ထိေရာက္ေသာ အိမ္တန္ဆာဆင္ျခင္း နည္းလမ္းမ်ား

ထိေရာက္ေသာ အိမ္တန္ဆာဆင္ျခင္း နည္းလမ္းမ်ား - Property Knowledge in Myanmar from iMyanmarHouse.com
29 Aug 2019 12:53 pm တွင် တင်ခဲ့သည်
1606 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

 ### Zawgyi Version ###

ဧည့္ခန္း (living Room)

ဧည့္ခန္းသည္ သင့္အိမ္၏ ပထမဆုံး စြဲေဆာင္မႈျဖစ္သည္။ သင္၏ဧည့္ခန္းသည္ သင္သည္ ဘယ္လုိပုဂိၢဳလ္မ်ဳိး ျဖစ္သည္ဆုိတာကုိ ေဖာ္ျပေနသည္။ ဧည့္ခန္းတြင္ TV ထားလွ်င္ ေဘးပတ္လည္တြင္ ထုိင္ခုံမ်ားခ်ထားရမည္။ ဧည့္ခန္းတြင္ ဆုိဖာခုံထားလွ်င္ အလယ္တြင္ စားပဲြခုံတစ္ခု စီစဥ္ထားရွိရမည္။ အလြန္ၾကီးမားေသာ ဆုိဖာမ်ားကုိ ေရွာင္ၾကဥ္အပ္သည္။ ဧည့္ခန္းႏွင့္ လုိက္ဖက္မည့္ ဆုိဖာကုိသာ ထားရွိသင့္သည္။ ထုိ႔ျပင္ ေကာ္ေဇာကုိလည္းခင္းထားသင့္သည္။

မီးဖုိေဆာင္ (The Kitchen)

“ တစ္ေယာက္လူ၏ ႏွလုံးသားဆီကုိ သူ၏ ၀မ္းဗုိက္မွ သြားရမည္” “The way to man’s heart is from his stomach” ဟု ဆုိရုိးစကားရွိသည္။ အိမ္၏ မီးဖုိေဆာင္ကုိ အမ်ဳိးသမီးမ်ားကသာ ႀကီးစုိးၾကသည္ မ်ားသည္။ ထုိ႔ေၾကာင့္ သူတုိ႔စိတ္ႀကိဳက္လုပ္ၾကမည္ျဖစ္သည္။ မီးဖုိမွသည္ ေခါင္တုိင္အထိအရာရာအေရးႀကီးသည္။ ထုိ႔ေၾကာင့္ တတ္ကၽြမ္းသူမ်ားႏွင့္ တုိင္ပင္ညွိႏႈိင္းသင့္သည္။

ဓာတ္ပုံမ်ား ( Photographs)

အိမ္၏နံရံမ်ားတြင္ ဓာတ္ပုံမ်ား ကပ္ထားေလ့ရွိၾကသည္။ အခ်ဳိ႕ေသာ ဓာတ္ပုံမ်ားသည္ သင့္ႏွင့္ သင့္မိသားစု (သုိ႔) သူငယ္ခ်င္းမ်ားႏွင့္ ေပ်ာ္ရႊင္ၾကည္ႏူးဖြယ္ေကာင္းေသာ အခ်ိန္မ်ား ရွိခဲ့သည္ကုိ အမွတ္ရေစသည္။ ယခုအခါ ေစ်းေပါေသာ ဓာတ္ပုံအလွဆင္ပစၥည္းမ်ား ရွိၿပီးျဖစ္ရာ ေဟာင္းႏြမ္းေသာ ဓာတ္ပုံမ်ားကုိဖယ္ရွားၿပီး စတုိင္သစ္ျဖင့္ အစားထုိးရမည္ျဖစ္သည္။

ပန္းမ်ား (Flowers)

ပန္းမ်ားသည္ အခန္းကုိ ေမႊးႀကိဳင္လန္းဆန္းေစၿပီး ထူးျခားေသာ အစြမ္းသတၱိကို ေပးႏုိင္သည္။ သင့္စားပြဲ (သုိ႔) ထမင္းစားခန္းတြင္ ပန္းမ်ားတင္ထားသင့္သည္။ ခံ့ထည္ေသာ ပန္းအုိးမ်ားသည္ အခန္းကုိတင့္တယ္ေစသည္။ ပန္းအတုမ်ားထားျခင္းကုိ ေရွာင္ရွားရမည္။ ပန္းအုိးမ်ားကုိ ေရလဲဖုိ႔ မေမ့ပါႏွင့္။

အႏုပညာလက္ရာမ်ား ( Art Works)

နံရံအလွဆင္ပစၥည္း၊ ပန္းခ်ီစသည္တုိ႔ျဖစ္သည္။ ပန္းခ်ီကား ခ်ိတ္ဆဲြထားျခင္းသည္ အလြန္ေကာင္းေသာ အေတြးတစ္ခုျဖစ္သည္။ အခန္းအေရာင္ႏွင့္ လုိက္ဖက္မည့္ မည္သည့္အရာမဆုိ ခ်ိတ္ဆြဲထားသင့္သည္။ သင္ကုိယ္တုိင္ ဖန္တီးထားေသာ အႏုပညာလက္ရာသည္ ပုိ၍တန္ဖုိးႀကီးၿပီး ဆဲြေဆာင္မႈရွိသည္။ သင့္ကေလး၏ လက္ရာကုိလည္း ျပသႏုိင္သည္။ ယင္းသည္ ကေလးငယ္မ်ား၏ မိမိကိုယ္ကုိ ယုံၾကည္စိတ္ကုိ တြန္းအားေပးသလုိျဖစ္သည္။

အီလက္ထေရာနစ္ (Electronics)

အီလက္ထေရာနစ္ ပစၥည္းမ်ားသည္ ျမင္ရသူအဖုိ႔ ရႊင္လန္းႏွစ္ႀကိဳက္မႈကုိ ျဖစ္ေစသည္။ ေရွးယခင္က လူအမ်ားသည္ သူတုိ႔၏ ႀကီးမားေသာ ေရဒီယိုစက္မ်ား၊ စိတ္ဓာတ္မ်ားကုိ ျပသခဲ့ၾကသည္။ ယေန႔အခါတြင္ အိမ္တြင္း ရုပ္ရွင္ရုံကေလးမ်ား၊ ဂိမ္းစက္မ်ား၊ အျခား အီလက္ထေရာနစ္ ပစၥည္းမ်ားကုိလည္း အလွဆင္ အသုံးျပဳႏုိင္ၾကၿပီးျဖစ္သည္။

Credit : MOI Webportal Myanmar

 

### Unicode Version ###

ဧည့်ခန်း (living Room)

ဧည့်ခန်းသည် သင့်အိမ်၏ ပထမဆုံး စွဲဆောင်မှုဖြစ်သည်။ သင်၏ဧည့်ခန်းသည် သင်သည် ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်သည်ဆိုတာကို ဖော်ပြနေသည်။ ဧည့်ခန်းတွင် TV ထားလျှင် ဘေးပတ်လည်တွင် ထိုင်ခုံများချထားရမည်။ ဧည့်ခန်းတွင် ဆိုဖာခုံထားလျှင် အလယ်တွင် စားပွဲခုံတစ်ခု စီစဉ်ထားရှိရမည်။ အလွန်ကြီးမားသော ဆိုဖာများကို ရှောင်ကြဉ်အပ်သည်။ ဧည့်ခန်းနှင့် လိုက်ဖက်မည့် ဆိုဖာကိုသာ ထားရှိသင့်သည်။ ထို့ပြင် ကော်ဇောကိုလည်းခင်းထားသင့်သည်။

မီးဖိုဆောင် (The Kitchen)

“ တစ်ယောက်လူ၏ နှလုံးသားဆီကို သူ၏ ဝမ်းဗိုက်မှ သွားရမည်” “The way to man’s heart is from his stomach” ဟု ဆိုရိုးစကားရှိသည်။ အိမ်၏ မီးဖိုဆောင်ကို အမျိုးသမီးများကသာ ကြီးစိုးကြသည် များသည်။ ထို့ကြောင့် သူတို့စိတ်ကြိုက်လုပ်ကြမည်ဖြစ်သည်။ မီးဖိုမှသည် ခေါင်တိုင်အထိအရာရာ အရေးကြီးသည်။ ထို့ကြောင့် တတ်ကျွမ်းသူများနှင့် တိုင်ပင်ညှိနှိုင်းသင့်သည်။

ဓာတ်ပုံများ ( Photographs)

အိမ်၏နံရံများတွင် ဓာတ်ပုံများ ကပ်ထားလေ့ရှိကြသည်။ အချို့သော ဓာတ်ပုံများသည် သင့်နှင့် သင့်မိသားစု (သို့) သူငယ်ချင်းများနှင့် ပျော်ရွှင်ကြည်နူး ဖွယ်ကောင်းသော အချိန်များ ရှိခဲ့သည်ကို အမှတ်ရစေသည်။ ယခုအခါ ဈေးပေါသော ဓာတ်ပုံအလှဆင်ပစ္စည်းများ ရှိပြီးဖြစ်ရာ ဟောင်းနွမ်းသော ဓာတ်ပုံများကို ဖယ်ရှားပြီး စတိုင်သစ်ဖြင့် အစားထိုးရမည်ဖြစ်သည်။

ပန်းများ (Flowers)

ပန်းများသည် အခန်းကို မွှေးကြိုင်လန်းဆန်းစေပြီး ထူးခြားသော အစွမ်းသတ္တိကို ပေးနိုင်သည်။ သင့်စားပွဲ (သို့) ထမင်းစားခန်းတွင် ပန်းများတင်ထားသင့်သည်။ ခံ့ထည်သော ပန်းအိုးများသည် အခန်းကို တင့်တယ်စေသည်။ ပန်းအတုများထားခြင်းကို ရှောင်ရှားရမည်။ ပန်းအိုးများကို ရေလဲဖို့ မမေ့ပါနှင့်။

အနုပညာလက်ရာများ ( Art Works)

နံရံအလှဆင်ပစ္စည်း၊ ပန်းချီစသည်တို့ဖြစ်သည်။ ပန်းချီကား ချိတ်ဆွဲထားခြင်းသည် အလွန်ကောင်းသော အတွေးတစ်ခုဖြစ်သည်။ အခန်းအရောင်နှင့် လိုက်ဖက်မည့် မည်သည့်အရာမဆို ချိတ်ဆွဲထားသင့်သည်။ သင်ကိုယ်တိုင် ဖန်တီးထားသော အနုပညာလက်ရာသည် ပို၍တန်ဖိုးကြီးပြီး ဆွဲဆောင်မှုရှိသည်။ သင့်ကလေး၏ လက်ရာကိုလည်း ပြသနိုင်သည်။ ယင်းသည် ကလေးငယ်များ၏ မိမိကိုယ်ကို ယုံကြည်စိတ်ကို တွန်းအားပေးသလိုဖြစ်သည်။

အီလက်ထရောနစ် (Electronics)

အီလက်ထရောနစ် ပစ္စည်းများသည် မြင်ရသူအဖို့ ရွှင်လန်းနှစ်ကြိုက်မှုကို ဖြစ်စေသည်။ ရှေးယခင်က လူအများသည် သူတို့၏ ကြီးမားသော ရေဒီယိုစက်များ၊ စိတ်ဓာတ်များကို ပြသခဲ့ကြသည်။ ယနေ့အခါတွင် အိမ်တွင်း ရုပ်ရှင်ရုံကလေးများ၊ ဂိမ်းစက်များ၊ အခြား အီလက်ထရောနစ် ပစ္စည်းများကိုလည်း အလှဆင် အသုံးပြုနိုင်ကြပြီးဖြစ်သည်။

Credit : MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service