မိုးရာသီ အိမ်တွင်းအိမ်ပြင် ထိန်းသိမ်းခြင်းအတွက် အချက်များ
မိုးရာသီ အိမ်တွင်းအိမ်ပြင် ထိန်းသိမ်းခြင်းအတွက် အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
29 Jul 2019 11:53 am တွင် တင်ခဲ့သည်
1998 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
### Zawgyi Version ###
### Unicode Version ###
နွေဦးမိုးတွေအတွက်ကတော့ အိမ်တွင်းကို သိပ်ပြီးထိန်းသိမ်းပေးစရာ မလိုအပ်ပေမယ့် မိုးတွင်းမှာရွာတဲ့မိုးကတော့ အိမ်တွင်းအိမ်ပြင် ၂ ခုစလုံးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ပြီး ထိန်းသိမ်းပေးရန် လိုအပ်ပါတယ်။ နွေရာသီကုန်ခါနီးရောက်တာနဲ့ မိုးတွင်းအတွက်ကြိုပြီး စတင်ပြင်ဆင်သင့်ပါတယ်။ ဒါမှသာ မိုးတွင်းမိုးရွာသွန်းမှုပြင်းထန်ခြင်းကြောင့် အိမ်အတွင်းအပြင်ပျက်စီးမှုကို နည်းနိုင်သမျှနည်းအောင် ကြိုတင်ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
အိမ်အပြင်ပိုင်းအတွက် ထိန်းသိမ်းစောင့်ရှောက်ခြင်း
တစ်နှစ်တာလုံးအတွက် မေလနဲ့ဇွန်လကတော့ မိုးရေချိန်အမြင့်ဆုံးလတွေ ဖြစ်ပါတယ်။ မိုးရွာသွန်းမှုများတဲ့လတွေ မရောက်ခင် ဧပြီလကတည်းကစပြီး မေလမှာမိုးရွာလာတာနဲ့ အဆင်သင့်ဖြစ်အောင် ကြိုတင်ပြင်ဆင်ရန် လိုအပ်ပါတယ်။
(၁) မြက်ခင်းပြင်ပျက်စီးမှုကို သတိပြုပါ။ အိမ်ဘေးနားက နေရာလပ်တွေမှာ မိုးရေတွေမဝပ်အောင် ပြင်ဆင်ပါ။ ရေနှုတ်မြောင်းတွေ ရေစီးရေလာကောင်းအောင် ပြုလုပ်ပါ။ ဒါမှမြက်ခင်းပြင်တွေက လိုအပ်တဲ့မိုးရေပမာဏကို ကောင်းစွာရရှိနိုင်မှာ ဖြစ်ပါတယ်။ ရေဝပ်များပါက မြက်တွေ၊ အပင်တွေ ကြီးထွားမှုနှုန်းကို ထိခိုက်စေနိုင်ပါတယ်။
(၂) ရေတံလျောက်တွေကိုစစ်ဆေးပါ။ တကယ်လို့ ရေတံလျောက်က ရေကောင်းစွာ နည်းမှန်လမ်းမှန် မစီးဆင်းဘူးဆိုရင် အဆင်မပြေမှုများစွာကို ဖြစ်ပေါ်စေမှာပါ။ ရေယိုခြင်း၊ ရေတိုက်စားခြင်းကြောင့် အောက်ကအုတ်မြစ်တွေ ပျက်စီးနိုင်ပါတယ်။ မိုးမရွာခင် ရေတံလျောက်အတွင်း သစ်ရွက်များ၊ အမှိုက်များပိတ်မနေအောင် လှေကားနဲ့တက်ကြည့်ပြီး သေချာစစ်ဆေးထားသင့်ပါတယ်။
(၃) ပက်လက်ကုလားထိုင်များ၊ ထိုင်ခုံများကိုဆေးကြောပေးပါ။ ဆောင်းတွင်းတတွင်းလုံး အသုံးပြုထားတဲ့အတွက် ခုံတွေမှာကပ်ညှိနေတဲ့ အညစ်အကြေးတွေအတွက် နွေရာသီမကုန်ခင်မှာ သန့်ရှင်းရေးပြန်လုပ်ပေးပါ။ နေသာတဲ့နေ့တနေ့ကိုရွေးပြီး မိုးတွင်းမိုးမရွာခင် ဆေးကြောသန့်စင်ပေးပါ။
(၄) ခေါင်မိုးလုံမလုံ စစ်ဆေးပါ။ ခေါင်မိုးမှာမိုးယိုနိုင်မယ့် အပေါက်ငယ်တွေ ရှိမရှိ စစ်ဆေးပါ။ မိုးရွာမှဆိုရင် မိုးရေတွေယိုပြီး ပျက်စီးမှုဖြစ်နိုင်ပါတယ်။ လိုအပ်ပါက အိမ်ပြင်သူများကိုခေါ်ပြီး လိုအပ်တဲ့နေရာအကုန် ပြင်ဆင်ပေးပါ။
(၅) လူသွားစြင်္ကလမ်းတွေကို စစ်ဆေးပေးပါ။ ကွန်ကရစ်ခင်းထားတဲ့လမ်းတွေမှာ အက်ရာတွေရှိမရှိ ကြည့်ပြီး အက်ရာပဲ့ရာများနေပါကဖာထေးပေးပါ။လမ်းပေါ်ရေမဝပ်နိုင်အောင်သေချာပြင်ဆင်ပေးပါ။အပေါက်များဖြစ်နေပါက မိုးမရွာခင် ကြိုတင်ဖာထေးပြုပြင်ပေးပါ။
အိမ်အတွင်းပိုင်း ထိန်းသိမ်းစောင့်ရှောက်ခြင်းများ
တကယ်လို့ အပြင်ဘက်မှာမိုးရွာနေလို့ အိမ်အပြင်မထွက်နိုင်လို့ ပျင်းနေမှာစိုးရိမ်စရာ မရှိပါဘူး။ မိုးရွာနေတဲ့အချိန်အိမ်တွင်းမှာနေရင်း ပြုလုပ်နေလို့ရမယ့် အလုပ်လေးတွေကိုဖော်ပြပေးလိုက်ရပါတယ်။
(၁) အိမ်တွင်းသုံးလေစစ်ဇကာများကို သန့်စင်ဆေးကြောပေးပါ။ ဇကာတွေမှာ ဖုန်တွေအမှိုက်တွေက အသုံးပြုတာကြာတဲ့အချိန် ဂျီးတွေနဲ့ထူနေတတ်ပါတယ်။ သန့်စင်သွားအောက၏င်ဆေးကြောပေးပါ။ ဒါမှ အိမ်အပြင်ဘက်က ဝင်ရောက်လာမယ့် လေတွေကို အိမ်အတွင်းဝင်ရောက်တဲ့အချိန် သန့်စင်နေစေမှာပါ။
(၂) ကော်ဇောကို သေသေချာချာဖုန်ခါပါ။ လိုအပ်ပါကလျှော်ပါ။ ကော်ဇောဆိုတာက အိမ်ကြမ်းခင်းမှာထားတဲ့ အရာမို့ တခါတလေညစ်ပတ်နေတာကိုပြန်သန့်ရှင်းရေးလုပ်ပေးဖို့ မေ့လျော့နေတတ်ပါတယ်။ ဒါပေမယ့် သန့်ရှင်းရေးလုပ်ပြီးတဲ့အချိန်မှာတော့ ကော်ဇောရဲ့ထူးထူးခြားခြား ပြောင်းလဲသွာပုံကိုတွေ့ရမှာ သေချာပါတယ်။
(၃) မီးဘေးအချက်ပြခေါင်းလောင်းကို စစ်ဆေးပါ။ ခေါင်းလောင်းတွင်းက ဘက်ထရီကောင်းမကောင်း၊ အသံမြည်မမြည်ကို ပြန်စစ်ဆေးပေးပါ။
(၄) အဲကွန်းပန်ကာများကို ဆေးကြောပေးပါ။ ယခုအချိန်က မိုးတွင်းအစ ဖြစ်သောကြောင့် ကုန်လွန်ခဲ့တဲ့ နွေရာသီတစ်ခုလုံး အသုံးပြုထားတဲ့ အဲကွန်းပန်ကာတွေမှာ ဖုန်တွေနဲ့ ကပ်နေတတ်ပါတယ်။ ပန်ကာမှာ အမှုန်တွေပိတ်နေခြင်းက အဲကွန်းကို လိုအပ်တဲ့ လေသန့်စင်မှုကို မပြုလုပ်ပေးနိုင်တဲ့အတွက် အိမ်မှာ ကလေးတွေရှိပါက ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အကောင်းဆုံးနည်းအနေနဲ့ အဲကွန်းပြင်သူများကို ခေါ်ပြီးဆေးကြောပေးပါ။
(၅) ရေခဲသေတ္တာမှာကပ်နေတဲ့ ရေခဲတုံးတွေကို ဖယ်ရှင်းပေးပါ။ ရေခဲတွေပိတ်နေခြင်းကြောင့် အအေးဓါတ် ပိတ်ဆို့ခြင်းများကို ဖြစ်ပေါ်စေပြီး အေးသင့်သလောက် မအေးတာမျိုး ဖြစ်ပေါ်စေပါတယ်။
(၆) မျက်နှာကျက်မှာထားတဲ့ပန်ကာက ဆောင်းတွင်းမှာ သိပ်အသုံးမပြုရတဲ့အရာပါ။ ပန်ကာရဲ့ဒလတ်တွေမှာ ဖုန်တွေထူနေတတ်ပါတယ်။ ဖုန်တွေကိုဆေးကြောပေးပြီး ပန်ကာကို နာရီလက်တံလှည့်တဲ့အတိုင်း လှည့်မလှည့်ပြန်စစ်ပေးပါ။ နာရီလက်တံလှည့်တဲ့အတိုင်း လှည့်ထားပါကလေအေးကို ပိုမိုရရှိနိုင်စေပါတယ်။
Credit: Myanmar Home & Decor Magazine
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
Pan Swal Taw Condominium
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service