တွဲဖက်ပြီး ဇနီးအဖြစ် ကြော်ငြာထည့်တာမျိုးရှိလား ”

“ သူ့ဘက်က ဘာမှမပြောဘူးဆရာ။ နာရေးကြော်ငြာလည်းမထည့်ဘူး။ ပြဿနာမရှိခဲ့ပါ။ဒါကြောင့် ဥပဒေအရ ဘယ်လိုရှိသလဲဆိုတာ သိချင်လို့ပါဆရာ ”

“ ပထမအချက်အနေနဲ့ကတော့ တရားဝင်ဇနီးအဖြစ်ရှိခဲ့သလားဆိုတဲ့ အချက်ကို စဉ်းစားရမှာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သတ်လို့ ဦးထွန်းစိန်နဲ့ မစန်းမြင့် အေအိုင်အာ ၁၉၃၈ ခုနှစ် ၊ ရန်ကုန် စီရင်ထုံး စာမျက်နှာ ၁၁၅ အမှုမှာ မြန်မာ့ဓလေ့ထုံးထမ်းဥပဒေအရ ၊ လင်မယားလက်ထက်ခြင်း တရားဝင်စေရန် မည်သည့်အခမ်းအနားမှ မလို ၊ ရပ်ရွာမှ ဇနီးမောင်နှံအဖြစ် အသိအမှတ်ပြုဆက်ဆံကြောင်း ထင်ရှားစေရမည်။ အချို့ မိတ်ဆွေဖြစ်သည်ဟုလည်းကောင်း၊ အချို့က မိတ်ဆွေဖြစ်သည်ဟု လည်းကောင်း ၊ အချို့ကမောင်နှမဝမ်းကွဲဖြစ်သည်ဟု လည်းကောင်း ၊ အမျိုးမျိုးသတ်မှတ်ခံရပြီး ၊ တိတ်တိတ်ပုန်းပေါင်းသင်းဆက်ဆံပြုမှုနေခြင်းကို လင်မယားအဖြစ် ပေါင်းသင်းနေထိုင်မှုဟု မခေါ်ဆိုနိုင်ပါကြောင်း ထိမ်းမြှားမှုမထင်ရှားကြောင်း ဆုံးဖြတ်ပါတယ် ”

“ တရားဝင်ပေါင်းသင်နေထိုင်ခြင်းမဟုတ်ရင် အမွေမရနိုင်လို့ ပြဌာန်းတဲ့သဘောပေါ့”

“ မှန်ပါတယ်။ သေဆုံးသူ၏ ဇနီးမယားဖြစ်ကြောင်း တရားဥပဒေနှင့်အညီ ယုံမှားသံသယကင်းအောင် သက်သေပြနိုင်မှ ထိုမိန်းမသည် သေဆုံးသူ၏ မယားအဖြစ် အမွေရထိုက်ခွင့်ရှိကြောင်း မလှမင်းနှင့် မောင်လှဦး အေအိုင်အာ ၁၉၃၆ ခုနှစ် ရန်ကုန်စီရင်ထုံး စာမျက်နှာ ၄၆၄ အမှုမှာ ဆုံးဖြတ်ထားပါတယ်။ဒါကြောင့် မယားဖြစ်ကြောင်း အတိအလင်း ပတ်ဝန်းကျင်က သိရှိဖို့ လိုပါတယ် ”

“ သားသမီးအမည်နဲ့ အမည်ငှါးသဘောမျိုး အိမ်မြေဝယ်ထားရင် တရားမဝင်ဘူးဆိုတာ ဟုတ်ပါသလားဆရာ ”

“ အခုကိစ္စမှာ အမည်ငှါးသဘောမျိုးမဟုတ်ဘဲ။ မိခင်ကွယ်လွန်ပြီးနောက် မိသားစုစီမံမှုမျိုးအဖြစ် သားသမီးကို ဖခင်ရဲ့ ဝေစုကိုပါစွန့်လွတ်ပြီး အပြီးအပိုင်ဝယ်ပေးတဲ့ သဘောဖြစ်လို့ အမည်ငှါးအဖြစ် ဝယ်ပေးတာမျိုးနဲ့ အကြုံးမဝင်ပါဘူး။ ဒါကြောင့် ဖခင်နောက်အိမ်ထောင်ပြုစဉ်အထက်ပါ ပစ္စည်းမရှိဘူးလို့ ဆိုရမှာဖြစ်ပါတယ် ”

“ လက်ထက်ပွားဆိုတာက ဘယ်လိုလဲဆရာ ”

“ လက်ထက်ပွားဆိုတာက နောက်အိမ်ထောက်ပြုပြီးနောက်တိုးပွားဖြစ်ထွန်းတဲ့ ပစ္စည်းဖြစ်တယ်။ အခုကိစ္စမှာ လက်ထက်ပွားပစ္စည်းရှိမရှိ သားသမီးက မသိဘူး။ အနှောင့်အယှက်မပြုမိတဲ့အတွက် ပြဿနာမရှိတာဖြစ်နိုင်တယ်။ ဒီတော့ အခုကိစ္စမှာ အေးအေးဆေးဆေးရောင်းနိုင်တယ် ” လို့ အကြံပြုဆွေးနွေးလိုက်ပါသည်။

Credit: ထီယု(ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service