၂၀ ရာစု၏ အေက်ာ္ၾကားဆံုး လူဆိုးဂိုဏ္းေခါင္းေဆာင္ၾကီးမ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္ေသာ အယ္လ္ကပုန္း ပုန္းခိုခဲ့ဖူးသည့္ နယူးဂ်ာစီျပည္နယ္ရွိစံအိမ္ အေရာင္းေစ်းကြက္ဝင္လာ

၂၀ ရာစု၏ အေက်ာ္ၾကားဆံုး လူဆိုးဂိုဏ္းေခါင္းေဆာင္ၾကီးမ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္ေသာ အယ္လ္ကပုန္း ပုန္းခိုခဲ့ဖူးသည့္ နယူးဂ်ာစီျပည္နယ္ရွိစံအိမ္ အေရာင္းေစ်းကြက္ဝင္လာ - Property News in Myanmar from iMyanmarHouse.com
11 Sep 2019 11:49 am တွင် တင်ခဲ့သည်
1132 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

၂၀ ရာစု၏ အေက်ာ္ၾကားဆံုး လူဆိုးဂိုဏ္းေခါင္းေဆာင္ၾကီးမ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္ေသာ အယ္လ္ကပုန္း ပုန္းခိုခဲ့ဖူးသည့္ အေမရိကန္ျပည္ေထာင္စု၊ နယူးဂ်ာစီျပည္နယ္ရွိစံအိမ္ အေရာင္းေစ်းကြက္ဝင္လာသည္။

အယ္လ္ကပုန္းသည္ အေမရိကတြင္ အရက္ေသစာေရာင္းခ်ျခင္း တားျမစ္ထားသည့္ေခတ္အတြင္း ေက်ာ္ၾကားခဲ့ျခင္းျဖစ္သည္။

အယ္လ္ကပုန္း၏ အမည္အျပည့္အစံုမွာ အယ္လ္ဖြန္စီ ဂါဘရီယယ္ ကပုန္းျဖစ္ျပီး ၁၈၉၉ ခုႏွစ္၊ ဇန္နဝါရီလ ၁၇ ရက္တြင္ ေမြးဖြားသည္။ အေမရိကတြင္ အရက္ကို ပိတ္ပင္ခဲ့သည့္ကာလအတြင္း ခ်ီကာဂိုရွိ Chicago Outfit ဂိုဏ္းေခါင္းေဆာင္အျဖစ္ နာမည္ေက ်ာ္ခဲ့ျပီး ေခါင္းေဆာင္အျဖစ္ ၇ ႏွစ္သာ ၾကီးစိုးခြင့္ရခဲ့သည္။

ကပုန္း၏ မိဘမ်ားသည္ အီတလီမွ ေရႊ႕ေျပာင္းအေျခခ်သူမ်ားျဖစ္ျပီး ကပုန္းကို နယူးေယာက္ျမိဳ႕ ဘရြတ္ကလင္းအရပ္တြင္ ေမြးဖြားခဲ့သည္။

အသက္ ၂၀ ဝန္းက်င္တြင္ ကပုန္းသည္ ခ်ီကာဂိုသို႔ ေျပာင္းေရႊ႕ခဲ့ျပီး ခ်ီကာဂိုတြင္ တရားမဝင္အရက္ျဖန္႔ျဖဴးေနသည့္ ဒုစရိုက္ဂိုဏ္း ေခါင္းေဆာင္ ဂၽြန္နီ ေတာ္ရီယို၏ သက္ေတာ္ေစာင့္ လူယံုျဖစ္လာခဲ့သည္။

ေတာ္ရီယို ပစ္ခတ္သတ္ျဖတ္ျခင္းခံရေသာအခါ ကပုန္းက ဂိုဏ္းေခါင္းေဆာင္အရိုက္အရာကို ဆက္ခံခဲ့သည္။

ကပုန္းသည္ထိုစဥ္က ခ်ီကာဂိုျမိဳ႕ေတာ္ဝန္ ဝီလ်ံေဟးလ္ သြမ္ပ္ဆင္၊ ရဲတပ္ဖြဲ႔တို႔ႏွင့္ အက်ဳိးတူဆက္ဆံေရးမ်ဳိး တည္ေဆာက္ထားသျဖင့္ ဥပေဒစက္ကြင္းမွ လြတ္ကင္းေနခဲ့သည္။

ယင္းေနာက္ပိုင္း ဒုစရိုက္ဂိုဏ္းအခ်င္းခ်င္း ပစ္ခတ္တိုက္ခိုက္မႈျဖစ္ပြားရာတြင္ လူေပါင္းမ်ားစြာေသဆံုးခဲ့မႈၾကီးျဖစ္ေပၚေသာအခါ သတင္းစာ မ်ားက အယ္လ္ကပုန္းကို ဘံုရန္သူနံပါတ္တစ္အျဖစ္ ေရးသားၾကရာ အစိုးရက အယ္လ္ကပုန္းကို အခြန္ေရွာင္လႊဲမႈျဖင့္ ၁၉၃၁ ခုႏွစ္တြင္ တရားစြဲခဲ့သည္။

အယ္လ္ကပုန္းသည္ ေထာင္ဒဏ္ ၁၁ ႏွစ္ခ်မွတ္ျခင္းခံခဲ့ရျပီး ၁၉၄၇ ခုႏွစ္၊ ဇန္နဝါရီလ ၂၅ ရက္တြင္ ေလျဖတ္ျခင္း၏ ေနာက္ဆက္တြဲ ႏွလံုးေရာဂါျဖင့္ ကြယ္လြန္သြားခဲ့သည္။

အယ္လ္ကပုန္းသည္ စံအိမ္မ်ားစြာရွိရာ ယခုေစ်းကြက္ဝင္လာသည့္ နယူးဂ်ာစီစံအိမ္အျပင္ ယခင္ကလည္း မီယာမီကမ္းေျခႏွင့္ နယူးေယာက္တို႔ရွိ သူ၏စံအိမ္မ်ား အေရာင္းေစ်းကြက္ဝင္ခဲ့ဖူးေသးသည္။

(အဆိုပါသတင္းမ်ားကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ (၁) https://www.imyanmarhouse.com/news/read/623587 (၂) https://www.imyanmarhouse.com/news/read/726197 အင္တာနက္လင့္ခ္မ်ား၌ ျပန္လည္ဖတ္ရႈႏိုင္ပါသည္) ယခုေစ်းကြက္ဝင္လာေသာ နယူးဂ်ာစီစံအိမ္ကို ကန္ေဒၚလာ ၁ ဒသမ ၇၅ သန္း ေစ်းေခၚထားသည္။

တည္ေနရာမွာ အေမရိကန္ျပည္ေထာင္စု၊ နယူးဂ်ာစီျပည္နယ္၊ ကမ္ဒန္ခရိုင္၊ Pine Valley အရပ္တြင္ တည္ရွိျပီး ကမၻာ့နံပါတ္ ၁ အဆင့္ အတန္းရွိ ေဂါက္ကြင္းတည္ရွိရာေနရာလည္း ျဖစ္သည္။

Berkshire Hathaway ကုမၸဏီမွ အက်ဳိးေဆာင္တစ္ဦးျဖစ္သူ ဂ်က္ကီေဆာင္ဒါက ၂၀၁၂ ခုႏွစ္အတြင္း ေရးသားထုတ္ေဝခဲ့ေသာ သူမ၏ စာအုပ္ျဖစ္သည့္ “Pine Valley Golf Club: 100 Years of Mystery at the World's No. 1 Golf Course” ဟူေသာ စာအုပ္အတြင္း အယ္လ္ကပုန္း၏ နယူးဂ်ာစီ စံအိမ္သမိုင္းေၾကာင္းကို ထည့္သြင္းေရးသားခဲ့ဖူးသည္။

မူလပိုင္ရွင္က ယခုစံအိမ္တည္ေနရာကို ပိုင္းျခားက Pine Valley ေဂါက္ကလပ္ႏွင့္ “The Valley House”အမည္ရွိ သီးသန္႔အိမ္ရာတစ္ခုကို တည္ေထာင္ခဲ့ေၾကာင္း မစၥ ေဆာင္းဒါ၏ စာအုပ္တြင္ ေဖာ္ျပသည္။

ယခုေစ်းကြက္တင္ေပးသူမွာလည္း မစၥ ေဆာင္းဒါးႏွင့္ သူမ၏ခင္ပြန္း ဘီလ္တို႔ျဖစ္ၾကသည္။

ပင္မေနအိမ္ကို စတင္ေဆာက္လုပ္ခဲ့သူမွာ ဗာဂ်ီးနီးယား ဆမ္နာ အိုင္ယာလန္ဟူေသာ အမ်ဳိးသမီးၾကီးျဖစ္ျပီး ၁၈၉၀ ျပည့္ႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။

ေနာက္ပိုင္းတြင္ ဘီ- ေဂ်ာ့ခ်္ ဒီလူဇီယိုက ၁၉၂၀ ျပည့္လြန္ကာလမ်ားတြင္ ဝယ္ယူခဲ့ျပီး အယ္လ္ကပုန္း ခိုေအာင္းရန္ ေနအိမ္တစ္လံုး ေဆာက္လုပ္ေပးခဲ့ေၾကာင္း မစၥေဆာင္းဒါးက ေရးသားခဲ့သည္။

ပင္မစံအိမ္မွာ စတုရန္းေပ ၆၅၀၀ ရွိျပီး အိပ္ခန္း ၄ ခန္း၊ ေရခ်ဳိးခန္း ၇ ခန္း၊ စာၾကည့္တိုက္ႏွင့္ အားကစားေလ့က်င့္ေရး ခန္းမတို႔ ပါဝင္သည္။

အခန္းတစ္ခုလံုးကို ၁၈ လက္မခန္႔ ထူထဲသည့္ ကြန္ကရစ္နံရံမ်ားျဖင့္ ကာရံထားေသာ အခန္းတစ္ခန္းလည္း ပါဝင္ျပီး အသံုးျပဳထားေသာ ေသာ့မ်ားမွာ ၁၉၁၅ မွ ၁၉၂၅ အၾကားထုတ္လုပ္ခဲ့သည့္ ေသာ့မ်ား ျဖစ္သည္။

ထို႔အျပင္ စတုရန္းေပ ၂၄၀၀ က်ယ္ဝန္းေသာ ဧည့္ေဂဟာတစ္ခုလည္း ပါဝင္ျပီး အခန္း ၂ ခန္း ပါဝင္သည္။

ဒုတိယထပ္တြင္ အိပ္ခန္း ၂ ခန္းျဖင့္ ဖြဲ႔စည္းထားျပီး ပထမထပ္တြင္ အိပ္ခန္း ၁ ခန္းပါအခန္းအျဖစ္ ဖြဲ႔စည္းထားကာ ၂ ထပ္လံုးတြင္ မီးဖိုေဆာင္ႏွင့္ ေရခ်ဳိးခန္းမ်ား ပါဝင္သည္။စတင္ေစ်းကြက္ဝင္လာသည္မွာ ၾသဂုတ္လ ၁၅ ရက္က ျဖစ္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ###

၂၀ ရာစု၏ အကျော်ကြားဆုံး လူဆိုးဂိုဏ်းခေါင်းဆောင်ကြီးများတွင် တစ်ဦးအပါအဝင်ဖြစ်သော အယ်လ်ကပုန်း ပုန်းခိုခဲ့ဖူးသည့် အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်ရှိစံအိမ် အရောင်းဈေးကွက်ဝင်လာသည်။

အယ်လ်ကပုန်းသည် အမေရိကတွင် အရက်သေစာရောင်းချခြင်း တားမြစ်ထားသည့်ခေတ်အတွင်း ကျော်ကြားခဲ့ခြင်းဖြစ်သည်။

အယ်လ်ကပုန်း၏ အမည်အပြည့်အစုံမှာ အယ်လ်ဖွန်စီ ဂါဘရီယယ် ကပုန်းဖြစ်ပြီး ၁၈၉၉ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်တွင် မွေးဖွားသည်။ အမေရိကတွင် အရက်ကို ပိတ်ပင်ခဲ့သည့်ကာလအတွင်း ချီကာဂိုရှိ Chicago Outfit ဂိုဏ်းခေါင်းဆောင်အဖြစ် နာမည်ကေ ျာ်ခဲ့ပြီး ခေါင်းဆောင်အဖြစ် ၇ နှစ်သာ ကြီးစိုးခွင့်ရခဲ့သည်။

ကပုန်း၏ မိဘများသည် အီတလီမှ ရွှေ့ပြောင်းအခြေချသူများဖြစ်ပြီး ကပုန်းကို နယူးယောက်မြို့ ဘရွတ်ကလင်းအရပ်တွင် မွေးဖွားခဲ့သည်။

အသက် ၂၀ ဝန်းကျင်တွင် ကပုန်းသည် ချီကာဂိုသို့ ပြောင်းရွှေ့ခဲ့ပြီး ချီကာဂိုတွင် တရားမဝင်အရက်ဖြန့်ဖြူးနေသည့် ဒုစရိုက်ဂိုဏ်း ခေါင်းဆောင် ဂျွန်နီ တော်ရီယို၏ သက်တော်စောင့် လူယုံဖြစ်လာခဲ့သည်။

တော်ရီယို ပစ်ခတ်သတ်ဖြတ်ခြင်းခံရသောအခါ ကပုန်းက ဂိုဏ်းခေါင်းဆောင်အရိုက်အရာကို ဆက်ခံခဲ့သည်။

ကပုန်းသည်ထိုစဉ်က ချီကာဂိုမြို့တော်ဝန် ဝီလျံဟေးလ် သွမ်ပ်ဆင်၊ ရဲတပ်ဖွဲ့တို့နှင့် အကျိုးတူဆက်ဆံရေးမျိုး တည်ဆောက်ထားသဖြင့် ဥပဒေစက်ကွင်းမှ လွတ်ကင်းနေခဲ့သည်။

ယင်းနောက်ပိုင်း ဒုစရိုက်ဂိုဏ်းအချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားရာတွင် လူပေါင်းများစွာသေဆုံးခဲ့မှုကြီးဖြစ်ပေါ်သောအခါ သတင်းစာ များက အယ်လ်ကပုန်းကို ဘုံရန်သူနံပါတ်တစ်အဖြစ် ရေးသားကြရာ အစိုးရက အယ်လ်ကပုန်းကို အခွန်ရှောင်လွှဲမှုဖြင့် ၁၉၃၁ ခုနှစ်တွင် တရားစွဲခဲ့သည်။

အယ်လ်ကပုန်းသည် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခြင်းခံခဲ့ရပြီး ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်တွင် လေဖြတ်ခြင်း၏ နောက်ဆက်တွဲ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

အယ်လ်ကပုန်းသည် စံအိမ်များစွာရှိရာ ယခုဈေးကွက်ဝင်လာသည့် နယူးဂျာစီစံအိမ်အပြင် ယခင်ကလည်း မီယာမီကမ်းခြေနှင့် နယူးယောက်တို့ရှိ သူ၏စံအိမ်များ အရောင်းဈေးကွက်ဝင်ခဲ့ဖူးသေးသည်။

(အဆိုပါသတင်းများကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် (၁) https://www.imyanmarhouse.com/news/read/623587 (၂) https://www.imyanmarhouse.com/news/read/726197 အင်တာနက်လင့်ခ်များ၌ ပြန်လည်ဖတ်ရှုနိုင်ပါသည်) ယခုဈေးကွက်ဝင်လာသော နယူးဂျာစီစံအိမ်ကို ကန်ဒေါ်လာ ၁ ဒသမ ၇၅ သန်း ဈေးခေါ်ထားသည်။

တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ ကမ်ဒန်ခရိုင်၊ Pine Valley အရပ်တွင် တည်ရှိပြီး ကမ္ဘာ့နံပါတ် ၁ အဆင့် အတန်းရှိ ဂေါက်ကွင်းတည်ရှိရာနေရာလည်း ဖြစ်သည်။

Berkshire Hathaway ကုမ္ပဏီမှ အကျိုးဆောင်တစ်ဦးဖြစ်သူ ဂျက်ကီဆောင်ဒါက ၂၀၁၂ ခုနှစ်အတွင်း ရေးသားထုတ်ဝေခဲ့သော သူမ၏ စာအုပ်ဖြစ်သည့် “Pine Valley Golf Club: 100 Years of Mystery at the World's No. 1 Golf Course” ဟူသော စာအုပ်အတွင်း အယ်လ်ကပုန်း၏ နယူးဂျာစီ စံအိမ်သမိုင်းကြောင်းကို ထည့်သွင်းရေးသားခဲ့ဖူးသည်။

မူလပိုင်ရှင်က ယခုစံအိမ်တည်နေရာကို ပိုင်းခြားက Pine Valley ဂေါက်ကလပ်နှင့် “The Valley House”အမည်ရှိ သီးသန့်အိမ်ရာတစ်ခုကို တည်ထောင်ခဲ့ကြောင်း မစ္စ ဆောင်းဒါ၏ စာအုပ်တွင် ဖော်ပြသည်။

ယခုဈေးကွက်တင်ပေးသူမှာလည်း မစ္စ ဆောင်းဒါးနှင့် သူမ၏ခင်ပွန်း ဘီလ်တို့ဖြစ်ကြသည်။

ပင်မနေအိမ်ကို စတင်ဆောက်လုပ်ခဲ့သူမှာ ဗာဂျီးနီးယား ဆမ်နာ အိုင်ယာလန်ဟူသော အမျိုးသမီးကြီးဖြစ်ပြီး ၁၈၉၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် ဘီ- ဂျော့ချ် ဒီလူဇီယိုက ၁၉၂၀ ပြည့်လွန်ကာလများတွင် ဝယ်ယူခဲ့ပြီး အယ်လ်ကပုန်း ခိုအောင်းရန် နေအိမ်တစ်လုံး ဆောက်လုပ်ပေးခဲ့ကြောင်း မစ္စဆောင်းဒါးက ရေးသားခဲ့သည်။

ပင်မစံအိမ်မှာ စတုရန်းပေ ၆၅၀၀ ရှိပြီး အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၇ ခန်း၊ စာကြည့်တိုက်နှင့် အားကစားလေ့ကျင့်ရေး ခန်းမတို့ ပါဝင်သည်။

အခန်းတစ်ခုလုံးကို ၁၈ လက်မခန့် ထူထဲသည့် ကွန်ကရစ်နံရံများဖြင့် ကာရံထားသော အခန်းတစ်ခန်းလည်း ပါဝင်ပြီး အသုံးပြုထားသော သော့များမှာ ၁၉၁၅ မှ ၁၉၂၅ အကြားထုတ်လုပ်ခဲ့သည့် သော့များ ဖြစ်သည်။

ထို့အပြင် စတုရန်းပေ ၂၄၀၀ ကျယ်ဝန်းသော ဧည့်ဂေဟာတစ်ခုလည်း ပါဝင်ပြီး အခန်း ၂ ခန်း ပါဝင်သည်။

ဒုတိယထပ်တွင် အိပ်ခန်း ၂ ခန်းဖြင့် ဖွဲ့စည်းထားပြီး ပထမထပ်တွင် အိပ်ခန်း ၁ ခန်းပါအခန်းအဖြစ် ဖွဲ့စည်းထားကာ ၂ ထပ်လုံးတွင် မီးဖိုဆောင်နှင့် ရေချိုးခန်းများ ပါဝင်သည်။စတင်ဈေးကွက်ဝင်လာသည်မှာ သြဂုတ်လ ၁၅ ရက်က ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
42 Mini Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service