ကမ္ဘာ့အကြီးဆုံးဆေးဝါးထုတ်လုပ်သောစက်ရုံကြီးတစ်ရုံတည်ဆောက်ကာ ရင်းနှီးမြှုပ်နှံမှုလုပ်မည့် စင်ကာပူအခြေစိုက် Yishan Biotechnology Pte.Ltd

ကမ္ဘာ့အကြီးဆုံးဆေးဝါးထုတ်လုပ်သောစက်ရုံကြီးတစ်ရုံတည်ဆောက်ကာ ရင်းနှီးမြှုပ်နှံမှုလုပ်မည့် စင်ကာပူအခြေစိုက် Yishan Biotechnology Pte.Ltd - Property News in Myanmar from iMyanmarHouse.com
11 Jul 2019 12:08 pm တွင် တင်ခဲ့သည်
4374 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###







### Unicode Version ###

စင်ကာပူအခြေစိုက် Yishan Biotechnology Pte.Ltd အနေနှင့်ကမ္ဘာ့အကြီးဆုံးဆေးဝါးထုတ်လုပ်ရေး စက်ရုံကြီး တစ်ရုံကို နေပြည်တော်တွင်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုဆေးဝါးထုတ်လုပ်ရေးစက်ရုံကြီးမှ ဆီးချိုရောဂါ၊ကင်ဆာရောဂါ၊ဝက်ရူးပြန်ရောဂါ၊စိတ်ကျရောဂါ၊အယ် ဇိုင်းမားရောဂါ၊အကိုက်အခဲရောဂါ စသည့်ရောဂါများကိုကုသနိုင်သည့် ဆေးဝါးပေါင်းစုံ နိုင်ငံတကာစံချိန်စံညွှန်းမီ ဖော်စပ်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆေးဝါးကုန်ကြမ်းတစ်မျိုးဖြစ်သော စက်မှုလျှော်ပင်(Industrial Hemp)၏မျိုးစေ့များကို ပြည်ပမှ ဝယ်ယူတင်သွင်း၍ ပြည်တွင်းတွင် မျိုးပွားစိုက်ပျိုး၍ မျိုးစေ့ထုတ်လုပ်ကာ ပြည်ပသို့ပြန်လည်တင်ပို့မည် ဖြစ်သည်။

ထိုသို့ဆေးဝါးကုန်ကြမ်းထုတ်လုပ်ရေးလုပ်ငန်းကို မြန်မာနိုင်ငံရှိတိုင်းရင်းဆေးပညာဦးစီးဌာနနှင့်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး စက်မှုလျှော်ပင် သုတေသနနှင့်ဆေးဝါးဆိုင်ရာသုတေသနကြီး တစ်ခုကိုလည်း မြန်မာနိုင်ငံဆေးသုတေသနဦးစီးဌာနနှင့်လက်တွဲပူပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်ခွင့်ရရန်အတွက် ၂၀၁၉ ခုနှစ်ဇူလိုင် ၃ ရက်က ၎င်းကုမ္ပဏီ၏ဥက္ကဋ္ဌဖြစ်သူ Mr,Li Yu နှင့်သံလွင် ဧရာစိုက်ပျိုးရေးကုမ္ပဏီမှဦးဆောင်ညွှန်ကြားရေးမှုးဦးမင်းဆွေ ဦးဆောင်ပြီး နေပြည်တော်ရှိကျန်းမာရေး နှင့်အား ကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးသို့တင်ပြခဲ့ကြောင်း သိရသည်။

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service